Channel Myanmar

Orlando Jones

Evolution (2001) 6.1
Evolution (2001)   Evolution (2001)IMDb Rating (6.1) / Rotten Tomatoes (44%) ဇာတ်လမ်းအကျဉ်းဟောလီးဝုဒ် ဂြိုလ်သားတို့ ထုံးစံအတိုင်း အမေရိကန်ပြည်ထောင်စုကိုပဲ ဆင်းကြပါတယ်။တစ်ညမှာ ဥက္ကာခဲတစ်ခု အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်ပေါ်ကို ကျပြီး မြေအောက်လိုဏ်ဂူထဲ ပြုတ်ကျသွားပါတယ်။ကောလိပ်ကျောင်းဆရာ၂ယောက်ဖြစ်တဲ့ အိုင်ရာကိန်းနဲ့ ဟယ်ရီဘလော့ခ်တို့ သွားရောက်လေ့လာရာမှ အလွန်အပွားမြန်ပြီး ဆင့်ကဲပြောင်းလဲမှုမှာလည်း လျင်မြန်လွန်းတဲ့ ဂြိုလ်သားမျိုးစိတ်တွေကို အဆိုပါဥက္ကာခဲပေါ်မှ လေ့လာတွေ့ရှိခဲ့ပါတယ်။ဒါကို အိုင်ရာနဲ့ ကျောင်းတော်က ရန်စရှိဖူးတဲ့ အစိုးရ လက်အောက်ခံဗိုလ်ချုပ် ရပ်ဆယ်ဝုဒ်မန်းက သိသွားတဲ့အခါမှာတော့ ဂြိုလ်သားအန္တရာယ်ကို ပူးပေါင်းကာကွယ်ကြမလား၊ အချင်းချင်း စားမာန်ခုတ်ကြမလား ဆိုတာကို ရှုစားရမှာပါ။၂၀၀၁ခုနှစ်က ရုပ်ရှင်ဖြစ်ပေမယ့် အတော်လေး ကြည့်ပျော်ပါတယ်။ တိတ်ခွေခေတ်တုန်းက ဝက်ဝက်ကွဲအောင်မြင်ခဲ့သလို trend ဖြစ်စေခဲ့တဲ့ ပြကွက်တွေလဲ ပါပါတယ်။Golden Schmoes Award မှာ Best Sci-Fi Movie of the Year ၂၀၀၁ ...
movie

Evolution (2001)

2001
I Think I Love My Wife (2007) 5.5
I Think I Love My Wife (2007)  I think I love My wife (2007)Grown Ups ထဲက ဟာသမင်းသား Chris Rock ရဲ့ နောက်ထပ်ခွီနေရမဲ့ အိမ်ထောင်ရေးဟာသဇာတ်လမ်းကောင်း တစ်ပုဒ်ပဲဖြစ်ပါတယ်။မိခင်ကောင်း ဇနီးချောလေးကိုပိုင်ဆိုင်ထားတဲ့ အိမ်ထောင်သက်တမ်း 7 နှစ်ပြည့်ပြီဖြစ်တဲ့ Richard Cooper ဘဝက အရာရာပြည့်စုံနေတယ်လိုထင်ရပေမဲ့ တကယ်တော့ Richard တစ်ယောက် ရင်ထဲလောင်နေတာအတော်ကြာပါပြီ။ ပြဿနာကတော့ သူ့ဇနီးကောင်းလေးက စိတ်လှုပ်ရှားစရာ ရိုမန့်တစ်ရေးရာတွေ ဘာကိုမှစိတ်မဝင်စားတော့ဘဲ အလုပ်ပဲလုပ်နေတဲ့ ပျင်းစရာအိမ်ရှင်မကြီး ဖြစ်နေတာကိုပါပဲ။အဲဒီအချိန်မှာ Richard ငယ်ငယ်က ကြိတ်စွဲလမ်းခဲ့ရတဲ့ Nikki ဆိုတဲ့ ကလပ်အလှမယ်သူငယ်ချင်းဟောင်းနဲ့ ပြန်ဆုံပြီး Richard ကို သူ့ရဲ့ငြီးငွေ့စရာ အလုပ်နဲ့အိမ်ထောင်သည်ဘဝကနေ ရုန်းထွက်ပြီး အရင်လိုပျော်ရွှင်စိတ်ကြည်နူးစရာတွေ ဖန်တီးပေးပါတော့တယ်။ ဒီလိုနဲ့ Richard တစ်ယောက် သူချစ်တယ်ဆိုတဲ့ဇနီးအပေါ် သစ္စာစောင့်သိမလား အရမ်းလန်းတဲ့ အသစ်လေးနောက်ပါသွားမလားဆိုတာကို ဟာသပေါင်းစုံနဲ့ ကြည့်ရှုရမဲ့ အခွီဇာတ်ကားလေးပဲ ...
movie

