Channel Myanmar

Nayanthara

Test (2025) 5
Test (2025) Test (2025) "ဘ၀လက်ရည်စမ်းပွဲ"ဒီတစ်ခါတော့ CM Bollywood ပရိသတ်ကြီးအတွက် တမီလ်စကားပြော အားကစား-ဒရာမာဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ 3 Idiots ဇာတ်လမ်းထဲမှာဖာဟန်အဖြစ်ပါ၀င်ခဲ့ဖူးတဲ့ မင်းသားကြီး R. Madhavan ခေါင်းဆောင်ပါ၀င်ထားပါတယ်။ခရစ်ကတ်အားကစားကိုနောက်ခံထားပြီး မတူညီတဲ့ဘ၀နဲ့ လူသုံးယောက်ရဲ့ဘ၀အခက်အခဲတွေကို ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။အာဂျွန်ဆိုတာ တစ်ချိန်ကအရမ်းလက်စွမ်းထက်ခဲ့တဲ့ နိုင်ငံ့လက်ရွေးစင် နာမည်ကြီးခရစ်ကတ်ကစားသမားတစ်ယောက်ပါ။ လက်ရှိမှာ‌တော့ အရွယ်တစ်ခုရောက်ပြီး ငွေကြေးပြည့်စုံပေမဲ့ အကျဘက်ရောက်လာတဲ့ သူ့ရဲ့အားကစားသမားဘ၀ကို ဆက်လက်ရပ်တည်နိုင်ဖို့ ရုန်းကန်နေရသူပေါ့...။‌‌ဆာရာဗန်နန်ကတော့ စက်တွေတီထွင်ရတာကိုရူးသွပ်လွန်းသူမို့ သိပ္ပံပညာရှင်ကြီးရယ်လို့ နာမည်ပြောင်ရထားသူပါ။ ဒါပေမဲ့ အိမ်ထောင်သည် လူလတ်တန်းစားတစ်ယောက်ပီပီ သူ့အိပ်မက်တစ်ခုဖြစ်မြောက်ဖို့အရေးတောင် အကြွေးတွေပတ်လည်ဝိုင်းရင်း ဘ၀ကိုရုန်းကန်နေရသူ ဖြစ်ပါတယ်။ဆာရာဗန်နန်ကတော့ စက်တွေတီထွင်ရတာကိုရူးသွပ်လွန်းသူမို့ သိပ္ပံပညာရှင်ကြီးရယ်လို့ နာမည်ပြောင်ရထားသူပါ။ဒါပေမဲ့ အိမ်ထောင်သည် လူလတ်တန်းစားတစ်ယောက်ပီပီ သူ့အိပ်မက်တစ်ခုဖြစ်မြောက်ဖို့အရေးတောင် အကြွေးတွေပတ်လည်ဝိုင်းရင်း ဘ၀ကိုရုန်းကန်နေရသူ ဖြစ်ပါတယ်။နောက်တစ်နောက်ကတော့ ဆာရာရဲ့မိန်းမဖြစ်သူ ကျောင်းဆရာမလေးကူမူဒါပါ။ ကူမူဒါဟာ မိန်းကလေးဖြစ်ပေမဲ့ ခရစ်ကတ်အားကစားကိုရူးသွပ်သူဖြစ်ပြီး သူ့ဖခင်ကလည်း ခရစ်ကတ်နည်းပြဟောင်းကြီး ဖြစ်ပါတယ်။သူဟာ အာဂျွန်ရဲ့အမာခံပရိသတ်ဖြစ်သလို့ အာဂျွန့်သားဖြစ်သူရဲ့ ကျောင်းဆရာမလည်း ဖြစ်နေပြန်ပါတယ်။ သူကတော့ ကလေးအရမ်းလိုချင်သူဖြစ်ပြီး ကလေးရဖို့ နည်းမျိုးစုံကြိုးစားနေသူပါ။ဒီလိုနဲ့ သူ့နည်းသူ့ဟန်နဲ့ ဘ၀ကိုကြိုးစားရုန်းကန်နေကြတဲ့ သူတို့သုံးဦးရဲ့ကံကြမ္မာဟာ ရှေ့ဆက် ဘာတွေဖြစ်လာမလဲဆိုတာ စိတ်၀င်စားစရာကြည့်ရှုခံစားရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~KKKZ~ZweYan~Yunni ပါ။) File size… 1.9 GB / 972 MB Quality…WEB ...
movie

Test (2025)

Sye Raa Narasimha Reddy (2019) 7.2
Sye Raa Narasimha Reddy (2019) Sye Raa Narasimha Reddy 2019 (မသေမျိုး နာရက်ရှီမာရက်ဒီ) IMDb - 7.2/10ယခုတစ်ခါမှာတော့ CM ပရိသတ်ကြီးအတွက် ၂၀၁၉ တုန်းက ထွက်ရှိထားခဲ့တဲ့ ဗြိတိသျှတွေ အိန္ဒိယကို အုပ်စိုးစဉ်အချိန် အိန္ဒိယတွေဘက်ကနေ တွန်းလှန်တိုက်ခိုက်ခဲ့တဲ့အကြောင်းကိုရိုက်ကူးထားတဲ့ သမိုင်းကြောင်းဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ဒီကားမှာဆိုရင် အမီတာဘချမ်းပါဝင်သရုပ်ဆောင်ထားပြီး မင်းသားအနေနဲ့ Chiranjeevi ကပါဝင်ထားပြီး အရန်နေရာမှာလည်း နာမည်ကြီးတွေ အများကြီးကို ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ကောင်းမယ်ဆိုတာ ပြောစရာတောင် လိုမယ်မထင်ပါဘူး။အိန္ဒိယနိုင်ငံကို ဗြိတိသျှတွေ ကျူးကျော်လာစဉ်အချိန်က ပြန်လည်တိုက်ခိုက်ပုန်ကန်မှုတွေ ရှိခဲ့ပါတယ်။ ဒီပုန်ကန်မှုတွေထဲမှာ အကျော်ကြားဆုံးကတော့ ၁၈၅၇ခုနှစ်တုန်းက ဆီဖိုမူတီနီပုန်ကန်မှုပဲဖြစ်ပါတယ်။ဒီပုန်ကန်မှုရဲ့ အဓိကခေါင်းဆောင်ကတော့ ဂျန်စီလက်ရှမီဖြစ်ပြီးတော့ သူတို့တွေ စတင်တိုက်ခိုက်တုန်းက လူပေါင်း ၂ထောင်လောက်နဲ့ စတင်ခဲ့ပေမယ့် ၃လလောက်လည်းကြာရော လူအယောက်၁၀၀လောက်ပဲ ကျန်ခဲ့တဲ့အတွက် စိတ်အားလျော့ကုန်ကြပါတယ်။နယ်မြေလေးတွေကို သီးသန့်အုပ်ချုပ်တဲ့ အကြီးအကဲတွေရယ်လို့ သီးသန့်ရှိခဲ့ပါတယ်။ နယ်မြေပေါင်း ၆၁ခုရှိပြီးတော့ ဒီနယ်မြေတွေကိုလည်း ဗြိတိသျှက သိမ်းပိုက်ဖို့အတွက် ကြံစည်နေတဲ့အချိန်မှာ ကိုယ့်လူမျိုးတွေကို မတရားသတ်ဖြတ်ခံနေရတာကို မကြည့်နိုင်တဲ့ နာရက်ရှီမာရက်ဒီဟာ နယ်မြေ ၆၁ခုလုံးက အကြီးအကဲတွေကို ဖိတ်ကြား ပူဇော်ပွဲလုပ်ရင်း ဗြိတိသျှတွေကို တွန်းလှန်ဖို့အတွက် လူစုပါတော့တယ်။နာရက်ရှီမာရက်ဒီဆိုတာလည်း နှယ်နှယ်ရရတော့မဟုတ်ပါဘူး။ ...
movie

