Channel Myanmar

Olivia Colman

Paddington in Peru (2024) 6.8
Paddington in Peru (2024)  Paddington in Peru (2024)IMDb Rating (6.8) / Rotten Tomatoes (94%) ဒီကားလေးကတော့ ပိတ်ရက်မှာ ကာတွန်းကားကောင်းကောင်းကြည့်ချင်သူတွေ အကြိုက်တွေ့စေမယ့် Paddington in Peru ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ကာတွန်းကားကြိုက်သူတော်တော်များများကတော့ စကားပြောတဲ့ဝက်ဝံ‌လေး Paddington ကို သိကြမှာပါ။ဒီဇာတ်လမ်းလေးဟာ ရှေ့မှာလည်း နှစ်ကားထွက်ရှိထားပြီးဖြစ်ပြီး အတော်ကိုအောင်မြင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဒီတစ်ကားနဲ့ဆိုရင်တော့ Paddington Trilogy ပြည့်စုံသွားပြီပေါ့ဗျာ။ ဇာတ်လမ်းအကျဉ်းပက်ဒင်တန်ဟာ ပျောက်ဆုံးသွားတဲ့သူ့ရဲ့အန်တီလူစီကို လိုက်ရှာဖို့အတွက် ပီရူးနိုင်ငံကိုခရီးထွက်တဲ့ ဇာတ်ကြောင်းလေးပဲဖြစ်ပါတယ်။အမေဇုံမိုးသစ်တောတွေကိုဖြတ်ကျော်ပြီး စွန့်စားခန်းဖွင့်ကြပုံကို စိတ်လှုပ်ရှားစရာ ကြည့်ရှုကြရမှာပါ။အရင်ကားတွေကြည့်ဖူးသူတွေရော မကြည့်ဖူးသူတွေပါ ကြည့်လိုက်ဖို့ အကြံပေးပါရစေ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vader ဖြစ်ပါတယ်။) File size… (6.4 GB) / (2.2 GB) / (1.2 GB) Quality….WEB-DL 4K HEVC / ...
movie

Paddington in Peru (2024)

2024
4K HEVC
Wicked Little Letters (2024) 7.0
Wicked Little Letters (2024)   Wicked Little Letters (2024)IMDb Rating (7.0) / Rotten Tomatoes (80%) အော်စကာဆုရမင်းသမီးကြီး တစ်ဦးဖြစ်တဲ့ Olivia Colman ကတော့ ဇာတ်ကားသစ်တစ်ကားမှာ ဇာတ်ဆောင်နေရာကနေ ထပ်မံဦးဆောင်ခဲ့ပါပြီ။ဒီဇာတ်ကားဟာဆိုရင် ထွက်ရှိချိန်ကတည်းက rating ကောင်းများစွာကို ရရှိခဲ့ပြီး ဒီကနေ့မှာဆိုရင်တော့ IMDB 7.0 နဲ့ Tomato Meter 80% အထိရရှိထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းနောက်ခံကိတော့ ဗြိတိသျှကားတွေရဲ့ ထုံးစံအတိုင်း စစ်ပွဲအပြီး ပြန်လည်ထူထောင်ရေးကာလကို နောက်ခံသရုပ်ဖော်ထားပါတယ်။ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းဟာဆိုရင်တော့ comedy, dark comedy, drama, crime အစရှိတဲ့ category အထိ ဇာတ်အိမ်ကျယ်ပြန့်အောင် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းနောက်ခံအီဒစ်စွမ်းဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်ပြီး ဘာသာရေးအရမ်းကိုင်းရှိုင်းသူဖြစ်ပါတယ်။သမ္မာသမတ်ကျလွန်းတဲ့သူဟာ ဘယ်လို အခက်အခဲပြဿနာတွေပဲရှိရှိ သမ္မာကျမ်းစာအတိုင်း မေတ္တာတရားအပြည့်နဲ့ ပြန်လည်တုံ့ပြန်တတ်သူဖြစ်ပါတယ်။ဒါပေမဲ့ တစ်နေ့မှာ အိုင်ယာလန်ကနေ သမီးငယ်တစ်ယောက်နဲ့အတူ ...
movie

