Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Octavia Spencer
8.1
The Help (2011)
The Help (2011)IMDb Rating (8.1) / Rotten Tomatoes (76%)အားလပ်ရက်မှာ စာအုပ်ဖတ်သလို ဗဟုသုတရချင်ရင်၊စာအုပ်ထဲကရသမျိုးအတိုင်း ပေါ့မသွားစေတဲ့ ဇာတ်ကားကောင်းမျိုးကြည့်ချင်တယ်ဆို The Help ဇာတ်ကားလေးကိုညွှန်ပေးပါရစေ။ဒီဇာတ်လမ်းကို Kathryn Stockett ရဲ့ best seller စာအုပ်ပေါ်မှာ အခြေခံပြီးရိုက်ကူးထားတာဖြစ်ပြီး အော်စကာဆုပေးပွဲမှာ တစ်ပြေးခဲ့တဲ့ ရုပ်ရှင်ကားပါ။ The Shawshank Redemption တို့လို Tom Hanks ရဲ့ ဇာတ်ကားကောင်းတွေလိုပဲ အနှစ်သာရတစ်ခုခုပေးမယ် ဇာတ်ကားလေးဖြစ်ပါတယ်။"မိန်းမငယ်လေး တစ်ယောက်အနေနဲ့ အရွယ်ရောက်ကြီးပြင်းလာချိန်မှာ ဒီအိမ်အကူအလုပ်ကိုလုပ်ရလိမ့်မယ်လို့များ ရှင်ကြိုသိခဲ့သလား" "သိခဲ့တာပေါ့၊ကျွန်မ အမေဟာ အိမ်အကူအမျိုးသမီး တစ်ယောက်ဖြစ်ပြီး ကျွန်မအဖွားဖြစ်သူကလည်း မြေကျွန်တစ်ယောက်ပဲလေ၊ဒီတော့ ကျွန်မသိခဲ့ပါတယ်။" 1963 ခုနှစ် အမေရိကန်နိုင်ငံ Mississippiပြည်နယ်မှာ ဇာတ်အိမ်တည်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါBig Mama လို့ခေါ်လေ့ရှိကြတဲ့ အိမ်အကူ လူမည်းအမျိုးသမီးကြီးတွေရဲ့ ဘဝနေထိုင်မှု နဲ့ လူဖြူလူမည်း အသားအရောင်ခွဲခြားမှုတွေ အကြောင်းပါ လူမည်း အမျိုးသမီးတွေဟာ အထက်တန်းလွှာလူဖြူ ...
movie
The Help (2011)
2011
4K HEVC
8.0
Zootopia (2016)
Zootopia (2016) IMDb - 8.0/10_____Rotten - 98% Won 1 Oscar. Another 46 wins & 71 nominations. Zootopia (2016) ကို ရုံတင်တုန်းက သွားကြည့်ရတဲ့ ဖီလင်က ယခင် ကားသစ်တွေ ရုံမှာသွားကြည့်ရတဲ့ ခံစားချက်တွေနဲ့ ဘာမှမဆိုင်ဘူး ပိုက်ဆံပေးကြည့်ရတာထက် ပိုတန်တယ်... ပြီးတော့ ယုန်မလေး ရဲ့ မျက်နှာဟာ ယုန်တစ်ကောင်နဲ့ မတူပဲ ချစ်စဖွယ်ကောင်မလေး မျက်နှာလိုပဲ ဘယ်လိုကြည့်ကြည့် ချစ်ဖို့ကောင်းတယ် ဒါ့အပြင် မြေခွေး ဆိုလဲ သူ့ရဲ့ ပုံစံနဲ့ လိုက်ဖက်စွာ အကျင့်ယုတ်တာတွေ လိမ်တာတွေ နောက်ပြောင်တာတွေက မျက်နှာထား အပြင် ဝတ်စားပုံနဲ့ပါ လိုက်ဖက်နေတယ် ဥပမာ ကျနော်တို့ ပျိုတိုင်းကြိုက်တဲ့ လူစီဖာမောနင်းစတား ရဲ့ မျက်ခွက်နက် ချွတ်စွတ်သွားတူနေတာမျိုး ပိုသဘောကျမိတာက ဒီကာတွန်းကားတွက် ဇတ်ကောင်တွေ အများကြီး သုံးထားတာကိုပေါ့... မြေခွေး နဲ့ ယုန်မလေး ဆီမှာပဲ အာရုံစိုက်နေလို့ မရပြန်ဘူး ကျန်တဲ့ သတ္တဝါလေးတွေက တစ်ယောက်တစ်မျိုး ချစ်ဖို့ကောင်း စိတ်ဝင်စားဖို့ ကောင်းနေပြန်ပါတယ်... ပိုလန်းတာက လူတွေ ရူးသွပ်နေတဲ့ ...