Sye Raa Narasimha Reddy (2019)

Nayanthara: Beyond the Fairy Tale (2024)
Nayanthara: Beyond the Fairy Tale (2024) Nayanthara: Beyond the Fairy Tale (2024)အိန္ဒိယတောင်ပိုင်းရုပ်ရှင်နယ်ပယ်က လေဒီစူပါစတားလို့နာမည်ကြီးတဲ့ မင်းသမီးနာယန်သာရာအကြောင်းကို Netflixကနေ မှတ်တမ်းရုပ်ရှင်ရိုက်ကူးထားတာပါ။အင်တာဗျူးသိပ်မဖြေတဲ့ မင်းသမီးတစ်ယောက်က ဘာလို့မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ လက်ခံခဲ့တာလဲဆိုတော့ လူတိုင်းကို နည်းနည်းလောက်ဖြစ်ဖြစ် ပျော်စေချင်လို့ပါတဲ့။တခြားသူတွေပျော်နေတာကိုမြင်ရတဲ့ ပျော်ရွှင်မှုလေးရစေချင်လို့တဲ့။ အဓိကကတော့ မင်းသမီးနာယန်သရာ တမီးလ်ရုပ်ရှင်ဒါရိုက်တာဗစ်ဂ်နက်ရှီဗန်နဲ့ မင်္ဂလာပွဲအတွက် ပြင်ဆင်ကြပုံတွေနဲ့၊ နာယန်သရာရယ် ဘယ်လိုဖြစ်လာလဲဆိုတာကို ကြည့်ကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 1.4 GB / 646 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Nayanthara: Beyond the Fairy Tale (2024)

Boss Engira Baskaran (2010) 7.2
Boss Engira Baskaran (2010) Boss Engira Bhaskaran (2010)"ဆရာကြီးဘာစကာရန်" =========================================မင်းသမီးချော နယန်သာရာရဲ့ ၂၀၁၀ ကထွက်ရှိခဲ့တဲ့ အချစ်ဟာသရုပ်ရှင်ဟောင်းလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက်ကတော့ ဘာစကာဆိုတဲ့ အလုပ်မရှိအကိုင်မရှိလူငယ်တစ်ယောက်ပါ။သူက အလုပ်မရှိပေမဲ့ ၂၄ နာရီ အလုပ်များနေကြလို့ လူတွေက သူ့ကို ဘော့စ်လို့ နာမည်ပြောင်ပေးထားကြပါတယ်။ဒါ့အပြင်သူဟာ အကောက်ခွန်စာမေးပွဲကို နှစ်ပေါင်းများစွာဖြေလာခဲ့သူဖြစ်ပြီး ခိုးချတာတောင် စာမေးပွဲမအောင်တဲ့သူဖြစ်ပါတယ်။အဲဒီလိုနဲ့ ဘော့စ်ဟာ တစ်ခုသော စာမေးပွဲမှာ အခန်းစောင့်ရဲ့ ပါမောက္ခမလေးကို ကြိုက်မိသွားတဲ့အတွက် သူငယ်ချင်းဖြစ်သူနဲ့ပေါင်းပြီး စာမေးပွဲဖြေနည်းသင်တန်းဖွင့်ကာ ပါမောက္ခမလေး စိတ်ဝင်စားခံရအောင်လုပ်ရင်း တလွဲတချော် အခွီတွေဖြစ်လာပုံကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 3.04 GB / 1.66 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 41m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Boss Engira Baskaran (2010)

Iru Mugan (2016) 6.3
Iru Mugan (2016) Iru Mugan (2016) မလေးရှားမစ်ရှင်IMDb 6.3/10မလေးရှားနိုင်ငံရှိ အိန္ဒိယသံရုံးကိုအမည်မသိလူတစ်ဦး တိုက်ခိုက်တာခံရပြီးနောက် အိန္ဒိယကတာဝန်ရှိသူတွေက အေးဂျင့်ဟောင်းတစ်ဦးကိုပြန်ခေါ်ပြီး တာဝန်ပေးရန်စီစဉ်ကြပါတော့တယ် ‌ အာကီလန်ဟာ လွန်ခဲ့တဲ့လေးနှစ်ကနောက်ဆုံးမစ်ရှင်မှာ သူ့မိန်းမကိုဆုံးရှုံးခဲ့ပြီးနောက်ဒီလောကကထွက်ခဲ့သူတစ်ဦးပါမငြင်းဆန်နိုင်တဲ့အဆုံးလက်ရှိမစ်ရှင်ကို မလေးရှားမှာတာဝန်ထမ်းဆောင်ဖို့ ဖြစ်လာပါတော့တယ် ရန်သူဟာအန္တရာယ်ရှိတဲ့ရှူဆေးတစ်မျိုးကို ထုတ်လုပ်နေသူဖြစ်ပြီး ထိုရန်သူကိုစုံစမ်းနေရာမှသူလိုက်နေတဲ့လူဟာ တစ်ချိန်ကသူ့ရဲ့မိန်းမကိုသတ်သွားတဲ့ ရန်သူတော်ကြီးဖြစ်နေတဲ့အခါ.....ခါးကုန်းမင်းသားကြီးဗစ်ရမ်နဲ့ မင်းသမီးချော နေရမ်သရာပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှပဲဖြစ်ပါတယ် File size… 3.05GB / 1.5GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 34m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Iru Mugan (2016)

