Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Noble Willingham
7.3
Good Morning, Vietnam (1987)
Good Morning, Vietnam (1987)~ IMDb - 7.3/10, Rotten Tomatoes - 89% ~ဒီဇာတ်လမ်းလေးကတော့ အမေရိကန်စစ်တပ်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ အေဒရီယန်ခရိုနော်ဆိုတဲ့ ရေဒီယိုဒီဂျေတစ်ယောက်အကြောင်းကို အခြေခံထားတာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံ ၂ ခြမ်းကွဲနေတဲ့အချိန်ကာလကိုနောက်ခံထားပြီး ရိုက်ကူးထားပါတယ်။အမေရိကန်က ဗီယက်နမ်မြောက်ပိုင်းဘက်ကနေ မဟာမိတ်အဖြစ် ကြားဝင်ဆောင်ရွက်နေတဲ့ကာလပေါ့။ အေဒရီယန်ခရိုနော်ကတော့ ဗီယက်နမ်မြောက်ပိုင်း ဆိုင်ဂွန်က ပြန်ကြားရေးဌာနကိုတာဝန်နဲ့ပြောင်းရွှေ့လာခဲ့ပါတယ်။ ဇဝနဉာဏ်ရွှင်လွန်းလို့ စရောက်တဲ့နေ့မှာတင် လက်တန်းပြက်လုံးထုတ်တင်ဆက်ပြီး ပွဲကျစေခဲ့တဲ့သူပါ။ခရိုနော်ရောက်လာပြီဆိုကတည်းက အထက်လူကြီး ဟော့ခ်နဲ့ ဒစ်ကာဆန်တို့နှစ်ယောက် အငြိမ်မနေရတော့ပါဘူး။ ခရိုနော်က စည်းမျဥ်းစည်းကမ်းတွေကို ဂရုမစိုက်တတ်တဲ့သူပါ။ ဘယ်လောက်အမိန့်ပေးပေး အသံလွှင့်ခန်းထဲရောက်ရင် သူလုပ်ချင်ရာလုပ်ပါတယ်။ ဆင်ဆာဖြတ်ထားတဲ့အပိုင်းတွေ အကုန်ထည့်ဖတ်တယ်။ အမေရိကန်စစ်တပ်ကို Troll တယ်။ သမ္မတဟောင်းရဲ့မိန့်ခွန်းလွှင့်နေရင်းတောင် ရုပ်ပြောင်လိုက်ပါသေးတယ်။ အားတဲ့အချိန် မြို့ထဲက ဗီယက်နမ်တွေနဲ့မိတ်ဖွဲ့ပြီး အင်္ဂလိပ်စာလည်းသင်ပေးလိုက်ပါသေးတယ်။ စစ်ရဲ့ အနိဌာရုံတွေကြားက ဒီလူတွေနဲ့ ခရိုနော်ရဲ့ လှပပြီး တိုတောင်းတဲ့ ရေစက်လေးတစ်ခုပေါ့။ဒီလိုပါပဲ ခရိုနော်နဲ့ ...
movie
Good Morning, Vietnam (1987)
1987
7.5
Of Mice and Men (1992)
Of Mice and Men (1992)~ IMDb - 7.5/10, Rotten Tomatoes - 97% ~အမေရိကန်စာရေးဆရာကြီး ဂျွန်စတိုင်းဘတ် (John Steinbeck) ရဲ့ ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Of Mice and Men ကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ရှေးတစ်ခေတ်က အမေရိကန်ကျောမွဲလယ်လုပ်သားတွေရဲ့ဘဝကို ပုံဖော်ထင်ဟပ်ထားတဲ့ဇာတ်လမ်းပါပဲ။ ကျွန်တော်တို့ဆီမှာလည်း လယ်ပိုင်နွားပိုင်မရှိတဲ့ စာရင်းငှား(သူရင်းငှား) လယ်ကူလီလို့ခေါ်ကြတဲ့ လူတန်းစား ရှိတာပါပဲ။ ၁၉၂၀ ဝန်းကျင်လောက်က အမေရိကန်နိုင်ငံမှာလည်း ကိုယ်ပိုင်မြေမရှိ၊ အနာဂတ်မရှိ လယ်တောခြံတစ်ခုကနေတစ်ခု ပြောင်းရွှေ့ပြီး အလုပ်လုပ်ကြရတဲ့ လယ်လုပ်သားတွေ ရှိခဲ့ပါတယ်။ဂျော့ နဲ့ လန်နီ တို့ဟာ အဲဒီလို ရွှေ့ပြောင်းလယ်လုပ်သားနှစ်ယောက်ပါ။ ဂျော့ က ပညာမတတ်ပေမယ့် ထက်ထက်မြက်မြက်ရှိသူတစ်ယောက်။ လန်နီကတော့...လန်နီကတော့ ထွားကျိုင်းသန်စွမ်းလှတဲ့သူဖြစ်ပေမယ့် ပြောရရင် ဦးနှောက်ဖွံ့ဖြိုးမှုအားနည်းတယ် လို့ ဆိုရမလား၊ ကျပ်မပြည့်ဘူးလို့ပဲ မညှာမတာပြောရမလား ...