Wicked Little Letters (2024)

2024
The Lobster (2015) 7.1
The Lobster (2015) The Lobster (2015)IMDb Rating (7.1) / Rotten Tomatoes (88%)ဒီရုပ်ရှင်ကားက အတော်ကိုထူးဆန်းတဲ့ရုပ်ရှင်ကားပါပဲ။အနာဂတ်က ကာလတခုမှာပေါ့...ဘဲမရှိ၊စော်မရှိ လက်တွဲဖော်မရှိတဲ့ FAလေးတွေဟာမြို့တော်ရဲ့ ဉပဒေအရ Hotel ဆိုတဲ့နေရာကိုအပို့ခံကြရပါတယ်၄၅ရက်အတွင်း ကြင်ဖက်ကိုရှာဖို့ပါ...အဲ့လိုလုပ်ပေးတာတောင်မှ မစွံခဲ့ရင်တော့တိရစ္ဆာန်အဖြစ်အပြောင်းခံရပြီး တောထဲကိုနှင်ထုတ်ခံရမှာပဲဖြစ်ပါတယ်ပြီးတော့ Hotelမှာစည်းကမ်းတစ်ခုရှိပါတယ်လုံးဝလက်သုံးပြီး အာသာဖြေလို့မရပါဘူးMaidရဲ့ ယုယမှုလောက်ကိုပဲ ယောကျာ်းလေးတွေ အနေနဲ့ဖြေသိမ့်ရပါတယ် ...without orgasm ပါ။ခွေးဖြစ်နေတဲ့သူ့အစ်ကိုနဲ့ ဒေးဗစ်တို့Hotelကိုရောက်သွားတဲ့အခါမှာတော့...။Dark Comedy ဆန်ဆန် အထူးအဆန်းဇာတ်လမ်းဆိုပေမယ့် ဒီကားရဲ့ရရှိထားတဲ့အောင်မြင်မှုတွေကတော့(Nominated for 1 Oscar. Another 33 wins & 72 nominations)တို့ပဲဖြစ်ပါတယ်မင်းသားမင်းသမီးတွေကလဲ ဒိတ်ဒိတ်ကြဲတွေပါပဲ...Colin Farrell , Rachel Weisz , Léa Seydoux တို့လိုနာမည်ကြီးတွေနဲ့ တခြားသရုပ်ဆောင်များစွာပါဝင်ထားတဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ File size…(3 GB )/(1 GB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:50:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka ...
movie

The Lobster (2015)