Annapoorani (2023) 5
Annapoorani (2023) Annapoorani - The Goddess of Food (2023)"အိန္ဒိယချန်ဂင်" IMDb- 4.8/10Netflixကနေ ထုတ်လွှင့်လိုက်တဲ့ စားဖိုမှူးမလေးအကြောင်း တမီလ်အချစ် အချက်အပြုတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။အဓိကဇာတ်ကောင်ကတော့ Jawan(2023)မှာ ရှရွတ်ခန်းဇနီး ရဲမေမလေးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော နာယန်သရာပဲဖြစ်ပါတယ်။ဘုရားကျောင်းမှာ ဘုရားဆွမ်းချက်ပေးရတဲ့ သက်သတ်လွတ်စားတဲ့ မျိုးရိုးဇာတ်အနွယ်မြင့် မိသားစုက အမျိုးသမီးလေးတစ်ယောက်။ဒီအမျိုးသမီးလေးရဲ့ အိပ်မက်က အိန္ဒိယဂုဏ်ဆောင် ကမ္ဘာကျော်စားဖိုမှူးကြီးဖြစ်ဖို့။ သက်သတ်လွတ်ဟင်းတွေကို ထူးရှယ်ချက်ပြုတ်နိုင်ပေမဲ့လည်း အသားမစားတဲ့အတွက် အသားဟင်းချက်ဖို့ အသားကိုင်ဖို့ကျ အဆင်မပြေဖြစ်နေရရှာ။သူ့ကိုပိုးပန်းနေတဲ့ ကိုယ်တော်ချောရဲ့ ကောင်းမှုနဲ့ အဖေဖြစ်သူမသိအောင် အသားဟင်းတွေချက်ပြုတ်မြည်းစမ်းလာတဲ့အခါ။အဖေဖြစ်သူက သူ့သမီးလေး အမ်ဘီအေတက်နေတယ်အမှတ်နဲ့ ကျောင်းကိုအလာမှာ အသားဟင်းတွေချက်ပြုတ် မြည်းစမ်းနေတဲ့သမီးဖြစ်သူကိုတွေ့တဲ့အခါမှာတော့။ သူဖြစ်ချင်တဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဆက်လက်ကြိုးစားသွားနိုင်မှာလားဆိုတာ...။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…5.4GB / 2.06GB / 980MB Quality…WEBDL 4k HEVC / WEB DL 1080p ...
movie

Annapoorani (2023)

2023
4K HEVC
Jawan (2023) 7.5
Jawan (2023) Jawan (2023) "စစ်သည်တော်"IMDb-7.5/10ဒီနှစ်ထဲမှာပဲ ဒုတိယမြောက်အောင်မြင်မှုကိုစိုက်ထူခဲ့ပြန်တဲ့ King Khanရဲ့ရုပ်ရှင်ကားကြီး Jawanကို တင်ဆက်ပေးလိုက်ပါပြီ။King Khanရယ်လို့ ဂုဏ်ပုဒ်တစ်ခုရတဲ့အထိ အောင်မြင်ခဲ့တဲ့ အောင်မြင်နေဆဲ မင်းသားကြီးရှာရွတ်ခန်းရဲ့ အသက်၅၈မွေးနေ့ဖြစ်တဲ့ နိုဝင်ဘာ ၂ရက်နေ့မှာပဲ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဒီရုပ်ရှင်ကားကြီးဟာ ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်ကိုရောက်ရှိလာခဲ့တာပါ။ပထန်မှာတုန်းက အမေရိကန်ဒေါ်လာ သန်း၁၃၀ဝန်းကျင်ထိရခဲ့ပြီး ဒီရုပ်ရှင်မှာတော့ သန်း၁၄၀ဝန်းကျင်ထိ ပြန်လည်ရရှိခဲ့ပါတယ်။ဒီကားမှာ ဘောလိ၀ုဒ်ရဲ့ဘုရင်ကြီး ကင်းခန်းနဲ့ တမီးလ်စတား မင်းသားကြီးဗီဂျေးစည်သူပတီတို့ အပြိုင်ကျဲထားတဲ့အပြင် အချောလေး ဒီပီကား မင်းသားကြီး ဆန်ဂျေးဒတ်နဲ့ ယိုဂီဘာဘူတို့လည်းပါဝင်အားဖြည့်ထားပါသေးတယ်။နောက်ပြီး မင်းသမီးချောအငယ်လေးတွေကိုလည်း တ၀ကြီးရှုစားရမှာပါ။ဥပဒေ...။ဥပဒေဆိုတာ ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းအတွင်းမှာ မမှားသင့်တာမမှားရအောင်၊ မှားခဲ့ပြန်ရင်လည်း အမှားကိုသက်သေထူပြီး အပြစ်ဒဏ်ပေးဖို့ပဲလို့ အလွယ်ဆိုကြပါစို့။ဒီလို လူ့ယဉ်ကျေးအသိုင်းအဝိုင်းဆိုတာကြီးထဲမှာပဲ ဥပဒေကိုလက်တလုံးခြားလုပ်ရင်း ကိုယ်ကျိုးရှာတတ်တဲ့ အတ္တသမားကြီးတွေက ဥပဒေအထက်မှာရောက်နေတတ်ကြတာကလည်း ဓမ္မတာလို့ပဲဆိုကြရလေမလား။ဒီလို ဝိသမလောဘသမားတွေကို ပညာပေးမယ့် အဖွဲ့တစ်ဖွဲ့ရှိနေပါတယ်။ အာဇဒ်နဲ့မိန်းမပျိုလေးတသိုက်ပေါ့။သူတို့တွေ ရထားတစ်စင်းကိုပြန်ပေးဆွဲကြပေမယ့် ပြန်ပေးဆွဲရတဲ့ အကြောင်းအရင်းခံကြောင့်ပြန်ပေးဆွဲခံရသူ ရထားပေါ်ကခရီးသည်တွေပါ သူတို့နဲ့တစိတ်တဝမ်းတည်းဖြစ်ကုန်ပါရောလား။ ဥပဒေရဲ့အပြင်ကနေ မလွှဲမရှောင်သာလုပ်ကိုင်နေရသူဖြစ်ပေမယ့်ရေစက်ဆုံချင်တော့လည်း ပြန်ပေးညှိနှိုင်းရေး အရာရှိအမျိုးသမီးလေးနဲ့မှ အာဇဒ်တစ်ယောက် ဖူးစာဆုံပါရော။အာဇဒ်နဲ့အဖွဲ့က နောက်ထပ်မစ်ရှင်တစ်ခုကိုထပ်လုပ်တဲ့အချိန်...၊အာဇဒ်ရဲ့ ဖုံးကွယ်ထားတဲ့ဇာတ်ရုပ်ကိုမသိဘဲ ...
movie