movie
Zootopia (2016)
2016
4K HEVC
7.3
Instant Family (2018)
Instant Family (2018)IMDb Rating (7.3) / Rotten Tomatoes (82%)မင်းသားကြီး Mark Wahlberg ကို ဒီလို Family Comedy ရုပ်ရှင်မှာ သက်ဝင်စွာမြင်တွေ့ရတာ တကယ်ကောင်းတဲ့အခိုက်အတန့်တခုပါပဲ။ ဒီရုပ်ရှင်က ဇာတ်အိမ်လဲ ဆန်းသစ်ပြီးတော့ ဟာသရသ မိသားစုချစ်ခြင်းဖွဲ့ရသ ကြည်နူးဖွယ်ရသနဲ့ စိတ်နှလုံးကို တိမ်းညွှတ်အောင်ဖမ်းစားနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ..မွေးကင်းစကလေးကိုပြုစုပျိုးထောင်ဖို့အတွက် အရွယ်လွန်သွားပြီလို့ယူဆထားကြတဲ့ အကြင်လင်မယားတွေဟာ မိသားစုဘဝရဲ့အနှစ်သာရကို ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံး ခံစားခွင့်မရှိတော့ဘူးလား.... အကြောင်းအမျိုးမျိုးကြောင့် မိဘအရင်းတွေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ ကလေးတွေကရော မေတ္တာအငွေ့အသက်တွေ လုံခြုံမှုတွေကို မရရှိနိုင်တော့ဘူးလား.....မိသားစုဆိုတဲ့စကားလုံးဟာ အင်မတန်ရိုးရှင်းပေမဲ့ သံယောဇဉ်တွေ နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေ အပြန်အလှန်လေးစားမှုတွေဆိုတဲ့ နက်နဲလှတဲ့သဘောတရားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီကမ္ဘာမြေကြီးပေါ်က သေးငယ်တဲ့ကမ္ဘာလေးတစ်ခုဆိုရင်လည်းမမှားပါဘူး.....လူတစ်ယောက်ရဲ့ လက်တစ်ဖက်တည်းက လက်ချောင်းတွေ အတိုအရှည်မညီကြသလို.... သွေးရင်းဖြစ်တဲ့ မိသားစုတွေတောင် နားလည်မှုအမြဲထားနိုင်ကြတာမဟုတ်ပါဘူး..... ကိုယ်တိုင်ရွေးချယ်ဖန်တီးတော့မယ့် သွေးမတော်သားမစပ်မိသားစုတစ်ခုအတွက် အကောင်းဆုံးကြိုးစားပြီးပြင်ဆင်ထားပေမဲ့ တကယ်တန်းလက်တွေ့ကတော့ ထင်သလောက်မလွယ်လှဘူးလေ.....အကြင်လင်မယားနှစ်ယောက်ဟာ မိမိတို့ရဲ့ကလေးကို ကိုယ်ဝန်လွယ်ထားချိန်ကစလို့ မိဘစိတ်ကို တဖြည်းဖြည်းမွေးမြူလို့ရပေမဲ့..... ရုတ်တရက်ရောက်လာမယ့် ကလေးတွေအပေါ်မှာရော ချစ်ခြင်းမေတ္တာအပြင် မိဘပီသတဲ့စောင့်ရှောက်မှုတွေ နားလည်မှုတွေ အပြည့်အဝထားရှိနိုင်ပါ့မလား...... ဒီမေးခွန်းတွေအားလုံးရဲ့ သံသယတွေကို ဒီဇာတ်လမ်းလေးက ဖြေရှင်းပေးသွားမှာပါ.....ချစ်တာကလွဲပြီး ကျန်တာတွေကို နားမလည်နိုင်သေးတဲ့ မွေးစားမိဘနှစ်ပါးနဲ့.... မောင်လေးနဲ့ညီမလေးကို စောင့်ရှောက်ရင်း..... သူ့ကို ...
movie
Instant Family (2018)
2018
4K HEVC
5.6
Win a Date with Tad Hamilton! (2004)
Win A Date With Tad Hamilton ဒီဇာတ်ကားလေးကတော့ Boomers တွေအတွက် တစ်ခေတ်တစ်ခါက ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ ဒရာမာလေးပါ။ ဇာတ်လမ်းထဲမှာ တက်ဒ်ဟယ်မေတန်နဲ့ ဒိတ်ဖို့ ကံထူးဆုပေါက်သွားတဲ့ မိန်းကလေးအကြောင်းရေးထားတာပါ။ ဆိုလာဆီဆိုတဲ့ မိန်းကလေးဟာ စူပါမားကတ်တစ်ခုမှာကောင်တာထိုင်တဲ့မိန်းကလေးမှာ သူမှာအရမ်းချစ်ရတဲ့ သူငယ်ချင်း ကတ်သီနဲ့ ပိထ်ရှိပါတယ်။ ဖြစ်ချင်တော့ ပိထ်က သူ့ကို ငယ်ဘဝထဲက စကြိုက်လာတာပါ။ ဒါပေမဲ့ အချစ်ဦးတွေရဲ့ ထုံးစံဆိုသလို သတ္တိမရှိတဲ့အတွက် ပိထ်ဟာ အရိပ်တကြည့်ကြည့် နေခဲ့ရသူပါ။ ဒီလိုနဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်တဲ့ တက်ဒ်ဟယမေတန်နဲ့ ရိုဆာလီတို့ ဒိတ်ခွင့်ရသွားတဲ့အခါမှာတော့...File size_(1.8GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:43:00 Genre_Comedy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark
movie
Win a Date with Tad Hamilton! (2004)
7.6
Gifted (2017)
ဒီကားလေးကို ရုပ်ရှင်ရုံထဲမှာ ထရေလာ မြင်မိကတည်းက စိတ်ဝင်စားနေတာပါ။ မင်းသားက ခရစ်စ် အီဗန်။ ဒါရိုက်တာကလည်း 500 days of summer ထဲက မာ့ခ် ဝဘ် ဆိုတော့ အတော်တော့ကောင်းလိမ့်မယ် တွက်ထားပါတယ်။ အခုထွက်လာတော့ ကြည့်လိုက်တော့လည်း ကျေနပ်စရာပါပဲ။ ကျွန်တော်အရမ်းကြိုက်လို့ ဘာသာပြန်ပြီး တင်ပေးထားပါတယ်။ rating ကတော့ IMDb မှာ 7.6 ပါ။ဇာတ်လမ်းအကျဉ်းလေး နည်းနည်းပြောပြပါမယ်။ မထင်ထားတာလေးတွေ ပါလို့ spoiler မဖြစ်အောင် လျှော့ပြောပါရစေ။ နယ်မြို့လေးတစ်ခုမှ ဖရန့် နဲ့ မေရီဆိုတဲ့ သားအဖ ၂ ယောက်တည်း အတူနေကြတယ်ဗျာ။ သမီးလေး ၇ နှစ်ပြည့်ချိန်မှာ ကျောင်းကိုလွှတ်တာကနေ စပါတယ်။ သူတို့ ၂ ယောက်ကို သံယောဇဉ်ဖြစ်နေတဲ့ အိမ်နီးချင်းမိန်းမကြီးကတော့ တားပါတယ် ကလေးကို ကျောင်းကိုမလွှတ်ပါနဲ့ပေါ့။ ဘာလို့ပါလိမ့်။ ကျောင်းမှာအဖြေပေါ်လာတာပါပဲ ကလေးက ပါရမီရှင် master brain ဖြစ်နေလို့ပါ။ ကလေးအကြောင်းသိသွားရင် သူတို့ ၂ ယောက်ကို ခွဲမယ့်သူတွေ ပေါ်လာမှာ ...