2015
Hot Fuzz (2007) 7.9
Hot Fuzz (2007) သရော်ထားတဲ့ရုပ်ရှင်များထဲမှာ အရယ်ရဆုံး အကောင်းဆုံးလို့ရှာရင် Hot Fuzz ဆိုတဲ့ရုပ်ရှင်ကားက ထိပ်ဆုံးကပါတတ်ပါတယ်။သရော်ထားချက်တွေရော သရုပ်ဆောင်တွေရော အက်ရှင်တွေရော ကြည့်လို့အင်မတန်ကောင်းတဲ့ရုပ်ရှင်ပါ။ဇာတ်လမ်းကတော့....ထူးချွန်လွန်းတဲ့ရဲတစ်ယောက်ဖြစ်တဲ့ Nicholas Angel ဟာ ဥပဒေကလွဲရင် ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ စာအုပ်ကြီးသမားအဖြစ် လန်ဒန်ရဲတပ်ဖွဲ့မှာအသက်ဘေးအန္တရာယ်တွေလဲ မမှုဘဲ ရဲလုပ်ငန်းတာဝန်တွေကို ရွပ်ရွပ်ချွံချွံထမ်းဆောင်နေသူပါ။ဒီလိုထူးချွန်လွန်းလို့ ဆုတံဆိပ်ပေါင်းများစွာ အကြိမ်တိုင်းရရှိနေသူဖြစ်ပါတယ်။ဒါပေမယ့် ရဲဌာနတစ်ခုလုံးက လုပ်ဖော်ကိုင်ဖက်တွေကတော့ သူ့ကိုမမြင်ချင်တော့ပါဘူးတဲ့...ဘာလို့လဲဆိုတော့ သူတစ်ယောက်ပဲ ထူးချွန်လွန်းနေပြီး ကျန်တဲ့ရဲတွေ အသုံးမကျသလိုခံစားလာရလို့ပါတဲ့....LoL...ဒါကြောင့်သူ့ကို ရာထူးအတင်းတိုးပေးပြီး သူ မပြောင်းရွှေ့ချင်တဲ့နယ်ဖက်ကိုပို့လိုက်ပါတယ်...သူက မပြောင်းရွှေ့ချင်ကြောင်း ရဲချုပ်ဆီ စောဒကတက်တဲ့အခါမှာတော့ သူရှိနေရင် ရဲချုပ်ကိုယ်တိုင်အသုံးမကျသလိုခံစားနေရလို့ တမင်ကိုပို့ခံရမှန်းသိလိုက်ရပါတော့တယ်....ဒါနဲ့ပဲ ထူးချွန်လွန်းတဲ့ဝန်ထမ်းတို့ ထုံးစံအတိုင်း ချောင်ခြိုချောင်ကြား နယ်မြို့လေးတစ်ခုကို ပြောင်းရွှေ့သွားရပါတော့တယ်။နယ်မြို့လေးဟာလဲ ထူးဆန်းစွာပဲ ဆယ်နှစ်နေလို့ အမှုတစ်ခုတောင်မရှိပါဘူးတဲ့။ကောင်းသတင်းတွေမွှေးပြီး အေးချမ်းလွန်းတဲ့ မြို့ကလေးလို့ အများသူငှာက အားကျနေရပေမယ့် တကယ့်တကယ် အတွင်းထဲမှာကျက်သရေမင်္ဂလာအဖြာဖြာ ယုတ်လျော့နေတာကို ကိုထူးချွန်တစ်ယောက် သိသွားတဲ့အခါမှာတော့.....တစ်မြို့လုံးနဲ့ တစ်ယောက် ဘယ်လိုတွေ ချကြမလဲဆိုတာ.........။လူ့သဘောတွေကို သရော်ထားတဲ့ ...
movie

Hot Fuzz (2007)

2007
4K HEVC
Wonka (2023) 7.3
Wonka (2023) Wonka (2023) ~ IMDb - 7.3/10, RT - 82%, Meta - 66% ~အားလုံးမျှော်နေတဲ့ ချစ်စရာ Willy Wonka ရဲ့ မအောင်မြင်ခင်အရွယ်က Musical ဇာတ်လမ်းလေး လာပါပြီ။ ဒီဇာတ်လမ်းမှာ ဝမ်ကာဟာ ငယ်ငယ်က သူ့အမေနဲ့ ထားခဲ့တဲ့ ကတိတစ်ခု ရည်ရွယ်ချက်တစ်ခုကို ဖြည့်ဆည်းဖို့၊ သူ့ရဲ့ ချောကလက်ပညာတွေကို ထုတ်ပြဖို့ မြို့လေးတစ်မြို့ကို ရောက်ခဲ့ပါတယ်။အောင်မြင်မှုဆိုတာတော့ လွယ်လွယ်နဲ့ မရနိုင်တာ လူတိုင်းအသိပါ။ အလားတူပဲ ဝမ်ကာဟာလည်း သူ့ရဲ့ ပန်းတိုင်ကို လျှောက်လှမ်းတဲ့ ခရီးမှာ အခက်အခဲတွေ ပြဿနာတွေ ရန်သူတွေ မိတ်ဆွေတွေ ရခဲ့ပါတယ်။မိမိဘက်က လက်မလျှော့သ၍ အိပ်မက်တွေဟာ ပျက်စီးမသွားဘူးဆိုတဲ့ Message လေးကို အကအလှတွေ မြိုင်ဆိုင်တဲ့ သီချင်းတွေ သီဆိုရင်း Timothée Chalamet က အဓိကဦးဆောင် ...
movie

