Channel Myanmar

Otig Pakis

I Know When You Dead: Suicide Village (2023) Aku Tahu Kapan Kamu Mati: Desa Bunuh Diri 6.8
I Know When You Dead: Suicide Village (2023) Aku Tahu Kapan Kamu Mati: Desa Bunuh Diri   I Know When You Dead: Suicide Village (2023)IMDb Rating (6.8) 2020 တုန်းကလူကြိုက်များခဲ့တဲ့ I Know When You Dead ရဲ့ sequel ဖြစ်ပါတယ်။sequel ဆိုပေမယ့် ဆီယန်နာတစ်ယောက် သေခြင်းနိမိတ်ကိုမြင်နိုင်တာကလွဲလို့ အဆက်အစပ်မရှိတဲ့အတွက် ပထမကားမကြည့်ဖူးလည်းကြည့်လို့ရတဲ့ကားပါပဲ။ဒီကားမှာတော့ လူတစ်ယောက်သေဆုံးကာနီးပြီဆိုရင် သူတို့အနားက သေခြင်းနိမိတ်တွေကိုမြင်နိုင်တဲ့ ဆီယန်နာဆိုတဲ့ကောင်မလေးဟာအဲ့ဒီအစွမ်းကြောင့် စိတ်ဖိစီးအိမ်မက်ဆိုးတွေမက်ပြီး ဆေးတွေပါသောက်နေရပါတယ်။တစ်နေ့တော့ သူတို့ကျောင်းဝင်းထဲမှာဖြစ်ပေါ်ခဲ့တဲ့ သေဆုံးမှုတစ်ခုမှာ အဲ့ဒီလူမသေခင်သေခြင်းနိမိတ်ကို သူမမြင်ခဲ့တဲ့အတွက် အံ့ဩခဲ့ရပြီးသူစုံစမ်းကြည့်မိချိန်မှာတော့ အဲ့ဒီလူဟာ သူနဲ့ရင်းနှီးချစ်ခင်တဲ့ ဆရာမ နာယာနဲ့ဆက်စပ်နေတာကိုသိခဲ့ရပါတယ်။ဆရာမ နာယာဟာ အဲ့ဒီလူအလောင်းနဲ့အတူ သူတို့ရွာ ရယ်မတွတ်ခ်ကိုပြန်သွားပြီဆိုတာကိုပါ သိလိုက်ရချိန်မှာတော့ဆီယန်နာနဲ့သူ့သူငယ်ချင်းနှစ်ယောက်ဟာ ဆရာမဆီကိုလိုက်သွားခဲ့ကြပါတယ်။အဲ့ဒီရွာကိုရောက်ရောက်ခြင်းမှာပဲ ထူးခြားထိတ်လန့်ဖွယ်အဖြစ်အပျက်တွေ အံ့ဩစရာတွေကိုသူတို့သုံးယောက်ဆက်တိုက်ဆိုသလိုကြုံဆုံခဲ့ရပြီး သူတို့ရောက်နေချိန်မှာပဲရွာသားတွေတစ်ယောက်ပြီးတစ်ယောက်ကိုယ့်ကိုယ်ကိုသတ်သေကြတာတွေနဲ့ကြုံလာရချိန်မှာတော့..။ဒီဖြစ်ရပ်ဆိုးတွေက ဘယ်အကြောင်းကြောင့်စတင်ခဲ့တာလဲ?  သူတို့ဆရာမ နာယာကိုယ်တိုင်ရော ဘယ်လိုပတ်သက်နေမလဲ?အဲ့ဒီကျိန်စာကနေ သူတို့ရောလွတ်မြောက်နိုင်ပါ့မလား ဆိုတာတွေကိုဆက်လက်ရှုစားကြပါ။Jump scare တွေရောဇာတ်လမ်းနဲ့လှည့်ကွက်တွေပါကောင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.6 ...
movie

I Know When You Dead: Suicide Village (2023) Aku Tahu Kapan Kamu Mati: Desa Bunuh Diri

2023
Makmum 2 (2021) 5.2
Makmum 2 (2021) Makmum1 ကိုကြည့်ရှုလိုပါက ဒီ Link လေးမှာကြည့်ရှုနိုင်ပါတယ် >>Makmum1(2019) Makmum 2021မှာတော့ ဇာတ်လိုက်မင်းသမီးဖြစ်တဲ့ ရင်နီဟာ အိမ်ထောင်ကျပြီး ဟာဖစ်ဇ် ဆိုတဲ့ ကလေးလေးတစ်ယောက် ပိုင်ဆိုင်ထားပါပြီ အမျိုးသားကတော့ ဆုံးပါးသွားပြီဖြစ်ပြီး ချစ်ရတဲ့သူကို လွမ်းတဲ့စိတ်နဲ့ ပူဆွေးနေတဲ့ ရင်နီတစ်ယောက် ဇာတိရွာလေးက အဒေါ်ကပါ ထပ်မံဆုံးပါးသွားတဲ့အခါ ရင်နီရဲ့ သောကအပူမီးတွေ နှစ်ဆတိုးလာရပါတော့တယ် သားလေးကိုခေါ်ပြီး နာရေးအတွက် ရွာကို ပြန်လာခဲ့ရင်းက ရွာမှာ ဗလီအသစ်ကြီး ဆောက်လုပ်နေတာကို မြင်ခဲ့ရတယ် ရွာကိုရောက်ပြီးတဲ့နောက်မှာတော့ ရင်ရဲ့သား ဟာဖစ်ဇ်ဟာ ကစားနေရင်း ပျောက်ဆုံးသွားပြီး တောအုပ်ကြီးရဲ့ အလယ်မှာ သတိလစ်လျက် ပြန်တွေ့ခဲ့ရတယ် ကလေးတွေ ပျောက်ဆုံးသွားပြီးနောက်ပိုင်း ခြောက်လှန့်မှုတွေက ပိုပိုဆိုးရွားလာခဲ့သလို ဆောက်လက်စ ဗလီအသစ်ကြီးမှာလည်း ပြဿနာအမျိုးမျိုးတက်ခဲ့ရတယ် အဲဒီလိုနဲ့ ရင်နီဟာ ပြဿနာကို အဖြေရှာဖို့ ကြိုးစားရင်းကနေ ဘယ်လိုမျိုးပုံစံတွေနဲ့ ပူးကပ်ခံရမလဲ ကလေးတွေကို ဘယ်လိုကယ်မလဲ ရွာသားတွေရော ဘယ်လို ခြောက်လှန့်မှုတွေနဲ့ကြုံရမလဲဆိုတာကို မိုးအေးအေးမှာ စောင်လေးခြုံပြီး ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် သရဲကားကောင်းလေး နှစ်ကားအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။    File size…1.46GB / 621MB Quality…1080p NF WEB DL AAC5.1CH / ...
movie

Makmum 2 (2021)

2021