movie
Gifted (2017)
2017
6
Never Been Kissed (1999)
Never Been Kissed (1999)~ IMDb - 6/10, Rotten Tomatoes - 55% ~ဒီကားလေးဟာဆိုရင်ဖြင့် 90s အကျော်အမော် မင်းသမီးချော Drew Barrymore ရဲ့ ငယ်ရွယ်စဉ်အပျိုပေါက်အရွယ်တုန်းက ရိုက်ကူးခဲ့တဲ့ အချစ်ဟာသဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ဂျိုစီဂယ်လာဆိုတဲ့ ၂၅နှစ်အရွယ် အမျိုးသမီးလေးတစ်ယောက်ဟာ Chicago Sun Times သတင်းစာတိုက်မှာအလုပ်လုပ်နေတဲ့ အငယ်ဆုံးဝန်ထမ်းတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ အစည်းအဝေးမှာ အထက်လူကြီးက ဂျိုစီ့အတွက် ပထမဆုံးသူလျှိုသတင်းထောက်တာဝန်ကို ပေးခဲ့တယ်။ သူလျှိုသွားလုပ်ရမယ့်နေရာကတော့ ဂျိုစီရဲ့အိပ်မက်ဆိုးလို့ပြောလို့ရတဲ့ သူ့အတွက်မကောင်းတဲ့အမှတ်တရတွေအပြည့်နဲ့ သူတက်ခဲ့တဲ့ South Glen အထက်တန်းကျောင်းဖြစ်နေခဲ့တယ်။တာဝန်အတွက် ကျောင်းပြန်တက်ဖို့သွားတဲ့အခါမှာလည်း အရင်တုန်းက အထက်တန်းကျောင်းသူ စာဂျပိုးဂျိုစီပုံစံ ပြန်ဖြစ်နေခဲ့တဲ့အပြင် ဆရာတွေထဲကတစ်ယောက်ဖြစ်တဲ့ ဆမ်ကိုလ်ဆင်ဟာ သူ့ကိုစိတ်ဒဏ်ရာပေးခဲ့တဲ့ အထက်တန်းကျောင်းဖော် ဒိတ်ဒိတ်ကြဲ ကောင်ချောလေး ဘီလီပရင့်စ်နဲ့ ရုပ်ဆင်နေခဲ့တယ်။ အရင်အတိုင်း ဝင်မဆံ့ဖြစ်နေတဲ့ညီမကို မကြည့်ရက်တော့တာကြောင့် အစ်ကိုဖြစ်သူ ရော့ဘ်ကပါ သူလျှိုဇာတ်ထဲ ...
movie
Never Been Kissed (1999)
1999
6.6
Black or White (2014)
ဒီဇာတ်လမ်းလေးမှာ ဇနီးဖြစ်သူ ဆုံးပါးသွားတဲ့အခါအဲလီရော့တ်အန်ဒါဆန်ဟာ သူ့မြေးမလေး အဲလူဝီးစ်ကိုတစ်ယောက်တည်း ပြုစုပျိုးထောင်ပေးဖို့ ဖြစ်လာပါတယ်။အဲလူဝီးစ်ရဲ့ အမေ၊ အဲလီရော့တ်ရဲ့သမီးကတော့ နှလုံးရောဂါအခံနဲ့ ကလေးမွေးဖွားစဉ်က ဆုံးပါးသွားခဲ့တာဖြစ်ပြီးအဖေဖြစ်သူကတော့ မူးယစ်ဆေးမှုတွေနဲ့ ပြစ်မှုမှတ်တမ်းတွေရှိပြီး သတင်းအစအနတောင် မကြားရတဲ့သူပါ။အဲလီရော့တ်က သမီးဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့အပြင်ဇနီးဖြစ်သူကိုပါ ဆုံးရှုံးရပြန်တော့ အရက်သောက်နေတဲ့အရက်သမားကြီးလို ဖြစ်နေပေမယ့် သူ့မြေးမလေးကိုတော့ဘယ်နေရာမှလစ်ဟင်းမှုမရှိအောင် ချစ်ခြင်းမေတ္တာအပြည့်နဲ့ဂရုစိုက်ပေးပါတယ်။ ဒါပေမဲ့ အဲလူဝီးစ်လေးရဲ့ တစ်ဖက်ကအဘွား ရိုဝီနာကတော့ သူ့မြေးမလေးကို အဘိုးဖြစ်သူအဲလီရော့တ် စောင့်ရှောက်တာကို စိတ်မချဖြစ်ပါတယ်။ဒီလိုနဲ့ ရိုဝီနာက သူ့မောင် ရှေ့နေနဲ့အတူ ကလေးအုပ်ထိန်းစောင့်ရှောက်ခွင့်အတွက် တရားရင်ဆိုင်ပါတော့တယ်။ဒီနေရာမှာ ပြဿနာကတော့ အဲလူဝီးစ်လေးရဲ့ အဘိုးအဲလီရော့တ်ကလူဖြူဖြစ်ပြီး အဖေဘက်၊ အဘွားဝီဝီဘက်ကတော့ လူမဲတွေဖြစ်နေတာပါ။ ကလေး အုပ်ထိန်းခွင့်အတွက် တရားရင်ဆိုင်ကြတဲ့အခါ အဘိုးဖြစ်သူ အဲလီရော့တ်ကပဲ အုပ်ထိန်းခွင့်ရသွားမလား၊အဘွားဝီဝီကပဲ အုပ်ထိန်းခွင့်ရသွားမလားဆိုတာတော့ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ ဒီဇာတ်လမ်းလေးဟာ မိသားစုချစ်ခြင်းမေတ္တာကို ဖော်ကြူးထားတဲ့အပြင် လူမဲ လူဖြူဆိုတာ အသားအရောင်သာကွာခြားတဲ့လူသားအချင်းချင်းပါပဲ ဆိုတဲ့ မက်ဆေ့ခ်ျလေးကို ရိုက်ပြထားတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက ...