Wonka (2023)

2023
4K HEVC
I Give It a Year (2013) 5.7
I Give It a Year (2013) အိမ်ထောင်ရေးဆိုတာကလည်း မိသားစု ၂ စု ပေါင်းစည်းရတဲ့ကိစ္စဖြစ်လို့. တစ်ဖက်နဲ့ တစ်ဖက်မတူညီမှုတွေကို သမီးရည်းစားဘဝမှာထက် အိမ်ထောင်ရှင်ဘဝမှာသာ မျက်ဝါးထင်ထင်မြင်တွေ့နိုင်ကြတာပါသက်တမ်း ၉ လ အကြာကို ဝင်ရောက်လာပြီဖြစ်တဲ့.နတ် နဲ့ ဂျော့ရှ် တို့ အိမ်ထောင်ရေးမှာ ပြောမပြနိုင်တဲ့အဟန့်အတား တစ်ခုခုရှိနေပြီဆိုတာကိုနှစ်ဦးသဘောတူဆုံးဖြတ်ခဲ့ကြတဲ့အတွက်.အိမ်ထောင်ရေးတိုင်ပင်ပြောဆိုပေးသူတစ်ယောက်နဲ့ စုံတွဲစိတ်ကုထုံး ဆက်ရှင်ဝင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်.ညျှိနှိုင်းဆွေးနွေးနေရင်း နဲ့ သူတို့ရဲ့အိမ်ထောင်သက်တမ်းအတွင်း ကြုံတွေ့ရတဲ့ မတူညီမှုတွေ၊သဘောထားမတိုက်ဆိုင်မှုတွေ၊ အခက်အခဲတွေကိုFlashback Scene များနဲ့ဟာသနှောတင်ဆက်ထားပါတယ်.သူတို့ရဲ့အိမ်ထောင်ရေးကြားထဲကို နောက်ထပ်ဝင်ရောက်လာတာကတော့ပိုကောင်းတဲ့တစ်ယောက် ဆိုတဲ့အတွေးတွေပါပဲ.နတ်ကလည်း သူ့ကို အလုပ်အပ်မယ့်အမေရိကန်လုပ်ငန်းရှင် ဂိုင်းဟားရပ် ဆိုတဲ့အမျိုးသား တစ်ယောက်အပေါ်မှာ စိတ်တိမ်းညွတ်လာခဲ့သလို.ဂျော့ရှ်ကလည်း တရားဝင် မပြတ်စဲခဲ့ရတဲ့ရည်းစားဟောင်း. ကလိုဝီအပေါ်မှာအချစ်စိတ်တွေ ပြန်လည်ယိုဖိတ် လာချိန်မှာတော့..စုံတွဲ ၂ တွဲကြားထဲက အရှုပ်အထွေး၊ပြဿနာများကြားထဲကနေ ယုံကြည်မှု၊ သည်းခံမှု၊ချစ်ခြင်းမေတ္တာများနဲ့ အိမ်ထောင်ရေးကိုတည်ဆောက်ကြပုံနဲ့. ချစ်ခြင်းရဲ့ညှို့ယူစေခိုင်းမှုဒဏ်ကနေဘယ်သူတွေကများ လွတ်မြောက်နိုင်မှာလဲဆိုတာကိုအကောင်းဆုံးဖော်ကြူးထားတဲ့ ဇာတ်လမ်းလေးကိုCM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…  1.56 GB /  686 MB Quality… Blu-Ray ...
movie

I Give It a Year (2013)