Jawan (2023)

2023
4K HEVC
Iraivan (2023) 5.0
Iraivan (2023) Iraivan 2023 (သို့) အပြုံးလူသတ်သမားIMDb 5.1/10 ဘတ်ဂျက် သန်း ၂၈၀ သုံးထားပြီး သတ်ခန်းဖြတ်ခန်းတွေကို ဆင်ဆာဖြတ်ထားခြင်းမရှိဘဲ သွေးသံရဲရဲနဲ့ ကျောချမ်းစရာမြင်ကွင်းတွေကို ကွင်းကွင်းကွက်ကွက်ပြသထားတဲ့ ရုံကားတစ်ကားပဲဖြစ်ပါတယ် အပြုံးလူသတ်သမား ..ဒီနာမည်ဖြစ်တည်လာပုံကတော့ စိတ္တဇလူသတ်သမားကသူသတ်တဲ့လူကို အပြုံးလှလှလေးတစ်ခုဖန်တီးပေးလိုက်လို့ပါပဲ ဘယ်လိုမျိုးလဲဆိုရင် သေရင်တောင်မှ ပီပြင်တဲ့အပြုံးတစ်ခုပေါ်လွင်လာဖို့ ပါးနှစ်ဖက်စလုံးမှာ ပါးစပ်ကိုဓားနဲ့ထိုးခွဲပြီးဖန်တီးပေးလိုက်တာပါ ဒါတင်မက မျက်လုံးတွေကိုပါဖောက်ထုတ်ပြီး တစ်ကိုယ်လုံးကိုဓားနဲ့မွှန်းပြီး လူမြင်ကွင်းမှာ သွားသွားပစ်ထားတတ်တာက သူ့အကျင့်လေးတစ်ခုပေါ့ဒါပေမဲ့သူ့သင်္ကေတကတော့မိန်းကလေးတွေကိုပဲသတ်တာပါ ကျားဆိုယောင်လို့တောင်လှည့်မကြည့်တတ်တဲ့ ဒီအပြုံးလူသတ်သမားကြောင့်ချန်နိုင်းရဲမင်းကြီးက ဒီအမှုကို မင်းသား၂လက်ဖြစ်တဲ့ အန်ဒရူးနဲ့ အာဂျွန့်ဆီတာဝန်ပေးအပ်လိုက်ပါတယ် သိုပေတည်း ၆လကြာတဲ့အထိ အသတ်ခံရတဲ့မိန်းကလေး ၁၂ယောက်တောင်ဖြစ်လာခဲ့ပြီး လူသတ်သမားအကြောင်း တစ်စွန်းတစ်စတောင်မသိရလေတော့ ပြည်သူတွေအုံကြွပြီး ဆန္ဒတွေပြကြနဲ့ အဘက်ဘက်ကဖိအားတွေနဲ့ သူတို့၂ယောက်.. ဥာဏ်ပြေးလွန်းတဲ့ စိတ္တဇလူသတ်သမားနဲ့ ရဲတွေကြား ပညာပြိုင်ကြပုံကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်(အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni ~ BpL ~V ~ Zwe ~ Alex ~ ToMo ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ ...
movie

Iraivan (2023)

2023
Naanum Rowdydhaan (2015) 7.2
Naanum Rowdydhaan (2015) Naanum Rowdy Dhaan (2015) IMDb 7.2 နာမည်ကြီးတောင်ပိုင်းမင်းသားဗီဂျေးစည်သူပတီ နဲ့မင်းသမီးချောလေး Nayanthara ပါဝင်သရုပ်ဆောင်ထားပြီး အချစ်စစ်နဲ့သာဆို အရာရာကျော်‌ဖြတ်နိုင်ကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်း... ကာဒမ်ဘရီ (Nayanthara) ရဲ့အဖေကရဲတစ်ယောက်ပါ မပတ်သက်သင့်တဲ့ လူမိုက်ကိုသွားရန်စမိရာက ဇနီးဖြစ်သူပါဆုံးရှုံးလိုက်ရပြီး သမီးဖြစ်သူ ကာဒမ်ဘရီကပါ နားမကြားဘဝရောက်သွားခဲ့ပါတယ် ဒီကလဲ့စားသွေးကြွေးကိုပြန်ဆပ်မယ်ဆိုပြီး အိမ်ကထွက်သွားတဲ့ဖခင် ရက်အတော်ကြာထိပြန်ရောက်မလာလို့ ကာဒမ်ဘရီတစ်ယောက်ရှာဖွေခန်းဖွင့်တော့ အမှတ်မထင် ဗရုတ်ကောင်ပန်ဒီနဲ့‌သွားဆုံမိပါလေရော မြင်မြင်ချင်းသဘောကျသွားတဲ့ ပန်ဒီက ဒီသနားစရာကောင်မလေးရဲ့ဖခင်ဖြစ်သူကို လိုက်ရှာပေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်ဒါပေမယ့် ထင်မှတ်မထားတဲ့ ကိစ္စကတော့ သူ့အဖေက သေဆုံးသွားပြီဆိုတာပါပဲ ဒီလိုနဲ့ သူတို့နှစ်ယောက်ပေါင်းပြီး ဒီကလဲ့စားချေမယ့်ခရီးလမ်းကြောင်းကိုဘယ်လိုရှေ့ဆက်သွားမလဲ ပန်ဒီကရောသူလိုချင်နေတဲ့အချစ်ကိုရနိုင်မလားဆိုတာတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါရှင် File size…2.87GB / 1.33GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Yunni
movie