movie
Black or White (2014)
7.0
Fathers and Daughters (2015)
“အရာအားလုံးက. ရှင်သန်ပြီး သေဆုံးတယ်.နိုးထပြီး. ကျဆင်းတယ်.ပြီးတော့ ချစ်တယ်. ထွက်သွားတယ်...”ဒီစကားစုလေးလိုပါပဲ ကျွန်တော်တို့ဘဝတွေမှာအကောင်းအဆိုး တစ်လှည့်စီ ဖြစ်ပေါ်တတ်ကြသလိုပဲကြည့်ဖူးတဲ့ရုပ်ရှင်ကားတစ်ကားထဲကလို“ပျော်ရွှင်စရာအဆုံးသတ်မဟုတ်ခဲ့ဘူးဆိုရင်ဇာတ်မသိမ်းသေးပါဘူး” လို့အားတင်းရင်းနဲ့ပဲ ဘဝကို ရှေ့ဆက်ကြရပါတယ်.မတော်တဆမှုတစ်ခုမှာ ဇနီးသည်ကိုဆုံးရှုံးလိုက်ရပြီးနောက်ပိုင်း ဦးနှောက်ထိခိုက်ဒဏ်ရာ၊ဇနီးသည်အတွက် ပူဆွေးရမှုတွေကြောင့်ရလာတဲ့ စိတ်ဝေဒနာဒဏ်ရာများကို ကုစားဖို့အသည်းပေါက်မတတ် ချစ်ရတဲ့ သမီးလေးနဲ့ ခွဲပြီးစိတ်ရောဂါကုဆေးရုံမှာ ၇ လကျော်ကြာအချိန်ကုန်ခဲ့ရတဲ့ ဂျိတ်ဒေးဗစ်စ်.သူခံစားခဲ့ရတဲ့ စိတ်ဝေဒနာကို အခွင့်ကောင်းယူကာသမီးလေးကို သူ့ဘဝထဲက ဆွဲထုတ်မယ့် သူများ၊စာရေးဆရာဘဝရဲ့ တစ်ဆစ်ချိုး ကျရှုံးချိန်ရုန်းကန်ရပုံများ ကြားထဲမှ အဖေနဲ့သမီးဘဝငယ်ဘဝအမှတ်တရ များစွာကို လွမ်းဆွတ်ဖွယ် တင်ဆက်ထားသလိုတစ်ဖက်မှာလည်း ၂၅ နှစ်အကြာမှာပဲ ကံကြမ္မာတစ်ကျော့ပြန်လာပြီး ရင်ထဲမှာတွင်းနက်ကြီးတစ်ခုရှိနေသလို ဘာခံစားချက်မှမရှိဖြစ်နေတဲ့ သမီးဖြစ်သူ ကိတ်ဒေးဗစ်စ်.ဘယ်သူမှ အတင်းအကျပ် လုယူ၊ မခိုးယူဘဲပျောက်ဆုံးသွားခဲ့တဲ့ နှလုံးသားထဲကခံစားချက်တစ်စုံတစ်ရာကို ရှာဖွေရင်း ချစ်ရသူကိုတွေ့သွားချိန် ဘဝရဲ့အတိတ်မည်းတွေကိုလွတ်မြောက်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ် ဖော်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size… 1.6GB / 713MB Quality… Blu-Ray ...
movie
Fathers and Daughters (2015)
2015
6.2
The Nines (2007)
The Nines (2007)~ IMDb - 6.2/10, Rotten Tomatoes - 64% ~အိပ်မက်ထဲက ပေါက်ပန်းဖြူတစ်ပွင့်ကို ဆွဲထုတ်ယူလိုက်ပြီး မင်းကိုကမ်းပေးလိုက်တယ်။ ကြေမွသွားတဲ့ ပန်းကလေးရယ်၊ နောက်ကျောကိုပဲ မြင်ရတော့တဲ့ မင်းရယ်၊ ဝေခွဲမရတဲ့ ငါရယ်၊ မှောင်မည်းမည်းလောကကြီးရယ်။ တစ်ကနေ တစ်ဆယ်အတွင်း ကိုယ့်ကိုယ့်ကိုယ်တန်ဖိုးသတ်မှတ်ရင် ဘယ်လောက်များ ရနိုင်ပါ့မလဲ။ သုညကိုတောင်းဆိုမိရင် ဘုရားသခင်များ ဒေါသဖြစ်လေမလား။မင်းဟာ ငါပဲ။ သူကလည်း ငါပဲ။ နေရောင်ခြည်ကလည်း ငါပါပဲ။ တစ်ခါတလေ ပူပြင်းနေရုံ။ တစ်ခါတလေမှာ အတွေးတစ်ချက်နဲ့ လောကကြီးကို သတ်ပစ်လိုက်တယ်။ တစ်ရာ့တစ်ပါးသော ထီးဆောင်းမင်းတွေထဲမှာ ငါက အရက်စက်ဆုံးတဲ့။ အဆုံးမဲ့စကြာဝဠာကြီးကို သူတို့လက်ထဲအရောက် လက်ဆောင်ပေးခဲ့တာတော့ အရေးမပါဘူးဆိုပဲ။မသေတဲ့သူကို သေအောင်သတ်ဖို့ ဘာတွေလိုမလဲ။ မူးယစ်ဆေးဝါးခပ်ပြင်းပြင်းကို အတိုင်းအဆမဲ့ပမာဏနဲ့ အဆိပ်ခပ်လိုက်မလား။ ကိန်းဂဏန်းတွေကြားထဲမှာ (၉) ဂဏန်းကိုပဲ လိုက်ရှာနေမိတယ်။ ရှာလေတွေ့လေ၊ တွေ့လေ ...
