Channel Myanmar

Noémie Merlant

The Balconettes (2024) Les femmes au balcon 6.0
The Balconettes (2024) Les femmes au balcon  The Balconettes (2024)IMDb Rating (6.0) အမျိုးအစားကတော့ ဟော်ရာနဲ့ကော်မဒီကို တွဲစပ်ထားပေမဲ့ ဒရာမာကားလိုအရသာပေးတဲ့ ထူးထူးခြားခြားရုပ်ရှင်ပါ။သူငယ်ချင်းမ ၃ယောက် ရှိတယ်။ တစ်ယောက်က စာရေးဆရာမဖြစ်ချင်တယ်။ တစ်ယောက်က တီဗီမူဗီ မင်းသမီး။ တစ်ယောက်က ဆက်ချက်ပြီး ငွေရှာတယ်။စာရေးဆရာမလုပ်ချင်တဲ့ တစ်ယောက်က လသာဆောင်ကနေ အိမ်ရှေ့တိုက်က အမြဲမြင်နေရတဲ့ ကောင်လေးကို စိတ်ဝင်စားနေတယ်။ကောင်လေးကို နေ့စဉ်မပြတ်သူငန်းနေတုန်းမှာပဲ တစ်နေ့မှာ တိုက်အောက်မှာရပ်ထားတဲ့ ကားတစ်စီးကို တခြားကားက ဝင်တိုက်တဲ့အသံကြားလို့ကြည့်လိုက်တော့ မင်းသမီးလုပ်နေတဲ့ သူ့သူငယ်ချင်းရောက်လာတာဖြစ်နေတယ်၊ သူတို့သုံးယောက်လူစုံသွားကြတာပေါ့။သူ့သူငယ်ချင်းတိုက်မိတာက သူကြိုက်နေတဲ့ကောင်လေးရဲ့ကား။ ဒီတော့ ဟိုကောင်လေးကို ကားအတွက် အလျော်ပေးဖို့လုပ်ရင်း ဆက်ချက်တဲ့သူ့သူငယ်ချင်း အဲဒီကောင်လေးငြိမလိုဖြစ်သွားရာကနေ သူတို့၃ယောက်စလုံး ကောင်လေးအိမ်က ပါတီကိုသွားဖြစ်ကြတယ်။နောက်နေ့မှာတော့ ကောင်လေးက သေသွားပြီး သူ့သူငယ်ချင်းက မုဒိန်းကျင့်ခံလိုက်ရတာကို သိခဲ့ရာကနေ အရှုပ်ကြီးကို သူတို့တွေဘယ်လိုရှင်းကြမလဲ ကြည့်ရမယ့် ဇာတ်လမ်းပါပဲ။ ဝတ်လစ်စလစ်အခန်းတချို့ ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(2.4 ...
movie

The Balconettes (2024) Les femmes au balcon

2024
Emmanuelle (2024) 4.4
Emmanuelle (2024)  Emmanuelle (2024)Lady Chatterley's Lover တို့ Lolita တို့လိုကမ္ဘာကျော် Erotic Literature တွေကိုအခြေခံတဲ့ရုပ်ရှင်တွေထဲမှာမှ Franchise ကြီးတစ်ခုဖြစ်ရလောက်အောင် အောင်မြင်ကျော်ကြားခဲ့တဲ့ Emmanuelle ၁၉၇၄ ရဲ့ Reboot ဇာတ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ Emmanuelle အဖြစ် ပြင်သစ်မင်းသမီး Noémie Merlant ကသရုပ်ဆောင်ထားပြီး Naomi Watts ကြီးပါ အပြိုင်ကျဲထားပါသေးတယ်။ဇာတ်လမ်းအရတော့ တွေ့မရှောင် Emmanuelle ဟာနာမည်ကျော်ဟော်တယ်လုပ်ငန်းစုကြီးတစ်ခုရဲ့ quality controller အဖြစ်ဟောင်ကောင်ကိုရောက်လာခဲ့ပြီး အဲ့ဒီဟိုတယ်က တာဝန်ခံ မာဂေါ့ကိုအပြစ်ရှာအလုပ်နားခိုင်းဖို့ တာဝန်လည်းပါလာပါတယ်။ပျောက်ဆုံးနေတဲ့ သာယာမှုကိုရှာဖွေရင်း အဲ့ဒီမှာရှိတဲ့ ဧည့်သည်တွေတစ်ယောက်ပြီးတစ်ယောက်နဲ့လိင်တူလိင်ကွဲမရွေးဇာတ်လမ်းတွေဖြစ်ကြတာကိုရှုစားကြရမှာပါ။Emmanuelle ဇာတ်ကားတွေထုံးစံအတိုင်းအဖော်အချွတ်တွေရော၊စကားပြောခန်းတွေပါညစ်ညမ်းကြမ်းတမ်းပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.2 GB) / (770 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….01:46:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

Emmanuelle (2024)

