Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
O. A. K. Sundar
7.1
Peranmai (2009)
Peranmai ( 2009 ) "သူရဲကောင်းတို့ရဲ့ဂုဏ်သိက္ခာ"ဒီဇာတ်ကားကတော့ ၂၀၀၉ ခုနှစ်ထွက် တမီးလ်စကားပြော Action / Adventure ဇာတ်ကားတစ်ကားဖြစ်ပါတယ်ဇာတ်ကားအကျဉ်းကတော့တက္ကသိုလ်ကျောင်းသူတစ်စုဟာ စခန်းသွင်းလေ့ကျင့်ရေးအတွက် တောထဲက တက္ကသိုလ်မှာ လာနေပြီး ချီတက်ပွဲအတွက် အပြိုင်အဆိုင်လေ့ကျင့်ရမှာဖြစ်ပါတယ်။ကျောင်းသူတွေထဲမှာ သူတို့ကိုယ်သူတို့ ဒီစခန်းရဲ့ မဏ္ဍိုင်ကြီးငါးခုအဖြစ် ကြေညာသတ်မှတ်ထားတဲ့ ခပ်ကဲကဲကျောင်းသူအလန်းလေး ၅ ယောက်ပါလာပါတယ်။ဘယ်သူ့ကိုမှလည်းမကြောက်သလို မြို့သူလေးတွေလည်းဖြစ်ပြန်တော့ ဘာကိုမှအလေးအနက်မထားတတ်ဘဲ အစားအသောက်ကအစ ကလေးဆန်ဆန်ချေးများလို့နေပါတော့တယ်။မင်းသားဖြစ်တဲ့ ဒူရူဗန်ကတော့ သူတို့အားလုံးကို လေ့ကျင့်ပေးရတဲ့ဆရာတစ်ယောက်ဖြစ်ပြီး တောရိုင်းလူမျိုးစုတစ်စုက ဆင်းသက်လာသူဖြစ်ပါတယ်။လေ့ကျင့်ကွင်းထဲမှာ စည်းကပ်အလွန်တင်းကျပ်ပေမဲ့ သာမာန်အချိန်မှာ ပျော်ပျော်နေတတ်သူဖြစ်တာကြောင့် ကျောင်းသူတွေကိုလည်း သူငယ်ချင်းလိုပဲဆက်ဆံပါတယ်။ဒါပေမဲ့ အပျိုချောတို့ကတော့ သူ့မျိုးနွယ်စုကြောင့် အထင်တသေးလှောင်ပြောင်ချင်စိတ်ပဲရှိနေကြပါတယ်။ ဒီလိုနဲ့ စည်းကမ်းကျပ်တဲ့လေ့ကျင့်ရေးဆရာနဲ့ ဘာကိုမှအလေးအနက်မထားတတ်တဲ့ကျောင်းသူတစ်စုတို့ ဘယ်လိုတွေစခန်းသွားကြမလဲ.. Action / Adventure Genre ဖြစ်လာဖို့ ဇာတ်ကြောင်းလှည့်ကွက်တွေ ဘယ်လိုဆက်ရှိမလဲဆိုတာကိုတော့ ဇာတ်ကားတလျှောက် ဆက်လက်ကြည့်ရှုပေးကြပါဦးဗျာ(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။) File size… 5 GB / 2.95 GB Quality…BluRay 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard ...