movie
The Nines (2007)
2007
7.5
Fruitvale Station(2013)
Creed နဲ့ Black panther တွေမှာ နာမည်ကြီးစတားဖြစ်လာတဲ့ Michael B. Jordan ကိုလူတွေ (လူမည်းအများစု)သိပြီး နာမည်ကြီးလာစေမယ့် ဖြစ်ရပ်မှန်ဇာတ်ကားလေးပါ။ ၂၀၀၈ ခုနှစ်က Fruitvale ဘူတာမှာဖြစ်ခဲ့တဲ့လူမည်းကောင်လေးကို ရဲကပစ်သတ်မိတဲ့ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ အော်စကာ ဟာအရင်ကဆေးခြောက်ရောင်းတဲ့သူပေမယ့် ထောင်ကျပြီးနောက် သမီးလေးလဲရှိတော့ လိမ္မာတော့မယ် ဆုံးဖြတ်ပြီးကာမှ အလုပ်ပြုတ်ပြီး ဇနီးဖြစ်သူရဲ့ ငြိုငြင်ခံနေရပါတယ်။ ဒီလိုနဲ့ နှစ်ကူးညမှာမီးပန်းကြည့်ဖို့ မြို့ထဲကိုရထားစီးပြီးသွားကြရာမှာတော့ အဖြစ်ဆိုးနဲ့ကြုံရပါတော့တယ်။ သာမန်ရန်ပွဲလေးတခုကို လာဖြေရှင်းကြတဲ့ ရဲကစိတ်တိုပြီး ပစ်သတ်လိုက်ပေမဲ့ တရားရုံးမှာ အမှုရင်ဆိုင်ရာမှာတော့ လျှော့တိုက်သေနတ်နဲ့ သေနတ်အစစ်မှားပစ်မိတာဖြစ်ကြောင်းလျှောက်တင်ပြီး ထောင်၂နှစ်သာကျခဲ့လို့ ဆန္ဒပြပွဲတွေဖြစ်ခဲ့တဲ့အမှုတခုပါ။ ဖြစ်ရပ်မှန်မှုခင်းတွေကို စိတ်ဝင်စားတဲ့သူတွေ အတွက်ကြည့်သင့်တဲ့ကားလေးပါ။ File size…2.65GB / 614MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 25m Genre ..... Biography , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie
Fruitvale Station(2013)
7.1
Snowpiercer (2013)
ဒီတစ်ခါ Parasite ဇာတ်ကားနဲ့ ဆုပေါင်းများစွာကိုသိမ်းပိုက်ခဲ့တဲ့ ဒါရိုက်တာ Bong Joon Ho ရဲ့ Snowpiercer (နှင်းခွဲရထား) ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။၂၀၁၄ ခုနှစ်မှာ CW7 ဆိုတဲ့ဓာတုပစ္စည်းတစ်မျိုးကိုအသုံးပြုပြီး ကမ္ဘာကြီးပူနွေးမှုကိုကာကွယ်ဖို့ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် အကျိုးဆက်အနေနဲ့ ကမ္ဘာဟာမပူနွေးတော့ရုံမက အေးခဲလွန်းတဲ့ရေခဲခေတ်ကိုရောက်ရှိသွားပါတော့တယ်။ဒီလိုတွေဖြစ်လာမယ်ဆိုတာကြိုမြင်နေတဲ့ ဝဲလ်ဖို့ဒ်ဆိုတဲ့လူကြီးက ကမ္ဘာကြီးကို တစ်နှစ်တစ်ခါလည်ပတ်နေတဲ့ နှင်းခွဲရထားကြီးကိုတီထွင်ခဲ့ပါတယ်။နှင်းတွေကနေစွမ်းအင်ကိုယူပြီး အလုံပိတ်ဂေဟစနစ်နဲ့ မရပ်မနားခုတ်မောင်းနေတဲ့ဧရာမရထားကြီးရဲ့ခေါင်းတွဲပိုင်းတွေဟာ လူချမ်းသာတွေအတွက် ဇိမ်ခံအဆင့်အတန်းမြင့်အခန်းတွေ၊ ဝန်ဆောင်မှုတွေနဲ့ ပြည့်နေပေမယ့် အသက်မသေဖို့အရေး ရထားပေါ်မရမကဖက်တွယ်လိုက်ပါလာတဲ့ လူဆင်းရဲတွေအတွက်ကတော့ ညစ်ပတ်ပေရေနေပြီး ကျောတစ်ချစာသာနေရာရှိတဲ့ ရထားနောက်တွဲအမှောင်ခန်းတွေထဲ လက်နက်ကိုင်စစ်သားတွေရဲ့စောင့်ကြည့်မှုအောက်မှာ နေကြရပါတယ်။ဒီလိုနဲ့ ၁၇နှစ်အကြာမှာ တိရစ္ဆာန်သာသာနေနေရတဲ့ လူ့အခွင့်အရေးဆိုတာကိုတစ်စက်မှမရကြရှာတဲ့ ရထားနောက်တွဲကလူတွေရဲ့ တော်လှန်တဲ့ပုံရိပ်တွေကိုကြည့်ကြရမှာပါ။ဒီဇာတ်ကားမှာတော့ ကိုရီးယားဇာတ်ဆောင်နှစ်ဦးနဲ့ အင်္ဂလိပ်သရုပ်ဆောင်တွေ အဓိကသုံးထားပြီး အင်္ဂလိပ်ဘာသာနဲ့ပဲ အဓိကရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါရိုက်တာကြီး Bong Joon Ho ရဲ့လက်ရာဆိုတော့ အထူးတလည်ညွှန်းစရာလိုတော့မယ် မထင်ပါဘူး။ လုံးဝရိုးအီမသွားဘဲအတော်ကိုကြည့်လို့ကောင်းတဲ့ဇာတ်ကားပါ။ ကြည့်ရှူခံစားလိုက်ကြပါဦး။File size…(1.7 GB) and ...