I Think I Love My Wife (2007)

The Time Machine (2002) 6.0
The Time Machine (2002) The Time Machine (2002) IMDb Rating (6.0)အချိန် ဆိုတာ လူတွေအတွက် အရေးပါတဲ့ အရာတစ်ခုပါ။လူတွေ အချိန်တွေကို ဖြတ်သန်းလာကျတယ်။ ကျော်ဖြတ်သွားကျတယ်။နောက်တစ်နေ့ရောက်တဲ့ အခါမှာ အရင်နေ့က အမှားတွေရဲ့ အကျိုးဆက်တွေ ရလာဒ်တွေကို ကြုံရတဲ့ အခါ ငါ အရင် အချိန်တွေကို ပြန်သွားလို့ရရင် ကောင်းမှာ ဆိုပြီး တွေးတက် ကျပါတယ်။အဲ့အတွေးတွေကနေ စပြီး Time Travel အချိန်ခရီးသွားခြင်း ဆိုတဲ့ စိတ်ကူးစိတ်သန်းတွေ ဖြစ်လာပါတယ်။နှစ်ပေါင်းများစွာ ခေတ်ပေါင်းများစွာ ဖြတ်သန်းပြီးတာတောင် ဒီနေ့အထိ လူတွေ စိတ်ကူးယဉ်နေကျဆဲ ပါပဲ။ H.G Wells ရဲ့ နာမည်ကျော် ဝတ္ထု ကို ပြန်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ဆိုရင်လည်း Time Travel အကြောင်းကို ရိုက်ကူးထားတာပါ။ဇာတ်လမ်းကတော့... ပါမောက္ခ အလက်ဇန္ဒား ဟာဆိုရင် ထူးချွန်တဲ့ အလုပ်ကြိုးစားတက်တဲ့ သိပ္ပံပညာရှင်တစ်ယောက်ပါ။သူ့ဘဝဟာအေးဆေး ဆိတ်ငြိမ်ပြီး သူ့ကျောင်းသားတွေ သုတေသနတွေ နဲ့ ပျော်မွေ့နေတတ်သူပါ။သူဟာ မကြာခင်မှာသူချစ်ရတဲ့ ချစ်သူဖြစ်တဲ့ အမ်မာ ကို လက်ထပ်ခွင့်တောင်းတော့မှာပါ။ဘဝက ...
movie

The Time Machine (2002)

2002
88 (2022)
88 (2022) 88 (2022)အသားအရောင်ခွဲခြားတာတွေ ကာလကြာရှည် လူမည်းတွေကို ဖိနှိပ်ခဲ့တာတွေ နာဇီလက်သစ်တွေရဲ့ ဝါဒဖြန့်ချိရေးနည်းလမ်းတွေ နိုင်ငံရေးအမြင်တွေ အစုံအလင် ပါ၀င်တဲ့ Mystery ရုပ်ရှင်ဖြစ်ပါတယ်။အာဖရိကန်လူမည်း ဖမီဂျက်ဆင်က နိုင်ငံရေးလှုပ်ရှားမှုကော်မတီက ဘဏ္ဍာရေးဒါရိုက်တာဖြစ်ပြီး သမ္မတရွေးကောက်ပွဲမှာ လူမည်းကိုယ်စားလှယ်လောင်း ဟာရိုအနိုင်ရဖို့ ထောက်ပံ့ပေးတဲ့ Super PAC အဖွဲ့မှာအလုပ်လုပ်ပါတယ်။ မထင်မှတ်ဘဲ မဲဆွယ်စည်းရုံးတဲ့ ကမ်ပိန်းမှာ အလှူရှင်တွေ လှူထားတဲ့ ဂဏန်းပမာဏတွေကို စစ်ကြည့်မိရာကနေ တစ်ခုခု ထူးခြားတာကို တွေ့လိုက်ရပါတယ်။ ဂဏန်းတွေကို ထပ်ပေါင်းလိုက်ရင် အားလုံးက 88 ရနေတဲ့ Pattern ကို တွေ့တာပါ။ဒီအကြောင်းကို ဘလော့ဂါ သူငယ်ချင်းကို စုံစမ်းခိုင်းရာကနေ သူတို့ Super PAC လာတဲ့ ငွေတွေက ရိုးရိုးအလှူရှင်တွေဆီက မဟုတ်ဘဲ နာဇီလက်သစ်တွေဆီက လာတာ ဖြစ်နေတဲ့အခါ... ဖမီနဲ့ သူ့သူငယ်ချင်းက အသေးစိတ် ဆက်စုံစမ်းရင်း နာဇီတွေရဲ့ Coded Message ...
movie