2013
Joyride (2022) 6.0
Joyride (2022) Joyride (2022)မူလီ ဆိုတဲ့ကောင်လေးဟာ အဖေတစ်ခုသားတစ်ခုနေရတဲ့သူပါ။ ဒါပေမယ့် သိပ်ကောင်းတဲ့ အဖေတစ်ယောက် ရထားတာတော့မဟုတ်ဘူး။တစ်ရက်မှာ မူလီတစ်ယောက် သူ့အဖေဆီက ထွက်ပြေးပြီး လူအလစ်မှာ ရပ်ထားတဲ့ တက္ကစီတစ်စီးပေါ်တက်ပြီး မောင်းထွက်လာလိုက်တယ်။ကံဆိုးချင်တော့ အဲ့ တက္ကစီ ပေါ်မှာ ခရီးသည် မိန်းမကြီးတစ်ယောက်နဲ့ မွေးကင်းစကလေးငယ်လေးတစ်ယောက် ပါနေတာပါပဲ။ မူလီကလည်း သူ့အကြောင်းနဲ့သူ ကားပေါ်ပါလာတဲ့ ဂျွိုင်းဆိုတဲ့ မိန်းမကြီးနဲ့ ရင်သွေးငယ်လေးကလည်း သူတို့အကြောင်းနဲ့သူတို့ ...အဲ့ character ၃ယောက် လမ်းခရီးမှာ ဘယ်လိုတွေ ဆက်ပြီးခရီးဆက်ရမလဲ?သီချင်းလေးတွေကလည်း country song လေးတွေဆိုတော့ country vibe လေးလည်းရ High way လမ်းတွေမှာ ကားပတ်မောင်းရတဲ့ ရသလေးပါရတော့ Joyride ဆိုတဲ့အတိုင်း Joy နဲ့ Mully တို့နဲ့အတူ တပျော်တပါး လိုက်စီးကြည့်ရအောင်။(ဇာတ်လမ်းအညွှန်းကို ကို Hein That Naing က ရေးပေးထားပါတယ်။)File ...
movie

Joyride (2022)

2022
The Electrical Life of Louis Wain (2021) 7.0
The Electrical Life of Louis Wain (2021)  The Electrical Life of Louis Wain (2021)လူးဝစ်ဝိန်းလို့ခေါ်တဲ့ ကြောင်ချစ်သူပန်းချီဆရာတစ်ယောက်အကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကို ဒါရိုက်တာ Will Sharpe က ပုံဖော်ရိုက်ကူးပေးထားတာပါလူးဝစ်ဝိန်းကို ၁၈၆၀ခုနှစ် ၈လပိုင်း ၅ရက်နေ့မှာ မွေးဖွားပြီး ၁၉၃၉ခုနှစ် ၇လပိုင်း ၄ရက်နေ့ အသက် ၇၉နှစ်ကွယ်လွန်ခဲ့ပါတယ်သူဟာ ပန်းချီဆရာတစ်ယောက်သာမက တီထွင်သူ စွန့်စားသူနဲ့ စောင့်ရှောက်မှုပေးသူလည်း ဖြစ်ခဲ့တယ်တစ်ချိန်က ကြောင်တွေကို နတ်ဆိုးတွေလို့ သမုတ်ထားကြပေမယ့် လူးဝစ်ဟာ လမ်းဘေးကြောင်လေးတစ်ကောင်ကို မွေးစားပြီးတဲ့နောက်မှာ ပုံမှန်မဟုတ်တဲ့ ကြောင်ပုံတွေကို ရေးဆွဲပြီး ကြောင်တွေပေါ်ထားတဲ့ လူတွေရဲ့ အမြင်ကို ပြောင်းလဲပေးခဲ့ပါတယ်လူးဝစ်ဟာ ကြောင်ပုံလက်ရာပေါင်း ၇၂ ခုကိုရေးဆွဲခဲ့ပြီး တန်ဖိုးတွေက size ပေါ်မူတည်ပြီး USD 248563 ထိပေါက်ဈေးရှိခဲ့ပါတယ်ဘဝတစ်လျှောက်လုံး ကြောင်ပုံတွေဆွဲ ကြောင်အရုပ်တွေလုပ် ကြောင်အကြောင်းတွေရေးသားရင်း ကြောင်တွေတွက်ပဲ နေရင်း ဘဝနေဝင်သွားတဲ့ လူးဝစ်ဝိန်းအကြောင်းကို ဒရမ်မာဆန်ဆန် အလွမ်းဓါတ်ခံလေးနဲ့ ကြည့်ရှုရမယ့် ...
movie

