Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Oleg Yankovskiy
6.1
The Man Who Cried (2000)
The Man Who Cried (2000)IMDb Rating (6.1) / Rotten Tomatoes (35%) ဒီရုပ်ရှင်လေးကတော့ ရုရှားကနေထွက်လာတဲ့ ဂျူးမိန်းမငယ်လေးတစ်ယောက်ဖြစ်တဲ့ ဆူဇီအကြောင်း ရိုက်ကူးထားတာပါ။ဆူဇီတို့မိသားစုဟာ ရွှေ့ပြောင်းဖို့လုပ်ရင်းကနေ သူ့အဖေနဲ့သူနဲ့ လူချင်းကွဲသွားခဲ့ပါတယ်။တစ်နေ့မှာ အမေရိကန်နိုင်ငံမှာရှိတဲ့ သူ့အဖေကို ပြန်ရှာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သီချင်းအဆိုကောင်းတဲ့ ဆူဇီဟာ ပါရီမြို့ပြဇာတ်ရုံတစ်ခုမှာ အကမယ်တစ်ယောက်ဖြစ်လာပါတယ်။သူမရဲ့အခန်းဖော်ကတော့ သူ့ရုပ်ရည်ကို အသုံးချပြီး ချမ်းသာတဲ့ သူတစ်ယောက်နဲ့ယူဖို့ ကြံရွယ်နေတဲ့ လိုလာပေါ့ လိုလာက ဝင်ငွေကောင်းတဲ့ နာမည်ကြီးတဲ့ အော်ပရာအဆိုတော် ဒန်တေကို ချိန်နေချိန်မှာဆူဇီသဘောကျတာကတော့ ဂျစ်ပစီတစ်ယောက်ဖြစ်တဲ့ ဆီဆာပါ ဒန်တေကတော့ ဂျစ်ပစီတွေ ဂျူးတွေကိုမုန်းတဲ့ မူဆိုလီနီကို ထောက်ခံသူပေါ့..နောက်ဆုံး ဒုတိယကမ္ဘာစစ်ရဲ့အငွေ့အသက်တွေ ပဲရစ်မြို့အထိရောက်ရှိလာချိန်မှာတော့ သူတို့လေးယောက် ဘာဆက်ဖြစ်ကြမှာလဲ..ဆူဇီတစ်ယောက် သူချစ်တဲ့ ဆီဆာနဲ့ ဇာတ်သိမ်းမှာ ပေါင်းရမှာလား.. သူ့အဖေနဲ့ရော တွေ့ရမလား..လိုလာကရော ဒန်တေကို ပိုင်ဆိုင်နိုင်ပြီး ဘဝမှာ ပျော်ရွှင်ရမှာလား..အတ္တသမား ဒန်တေရော ...
movie
The Man Who Cried (2000)
2000
8.1
Mirror (1975)
Mirror(1975) =========== IMDb Rating - 8.1/10 Directed By Andrei Tarkovskyထုတ်ပြောမထားတဲ့ ခံစားချက်တွေဟာ မမေ့ရက်နိုင်စရာကောင်းတယ်တဲ့။ ကောင်မလေးတစ်ယောက်ကို ခင်ဗျား ချစ်နေတယ်ထား။ ခင်ဗျား သူ့နဲ့ စကားတွေ နည်းနည်းဖြစ်ဖြစ် များများဖြစ်ဖြစ် ပြောဖြစ်နေမယ်။ ခင်ဗျား သူ့ကိုချစ်နေတယ်ဆိုတဲ့ အချက်ကို အသေပြောချင်နေပေမဲ့ အကြောင်းကြောင်းနဲ့ ခင်ဗျားမပြောဖြစ်ဘူး။ သူလည်းသိချင်သိမယ် မသိချင်မသိဘူး။ ခင်ဗျားကတော့ မပြောဖြစ်ဘူး။ ဒီလိုအခြေအနေမျိုးကို လူတစ်ဝက်လောက်တော့ ကြုံဖူးကြမယ်ထင်တာပဲ။ ဖြစ်ဖူးရင်တော့ အဲ့ဒီအချိန်မှာ ခင်ဗျား ခံစားရတဲ့ခံစားမှုကို စကားလုံးနဲ့ ဖော်ပြကြည့်။ ကျွန်တော်တော့ မဖော်ပြတတ်ဘူး။ သေချာတာကတော့ အဲ့ဒီခံစားမှုဟာ အတော်လေးသိပ်သည်း ပြင်းထန်တယ်။ ဒါပေမဲ့ အဲ့ဒီခံစားမှုကို စကားလုံးနဲ့ ဖော်ပြဖို့ကြ မရတော့ဘူး။ စကားလုံးတွေဟာ လူသားရဲ့အမှန်စင်စစ် ခံစားမှုကို ဖော်ပြဖို့ရာ မလုံလောက်တဲ့ အရာတွေပဲ။ ခံစားမှုတွေကို ဖော်ပြဖို့ စကားလုံးတွေက မတတ်နိုင်ဘူး။ မော်ဒန်Artတွေမှာတော့ ရုပ်ပုံတွေဟာ ရုပ်ပုံမဟုတ်တော့ဘူး။ စကားလုံးတွေဟာ စကားလုံးတွေမဟုတ်တော့ဘူး။ ဖော်ပြချင်တဲ့ ခံစားမှုရဲ့ မသိကိန်းတစ်ခုကို ပိုပေါ်လွင်အောင် တိကျတဲ့အရာတစ်ခုကို ပုံဖော်ခြင်းရေးသားခြင်းမရှိတော့ဘဲ ခံစားမှုလိုမျိုးဝေဝါးတဲ့အရာတစ်ခုကိုသာ အနုပညာပစ္စည်းကို ခံစားမည့်သူကို ပေးအပ်လာတယ်။ ပြောရရင် ပရိတ်သတ်ကို အလုပ်ပေးထားတယ်။ သူတို့ဖန်တီးထားတဲ့ အနုပညာကိုအရင်းတည်ပြီး ...