88 (2022)

2022
Bedazzled (2000) 6.0
Bedazzled (2000) Bedazzled (2000)IMDb - 6.0/10_____Rotten - 50%      အဲလိယော့ဟာ သူ့ရဲ့ကြောင်တောင်တောင် အမူအကျင့်ကြောင့် အပေါင်းအသင်းလဲဝင်မဆန့်လုပ်ဖော်ကိုင်ဖက်တွေကပါ ရှောင်ဖယ်ကြတဲ့ လူတစ်ယောက်ပါ။ သူကတော့ အဲ့ဒါတွေကို အမှုမထားပဲ ခပ်တည်တည်နဲ့ဝင်ရောလေ့ရှိပါတယ်။ တစ်နေ့ သူ့ကိုရှောင်ချင်လို့ တမင်မမြင်ချင်ယောင်ဆောင်နေတဲ့ အလုပ်ကလူတွေဝိုင်းကို ဝင်နှောင့်ယှက်ရင်းကနေ သူ ကြိတ်ကြွေနေတဲ့ မိန်းမလှလေးဖြစ်တဲ့ အလီဆင်ကို တွေ့မိချိန်မှာတော့ ပါးစပ်ကနေ 'သူ့ကိုသာ ရမယ်ဆိုရင် ဘာပဲပေးရပေးရ' လို့ လွှတ်ကနဲ ရေရွတ်မိသွားတယ်။ အဲ့ဒီအချိန်မှာ သူ့ရှေ့ကို ဘိလိယက်ဘောလုံးလေးတစ်ခု လွင့်လာပါတယ်။ ဘောလုံးကလေးရဲ့ ပိုင်ရှင်ကလဲ မိန်းမလှတစ်ယောက်ပါပဲ။ အနီရောင်ဝတ်စုံဝတ် ညို့အားပြင်းပြင်း ရဲတင်းသွက်လက်မယ့်ပုံစံနဲ့ မိန်းမလှတစ်ယောက်။ အဲ့ဒီမိန်းမလှက သူ့ကိုယ်သူ မိတ်ဆက်လာတယ်။ သူဟာ နတ်ဆိုးတစ်ကောင်ဖြစ်ပြီး အဲလိယော့ရဲ့ဝိဉာဉ်ကို ရောင်းမယ်ဆိုရင် ဆုတောင်းခုနှစ်ခုဖြည့်ပေးမယ့်အကြောင်း။ အလီဆင့်ကိုရရင် ဘာပဲလုပ်ရလုပ်ရဆိုတဲ့ အဲလိယော့ သူ့ဝိဉာဉ်ကိုရောင်းဖို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ အဲ့ဒီမှာကြုံရတဲ့ အလွဲအချော်တွေနဲ့ ကြောင်တောင်တောင် အဲလိယော့ ဒုက္ခရောက်ရပုံတွေနဲ့ တစ်ကားလုံးခွီနေရပါတယ်။ ပြီးတော့ နတ်ဆိုးအဖြစ် သရုပ်ဆောင်တဲ့ တစ်ချိန်က မမလှလှ အဲလိဇဘတ်ဟာလေးရဲ့ ...
movie

Bedazzled (2000)

2000