movie
Of Mice and Men (1992)
1992
5.9
Career Opportunities (1991)
ရုပ်ရှင်တစ်ကားကို ဇာတ်လမ်းအကြောင်းလဲစိတ်မဝင်စား ဘာတွေပြောနေမှန်းလဲမသိဘဲ မျက်တောင်မခတ်တမ်း အစအဆုံးကြည့်....ပြီးရင်လဲ သတိရတိုင်းအထပ်ထပ်ပြန်ကြည့်နေမယ်ဆိုရင် အဲ့ကောင်ကို ရူးနေတယ်လို့ မထင်ဘူးလား... ဟုတ်ပါတယ်...အဲ့ဒီအရူးက ကျွန်တော်ပါ။ဒီဇာတ်ကားကိုကြည့်မိတိုင်း ကျွန်တော်ဟာ အသက်ရှူဖို့မေ့နေတာမျိုး... မမမြင်းစီးတဲ့စီးချက်အတိုင်း နှလုံးခုန်နေတာမျိုး... ကျွန်တော့်ကမ္ဘာဟာ မမအကြည့်တွေမှာ တည်ထားတာမျိုး.... ဪ...အမျိုးမျိုးနဲ့ သိပ်လှတဲ့မမလို့ ယောင်ရမ်း ထအော်မိနေတတ်တာမျိုး... အဲ့ဒီမမကတော့ ဒီဇာတ်ကားရဲ့မင်းသမီး Jennifer Connelly ပါ။မကြည့်ဖူးသေးရင် ကြည့်ကြည့်ပါ..ကြည့်ဖူးရင်လဲ BluRay 1080p HEVC Quality နဲ့ ပြန်ကြည့်ကြပါ။ဇာတ်ကြောင်းကိုသွားရမယ်ဆိုရင်တော့ဖြင့်...ဂျင်ဒေါ့ဂ် (Frank Whaley) ဆိုတာ အရွယ်ရောက်နေပေမယ့် မိဘအိမ်မှာနေနေသေးတဲ့လူတစ်ယောက်ပါ. လေကြီးမိုးကြီး အရမ်းပြောတတ်ပေမယ့် comfort zone ထဲ က မထွက်နိုင်သေးတဲ့ ငပျင်းတစ်ယောက်ဆို မှန်ပါလိမ့်မယ်။ အလုပ်လဲ ခဏခဏ အထုတ်ခံရပြီး မိဘတွေကအစ ငြိုငြင်ခြင်းခံရသူပေါ့. တစ်နေ့ သူ့အဖေ ဖြစ်သူက သူ့ကို စတိုးဆိုင်တစ်ခုမှာ ညသန့်ရှင်းရေးသမား အဖြစ် အလုပ်သွင်းပေးလိုက်ပါတယ်။ ဂျင် ပထမဆုံး အလုပ်ဆင်းတဲ့ညမှာ သူ့အထက်ဝန်ထမ်းက သူ့ကို အာဏာတွေပြပြီး ငါ မနက်မှ ...
movie
Career Opportunities (1991)
1991
1080p HEVC