Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Nazriya Nazim Fahadh
7.2
Sookshmadarshini (2024)
Sookshma Darshini (2024) "ထူးဆန်းတဲ့အိမ်နီးချင်း"ဒီတစ်ခေါက်မိတ်ဆက်ပေးဖြစ်မဲ့ ဇာတ်ကားလေးကတော့ တစ်မူထူးခြားတဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်အိမ်တစ်ခုချင်းစီမှာ ပဟေဠိတွေကို တစ်ထပ်ချင်းစီ ဖြေပြသွားမှာဖြစ်တာကြောင့် လုံးဝမပျင်းရမဲ့ ဇာတ်လမ်းလေးဆိုလည်း မမှားပါဘူး။ပရီယာဆိုတဲ့ အိမ်ထောင်သည်အမျိုးသမီးလေးမှာ အရာရာတိုင်းကို အသေးစိတ်စူးစမ်းတတ်တဲ့ ဉာဉ်လေးရှိပါတယ်။ သူ့ယောက်ျားဆို သေးသေးမွှားမွှားကအစ သူ့ကိုလိမ်ပြောလို့မရပါဘူး။ ပရီယာတို့မိသားစု လောလောဆယ် အိမ်ငှားနေနေတဲ့ ရပ်ကွက်ကလည်း သိပ်တော့မခေပါဘူး။တစ်နည်းပြောရရင် စီစီတီဗီအဒေါ်ကြီးတွေများတဲ့ ရပ်ကွက်လေးပေါ့။ တစ်နေ့ သူတိုရပ်ကွက်ထဲကို မာနူးဆိုတဲ့လူတစ်ယောက် ပြောင်းလာပါတယ်။ မာနူးတို့ဟာ ဒီရပ်ကွက်နဲ့စိမ်းတဲ့သူတွေတော့ မဟုတ်ပါဘူး။ ငယ်ငယ်လေးတုန်းက ဒီမှာနေခဲ့ဖူးပြီး စီးပွားရေးနည်းနည်းအောင်မြင်သွားတော့ အိမ်ပြောင်းသွားခဲ့တာပါ။ မာနူးမှာ အယ်လ်ဇိုင်းမားဖြစ်နေတဲ့ အမေအိုကြီးတစ်ယောက်လည်းရှိပါသေးတယ်။အများအမြင်က လူရိုးလူအေးလေး မာနူးကို ပရီယာကတော့ တဖြည်းဖြည်းနဲ့ သင်္ကာမကင်းဖြစ်နေရှာပါတယ်။ ကဲ ပရီယာရဲ့မှန်းချက်အတိုင်း မာနူးမှာ နောက်မျက်နှာဖုံးတစ်ခုရှိနေသေးလားဆိုတာကိုတော့ ပရီယာတို့အုပ်စုနဲ့အတူ အဖြေရှာကြည့်လိုက်ရအောင်နော်..(အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size…1.6 GB / 901 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 22min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Sookshmadarshini (2024)
6.7
Vaayai Moodi Pesavum (2014)
Vaayai Moodi Pesavum (2014) "စကားမပြောရ"IMDb 6.7/10မင်းသား Dulquer Salmaan ရဲ့ အမှန်တကယ်ရယ်ရတဲ့ ရုပ်ရှင်အဟောင်းလေးကို တင်ဆက်လိုက်ရပါတယ်စကားပြောတာကိုဘယ်သူစပြီးတီထွင်ခဲ့တာလဲ ဘာအကြောင်းပြချက်နဲ့တီထွင်ခဲ့တာလဲ စကားပြောတယ်ဆိုတာ တစ်ယောက်ရဲ့စိတ်ကို တစ်ယောက်နားလည်နိုင်အောင် ကြားထဲကဖွင့်ဟပေးတဲ့တံခါးတစ်ချက်လို့ပဲဆိုရပါမယ်ကျွန်တော်တို့စကားတွေအမျိုးမျိုးပြောကြတယ် တစ်ချို့ကအားနေလို့ပြောတယ် တစ်ချို့ကအချိန်အခါမသိပြောတယ် တစ်ချို့ကချိုချိုသာသာပြောတယ် တစ်ချို့ကကြမ်းကြမ်းတမ်းတမ်းပြောတယ် တစ်ချို့ကမလိုအပ်တာတွေပြောတယ် အမျိုးမျိုးသောနည်းလမ်းတွေနဲ့စကားကိုပြောကြတယ် ဒါပေမဲ့စကားသာ မပြောနိုင်ကြတော့ရင်ဘယ်လိုဖြစ်သွားမလဲ တစ်ရက်မှာ ပန်နီမယ်လိုင်တောင်ကြားစခန်းအကြား ဆွံ့အတုပ်ကွေးဟာ မြို့သားတွေကြားစတင်ပျံ့နှံ့ကူးစက်လာပါတော့တယ် ဆွံ့အတုပ်ကွေးကစကားပြောရင်းနဲ့မှကူးနိုင်တာမို့ ကျမ်းမာရေးဝန်ကြီးဌာနကအကုန်လုံးကို စကားမပြောရအမိန့်ထုတ်ပြန်လိုက်ပါတော့တယ်အဲဒီမှာတင်တစ်မြို့လုံးအကြပ်ရိုက်ကုန်ကြပြီး စကားပြောရတာအလွန်ကြိုက်တဲ့ အာရ်ဗင်တစ်ယောက်လည်းဒုက္ခရောက်ရပါတော့တယ် မြို့သူမြို့သားတွေစကားမပြောနိုင်တဲ့တုပ်ကွေးအကြားဘယ်လို ဘယ်လိုတွေနှစ်ပါးသွားကြမယ်ဆိုတာကြည့်ရင်းရယ်နေရမဲ့ဟာသကားလေးပါ(အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်) File size…2.8 GB / 1.25 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Vaayai Moodi Pesavum (2014)
8.1
Ante… Sundaraniki! (2022)
Ante Sundaraniki (2022) IMDb Rating- 8.1/10ရှေးရိုးစွဲမိသားစုတစ်ခုကနေဆင်းသက်လာတဲ့ "ဆန်ဒါ" ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ သရုပ်ဆောင်ဖြစ်ချင်တဲ့ အိမ်မက်တွေနဲ့ ပြည့်နှက်နေတဲ့သူပါ တစ်နေ့ ကျောင်းပြဇာတ်ပွဲမှာ ပီပီပြင်ပြင်နဲ့သရုပ်ဆောင်နိုင်တဲ့သူ့ကို ဒါရိုက်တာတစ်ယောက်က မျက်စိကျသွားပြီး U.S မှာ ရုပ်ရှင်ရိုက်ဖို့ကမ်းလှမ်းခဲ့ပါတယ် ဒါနဲ့ပတ်သတ်လို့ မိသားစုတွင်းမှာအချေအတင်ဖြစ်ခဲ့ပေမဲ့ သွားဖို့ခွင်ပြုချက်ရခဲ့ပါတယ် သို့သော် သွားခါနီးလေးမှာ သူတို့သိလိုက်ရတဲ့အမှန်တရားကတော့ ဒါရိုက်တာက လူကုန်ကူးသမားဖြစ်နေခဲ့တာပါ ဒါနဲ့ပတ်သတ်ပြီး မိသားစုတစ်ယောက်ချင်းစီမှာ အကြောက်တရားကိုယ်စီဝင်သွားခဲ့တာကြောင့် ဆန်ဒါကို ခါတိုင်းထက်ပိုပြီး ဓလေ့ထုံးတမ်းတွေနဲ့ချုပ်ချယ်ခဲ့ပါတယ် ဗဒင်နက္ခတ်တွေနဲ့ ကံဇာတာဟောချက်တွေအရ သူ့ခင်ဗျာ ရေတောင်ကောင်းကောင်းမသောက်နိုင်ရှာပါဘူး... သူ့အနေနဲ့သရုပ်ဆောင်ဖြစ်ဖို့လက်လျှော့ခဲ့ရပေမဲ့ U.S သွားရဖို့ကိုတော့ ပိုပြီးအသည်းအသန်ဖြစ်လာခဲ့ပါတယ် လီလာဆိုတဲ့ ကလေးမလေးကတော့ အများနဲ့မတူတမူထူးခြားနေလို့ အပေါင်းအသင်းမရှိတဲ့ကလေးတစ်ယောက်ပါ သူမရဲ့မိသားစုကတော့ ပွင့်လင်းပြီး နားလည်မှုအပြည့်ပေးခဲ့တာကြောင့် အိမ်ကသူ့အတွက် န ားခိုရာဖြစ်ခဲ့ပါတယ် သို့သော် မိဘအတ္တဆိုသည်မှာတော့ မိသားစုတိုင်းမှာရှိစမြဲပါ လီလာ့အနေနဲ့ အစ်မဖြစ်သူနဲ့မတူဘဲ လိုချင်တာအမြဲနေခဲ့တဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ အဖေပေးစားတဲ့သူနဲ့ယူဖို့ အခြေအနေဖန်လာခဲ့ပါတယ်...လီလာမှာလည်း ချစ်ရတဲ့သူသတ်သတ် ရှိနှင့်နေပြီးဖြစ်ပါတယ် ဆန်ဒါနဲ့လီလာကတော့ ငယ်သူငယ်ချင်းတွေဖြစ်ကြပါတယ် ဆန်ဒါဖက်ကတော့ ခံစားချက်ရှိနေခဲ့ပေမဲ့ ဖွင့်ပြောဖို့အတွက် အခြေအနေ မပေးခဲ့ပါဘူး.... ကဲ ဆန်ဒါ တစ်ယောက် သူ့ရဲ့ U.S အိမ်မက်ကို ဘယ်လိုအကောင်ထည်ဖော်မလဲ... လီလာကရောအိမ်နဲ့ထားရှိခဲ့ရတဲ့ကတိတွေကြားကနေ သူ့ဘဝဘယ်လိုရှေ့ဆက်ရမလဲ.... သူငယ်ချင်းနှစ်ယောက်ရဲ့ ...
movie
Ante… Sundaraniki! (2022)