Channel Myanmar

Niyas Backer

Pravinkoodu Shappu (2025) 5.6
Pravinkoodu Shappu (2025) Pravinkoodu Shappu (2025)"မိုးသည်းကြားက ဇိုးဘဲများ" ============================================= အသစ်ထွက်ရှိထားတဲ့ မာလျာလမ်စကားပြာ သည်းထိတ်ရင်ဖို မှုခင်းဟာသ ရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။နယ်မြို့လေးတစ်မြို့ရဲ့ မိုးတွေသည်းနေတဲ့ ညလေးတစ်ညမှာပေါ့။အဲဒီမြို့လေးထဲက ဘုံဆိုင်လေးတစ်ခုဟာ အပြင်မှာဆိုင်ပိတ်ထားပေမဲ့ ဆိုင်ထဲမှာတော့ သောက်နေကျဖောက်သည်တွေဟာ ရှက်ကီထုရင်း ဖဲရိုက်နေကြပါတယ်။အဲဒီလိုလို အေးအေးလူလူ သောက်ရိုက်လုပ်နေတုန်း.. ဝုန်းဆို ဟိုဘက်အခန်းကနေ အသံကြားရလို့သွားကြည့်ကြတဲ့အချိန်မှာ ဆိုင်ရှင်ဖြစ်သူဟာ လည်ပင်းမှာ ကြိုးတန်းလန်းနဲ့ သေဆုံးနေတာကို အားလုံး တွေ့လိုက်ကြပါတယ်။ဒါကို အစက သာမန် သဝာ်သေမှုလို့ ထင်ခဲ့ကြပေမဲ့ ရှက်ဘဲတွေထဲက လူရည်လည်သူတစ်ယောက်ကဒါ သဝာ်သေတာမဖြစ်နိုင်ဘူး၊ လူသဝာ်မှုပဲဖြစ်မယ်၊ တရားခံက ဆိုင်ထဲမှာပဲရှိမယ်လို့ အာချောင်ပြီး ရဲစခန်းကို ဖုန်းဆက်တိုင်လိုက်ပါတယ်။အဲဒီလို အာချောင်လိုက်တဲ့အတွက် အမှုဖော်တဲ့နေရာမှာ အင်မတန်တော်ပေမဲ့ ငယ်ဘဝက စိတ်ဒဏ်ရာကြောင့် အရက်နံ့မခံနိုင်တဲ့ အင်စပက်တာဇာတ်လိုက်က အရက်ဆိုင်တွင်း လူသဝာ်မှုအတွက် ဝေလေလေရှက်ကီဘဲတွေကြားကနေ တရားခံဖော်ဖို့ကြိုးစားပုံကို ဒီရုပ်ရှင်လေးထဲမှာ အတည်ပေါက်ဟာသတွေနဲ့အတူ စိတ်ဝင်စားဖွယ် မြင်တွေ့ခံစားကြည့်ရှုကြရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…1.7 GB / ...
movie

Pravinkoodu Shappu (2025)

Panchayat Jetty (2024) 7.9
Panchayat Jetty (2024) Panchayat Jetty (2024)"ဗာလာတို့ရွာ" =============================အသစ်ထွက်ထားတဲ့ မာလျာလမ်စကားပြော ကျေးလက်ဟာသရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။အဘက်ဘက်က တိုးတက်ပြီး မြို့အင်္ဂါရပ်တိုင်းနဲ့ကိုက်ညီတဲ့ ကီရယ်လာမြို့ကြီးနဲ့ မြစ်တစ်စင်းပဲခြားတဲ့ ကျွန်းပေါ်မှာ ကိုဒွန်ဂတ်ဆယ်ရီဆိုတဲ့ မြို့ငယ်လေးရှိပါတယ်။မြို့ဆိုပေမဲ့ အိမ်တိုင်းမှာ အိမ်သာမရှိ၊ မြို့ကိုသွားချင်ရင် လှေနဲ့ပဲသွားရ၊ မီးသင်္ဂြိုဟ်ချင်ရင်တောင် အဝေးကြီးကို သွားသင်္ဂြိုဟ်ရတဲ့ ရွာသာသာ တောမြို့လေးပေါ့။ဒီရုပ်ရှင်ကိုတော့ အဲဒီမြို့လေးရဲ့ အုပ်ချုပ်ရေးအဖွဲ့ ရွေးကောက်ပွဲမတိုင်ခင်ကာလကို ဇာတ်အိမ်တည်ထားပါတယ်။မြို့ရွေးကောက်ပွဲမတိုင်ခင်မှာ အတိုက်အခံပါတီဝင်တွေက ကီရယ်လာမြို့နဲ့ချိတ်ဆက်တဲ့ တံတားဆောက်ဖို့နဲ့ မြို့အတွက် မီးသင်္ဂြိုဟ်စက် ဆောက်ပေးဖို့ ဆန္ဒတွေပြရင်း တလွဲတချော်တွေဖြစ်ပုံ၊ နိုင်ငံရေးယှဉ်ပြိုင်ကြပုံတွေကို ဒီရုပ်ရှင်ထဲမှာ ဟာသနှောပြီးမြင်ကြရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.5 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Panchayat Jetty (2024)