Naanum Rowdydhaan (2015)

2015
GodFather (2022) 5.9
GodFather (2022) မင်းသမီး နာရန်သရာ ပါဝင်ထားတဲ့အပြင် ဆယ်လ်မန်ခန်းလည်း ပါတဲ့ နိုင်ငံရေးကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီကားထဲမှာ ပြည်သူလူထုရဲ့ အချစ်တော် ဝန်ကြီးတစ်ယောက် ဆုံးပါးသွားပြီးနောက် အဲဒီဝန်ကြီးနေရာကို အစားထိုးယူမယ့် သူနှစ်ယောက်ရဲ့ အားပြိုင်မှုကို ကြည့်ရမှာဖြစ်ပါတယ်ဘယ်နေရာမှာမဆို အကောင်းနဲ့အဆိုး ဒွန်တွဲနေသလိုပဲ သူတို့နှစ်ယောက်ကလည်း တစ်ယောက်က လူကောင်း တစ်ယောက်က လူဆိုးပေါ့နှစ်ယောက်စလုံးက ဩဇာအာဏာ အတော်ကြီးမားကြတဲ့သူတွေဆိုတော့ အားပြိုင်မှုကလည်း လက်ရည်တူတဲ့ လက်ဝှေ့သမားနှစ်ယောက် လက်ဝှေ့ထိုးသလိုပါပဲအဲဒါကြောင့် သူတို့နှစ်ယောက်ထဲက ဘယ်သူအနိုင်ရမလဲဆိုတာ ဒီကားထဲမှာ နိုင်ငံရေးသဘောတရားတွေနဲ့အတူ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…2.6GB / 1.3GB Quality…1080p True WEB DL  / 720p Format…mp4 Duration….2h 37m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Sora ~ OeliuJ ~ HayMan ~ KhamMon
movie

GodFather (2022)

2022
Massu Engira Maasilamani (2015) 5.9
Massu Engira Maasilamani (2015) Masss (2015)==============အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Horror ဆိုပေမယ့် အရမ်းကြောက်စရာကောင်းနေတာမျိုးမဟုတ်ပဲ တစ်ကားလုံးကို ဆက်ကြည့်နေချင်အောင်၊ စိတ်၀င်စားစရာကောင်းအောင် ဆွဲခေါ်သွားတဲ့ အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာ မင်းသား Suriya က နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပြီးတော့ ဇာတ်ကောင်နှစ်ယောက်လုံးက လူအတူတူပဲလို့ကိုမထင်ရအောင် သရုပ်ဆောင်ပီပြင်လွန်းနေတာပါ။ဇာတ်လမ်းအကျဉ်းကတော့ ငယ်ကတည်းက မိဘမဲ့ဖြစ်ခဲ့တဲ့ မားစ်ဟာ သူ့သူငယ်ချင်း ဂျက် နဲ့အတူ ကြီးပြင်းလာခဲ့ပြီး ဓားပြတိုက်လုယက်မှုတွေ လုပ်ရင်းနေခဲ့ပါတယ်။ တစ်ရက်မှာ ငွေတွေဓားပြတိုက်ပြီးပြန်လာတုန်း ကားတိုက်မှုတစ်ခုနဲ့ကြုံခဲ့ရပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ အသက်မသေခဲ့ပဲ ပြန်သတိရလာတဲ့အခါမှာ သူဟာ သရဲတွေကိုပါ မြင်နိုင်လာခဲ့ပါတယ်။အစပိုင်းမှာတော့ သရဲတွေနဲ့ပူးပေါင်းပြီး စီးပွားရှာ ကြီးပွားလာခဲ့ပေမယ့် ရှက်တီ ဆိုတဲ့ သရဲပေါ်လာတဲ့အခါမှာ သူ့ဘ၀ အလှည့်အပြောင်း‌ဖြစ်သွားခဲ့ပါတယ်။ မားစ် ဟာ တဖြေးဖြေးနဲ့ သူ့ဘ၀အဖြစ်မှန်တွေကို သိလာရပြီးတဲ့အချိန်မှာ ဘယ်လိုတွေဆက်ပြီး ရှေ့ဆက်သွားမလဲဆိုတာကို စိတ်၀င်တစား ကြည့်ရှူရမှာဖြစ်ပါတယ်။ File size…3.8GB  / 1.8GB Quality…1080p WEBDL / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Massu Engira Maasilamani (2015)