2024
The Innocent (2022) 6.7
The Innocent (2022) The Innocent (2022)~ IMDb - 6.7/10, Rotten Tomatoes - 98% ~Little Women (2019) ထဲက မမ Saoirse Ronan ရဲ့ဇာတ်ကောင်အတွက် နောက်ဆုံးမှာပေါ်လာတဲ့ ဖူးစာရှင်ဖြစ်သူ ခန့်ခန့်ညားညား တောင့်တောင့်ဖြောင့်ဖြောင့်ကြီးကို မှတ်မိကြမလား မသိဘူး။ အဲဒီသရုပ်ဆောင်မင်းသား Louis Garrel ကိုယ်တိုင် ရေးသားရိုက်ကူး ပါဝင်သရုပ်ဆောင်ထားတဲ့ ပြင်သစ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။အမေတစ်ခု သားတစ်ခုနေလာတဲ့ အာဘဲလ်တစ်ယောက် အမေဖြစ်သူ နောက်အိမ်ထောင် ထူတော့မယ်ဆိုတဲ့အခါ စိတ်ခုစရာကြုံလာပါတယ်။ ပြဿနာကတော့ အမေ့ချစ်သူက လက်ရှိအချိန်မှာ ထောင်၅နှစ်ကျနေတဲ့သူပဲဖြစ်ပါတယ်။ တားမရတဲ့အဆုံး တရားခံဘဝနဲ့ထောင်ထဲရှိနေတုန်းပဲ လက်ထပ်ပွဲကျင်းပလိုက်ကြပေမဲ့ ပထွေးအဖြစ် ထောင်ကလွတ်လာတဲ့နောက်ပိုင်း အာဘဲလ်ရဲ့ အမြင်မကြည်မှုတွေ သံသယတွေနဲ့က သူ့အမေရဲ့ အိမ်ထောင်ရေးမှာ သာယာစေပါ့မလား။ အာဘဲလ်ဟာ အမေ့ကို ကာကွယ်ဖို့အသင့်ဖြစ်နေတဲ့ သားတစ်ယောက်ပေမဲ့ ပြစ်မှုကျူးလွန်ဖူးသူတစ်ယောက်ကရော တစ်ခါ အပြစ်သားဖြစ်ရင် ...
movie

The Innocent (2022)

2022
Portrait of a Lady on Fire(2019) 8.1
Portrait of a Lady on Fire(2019) Portrait of a Lady on Fire(2019)IMDb...8.1,,,Rotten..98% ပန်းချီဆရာမလေးတစ်ဦးဟာ အိမ်တစ်အိမ်ကို မိန်းမပျိုလေးတစ်ဦးရဲ့ ပုံတူပန်းချီဆွဲပေးဖို့ ရောက်ရှိလာခဲ့တယ်...အဲ့အိမ်ကမိန်းမပျိုလေးဟာ သူ့ကိုပန်းချီဆွဲတာကို ကြည်ကြည်ဖြူဖြူနဲ့တော့ လက်မခံခဲ့ဘူး...ဘာဖြစ်လို့လဲဆိုတော့ အဲ့လိုပန်းချီပြီးသွားရင် သူဟာ သူစိတ်မပါတဲ့ လက်ထပ်ပွဲတစ်ပွဲကိုဆင်နွှဲရမှာမို့လို့ပဲဖြစ်တယ်....ပန်းချီဆရာမလေးဟာ အဲ့ကောင်မလေးအနားကို မိတ်ဆွေသဘောမျိုးနဲ့ ချဉ်းကပ်ပြီး သူနဲ့ရင်းနှီးကျွမ်းဝင်အောင် အရင်လုပ်ကာပန်းချီဆွဲဖို့ပြင်ဆင်ပါတော့တယ်.. အဲ့ဒီနောက်တော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့....IMDb..နဲ့ Rt အမိုက်စားကားကြီးမို့ ခံစားကြည့်ကြပါဉီးဗျို့....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Zwe Zan Aung ပဲဖြစ်ပါတယ်...File Size : (950 MB) and (404MB) Quality : Blu-Ray 720p Format…mp4 Duration…02:02:00 Genre : Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zwe Zan Aung Encoded by Phyo Pyae
movie

Portrait of a Lady on Fire(2019)

Curiosa 2019 (21+) 5.4
Curiosa 2019 (21+) ဒါလေးကတော့ ပြင်သစ် ၂၁+ ရုပ်ရှင်အမျိုးအစားပဲ ဖြစ်ပါတယ်။ ပြင်သစ်တွေ အီတလီတွေရဲ့ စတိုင်အတိုင်း ခံစားချက်ပြင်းပြင်းနဲ့ လိင်အသားပေး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ၁၉ ရာစုက နာမည်ကျော် စာရေးဆရာ နှစ်ယောက်ဖြစ်တဲ့ ပီယာ လူဝီ နဲ့ မယ်ရီ ဒီ ရက်ဂ်နီရာ တို့ရဲ့ အချစ်ဇာတ်လမ်းကို အခြေခံထားတာပဲဖြစ်ပါတယ်။ အဓိကကတော့ ကဗျာဆရာ၊ ဓာတ်ပုံဆရာ၊ စာရေးဆရာမတွေ ခံစားလွန်ပြီး အချစ်ရေးမှာရှုပ်ထွေးလာကြတာကိုဖော်ပြချင်တာပါ။အသေးစိတ်တော့ မရေးပြတော့ပါဘူး။ အပြောထက် အပြကို ပိုခံစားတတ်တဲ့ ပရိသတ်တွေများနေတဲ့အတွက် ဇာတ်ကားထဲက စာတန်းတွေတောင် ဖတ်ချင်မှဖတ်မှာမှန်းသိပါတယ်။ ပြင်သစ်ဘာသာဖြစ်ပြီး အင်္ဂလိပ်စာတန်းက သိပ်မကောင်းတာကြောင့် နားသိပ်မလည်လည်း ခွင့်လွှတ်ကြမယ်ထင်ပါတယ်။ File size…(750Mb) (350Mb) Quality…Blu-Ray Rip 720p Format…mp4 Duration….01:49:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Jr.Translated by Mr.Anderson Jr.  zawgyiဒါလေးကတော့ ပြင်သစ် ၂၁+ ရုပ်ရှင်အမျိုးအစားပဲ ဖြစ်ပါတယ်။ ပြင်သစ်တွေ ...
movie

Curiosa 2019 (21+)