The Electrical Life of Louis Wain (2021)

Them That Follow (2019) 5.4
Them That Follow (2019) Drama/Thriller ကားတစ်ကားပါ။ဝေးလံခေါင်ပါးတဲ့ တောင်ပေါ်ဒေသလေးတစ်ခုမှာပေါ့အရမ်းဘာသာရေးကိုယုံကြည်အစွန်းရောက်နေတဲ့သူတွေနေကြတာပေါ့။ဘယ်လိုမျိုးလဲဆိုရင် သူတို့ဘုရားကျောင်းမှာနှစ်ခြင်းဖျန်းခြင်းတွေလုပ်တာမျိုးမဟုတ်ဘဲမြွေတွေကိုလည်ပင်းမှာပတ်ခိုင်းပြီးဘုရားသခင်အပေါ်ယုံကြည်မှုကိုစမ်းသပ်တာပေါ့။မြွေကလည်းရိုးရိုးမြွေမဟုတ်ဘဲအဆိပ်အင်မတန်ပြင်းလှပါတယ်ဆိုတဲ့ ခလောက်မြွေတွေပေါ့။(မြွေကိုသုံးရတဲ့အကြောင်းအရင်းကစေတန်ကအိဗ်ကိုပန်းသီးစားဖို့ မြူဆွယ်တုန်းကမြွေယောင်ဆောင်ခဲ့လို့ဒါကိုစမ်းသပ်ချက်တစ်ခုအဖြစ်လုပ်ဆောင်တာလို့ ကျွန်မယူဆမိပါတယ်။)အဲ့လိုမျိုးတင်းကြပ်တဲ့ဒေသမှာ သင်းအုပ်ဆရာရဲ့သမီးမှာစစ်စတာတစ်ယောက်ရဲ့သားနဲ့ရတဲ့ကိုယ်ဝန်ရှိလာပါလေရော။စစ်စတာရဲ့သားက အဲ့တောင်ပေါ်မှာဘာသာရေးကိုမယုံကြည်တဲ့တစ်ယောက်တည်းသောသူ။ဒါနဲ့ကောင်မလေးက သူတို့နှစ်ယောက်မဖြစ်နိုင်ဘူးဆိုတာလည်းသိပြန်၊သူ့ကိုကြွေနေပြီး သူ့အဖေကလည်းသဘောတူထားတဲ့ကောင်ကလည်းရှိ‌ဆိုတော့အဲ့ကောင်ကိုပဲ ဂျိုတပ်ဖို့လုပ်တာပေါ့။ဒါပေမယ့် အဲ့အကြောင်းကို စစ်စတာသိသွားပြီးသူ့သားကိုပြောလိုက်တဲ့အခါမှာတော့ဘာသာရေးကိစ္စတွေပါရောထွေးပြီး ဗြောင်းဆန်ကုန်တော့တာပါပဲ။အစပိုင်းမှာပျင်းစရာကောင်းပေမယ့်နောက်ကြအရှိန်တက်လာပါတယ်။ ခံစားကြည့်ရှုလိုက်ပါအုံး။ File Size : ( 918 MB , 341 MB)Quality :  WEB-DL 720pRunning Time : 1 hr 38 minFormat : Mp4Genre : ...
movie

Them That Follow (2019)