2015
Kaathuvaakula Rendu Kaadhal (2022) 5.9
Kaathuvaakula Rendu Kaadhal (2022) Kaathuvaakula Rendu Kaadhal (အညွှန်း)ဒီကားလေးကတော့ Sgတွေ Faတွေကြည့်ပြီးအားကျ၊ ကျိတ်ငိုရမယ့်ကားလေးပါ:3ယူတို့မယ် ရည်းစားလေးတစ်ယောက်တောင်အဖြစ်ရှိအောင်မထားနိုင်ပေမယ့်Rambo တစ်ယောက်ကတော့ သူ့ကိုတုန်နေအောင်ချစ်ကြတဲ့ ရည်းစားလန်းလန်းလေးနှစ်ယောက်ကြား ရှယ်ဗျာများပဲ။ဇာတ်လမ်းလေးကတော့ ရွာလေးတစ်ရွာရဲ့ ထူးဆန်းတဲ့မိသားစုအကြောင်းကစရပါမယ်။ Rambo ကိုမမွေးခင်Rambo တို့မိသားစုက ကျိန်စာသင့်နေတဲ့မိသားစုဆိုပြီးနာမည်ကြီးပါတယ်။ သူတို့မိသားစုဝင်ထဲကဘယ်သူကမှလက်ထပ်လို့မရဘူး။ လက်ထပ်တာနဲ့ အိမ်ထောင်ဖက်အသက်ဆုံးရှုံးရတယ်ဆိုလို့ရွာထဲကဘယ်သူကမှ သူတို့မိသားစုဝင်တွေနဲ့လက်မထပ်ချင်ကြပါဘူး။ ဒီလိုနဲ့တစ်နေ့မှာ Rambo အဖေကသူ့ချစ်သူ အင်္ဂလိပ်စာဆရာမ Minah Kaif နဲ့လက်ထပ်လိုက်ပြီး သူမွေးလာမယ့်ကလေးက သူ့မိသားစုဆီကံကောင်းခြင်းတွေယူဆောင်လာမယ့်ကလေးလို့ ကြွေးကြော်နေတာပေါ့။ Rambo ကိုမွေးတဲ့နေ့မှာပဲအဖေဖြစ်သူကမတော်တဆမှုတစ်ခုနဲ့ဆုံးပါးသွားရတယ်။ ခိုကိုးရာမဲ့မိခင်ကြီးလည်း လေဖြတ်ပြီးသူ့သား Ramboကလွဲပြီး အရာအားလုံးမေ့သွားတော့တယ်။ ဒီလိုနဲ့ အများက “ဂြိုဟ်ဆိုးကောင်” လို့ဝိုင်းသမုတ်ထားကြတဲ့ Ramboရဲ့ ကလေးဘဝက သိမ်ငယ်မှု၊ နာကျင်မှုတွေအပြည့်နဲ့ပေါ့။အမေ့ဆီကိုပါ ကံဆိုးမှုတွေမကူးအောင် အမေနဲ့ရွာကိုစွန့်ပြီး မြို့မှာ နေ့နေ့ညညမလုပ်ကြိုးစားလုပ်တဲ့Ramboတစ်ယောက် Khatija နဲ့ Kanmani ဆိုတဲ့ မချောလေးနှစ်ယောက်နဲ့တွေ့ပြီး“မချောနှစ်ယောက် ကိုယ်တစ်ယောက်” ဇာတ်လမ်းစပါတော့တယ်။ ကောင်မလေးနှစ်ယောက်ကလည်းသူမှသူဖြစ် .. တစ်သက်လုံးကအပယ်ခံလာရပြီး ...
movie

Kaathuvaakula Rendu Kaadhal (2022)

2022
4K HEVC Web-DL
Annaatthe (2021) 4.7
Annaatthe (2021) Annaatthe 2021===============Drama/Actionအချစ်နဲ့စစ်မှာမတရားတာမရှိဘူးလို့ထင်တဲ့အယူအဆကိုယနေ့တိုင်လက်ခံထားတဲ့သူတွေရှိသလို၊လက်မခံထားတဲ့သူတွေဆိုတာလည်းရှိ‌သပေါ့လေ။ လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့ရှုထောင့်အထွေထွေနဲ့ရှုစားကြရာမှာအနီးစပ်ဆုံးမှန်သွားတယ်ဆိုတဲ့ဟာတွေကိုတစ်အုပ်စုခွဲပြီးမှတ်ရတာပေါ့။တမီးလ်ကားတွေကိုအရင်ကမြန်မာပေါကားတွေလောက်ပဲထင်ခဲ့ ဘောလိဝုဒ်ကိုမမီပါဘူးလို့ထင်ခဲ့မိပေမဲ့တကယ့်တမီးလ်ကားကောင်းတွေကိုကြည့်မိပြီးသွားတဲ့အခါ တမီးလ်ကားတွေကြည့်ရတာလည်းကျွန်တော်သဘောကျတတ်လာတယ်ဗျ။ တမီးလ်ကုလားကားဆိုတဲ့အတိုင်း သီချင်းလေးတွေပါကန်ရင်လေပေါ်လွင့်ထွက်သွားတာတွေက ယုတ္တိမတန်တာကလွဲရင် ကြည့်လို့လည်းကောင်းသလိုဇာတ်လမ်းဇာတ်ကွက်ကောင်းတာကိုတော့ တကယ်မချီးကျူးဘဲမနေနိုင်လောက်အောင်ပါဘဲ။ဒီကားလေးဟာလည်း ဇာတ်လမ်းအစကနေအဆုံးထိတောက်လျှောက်ဆွဲခေါ်သွားနိုင်စွမ်းရှိတဲ့တမီးလ်ကားကောင်းလေးတွေထဲကတစ်ကားပဲဖြစ်ပါတယ်။ ငယ်ငယ်တည်းကဆုံးပါးသွားတဲ့အဖေနဲ့အမေမရှိတော့တဲ့နောက်ပိုင်း တစ်ဦးတည်းသောညီမလေးကိုအချစ်တွေတိုးလို့ချစ်ခဲ့ရတဲ့ရွာသူကြီးအစ်ကိုကြီးတစ်ဦး၊ အစ်ကိုကြီးစကားဆိုတစ်‌သွေမတိမ်းနားထောင်တဲ့ညီမလေးအနေနဲ့အစ်ကိုကြီးအိမ်ထောင်ဖက်အသစ်ရှာပေးတာကိုကြည်ကြည်ဖြူဖြူလက်ခံဖို့စဉ်းစားရင်း၊ဘယ်လိုကနေဘယ်လို မြို့ပေါ်ကလူဆိုးဂိုဏ်းတစ်ခုနဲ့ပါရင်ဆိုင်သွားရမယ်၊ဘယ်နေရာမှဘယ်လိုဇာတ်လမ်းဇာတ်ကွက်လှည့်သွားမလဲဆိုတာကိုတော်တော်ကြည့်ကောင်းမယ့်ကားလေးကတော့ Annaatthe 2021 ပဲဖြစ်ပါတယ်  File size…1.59Gb / 4GB Quality…720p WEBDL Format…Mp4 Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….Yk Translated by San Thu Aung & Sai ThuRein Lynn
movie

Annaatthe (2021)