movie
Snowpiercer (2013)
5.3
Superintelligence (2020)
Superintelligence (2020) ====================IMDB rating - 5.3/10 A.I ဆိုတာကတော့ ဒီခေတ်မှာလူတိုင်းလိုလိုရင်းနှီးနေကြမယ့် စကားလုံးတစ်လုံးဖြစ်မှာပါ။ဒီကားထဲမှာတော့ Superintelligence လို့သူ့ဘာသူ နာမည်တပ်ထားတဲ့ A.I ကနေ ကမ္ဘာကြီးကိုစစ်ပွဲတွေ၊ ရောဂါတွေမရှိတော့တဲ့အနေအထားထိ ပြုပြင်နိုင်တယ်လို့ တွက်ချက်ထားပါတယ်။ဒါပေမယ့် အဲ့လိုအခြေအနေမျိုးဖြစ်ဖို့က လူသားအားလုံးကိုကယ်တင်မယ် (သို့) လူသားအားလုံးကိုကျွန်ပြုမယ် (သို့) လူသားအားလုံးကိုမျိုးတုံးပစ်မယ် ဆိုပြီး ဖြစ်နိုင်ချေသုံးခုရှိနေတယ်။ အဲ့ဒါကို A.Iကနေ သေသေချာချာဆုံးဖြတ်နိုင်ဖို့အတွက် လူသားအဆန်ဆုံးလူတစ်ယောက်ကိုရွေးပြီး အနီးကပ်လေ့လာပါတော့တယ်။ တနည်းအားဖြင့် ကမ္ဘာကြီးရဲ့အဆုံးအဖြတ်က အဲ့ဒီလူအပေါ်မူတည်သွားတာပဲဖြစ်ပါတယ်။ အဲ့ဒီလူက ကာရိုး ဆိုတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ကာရိုးအနေနဲ့ လူသားတွေက ကယ်တင်ထိုက်ပါတယ်ဆိုတာကို သတ်သေပြနိုင်သွားမလား ဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော် . . .ကားရိုးအဖြစ်သရုပ်ဆောင်ထားတဲ့ Melissa McCarthy ကတော့ ပရိသတ်တွေရင်းနှီးပြီးသားမင်းသမီးပါပဲ။သူပါဝင်သရုပ်ဆောင်ထားတဲ့ The Spy (2015), The Heat (2015), Ghostbusters (2016) စတဲ့ Comedy,Action ...
movie
Superintelligence (2020)
2020
7.6
Onward (2020)
ကာတွန်းရုပ်ရှင်ကား ကောင်းကောင်းလေး တစ်ကားလောက် ကြည့်ရအောင်။ ရုံတင်ကတည်းက လူကြိုက်များခဲ့တဲ့ ရုပ်ရှင်လေးပါပဲ။ ဇာတ်လမ်းအကျဉ်း…. ဟိုးရှေးရှေးတုန်းက ကမ္ဘာပေါ်မှာ မှော်ပညာ တည်ရှိခဲ့ပေမယ့် အချိန်ကြာလာတာနဲ့အမျှ လူတွေ၊နတ်သူငယ်တွေ၊ မှော်ဝင်သတ္တဝါတွေဟာ ခေတ်မီလာကြပြီး မှော်ပညာကို မေ့ပျောက်သွားပါတော့တယ်။ အီယန် နဲ့ ဘာလေ ဆိုတဲ့ နတ်သူငယ် ညီအစ်ကိုနှစ်ယောက်ဟာလည်း ငယ်ငယ်ကတည်းက အဖေဆုံးသွားလို့ မိခင်နဲ့ပဲ အတူနေကြတဲ့ သူတွေပါ။ ညီဖြစ်သူ အီယန်၁၆ နှစ်ပြည့်မွေးနေ့မှာတော့ သူတို့အဖေထားခဲ့တဲ့ မှော်တောင်ဝှေးနဲ့ ဂါထာတစ်ခုကို တွေ့ရှိသွားပါတယ်။ ဂါထာရဲ့ အစွမ်းကတော့ သေဆုံးသွားတဲ့ အဖေဖြစ်သူကို တစ်ရက်တိတိ ပြန်ရှင်သန်လာစေပြီး တွေ့ခွင့်ရမှာပါပဲ။ ဒါပေမယ့် ဒီဂါထာကိုသုံးဖို့ စွမ်းအားကြီးတဲ့ ရတနာတစ်ခုလိုအပ်ပြီး အဲဒီရတနာ မလုံလောက်တာကြောင့် သူတို့အဖေဟာ ခန္ဓာကိုယ် အောက်ပိုင်းပဲ ကွက်ပြီး ရှင်လာခဲ့တယ်။ ဒီလိုနဲ့ပဲ ညီအစ်ကို ၂ ယောက်ဟာ သူ့တို့အဖေရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို သယ်ပြီး တစ်ရက်မပြည့်ခင် အဖေကို နောက်ဆုံးတွေ့နိုင်ဖို့ မှော်ဝင်ရတနာကို အရှာထွက်ရပါတော့တယ်…. ဒစ္စနေးရဲ့ ထုံးစံအတိုင်း ပျော်စရာတွေ ရယ်စရာတွေနဲ့ ဝမ်းနည်းစရာတွေ ခံစားမှုတွေကို ရောယှက်ပေးထားမယ့် ကာတွန်းရုပ်ရှင်အသစ်မို့ ကြည့်တဲ့သူတွေ သဘောကျကြမယ်ထင်ပါတယ်။ ဘာသာပြန်ပေးထားတာကတော့ Little Neo ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ် zawgyi ကာတွန်းရုပ်ရှင်ကား ကောင်းကောင်းလေး တစ်ကားလောက် ...
