Channel Myanmar

Neel Anand

Thozhar Cheguevara (2024) 6.8
Thozhar Cheguevara (2024) Thozhar Cheguevera 2024 သိုဇာချီဂွေဗားရားဒီတစ်ခါတော့ သည်းထိပ်ရင်ဖိုဆန်ဆန်ဇာတ်လမ်းအမျိုးအစားတွေကို ကြိုက်နှစ်သက်သူများအတွက် ၂၀၂၄ ခုနှစ်ထွက် အိန္ဒိယ-တမီးလ်စကားပြော Action-drama အမျိုးအစားဖြစ်တဲ့ Thozhr CheGuevaraဆိုတဲ့ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဖိနှိပ်မှုတွေ အကြမ်းဖက်မှုတွေကို တော်လှန်မယ့် ဇာတ်လမ်းအမျိုးအစားတစ်ခုဖြစ်တာကြောင့် အကြမ်းအရမ်း အလွမ်းအဆွေး ဇာတ်လမ်းဇာတ်ကွက်စုံလင်စွာနဲ့ကြည့်ရှုခံစားနိုင်မှာပါဇာတ်လမ်းအစမှာ ဆင်းရဲနွမ်းပါးလွန်းတဲ့ရွာကလူတွေအတွက် ပညာသင်စေချင်တဲ့အတွက် သူ့ရဲ့စိတ်ဆန္ဒတွေကိုထုတ်ဖော်မိတာကြောင့် သေလုမျောပါးဖြစ်အောင် အရိုက်ခံခဲ့ရတဲ့ကောင်လေးတစ်ယောက်ရဲ့ အရမ်းကိုမချိမဆံ့ဖြစ်စရာ ဇာတ်လမ်းပုံစံနဲ့ ဇာတ်အိမ်ကိုစတည်ထားခဲ့ပါတယ်။အထက်တန်းလွှာ နိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ ကာလီဗာဟန်ဟာ ဆင်းရဲသားနင်းပြားတို့ကို ခေါင်းမထောင်နိုင်စေဖို့အတွက် ပညာရေးသင်ကြားခွင့်မရှိအောင် အမျိုးမျိုးဖိနှိပ်တားမြစ်ထားခဲ့တာဖြစ်ပါတယ်။ဒီနောက်မှာတော့ ပညာရေးကိုလိုလားသူတွေ တစ်ယောက်တစ်လေပေါ်လာပြီး စာသင်ကြားခွင့်ရဖို့ အမျိုးမျိုးကြိုးစားခဲ့ကြတယ်။ဒီထဲကမှ ကျောင်းသားလေးတစ်ယောက်က မေးခွန်းထုတ်မိတဲ့အတွက် သူ့ရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံလာရတဲ့အထိ ပဋိပက္ခတွေမှာ ချည်နှောင်ခံလာရပြီး သူ့ရဲ့ဘဝလေးပြိုပျက်ကာ ဇောက်ထိုးမိုးမျှော်ဖြစ်သွားခဲ့တယ်။ ဒီပညာရေးလိုလားသူတွေအနိုင်ရမလား ၊ နိုင်ငံရေးနဲ့နွယ်တဲ့ပဋိပက္ခဝင်္ကပါတွေကိုဘယ်လိုဇာတ်ကွက်တွေနဲ့ ရိုက်ပြထားမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဦးဗျာ(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်) File size… 2.17 GB / 1.08 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie

Thozhar Cheguevara (2024)