2021
Nizhal(2021) 6.4
Nizhal(2021) Nizhal (2021)-------------ဒီနေ့မှ ပူပူနွေးနွေးထွက်ရှိထားတဲ့ မင်းသမီးNayantharaရဲ့ Thrillerကလေး တင်ဆက်ပေးလိုက်ပါတယ် Imdb အနေနဲ့လဲ ၆.၄/၁၀ ရှိပြီး user 2.4kထိ votingပေးထားတာမို့ ကြည့်ရှုရကျိုူနပ်မယ်ရုပ်ရှင်ကားလို့ မျှော်လင့်ရပါတယ် အညွှန်း******************** မာလာရာလမ် ရုပ်ရှင်တွေကို ဇာတ်အိမ်ခိုင်မှုကြောင့် သဘောကျမိတာကြာပါပြီ။ ဇာတ်လမ်းက မြူးချင်မှမြူးပေမယ့် သဘာ၀ကျကျ စိတ်၀င်စားဖို့ကောင်းအောင် တကွက်ခြင်း ဆွဲဆောင်တာက မာရာလာရမ် ရုပ်ရှင်တော်တော်များများရဲ့အသက်ပါပဲ။ ဒီရုပ်ရှင်မှာလဲ မတော်တဆမှု့ကြောင့် ပုံမှန်မဟုတ်တဲ့ တရားသူကြီးတစ်ဦးနဲ့ ထူးထူးဆန်းဆန်း လူသတ်မှုတွေကို ချရေးထားတဲ့ကလေးလေးတစ်ယောက်တို့ ဆုံတွေ့ရင်း ဖြစ်လာတဲ့ အံဩဖွယ်ရာတွေကို အစအဆုံး သိချင်စိတ်ဖြစ်လာအောင် ရိုက်ပြရင်းဆွဲခေါ်သွားနိုင်တဲ့ မာရာလာရမ် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်  File size…1.9GB / 1.1GB Quality…1080p HD RIP 5.1CH / 720p Format…Mp4 Duration….1h 58mins Subtitle….Myanmar Subtitle(Hard Sub) Encoder….YK  Translated by Lwin Htoo Aung & Sai ThuRein 
movie

Nizhal(2021)

2021
Darbar (2020) 6.5
Darbar (2020) (Unicode)ဘောလိဝုဒ်ဇာတ်ကားတွေပြီးတော့အခုတစ်ခါ တမီးလ်စူပါစတားကြီး Rajinikanth ရဲ့ ရုံတင်ဇာတ်ကားကြီးအလှည့်ပေါ့ဗျာ။ဟောလိဝုဒ် ၊ ဘောလိဝုဒ်ပရိတ်သတ်တွေအဖို့အိုဗာအက်ရှင်တွေကို ညည်းငွေ့နေနိုင်ပေမယ့်အိန္ဒိယတောင်ပိုင်းရုပ်ရှင်တွေကို ကြိုက်တတ်သူအဖို့တော့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။ဘယ်လိုပဲ ဖြစ်ဖြစ် Rajinikanth ဟာလည်းတောင်ပိုင်းရုပ်ရှင်ထုတ်လုပ်ရေးတွေကြားသာကမဘောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေးတွေကြားမှာလည်းသြဇာရှိပြီး အနုပညာကြေးမြင့်တဲ့ မင်းသားကြီးမို့ပရိတ်သတ်တွေကတော့ ဒီဇာတ်ကားကို ကြည့်ရင်းလက်ခုပ်လက်ဝါးတီးပြီး အားပေးကြဦးမှာပါ။အညွှန်းအာဒိသယာဆိုတဲ့ ရဲအရာရှိတစ်ယောက်ဟာသမီးဖြစ်သူ ဗာလီနဲ့အတူ မွန်ဘိုင်းမြို့ကို ရဲမင်းကြီး(ရဲမှူးကြီးဟု သင့်တော်သလို ဘာသာပြန်ထားသည်)အဖြစ်နဲ့ရောက်ရှိလာပြီးမြို့ထဲမှာရှိတဲ့ ဆိုးသွမ်းသူတွေကို လိုက်လံနှိမ်နင်းရာကနေ ဇာတ်လမ်းကို စထားပြီး....ဒီနောက်ပိုင်းမှာတော့ တမီးလ်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်းအကအလှတွေ ၊ ဟာသခန်းလေးတွေ ညှပ်ထည့်ပြီးဇာတ်လမ်းကို အရှိန်တက်လာအောင် စွမ်းဆောင်ထားပါတယ်။ဇာတ်လမ်းပုံစံက ရဲနဲ့လူဆိုး အားပြိုင်ကြတဲ့ မြင်နေကျ သာမာန်ဆိုပေမယ့်ရိုက်ကူးထားပုံက ဆန်းသစ်ပြီး Rajinikanthရဲ့ ဟိုးရုပ်ရှင်ခေတ်ဦးကတည်းကသုံးစွဲလာခဲ့တဲ့ သူ့ရဲ့ကိုယ်ပိုင်အမှတ်အသားဖြစ်တဲ့ တီးလုံးကို အက်ရှင်ခန်းတွေ ၊ Tempo မြှင့်တင်တဲ့အခန်းတွေမှာသင့်တော်သလို သုံးစွဲထားပုံက သပ်ရပ်ပြီး ပရိတ်သတ်ကို တစ်မျိုးတစ်မည် ဆွဲဆောင်ထားပါတယ်။ကဲ...အိန္ဒိယတောင်ပိုင်းဇာတ်ကားပရိတ်သတ်တို့ရေ...ကျွန်တော်တို့ငယ်စဉ်ကတည်းက စွဲလမ်းခဲ့ရတဲ့Idol ကြီးရဲ့ အသစ်စက်စက် ရုံတင်ဇာတ်ကားကြီးကို လက်မနှေးပဲ ...
movie

Darbar (2020)

