Channel Myanmar

Nivedita Rajappan

Kudumbasthan (2025) 7.0
Kudumbasthan (2025) Kudumbasthan (2025)"အိမ်ထောင်ဦးစီး" \================================ အသစ်ထွက်ထားတဲ့ တမီလ်စကားပြော မိသားစုဟာသရုပ်ရှင်လေးကိုပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဇတ်လမ်းကတော့ ဇာတ်မြင့်ကောင်လေး နာဗင်းန်နဲ့ ဇာတ်နိမ့်ကောင်မလေးဗန်နီလာကိုကောင်လေးရဲ့သူငယ်ချင်း ယစ်ထုပ်ကြီးတွေက မိဘသဘောမတူဘဲ လက်ထပ်ပေးလိုက်ရာကနေစပါတယ်။ သူတို့နှစ်ယောက် လက်ထပ်ပြီးတဲ့အခါနာဗင်းန်ရဲ့မိဘတွေအိမ်မှာနေကြပါတယ်။ ဒါပေမဲ့ နာဗင်းန်ရဲ့အမေက ယောက္ခမအများစုရဲ့ထုံးစံ ချွေးမဖြစ်တဲ့ ဗန်နီလာကို ကြည့်မရပါဘူး။အဲဒီလို မိန်းမနဲ့ အမေကြား လိုက်ညှိပေးရင်းဗျာများနေတဲ့အပြင် အစ်မရဲ့ယောက်ျားဖြစ်တဲ့ ယောက်ဖဖြစ်သူနဲ့လည်း မတည့်တဲ့နာဗင်းန်ဟာအလုပ်မှာပါပြဿနာတက်ပြီး အလုပ်ပြုတ်သွားတဲ့အချိန် ဖိအားပေါင်းစုံခံစားရပုံကို တမင်ရယ်ရအောင် ရိုက်ကူးတင်ဆက်ထားတဲ့ မိသားစုဟာသရုပ်ရှင်လေးပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…2.7 GB / 1.2 GB Quality…WEB DL 1080p HEVC /720p Format…mkv/mp4 Duration….2h 34min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Kudumbasthan (2025)

Vaazhai (2024) 7.5
Vaazhai (2024) Vaazhai (2024)"လေဟုန်ခွင်းငှက်ငယ်" ===============================ဖြစ်ရပ်မှန်တွေအပေါ်မှာ အခြေခံရိုက်ကူးထားတဲ့ IMDb 8.5/10 ရ တမီလ် ကျေးလက် ကလေးရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ကိုတော့ တမီလ်ရွာလေးတစ်ရွာမှာ ဇာတ်အိမ်တည်ထားပါ။ အဲဒီရွာက ကလေးတွေဟာ ကျောင်းပိတ်ရက်တွေမှာ အနားမရဘဲ ပိုက်ဆံရမယ့်အလုပ်တွေ လုပ်ကြရပါတယ်။ပျောက်ဆုံးသွားသောနိဗ္ဗာန်ဘုံသီချင်းထဲကလို အရွယ်ရောက်လာရင်တောင် ပြန်တမ်းတစရာ ငယ်ဘဝနိဗ္ဗာန်ဘုံမရှိတဲ့ကလေးတွေပေါ့။ အဲဒီထဲမှာ စီဒါဗာနန်ဆိုတဲ့ ငှက်ပျောခိုင်ထမ်းရတဲ့ကောင်လေးလည်းပါပါတယ်။ ကျောင်းစာကတစ်ဖက် အလုပ်ကတစ်ဖက်နဲ့ နားချိန်ဆိုတာချိုနဲ့လားလို့ မေးနေရတဲ့ဘဝမှာ စီဒါဗာနန်ဆိုတဲ့ကောင်လေး အရွယ်နဲ့မမျှထဲဝန်တွေထမ်းရပုံတွေ၊ ပြောင်းလဲပစ်သင့်တဲ့ စနစ်တွေ၊ ကျေးလက်ရဲ့ အငွေ့အသက်တွေကို ဒီရုပ်ရှင်ထဲမှာ လှလှပပလေး ပုံဖော်ပြထားပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 3.26 GB / 1.6 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Vaazhai (2024)

Star (2024) 7.2
Star (2024) Star 2024 (မင်းသားရူးကာလိုင်)ယခုတစ်ခါမှာတော့ IMDb 7.2/10 ရရှိထားတဲ့ သရုပ်ဆောင်ဖြစ်ချင်တဲ့ကောင်လေးတစ်ယောက်ရဲ့ ဒရာမာကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ကာလိုင်ဆိုတဲ့ကောင်လေးဟာ ငယ်ငယ်လေးကတည်းက သရုပ်ဆောင်ဘက်မှာ ဝါသနာပါပြီးတော့ တမီးလ်ရုပ်ရှင်လောကမှာ နာမည်ကြီးစတားတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ သူ ဘယ်လောက်တောင် ဝါသနာပါလဲဆိုရင် သူ့ကို လူတွေက ဟီးရိုးဆိုပြီးတော့ခေါ်ကြတဲ့အထိပါပဲ။ဒီလို ဝါသနာထုံတဲ့ကာလိုင်ကို အဖေဖြစ်သူကလည်း အနောက်ကနေ အမြဲတမ်း ပံ့ပိုးပေးခဲ့ပေမယ့် မိခင်ဖြစ်သူကတော့ ကာလိုင်ကို အင်ဂျင်နီယာတစ်ယောက်ဖြစ်စေချင်နေခဲ့ပါတယ်။ သို့ပေမဲ့လည်း ကာလိုင်လေးဟာ သရုပ်ဆောင်ပိုင်းကိုပဲ ဝါသနာထုံနေတော့ သရုပ်ဆောင်လိုင်းဘက်ကိုပဲ မရောက်ရောက်အောင် ကြိုးစားရင်းနဲ့ပဲ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့တဲ့အချိန်မှာတော့ ...... မင်းသားဖြစ်ဖို့ ကြိုးစားနေရင်း အချစ်နဲ့တွေ့လာတဲ့အခါမှာတော့ ..... ဘာတွေ ရှေ့ဆက်ဖြစ်လာမလဲ ....မင်းသားဖြစ်ဖို့ကြိုးစားတဲ့လမ်းမှာရော ဘယ်လိုတွေကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုခံစားရမယ့် ဒရာမာကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.34GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Star (2024)

2024