movie
Onward (2020)
6.9
Luce (2019)
လုစ် ဆိုတဲ့လူမဲကောင်လေးက အထက်တန်းကျောင်းမှာဘက်စုံတော်ပြီး စံပြ ကျောင်းသားအဖြစ်သတ်မှတ်ထားခြင်းခံရတဲ့လူငယ်လေးတစ်ယောက်ပေါ့။သူငယ်စဥ်က စစ်ဘေးသင့်ဒေသကနေ ကယ်ဆယ်ခံရပြီးတော့ လူဖြူလင်မယား ၂ ယောက်ကသူ့ကို မွေးစားထားတာ။မွေးစားမိဘတွေရော၊ ဆရာ၊ ဆရာမတွေရောက ဂုဏ်ယူရတဲ့လုစ်ရဲ့ဘဝမှာ သူ့ကျောင်းက ဆရာမတစ်ယောက်ကအနှောက်အယှက်ဖြစ်လာတဲ့အခါ...အများအမြင်မှာ အားကျရတဲ့ လုစ်ရဲ့ဘဝက တကယ်ရောအဲလောက်သာယာပျော်ရွှင်ဖို့ကောင်းပြီး စင်းလုံးချောဖြစ်ရဲ့လား...ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားကြပါ File Size : ( 1 GB , 389 MB)Quality : WEB-DL 720pRunning Time : 1 hr 49 minFormat : Mp4Genre : DramaSubtitle : Myanmar Subtitle (Hard Sub)Translated ...
movie
Luce (2019)
2019
5.9
Ma (2019)
သည်းထိတ်ရင်ဖို Horror ဆိုက်ကိုကားတွေ ကြည့်ချင်နေပါပြီ ဆိုတဲ့ ပရိသတ်ကြီးအတွက် ၂၀၁၉ ထွက် Ma ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ….IMDb – 5.8/10 ရရှိထားတယ်ဆိုတော့ Horror ကားတစ်ကားအနေနဲ့ မနည်းဘူးဆိုရမှာပေါ့ …မက်ဂီ ဆိုတဲ့ကောင်မလေးက သူ့အဖေနဲ့ အိမ်ထောင်ကွဲလာတဲ့ မိခင်နဲ့အတူ မြို့ကိုခုမှ ပြောင်းလာတဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ပါ …ကျောင်းပြောင်းလာတဲ့ မက်ဂီဟာ လူသစ်ဆိုပေမယ့် ဖော်ရွေတတ်တဲ့ မြို့ခံကျောင်းသားတွေနဲ့ အချိန်တိုအတွင်းပဲ ရင်းနှီးသွားကြပါတယ်…တစ်နေ့မတော့ ၁၈ နှစ်မပြည့်သေးလို့ အရက်ဘီယာဝယ်မရသေးတဲ့ သူတို့ကို ကူညီဝယ်ယူပေးခဲ့တဲ့ မိန်းမကြီးတစ်ယောက်နဲ့ ရင်းနှီးသွားခဲ့ကြပါတယ်…့ပြီးတော့ ခိုးကြောင်ခိုးဝှက် ရဲတွေမမြင်အောင် အရက်သောက်နိုင်ဖို့ အဲ့ဒီမိန်းမကြီးက သူ့ရဲ့မြေအောက်ခန်းကို အသုံးပြုခွင့်ပေးပြီး ကူညီခဲ့ပါတယ်...ကားမောင်းမယ့်တစ်ယောက်က မူးအောင်မသောက်နဲ့ ..မဆဲနဲ့…ပြီးတော့ အပေါ်ထပ်ကိုတက်မလာနဲ့ စတဲ့ စည်းကမ်းချက်လေးတွေတော့ လိုက်နာရတာပေါ့နော် …..ဒီမိန်းမကြီးရဲ့အတိတ်တွေက ဘယ်လိုရှိမလဲ…သူ့အကြောင်းတွေကို သိထားသင့်လား…ဒါပေါ့ ...
