Channel Myanmar

Neeru Bajwa

Snowman (2024) 3.4
Snowman (2024)  Snowman (2024)IMDb Rating (3.4) မိမိတို့ငယ်ဘ၀မှာကြုံတွေ့ခဲ့ရတဲ့အရာတွေဟာ လူသားတစ်ယောက်ဘယ်လိုရှင်သန်ရပ်တည်မလဲဆိုတာကို ပုံသွင်းပေးနိုင်တယ်ဆိုတာကို ယုံပါသလား။ငယ်စဉ်ကတည်းက ကိုယ့်ရှေ့မှာတင် အမေဖြစ်သူကိုရက်ရက်စက်စက်ရိုက်နှက် ၊ ကိုယ့်ကိုလည်း နေ့စဉ်နေ့တိုင်းအပြစ်လွတ်တယ်မရှိအောင် ဆူပူကျိန်းမောင်းတတ်တဲ့ဖခင်ဆိုးကိုရထားတဲ့ကလေးတစ်ယောက်ဆိုရင်ရော ပုံမှန်လူတစ်ယောက်လိုကြီးပြင်းလာနိုင်ပါမလား။နှင်းတောကြီးထဲမှာ လူတွေတစ်‌ယောက်ပြီးတစ်ယောက်လိုက်သတ်နေတဲ့နှင်းလူသားလို့ခေါ်ကြတဲ့စိတ္တဇလူသတ်သမားတစ်ယောက်ရှိတယ်။သူ့ကိုတစ်နေ့ကျ ကနေဒါရဲတွေကဖမ်းမိလိုက်တယ်။ ဒါပေမယ့် ထိုသူကရောနှင်းလူသားအစစ်ဟုတ်ပါရဲ့လား။နှင်းလူသားဆီမှာအသတ်ခံလိုက်ရသူတစ်ယောက်ရဲ့ဇနီးဖြစ်သူကရော ပြစ်ဒဏ်ချမှတ်ချက်ကိုပေါ့လျော့ပေးတတ်တဲ့ကနေဒါနိုင်ငံဥပဒေကိုမမျှော်ကိုးတော့ပဲ ခင်ပွန်းဖြစ်သူအတွက်ဘယ်လိုလက်စားချေသွားမလဲ ဒါတွေကိုစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။အချိန်ပေးရတန်တဲ့ကားတစ်ကားဟုတ်သလားဆိုတာ‌တော့ ပရိသတ်ကြီးကိုယ်တိုင်သာစောင့်ကြည့်လိုက်ပါ။  (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။)File size…(1.7 GB) / (800 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Drama Duration….01:17:46 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Phu Thet Khin
movie

Snowman (2024)

2024
Kali Jotta (2023) 7.4
Kali Jotta (2023) Kali Jotta 2023 (ဆရာမလေး ရာဘီယာ)IMDb- 7.4/10ရှေ့နေဖြစ်ဖို့အတွက် ကျောင်းတက်နေဆဲဖြစ်တဲ့ အာနန့်သ်ဆိုတဲ့ ကောင်မလေး၊ သူဟာ ဒေါသကို မထိန်းနိုင်လို့ ဒေါသကြီးလေးအဖြစ် အကုန်လုံးက လန့်နေရသူတစ်ယောက်ပါ။တစ်နေ့တော့ ကျောင်းကနေ အပြန် သုံးဘီးစီးရင်း ငယ်ငယ်တုန်းက တက်ခဲ့တဲ့ကျောင်းက အစ်ကိုကြီးမာ့ခ်ခမ်းနဲ့ တွေ့ပါတော့တယ်။အဲဒီမှာ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ငယ်ငယ်က စာသင်ကြားပေးတဲ့ အင်္ဂလိပ်ဆရာမ ရာဘီယာကို သတိရပြီး မေးဖြစ်တဲ့အခါမှာတော့ ဆရာမဟာ ကျောင်းမှာ စာမသင်တော့ဘူးဆိုတာကို သိလိုက်ရပါတယ်။ဒီထက်ပိုပြီးတော့ သိလိုက်ရတာက ဆရာမရာဘီယာဟာ စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်ပြီးတော့ လူအများက ရူးသွားတယ်လို့ပြောနေကြတာကိုပါ။ အဲဒီမှာပဲ သူ့အရင်ဆရာမအကြောင်းကို ပိုသိချင်လာတဲ့ အာနန့်သ်တစ်ယောက် လိုက်ပြီးတော့ စုံစမ်းခဲ့ပါတော့တယ်။ထူးဆန်းတာက အစ်ကိုကြီးမာ့ခ်ခမ်းကလည်း ဆရာမရာဘီယာအကြောင်းကို သေချာမပြောပြခဲ့သလို ဆရာမရဲ့ အရင်အိမ်နေရာနားမှာ သွားစုံစမ်းတော့လည်း သူ့အိမ်ကတောင် မရှိဘူး မသိဘူးဆိုတာမျိုးကိုပဲ ပြောလွှတ်လိုက်တာပါပဲ။ဒီလိုနဲ့ အစ်ကိုကြီးမာ့ခ်ခမ်းကို သေချာသွားမေးကြည့်တဲ့နောက်မှာ အာနန့်သ်ကို စာအုပ်လေးတစ်အုပ် ပေးလိုက်ပါတယ်။အဲဒီစာအုပ်ထဲမှာတော့ ဆရာမလေးရာဘီယာရဲ့ အကြောင်းတွေကို ရေးသားထားတာဖြစ်ပြီးတော့ အာနန့်သ်တစ်ယောက် ဒီစာအုပ်ကနေ ဆရာမကို လိုက်ရှာဖို့ လုပ်ပါတော့တယ်။ဒီလိုနဲ့ စာအုပ်ထဲမှာပါတဲ့ ဆရာမရာဘီယာရဲ့ အချစ်ဇာတ်လမ်းအကြောင်းလေးက ...
movie