2019
The Favourite (2018) 7.8
The Favourite (2018) Director- Yorgos Lanthimos ရိုက်ကူးပုံဖော်ထားပြီးမင်းသမီး Olivia Colman, Emma Stone, Rachel Weisz တို့အပြိုင်သရုပ်ဆောင်ထားတဲ့ ၁၈ ရာစုခေတ်အင်္ဂလန်ရာဇဝင်ကို ပုံဖော်ထားတဲ့ ဇာတ်ကားလေးပါ။IMDb ration 7.7, Rotten Tomatoes 93% rating ရထားပြီး ၉၁ ကြိမ်မြောက် အော်စကာ ဆုပေးပွဲမှာ  မင်းသမီး ၃ ယောက်လုံးAcademy Nomiation  ဝင်ခဲ့ပြီး ဇာတ်လမ်း၊ဇာတ်ညွှန်းဒါရိုက်တာ ဓါတ်ပုံ အဝတ်အစားဒီဇိုင်း စတာတွေအတွက်Nomination ဆု (၁၀) ခုထိ ဝင်ထားပြီး Best Actress ဆုကိုမင်းသမီးကြီး Olivia Colman က ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကလေးကတော့ ၁၈ ရာစုခေတ်မှာအင်္ဂလန်နဲ့ ပြင်သစ်က စစ်ပွဲတွေ ဆင်နွဲနေတဲ့အချိန်ပါ။မုဆိုးမတစ်ဦးဖြစ်ပြီး သားသမီးမရှိတဲ့ ဘုရင်မကြီး အန်းနီကတော့အင်္ဂလန်ထီးနန်းကို ဆက်ခံနေပြီး သူ့ငယ်သူငယ်ချင်း ဆာရာကအကြံပေးတဲ့အတိုင်း တိုင်းပြည်ကိုအုပ်ချုပ်နေပါတယ်။ဘုရင်မကြီး အန်းနီက အာဏာရှိပေမယ့် ရိုးအပြီးပညာမဲ့ထုံထိုင်းတဲ့သူမို့ ...
movie

The Favourite (2018)

2018
The Thirteenth Tale (2013) 7.0
The Thirteenth Tale (2013)  Vida Winter ဆိုတဲ့ စာရေးဆရာမကြီးဟာသူမရဲ့ အတ္ထုပ္ပတ္တိအကြောင်းရေးဖို့ ငယ်ရွယ်တဲ့ အတ္ထုပ္ပတ္တိရေးသူ Margaret ကို ငှားရမ်းခဲ့တယ်။ သူမဖြတ်သန်းလာရတဲ့ ဘဝကို The Thirteen taleလို့ တင်စားပြီး The Thirteen Tale ဆိုတဲ့စာအုပ်ကို ရေးသားခဲ့သူပေါ့။ ပုံပြင်က 13ပုဒ်ဆိုပေမယ့် တကယ်တမ်းက 12ပုဒ်ပဲရှိတယ်။သူမ ငယ်ဘဝဖြတ်သန်းလာရမှုက 13ပုဒ်မြောက် ပုံပြင်ပေါ့။ Vida ဟာ အင်တာဗျူးမှာ သူမငယ်ဘဝအကြောင်းကို ဖြေဆိုထားတာတွေက တစ်ခုနဲ့တစ်ခုက မတူဘူး။ အဲ့ဒါကြောင့်လည်း လူအများက သူ့ငယ်ဘဝဖြစ်တဲ့ 13ပုဒ်မြောက် ပုံပြင်ကို သိချင်နေကြတာပေါ့။အဖေဘယ်သူမှန်း မသိ အမေကလည်း ဂရုမစိုက်တော့ ပျက်စီးချင်တိုင်း ပျက်စီးနေကြတဲ့ သနားကြင်နာမှုကင်းမဲ့တဲ့ ငယ်ဘဝအကြောင်း 13ပုဒ်မြောက် ပုံပြင်ကို Margaret ကို ပြောပြတဲ့အချိန်မှာတော့ .............Qty - 720p BlurayDuration - 90minGerne - Drama/MysterySubtitle - Myanmar HardsubTranslator - ...
movie


2013