movie
Ma (2019)
2019
6.6
Small Town Crime (2017)
အလုပ်တစ်ခုကို ပုံမှန်လုပ်နေပေမယ့် ဖြစ်လာတဲ့အကျိုးဆက်က ဆိုးကြိုးတွေများနေရင်တော့ ရလဒ်ကမကောင်းပါဘူးရဲအရှိ မိုက်တစ်ယောက်လည်းဒီလိုပဲ...ဖြစ်ရပ်တစ်ခုမှာ ဆိုးကြိုးတွေများတဲ့အတွက်ကြောင့် ကြီးမားတဲ့ပေါ့ဆမှုလို့ခေါင်းစဉ်တပ်ခံလိုက်ရပြီး တာဝန်ကရပ်ဆိုင်းခံလိုက်ရတယ်....သူဟာ အရပ်သားဖြစ်ပြန်ပြန်တော့ အပြင်လောကမှာ သိပ်အံမ၀င်ချင်...ရဲဝန်ထမ်းကောင်းမဟုတ်တောင်မှ သူဟာ ဆိုးယုတ်မှုတွေကိုမျက်ကွယ်ပြုတ်တတ်သူမဟုတ်..ဒီလိုနဲ့ ပြည့်တန်ဆာမလေးတစ်ယောက် အသတ်ခံရတဲ့အမှုမှာ ဝင်ပတ်သက်မိသွားတယ်...သူပတ်သက်မိတဲ့ လူသတ်မှုနောက်ကွယ်မှာ မဟာအရှုတ်တော်ပုံကြီးရှိနေတာ အသိနောက်ကျသွားတယ်...ကိုင်း သူဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ အမိုက်စား actionခန်းတွေ စွန့်စားခန်းတွေနဲ့ ရင်တထိတ်ထိတ်နဲ့ကြည့်လိုက်ပါဦး။ ။ File Size : (750 MB) and (300 MB) Quality : Blu-Ray 720p Running Time : 1hr 31min Format : Mp4 Genre :Crime, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264.DTS-MT Translated by Lex Luthor Encoded by
[email protected]
movie
Small Town Crime (2017)
2017
7.8
The Shape of Water (2017)
Pan's Labyrinth ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Del Toro တစ်ဦးတည်းကပဲရိုက်ကူးခဲ့တဲ့ ဇာတ်ကားမို့ ဇာတ်လမ်း အပြင်အဆင် တွေ Effect အလန်းစားတွေအကြောင်းကိုတော့ သိပ်ပြီး စာဖွဲ့ပြနေစရာလိုမယ်မထင်ပါဘူး...ဒီဇာတ်ကားကို ၇၄ကြိမ်မြောက် ဗင်းနစ် အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော် မှာယှဉ်ပြိုင်ဖို့ရိုက်ကူးခဲ့တာဖြစ်ပြီး...အဲ့ဒီပွဲတော်မှာ အကောင်းဆုံးရုပ်ရှင်ဆု Golden Lion ဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်...ေနာက်ထပ် ဝေဖန်မှုတွေ Best Director,Best Picture,Best Screenplay,Best Actress အပါအဝင် မရေမတွက်နိုင်တဲ့ဆုပေါင်းများစွာကို လက်ခံရရှိထားကာအလွန်နာမည်ကြီးနေတဲ့ ရုပ်ရှင်တစ်ကားလို့ ဆိုရမှာပဲ...ဒီလို ကားမျိုးမှ မကြည့် ဘာသွားကြည့်မလဲ ဘာညာပေါ့နော်...ဇာတ်လမ်းအကျဉ်းပြောရရင်...ထူးထူးဆန်းဆန်း လည်ပင်းမှာ အမာရွတ်နဲ့ မြစ်နားက ကောက်ယူမွေးစားခံရတဲ့ မိဘမဲ့ကလေး အလိုင်စာ ဟာ စကားမပြောတတ်သူပါ...ပြဇာတ်ရုံရဲ့ အပေါ်ထပ်အခန်းမှား ငှားနေရတယ်ပေါ့သူ့မှာလည်း သူငယ်ချင်းနှစ်ဦးတည်းရှိတယ်(သူတို့ဟာလည်း Best supporting ဆုတွေ ရရှိခဲ့) ကိတ်ဖုတ်တဲ့ကောင်လေးကိုကြိုက်နေတဲ့ အလိုင်စာ့ ရှေ့ခန်းက ဂေး ...
movie
The Shape of Water (2017)
2017
7.8
Hidden Figures (2016)
The untold story of Katherine G. Johnson, Dorothy Vaughan and Mary Jackson – brilliant African-American women working at NASA and serving as the brains behind one of the greatest operations in history – the launch of astronaut John Glenn into orbit. The visionary trio crossed all gender and race lines to inspire generations to dream big.Unicode(ဒေါ်ရသီဗန်း မယ်ရီဂျက်ဆန် နဲ့ ကတ်သရင်းဂျွန်ဆန်)အော်စကာ သုံးဆု ...
movie
Hidden Figures (2016)
2016
6.5
The Shack (2017)
The shack (2017) ကတော့ ယုံကြည်ကိုးစားမှုတွေရယ် ဘဝဖြတ်သန်းပုံတွေကို ရှု့ထောင်တစ်မျိုးကနေ ပြထားပေးတဲ့ကားလေးပါ။ ဒီဇာတ်လမ်းထဲမှာ Meck ဆိုတဲ့ လူတစ်ယောက်နဲ့ ဘုရားသခင်ရဲ့ ဆက်နွှယ်မှုတွေကိုတွေ့မြင်ရမှာပါ။ ငယ်ဘဝက အတိတ်ဆိုးတွေရှိခဲ့တဲ့ Meck တစ်ယောက် အရွယ်ရောက်လာတော့ အရွယ်ရောက်လာတော့နွေးထွေးတဲ့မိသားစုလေးနဲ့အတူပျော်ရွှင်စရာဘဝတစ်ခုရလာခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာ သူ့သမီးငယ်လေး အသတ်ခံရပြီး သူတို့ရဲ့ ဘဝတွေလဲ ပြိုလဲကုန်ရပါတော့တယ်။ ဝမ်းနည်းစိတ်တွေ ကိုယ့်ကိုယ်ကို နာကျည်းစိတ်တွေ အပြစ်မြင်စိတ်တွေနဲ့ ပြိုလဲနေတဲ့ Meck ဆီကို တစ်နေ့တော့ စာတစ်စောင်ရောက်လာပါတယ်။ အဲ့ဒီစာက ဘုရားသခင်က သူ့ဆီကို သီးသန့်ဖိတ်ကြားလွှာဖြစ်ပြီး The Shack ဆိုတဲ့နေရာကိုဖိတ်ကြားထားတာပါ။ အဲ့ဒီနောက်ပိုင်း စိတ်ဝင်စားစရာတွေကတော့ ဇာတ်လမ်းထဲမှာဆက်ကြည့်ပါ လို့ပဲတိုက်တွန်းပါရစေ (ဘာသာပြန်သူကတော့ရဲမာန်အောင်ပဲဖြစ်ပါတယ်)File Size : 850 MB/380MB Quality : Bluray 720P Running Time : 2hr 12minutes Format : Mp4 Genre : Drama,Fantasy Translator : Ye Man Aung Encoder :Thanhtike ...
movie
The Shack (2017)
2017