Kali Jotta (2023)

Jatt & Juliet 3 (2024) 5.8
Jatt & Juliet 3 (2024) Jatt & Juliet 3 2024 ချစ်ရတဲ့မမIMDb -5.8/10Blu rayရဲ့ ပထမဆုံး ပန်ချာပီရုပ်ရှင်ဖြစ်လာသလို အအောင်မြင်ဆုံးပန်ချာပီRom-comတစ်ကားဖြစ်တဲ့ Jatt & Juliet 3 ထပ်မံထွက်ရှိလာပါပြီ။ ဒီတစ်ခါမှာတော့ ရှေ့နှစ်ကားလို ကနေဒါမဖူးစာပဲ ယူကေမှာ မစ်ရှင်လုပ်မယ့် မမနဲ့မောင်စုံတွဲကိုမြင်ရမှာပါ။ကိုယ့်ထက်ရာထူးကြီးတဲ့ စီနီယာမမကိုမှ အပိုင်ကြံချင်တဲ့ကောင်ဇိုးလေး အရာရှိလက်သစ်လေးနဲ့ ကိုယ့်ကိုနာခံတဲ့အငယ်လေးကိုမှလိုချင်တဲ့ စီနီယာအရာရှိချုပ်မမ သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ရေလာမြောင်းပေးလုပ်ရင်း ပင်လယ်ကြီးဖြစ်လာချိန်မှာမှ ယူကေမှာ မစ်ရှင်လုပ်ရဖို့ အကြောင်းဖန်လာချိန်မှာတော့ အလွဲလေးများနဲ့ မောင်နဲ့မမတို့ရဲ့ ချစ်ဇာတ်လမ်းလေးကို ဆက်လက်ရှုစားကြပါဦးခင်ဗျာ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်) File Size...2.75 GB / 1.25 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 15m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Jatt & Juliet 3 (2024)