movie
Mirror (1975)
8.1
Nostalgia (1983)
[Unicode]Nostalgia (1986) ============= IMDb Rating = 8.1 out of 10 Directed By Andrei Tarkovsky၁ + ၁ = ၁ ဘယ်လောက်အထိဝေးလာခဲ့လဲ ငါမသိဘူး ပြန်မရောက်တော့တဲ့နေရာတစ်ခုရဲ့ နှိက်စက်သမှုကို အလူးအလဲခံနေရတဲ့ ငါတို့အမှားတွေကို ငါတို့အမှား ဟုတ်ဟုတ်မဟုတ် ရထားပေါ်တင် ဘုဇပတ်ပင်တွေရှိတဲ့မြို့ဆီ ချစ်ခြင်းနဲ့တွဲတဲ့နောင်တဆိုတဲ့ အကြီးဆုံးဝေဒနာကို ပြန်ပို့လိုက်ကြတယ်။ ရေတစ်စက်နဲ့ ရေတစ်စက်ပေါင်းတော့လည်း ရေတစ်စက်ပဲ ပြန်ရတာပါပဲ။ ဖွင့်ပြောမထားတဲ့ ခံစားချက်တွေဟာ မမေ့ရက်နိုင်စရာကောင်းလွန်းတယ်။ ရုပ်ရှင်သမိုင်းတစ်လျှောက်က အကြီးကျယ်ဆုံး လူတွေကို ရွတ်ပြရရင် တာကော့စကီးဟာ ထိပ်ဆုံးကပါနေရမယ့် နာမည်မျိုးပဲ။ ရုပ်ရှင်သမိုင်းရဲ့ အကျော်ဇေယျတွေထဲက တစ်ယောက်ဖြစ်တဲ့ Ingmar Bergman ကိုယ်တိုင်ကိုက တာကော့စကီးကို "Greatest of us all"လို့ ထောပနာပြုထားခဲ့ဖူးတယ်။ Poetic Cinemaဆိုတဲ့စကားလုံးကို ပြောလိုက်ရင် တာကော့စကီးဆိုတာ အဲ့ဒီစကားလုံးနဲ့ တစ်သားတည်း ရပ်တည်နေမယ့် သူ။ တာကော့စကီးဟာ ဝေဝါးသိပ်သည်းတဲ့ ခံစားမှုအစိုင်အခဲ တစ်ခုကို ခင်ဗျားရင်ထဲထည့်ပေးရုံကလွဲ ဘာမှပေးစွမ်းမှာမဟုတ်ဘူး။ ဒါကြောင့်လည်း တာကော့စကီးရုပ်ရှင်တွေဟာ ကြည့်ရှုဖို့ မဟုတ်တဲ့ ခံစားဖို့သက်သက် ရုပ်ရှင်တွေလို့ တစ်ချို့ကပြောကြတယ်။ သူ့ရုပ်ရှင်တွေကို ဘယ်လိုရုပ်ရှင်မျိုးတွေ ပါလို့တော့ ဓာတ်ခွဲမပြတတ်ဘူး။ သေချာတာတော့ သူ့ရုပ်ရှင်ဟာ ဒီနေ့ခေတ်ရုပ်ရှင်တွေထက်တောင် ပိုသစ်လွင်နေတယ်။ တာကော့စကီးရဲ့ ရုပ်ရှင်ဟာ ရုပ်ရှင်မဟုတ်ဘူး မှော်ပညာပါပဲ။ အချိန်အတော်ကြာပြီးတဲ့အခါမှာ ခင်ဗျား ဒီရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေ ပုံရိပ်တွေ စကားလုံးတွေကို ဘာတစ်ခုမှ ရေရေရာရာ မမှတ်မိတော့တဲ့ အခြေအနေတစ်ခု ဖြစ်ကောင်းဖြစ်လာလိမ့်မယ်။ မတော်လို့ဒီရုပ်ရှင်ကို ...
movie
Nostalgia (1983)