Vivekanandan Viralanu (2024) 4.3
Vivekanandan Viralanu (2024) Vivekanandan Viralanu (2024) ဗီဗက်ကန်နန်ဒန်‌ကျော်ကြားနေပြီ =============================ဒါရိုက်တာ Kamal ရဲ့ငါးနှစ်အကြာမှပြန် Come Back တဲ့ အသစ်စက်စက် Comedy ကား‌လေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်သာမန်လူတစ်ယောက်ဖြစ်တဲ့ ဗီဗစ်ကန်နန်ဒန်တစ်ယောက် သူ့ရဲ့သာမာန်ဘဝလေးမှာပဲနေထိုင်ရင်း ရုတ်တရက်ဆိုသလို ညတွင်းချင်းပဲ အင်တာနက်ပေါ်မှာ ကျော်ကြားသွားပါတော့တယ် နာမည်ကောင်းနဲ့တော့မဟုတ်ပါဘူး နာမည်ဆိုးကြီးနဲ့ပါဒီလိုဖြစ်ရတာသူ့အပြစ်လို့မဆိုသာပေမဲ့သူ့အပြစ်လဲမကင်းပြန်ပါဘူး ဗီဗက်ကန်တစ်ယောက် ပူပူနွေးနွေးအိမ်ထောင်ကျထားခါစဖြစ်ပေမဲ့ တွေ့သမျှအချောလေးတိုင်းနဲ့ပယော်ပရည် လုပ်ချင်နေတဲ့အကျိုးဆက်လို့လဲပြောလို့ရပါတယ်ဒီကိစ္စကဘယ်လောက်ထိကြီးသွားသလဲဆိုရဲတွေပါပါဝင်လာတဲ့အထိပါပဲ ဗီဗက်ကန်တစ်ယောက် သူအစစ်အမှန်နဲ့ လူအများသိထားတဲ့သူ ဘဝနှစ်ခုကို ဘယ်လိုချိန်သားကိုက်အောင်ချိန်ညှိဖို့ကြိုးစားသွားမှာလဲ? ပြဿနာတွေကိုရောအဆုံးမှာဖြေရှင်းနိုင်ပါ့မလား? ဆိုတာ ရင်တစ်ထိပ်ထိပ်နဲ့ ဟာသနှောရင်းကြည့်ရှုရမှာပါ(အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်) File size… 1.88 GB/ 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Vivekanandan Viralanu (2024)

Bhagavan Dasante Ramrajyam (2024) 6.5
Bhagavan Dasante Ramrajyam (2024) Bhagavan Dasante Ramrajyam (2024) “လောကပြဇာတ်”ဗာနာသီကာဗူရွာက ဗာနာသီကာပူဘုရားကျောင်းဟာ အရှင်ရာမ သီတာ ဟာနုမာန်တို့အတွက် တည်ထားတဲ့ ရှေးဟောင်းကျောင်းအဖြစ် သတ်မှတ်ခံရပြီး သူတို့ဘုရားပွဲလေးဟာလည်း အစီအစဉ်ပေါင်းစုံနဲ့ ထူးခြားတဲ့ပွဲလေးအဖြစ် တည်ရှိတာပေါ့။အဲဒီနေရာမှာ ကွန်ဂျူရမ်မက်တန်ဆိုတာ ဗာနာသီကာဗူရွာလေးကို ရိုးရာယဉ်ကျေးမှု ပေါကြွယ်ဝတဲ့နယ်မြေအဖြစ် ပြောင်းလဲပေးခဲ့တဲ့ အခြေခံအုတ်မြစ်လို့ ပြောလို့ရပါတယ်။ သူ့လက်အောက်မှာလည်း တပည့်တပန်းပေါင်းများစွာနဲ့ သူတို့ပြဇာတ် ရာမရာနဆိုတာတာ ခေတ်တစ်ခုမှာ အင်မတန်ပေါက်ခဲ့တာမျိုးပေါ့။ အဲဒီမှာ ဒီလို တည်ထောင်သူဖခင်ကြီးတစ်ယောက် ဆုံးပါးသွားခဲ့တဲ့အချိန်မှာတော့ နှစ်ဂိုဏ်း ကွဲခဲ့ရပါတော့တယ်။ချစ်ရတဲ့ တပည့်တွေကတော့ ဆရာကို အရိုအသေပေးတဲ့အနေနဲ့ နှစ်စဉ်ဘုရားပွဲမှာ ပြဇာတ်ကဖို့ စီစဉ်ထားကြပြီးတော့ သားဖြစ်သူ ဆူမက်ရှ်ကတော့ ဆန့်ကျင်ချင်တဲ့လူ ဖြစ်နေပါတယ်။အဲဒီမှာတင် တစ်ဖွဲ့က ဒီပွဲလေးကို ဖြစ်မြောက်အောင် စီစဉ်ကြပြီး တစ်ဖက်ကလည်း ဘယ်လိုမျိုး ပွဲဖျက်မလဲဆိုတာမျိုးလေးတွေ ကြည့်ရှုရမယ့် မလေယာလမ် အိန္ဒိယကားသစ်လေး ဖြစ်ပါတယ်။(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size…2.1GB / 1GB  Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 4m Subtitle….Myanmar Subtitle ...
movie

Bhagavan Dasante Ramrajyam (2024)