Jatt & Juliet (2012) 7.5
Jatt & Juliet (2012) Jatt And Juliet (2012)"ကနေဒါ ဖူးစာ" ==============================နာမည်ကြီး ပန်ချာပီမင်းသား ဒီလ်ဂျစ်ဒိုဆန်ဂျ်ရဲ့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟင်ဒီစကားပြော အချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ဟာဆိုရင် သူ့ခေတ် သူ့အခါက အောင်မြင်မှုတွေရရှိခဲ့တဲ့အတွက် နောက်ဆက်တွဲ ရုပ်ရှင် နှစ်ကားထိထွက်ရှိထားပြီး IMDb မှာလည်း 7.5 ထိ ရိတ်တင်းရထားပါသေးတယ်။ဇာတ်လမ်းကတော့.. ဘိုစာကို နကန်းတစ်လုံးမှမသိဘဲ ကနေဒါကိုသွားပြီး ကနေဒါမှ အဖြူမလေးနဲ့ အိမ်ထောင်ပြုအခြေချချင်နေတဲ့ ဖာတယ်ဆင်းဂ်နဲ့ ဖက်ရှင်ဒီဇိုင်နာဖြစ်ချင်လို့ ကနေဒါကို ကျောင်းလာတက်တဲ့ ပူဂျာဆိုတဲ့ အိမ်ထောင်ပြုခါနီးကောင်မလေး။သူတို့နှစ်ယောက် ကနေဒါမှာ တွေ့ဆုံကြပြီး အစပိုင်းမှာ တစောင်းစေးနဲ့ မျက်ချေးလို အချင်းချင်း ရန်ဆောင်ခဲ့ကြပေမဲ့ တဖြည်းဖြည်းချင်း ငြိတွယ်လာကြပုံကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသနှောပြီး တင်ဆက်ထားတဲ့ရုပ်ရှင်လေးဖြစ်လို့ ချ န်နယ်မြန်မာ Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်...။ File size…3.2GB / 1.4GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Jatt & Juliet (2012)

Buhe Bariyan (2023) 7.7
Buhe Bariyan (2023) Buhe Bariyan (2023)အဘွားဘူရိုနဲ့ ရဲမေပရမ်ကောလ် IMDb-7.6/10 ယောက်ျားမိန်းမ သာတူညီမျှရေး ၊ ဖိုဝါဒလွှမ်းမိုးလွန်းတာတွေကို ရင်ဆိုင်တိုက်ခိုက်လာကြတာ ဟိုးအရင်တည်းကနေ ခုထိမပြီးကြသေးတဲ့အရာတစ်ခုပါပဲဒီကားကလည်း ဒီအကြောင်းကိုရိုက်ပြထားတာပဲဖြစ်ပါတယ် ဒါပေမဲ့ ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်မှုပလော့တွေနဲ့မဟုတ်ဘဲ သူတို့နေ့စဉ်ဘဝမှာတစ်ဆင့်ချင်း ရင်ဆိုင်တိုက်ခိုက်သွားကြတာမျိူး ရိုက်ကူးပြထားတဲ့ကား။ပန်ဂျာပီရွာလေးတစ်ရွာမှာ အဘွားဘူရိုဆိုတာ ရွာအပြင်မှာသူ့လိုခင်ပွန်းသည်တွေစွန့်ခွာသွားတဲ့ အမျိုးသမီးတွေနဲ့အတူနေ ကိုယ့်အားကိုယ်ကိုး ရှာဖွေစားသောက်နေကြတဲ့ ၄၀ ကျော်အမျိုးသမီးအဖွဲ့ ၊ သူတို့ကိုယ်တိုင်ရုန်းကန်သူတို့ဘဝနဲ့သူတို့ ပျော်အောင်နေကြသူတွေ ၊ သူတို့ဘဝနဲ့သူတို့နေကြရင်း ပတ်ဝန်းကျင်ကယောက်ျားသားတွေကလာလွှမ်းမိုးတာမကြိုက်တဲ့သူ၊ ရပ်ထဲရွာထဲမှာ ယောက်ျားသားတွေ လွှမ်းမိုးချုပ်ကိုင်လွန်းတာတွေကို အသာကြည့်မနေနိုင်ဘဲဝင်ပါပါနေမိတဲ့သူတွေ ဒီလူတွေနဲ့ဝင်ပေါင်းမိတာကတော့ အလုပ်ကျလာတဲ့ ရဲမေမလေး ပရမ်ကောလ် မိန်းမဖြစ်ပေမဲ့ ယောကျာ်းသားတွေနဲ့ တန်းတူရင်ပေါင်တန်းနိုင်သူလေး ဒီတော့တစ်ရွာလုံးနဲ့ သူတို့အဖွဲ့ ထိပ်တိုက်တွေ့ကြတဲ့အကြိမ်ရေပေါင်းများစွာကို ဘယ်လိုရင်ဆိုင်ကြမလဲ သူတို့လိုချင်တဲ့ သာတူညီမျှအခွင့်အရေးကိုရော ရနိုင်ကြမလားဆိုတာတော့...(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Yunni ~ Alex ~ ToMo ~ Cherry တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File ...
movie

Buhe Bariyan (2023)

2023