movie
Peranmai (2009)
8.4
Por Thozhil (2023)
Por Thozhil ( 2023 ) ==================IMDb 8.4/10တောင်ပိုင်းမှုခင်းကားတွေ ကြိုက်တဲ့ပရိသတ်တွေအတွက် Por Thozhil ဆိုတဲ့ အမိုက်စား မှုခင်းရုံကားလေးတစ်ခု ထွက်ရှိလာပါပြီ။Por Thozhil ဆိုတာကတော့ တမီလ်လို စစ်အနုပညာလို့ အဓိပ္ပါယ်ရပါတယ်။ ကြောက်တတ်ပေမဲ့ မှုခင်းစာအုပ်တွေဖတ်ပြီး ရဲဖြစ်ချင်ခဲ့တဲ့ ပရာကတ်ရှ်ဆိုတဲ့ အလုပ်သင် ဒုရဲအုပ်လေးဟာ အရမ်းလက်ပေါက်ကပ်တဲ့ လူ့ကန့်လန့် ဝါရင့်ရဲအုပ်ကြီးတစ်ယောက်ဆီမှာ အကူအနေနဲ့ တာဝန်ထမ်းဆောင်ရင်း ပထမဆုံးအမှုအနေနဲ့ နှစ်လောင်းပြိုင် ကွင်းဆဂာ်လူသဝာ်မှုနဲ့ တည့်တည့်တိုးပါတော့တယ်။ဒီရုပ်ရှင်ဟာဆိုရင် တောင်ပိုင်းမှုခင်းကားတွေထဲမှာ အင်မတန်နာမည်ကြီးခဲ့တဲ့ Ratsasan တို့ HIT တို့လိုပဲ ပရိသတ်တွေကို ထိုင်ရာကနေ မထစတမ်း ဆွဲခေါ်သွားမှာဖြစ်လို့ မှုခင်းကားကြိုက်တဲ့ပရိသတ်တွေအတွက် တကယ်ကို must watch ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်...။( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni, Moon, V, Cherry နဲ့ Zwe Yan တို့ပဲဖြစ်ပါတယ်ဗျ။ ) File size…4GB /1.53GB / 789MB Quality…4k SONY WEB DL ...
movie
Por Thozhil (2023)
2023
4K HEVC
4.4
Agilan (2023)
Aglian 2023 Action/Drama/Thrillerကွန်တိန်နာနံပါတ်ကြည့်ရုံနဲ့ အာဂီလန်ပိုင်မှန်းသိရင် အဲ့ဒီကွန်တိန်နာကို ထိကို မထိရဲလောက်တဲ့ထိ ဖိန့်ဖိန့်တုန်အောင် ဩဇာအာဏာကြီးလှတဲ့ ဆိပ်ကမ်းဘုရင်လူမိုက်ကြီး အာဂီလန်.... ဒီလူမိုက်ကြီးအာဂီလန့်နေရာကို သရုပ်ဆောင်ထားတာကလဲ အက်ရှင်ဇာတ်ကြမ်းတွေနဲ့ နာမည်ကြီးလာတဲ့ မင်းသား Jayam Raviဆိုတော့ ဒီအက်ရှင်ကားက သွေးသံတရဲရဲနဲ့ အစဆုံးကြည့်ချင်နေမှာအသေချာပါပဲ...အိန္ဒိယသမုဒ္ဒရာရဲ့ဘုရင်လို့တောင် တင်စားရတဲ့အာဂီလန်ဟာ ဆိပ်ကမ်းက ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေအားလုံးကို ထိန်းချုပ်ထားတဲ့ဆိပ်ကမ်းလူမိုက်ကြီးတစ်ဦးပဲဖြစ်ပါတယ်။ ဒုစရိုက်လောကမှာ နာမည်ကျော်တဲ့ ကပူးရ်ကတော့ ငွေကြေးအတုလုပ်ငန်းကို ကုန်စည်ပို့ဆောင်ရေးနဲ့ တွဲဖက်လုပ်ကိုင်နေတာဖြစ်ပြီး မူးယစ်ရာဇာ ပါရန်ဒါမန်ကတော့ ကပူးရ်အတွက် အလုပ်လုပ်ပေးနေတဲ့ ဒုစရိုက်လောကသားပဲဖြစ်ပါတယ်။သူတို့တွေရဲ့ တရားမဝင်လုပ်ဆောင်မှုတွေကို အာဂီလန်က ထိန်းချုပ်ပေးနေတာပါ။ ဒီလိုမျိုး အာဂီလန်ကချုပ်ကိုင်ထားတဲ့အတွက် ဘယ်အရာကမှ ဝင်စွက်ဖက်လို့မရပါဘူး။ ဒါပေမဲ့ "မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ"ဆိုတဲ့အတိုင်း လိမ်လည်လှည့်ဖြားမှုတွေ တစ်စတစ်စပေါ်လာတဲ့အခါမှာတော့...အာဂီလန်ဘယ်လိုတွေဆက်လုပ်မလဲ။ ဘယ်လိုမျိုးစိတ်ဝင်စားစရာဇာတ်ကြောင်းတွေ ထွက်ပေါ်လာဦးမလဲဆိုတာကို အက်ရှင်အကြမ်းစားတွေနဲ့ စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။ File size…2.23GB / 1.14 GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Agilan (2023)
2023