Channel Myanmar

Noxolo Dlamini

G20 (2025) 5.1
G20 (2025)  G20 (2025)IMDb Rating (5.1) / Rotten Tomatoes (50%) The Woman King ထဲက မင်းသမီးကြီး Viola Davis ရဲ့ အက်ရှင်ကားသစ်ပါ။အထာကတော့ White House Down တို့ London has fallen တို့လိုအထာပါပဲ။ဂျီ-၂၀ အစည်းအဝေးလုပ်ချိန်မှာ ကမ္ဘာခေါင်းဆောင်တွေကို အကြမ်းဖက်သမားတွေက ပြန်ပေးဆွဲတဲ့ဇာတ်လမ်းပါပဲ။ဗီလိန်ကတော့ The Boys ထဲက ဟုမ်းလန်ဒါကြီးဖြစ်တဲ့ Antony Starr ပါပဲ။ဒါပေမဲ့ ဒီဇာတ်လမ်းမှာတော့ သမ္မတတွေကိုကယ်မှာ အထူးတပ်ဖွဲ့မဟုတ်ပါဘူး စစ်ပြန်ဘဝကနေ အမေရိကန်သမ္မတဖြစ်လာတဲ့ မင်းသမီးက ကယ်မှာပါ။ဇာတ်လမ်းအကျဉ်းစစ်ပြန် စစ်သူရဲကောင်းအဖြစ်ကနေ သမ္မတဖြစ်လာတဲ့ ဒန်နီရယ်ဆက်တန်ဟာ တောင်အာဖရိကမှာ ဂျီ-၂၀ အစည်းအဝေးတက်ဖို့ သွားခဲ့ပါတယ်။အဲဒီမှာပဲ အကြမ်းဖက်တစ်ဖွဲ့က ပိပိရိရိ ဝင်စီးပြီး ခေါင်းဆောင် ၂၀ လုံးကို ဓားစာခံအဖြစ် ဖမ်းပါတော့တယ်။အကြံကတော့ ကမ္ဘာ့ငွေကြေးဈေးကွက်ကို ဖျက်ပြီး ခရစ်ပတိုတွေနဲ့ ...
movie

G20 (2025)

2025
4K HEVC
Silverton Siege(2022) 5.0
Silverton Siege(2022) အပစ်အခတ်​​၊ အနုကြမ်းစီးမှု​တွေနဲ့ အက်ရှင်ခပ်ကြမ်းကြမ်းမှကြိုက်ကြတဲ့ CMပရိတ်သတ်ကြီးတို့အတွက် Silverton Siegeလို့​ခေါ်တဲ့Netflixထွက် အက်ရှင်ဇာတ်ကြမ်း ရုပ်ရှင်ကားသစ်ကိုတင်ဆက်​ပေးလိုက်ပါပြီ။  ​၁၉၈၀ပြည့်နှစ် ​တောင်အာဖရိကနိုင်ငံ အ​ခြေအ​နေကို ဇာတ်အိမ်တည်ထားပြီးထို​ခေတ်ရဲ့ လူဖြူ၊ လူမည်း ခွဲခြားဆက်ဆံမှုနဲ့နှိမ့်ချမှု​တွေ​ကြောင့် ပွင့်အံထွက်လာတဲ့ လူမည်း​တွေရဲ့ ခံစားချက်ကိုဒီဇာတ်ကားထဲမှာ ထင်ဟပ်ပြထားတာဖြစ်ပါတယ်။ ၁၉၈၀မှာ တောင်အာဖရိကရဲ့ အထင်ကရပုဂ္ဂိုလ်ကြီးဖြစ်တဲ့နယ်ဆင်မင်ဒဲလားဟာ အာဏာပိုင်​တွေရဲ့ ဖမ်းဆီးခြင်းကိုခံထားရပါတယ်၊ အဲဒီအချိန်မှာ လူမျိုး​ရေးခွဲခြားမှုကိုအ​တော်စက်ဆုပ်​နေတဲ့၊ ထိုဝါဒကို တိုက်ထုတ်ပြီး လူတိုင်းတန်းတူညီမျှဖြစ်​​ရေးကိုလက်​တွေ့ အ​ကောင်အထည်​ ဖော်ချင်​နေတဲ့ ကယ်ဗင်ခွန်မာလိုတို့သူငယ်ချင်းတစ်စုဟာ ပြည်သူ​တွေထိခိုက်​သေဆုံးမှုမရှိဘဲသူတို့ဖြစ်ချင်တဲ့ဆန္ဒ​တွေကို အစိုးရထံ တောင်းဆိုလို့ရနိုင်မယ့်စီးနင်းမှုတစ်ခုကို ကျူးလွန်ဖို့ ကြံစည်ခဲ့ပါတယ်။ ဒါ​ပေမဲ့ အကြံအစည်​​ အ​ကောင်အထည်​​ဖော်လို့ မပြီးခင်ပဲအဖွဲ့တွင်းသတင်း​ပေးရဲ့ တိုင်ကြားမှု​ကြောင့် အစီအစဉ်ပျက်ကာရဲလက်ကလွတ်​အောင်ပြေးရင်း ​​ဆေးလ်ဗာတန် ပရီတိုရီးယားကဘဏ်တစ်ခုထဲ ​ရောက်ရှိသွားကာ ​ပေါက်သည့်နဖူး မထူး​တော့ပြီဆိုတဲ့အတိုင်းထိုဘဏ်ကိုပဲအနုကြမ်းစီးရင်း သူတို့ရဲ့အဓိကဆန္ဒဖြစ်တဲ့နယ်ဆင်မင်ဒဲလားကို လွှတ်​ပေး​ရေး အပါအဝင် တခြား​တောင်းဆိုမှု​တွေအတွက် အစိုးရအရာရှိ​တွေ၊ စုံ​ထောက်​နဲ့ ရဲ​တွေနဲ့ထိပ်တိုက်​တွေ့ဆုံမှု​တွေ ရှိလာပါ​တော့တယ်။ ဇာတ်အစ ၅ ၆ မိနစ်ကတည်းက စတက်ခဲ့တဲ့ ဇာတ်ရှိန်ကပြီးတဲ့အချိန်အထိNon-stopသွား​နေတဲ့ အက်ရှင်ဇာတ်ကားမျိုးဖြစ်ပါတယ်၊ ဒီ​နေ့​ခေတ်မှာ​တောင် ...
movie

Silverton Siege(2022)

2022