2020
Dora(2017) 6.0
Dora(2017) Dora(2017)(unicode)ဖေတစ်ခုသမီးတစ်ခုနဲ့ကြီးပြင်းလာတဲ့ မိန်းကလေးတစ်ယောက်...သူမဟာ ကိုယ့်ကိုကိုယ် ထိန်းကျောင်းနေရသလိုဖြစ်နေတော့ ဒေါသက သာမန်မိန်းကလေးတွေထက်ပိုကြီးသလို စိန်ခေါ်မှုတွေကိုလည်း အမြဲရင်ဆိုင်ဖြေရှင်းလေ့ရှိတယ်... တစ်နေတော့သူ့ရဲ့အဒေါ်ကိုစိန်ခေါ်ပြီး ကားအငှားကုမ္မဏီတည်ထောင်ဖို့ ကားအဟောင်းတစ်စီးကို၀ယ်ယူခဲ့ပါတယ် အဲ့ဒီကားအိမ်ကိုရောက်လာတဲ့အခါမှာတော့ ပြဿနာအကြီးကြီးတွေ တက်ပါတော့တယ်...ဘာတွေများဆက်ဖြစ်လာမှာလဲဆိုတာကိုတော့ခံစားကြည့်ရှုကြပါကုန်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Lwin Htoo Aung ပဲဖြစ်ပါတယ်...(zawgyi)ဖေတစ်ခုသမီးတစ်ခုနဲ့ကြီးပြင်းလာတဲ့ မိန်းကလေးတစ်ယောက်...သူမဟာ ကိုယ့်ကိုကိုယ် ထိန်းကျောင်းနေရသလိုဖြစ်နေတော့ ဒေါသက သာမန်မိန်းကလေးတွေထက်ပိုကြီးသလို စိန်ခေါ်မှုတွေကိုလည်း အမြဲရင်ဆိုင်ဖြေရှင်းလေ့ရှိတယ်... တစ်နေတော့သူ့ရဲ့အဒေါ်ကိုစိန်ခေါ်ပြီး ကားအငှားကုမ္မဏီတည်ထောင်ဖို့ ကားအဟောင်းတစ်စီးကိုဝယ်ယူခဲ့ပါတယ် အဲ့ဒီကားအိမ်ကိုရောက်လာတဲ့အခါမှာတော့ ပြဿနာအကြီးကြီးတွေ တက်ပါတော့တယ်...ဘာတွေများဆက်ဖြစ်လာမှာလဲဆိုတာကိုတော့ခံစားကြည့်ရှုကြပါကုန်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Lwin Htoo Aung ပဲဖြစ်ပါတယ်...File Size : (1.16 GB) and (392 MB) Quality :HD-Rip 720p Format…mp4 Duration…02:19:00 Genre : Action, Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Lwin Htoo Aung (Htoo - PC) Encoded by Phyo ...
movie

Dora(2017)

Bigil (2019) 7.5
Bigil (2019) (Unicode)တစ်နှစ်တစ်ကား ဆိုသလို တမီးလ်မင်းသား ဗီဂျေးရဲ့ ၂၀၁၉ထွက် ကားကောင်းတစ်ကားကို မြန်မြန်နဲ့ မှန်မှန် တင်ဆက်ပေးလိုက်ပါတယ်။Genere- Drama,Sport,ActionIMDb - 7.5/10တစ်ရပ်ကွက်လုံးရဲ့ အာဏာရှိ လူမိုက် မိုက်ကယ်၊ မိန်းမလည်း မရှိ၊ ကျားလည်းမကိုက်၊ သောက်သောက်စားစား လူရမ်းကားလေး။တနေ့တော့ သူ့သူငယ်ချင်း ကာဒီးရ်ဟာ အမျိုးသမီးဘောလုံးအသင်းရဲ့ နည်းပြအဖြစ်နဲ့ အသင်းအတူ ဒေလီသွားဖို့ သူ့ဆီ ဝင်ပါတယ်။မမျှော်လင့်ဘဲ မိုက်ကယ်ရဲ့ ရန်ကြွေးတွေကြောင့် နည်းပြဆရာ ကာဒီးရ်ကို ဓားချက်ထိခဲ့ရတယ်။ကြယ်ပွင့်လေး ၁၅ပွင့်ရဲ့ တစ်ဦးတည်းသော ကယ်တင်ရှင် နည်းပြကာသီဟာ တစ်နှစ်တာ အနားယူရမယ်လို့ သိလိုက်ရစဉ်မှာတော့.....-------------------------------------ဒီဇာတ်ကားထဲမှာတော့ ဗီဂျေးကို ဘောလုံးသမား၊ လူမိုက်ကြီး၊ နည်းပြ စသဖြင့် ပုံစံမျိုးစုံ မြင်ရပြီး အဖေလိုတစ်မျိုး သားလိုတစ်ဖုံ တွေ့ရမှာပါ။အဖေ ပေးတဲ့ ...
movie

Bigil (2019)

2019
Manikarnika – The Queen Of Jhansi [2019] 8.1
Manikarnika – The Queen Of Jhansi [2019] (Unicode)၂၀၁၉ ခုနှစ်မှာ ဘာသာစကား၅မျိုးနဲ့ရုံတင်ပြီး ထွက်လာခဲ့တဲ့ တေလဂူး အက်ရှင်၊ ဒရာမာ၊ သမိုင်းဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်ကားကြီး တင်ဆက်ပေးလိုက်ပါတယ်။တေလဂူးမင်းသားချော ဘိုင်ရာဘာလို့ အများခေါ်တဲ့ ရမ်ချရန်(Ram Charan)ကိုယ်တိုင် ပရိုဂျူဆာလုပ်ပြီး ရမ်ချရန်ရဲ့ ဖခင် Chiranjeevi ကို မင်းသားအဖြစ် တွေ့မြင်ရမှာပါ။မင်းသမီးမင်းသားတွေကတော့ အိန္ဒိယပရိသတ်တွေအဖို့ အထူးတလည် မိတ်ဆက်စရာ လိုမယ်မထင်ပါဘူး။မင်းသမီး နှစ်ယောက်ပါဝင်ပြီး Baahubaliကားထဲက မင်းသမီးချော Tamannah Bhatia၊ Viswasamထဲက နာမည်ကြီး မင်းသမီးချော Nayanthara၊နောက်ထပ် မင်းသား၃ယောက်ကတော့ ဟင်ဒီမင်းသားကြီး Amitabh Bachchan၊လူသိများတဲ့ 96 တမီးလ် မင်းသား Vijay Sethupathi၊တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ ယင်ကောင်ကားထဲက ဗီလိန်ကြီး Sudeep တို့အပြင် နောက်ထပ် တောင်ပိုင်းစတားတွေ များစွာပါဝင်ပါတယ်။၁၈၄၆ခုနှစ်ဝန်းကျင် အိန္ဒိယရဲ့ လွတ်လပ်ရေးမီးရှုးတန်ဆောင်ဖြစ်ခဲ့တဲ့ ...
movie

Manikarnika – The Queen Of Jhansi [2019]

2019
Airaa (2019) 7.7
Airaa (2019) သရဲကား တောင့်တနေကြတဲ့ CM Fan တွေအတွက် သရဲကား တစ်ကား တင်ပေးလိုက်ပါတယ်.... နယ်မြို့လေးထဲက အိမ်ကြီး တစ်အိမ် အဲ့ဒီ အိမ်ထဲက အပေါ်ဆုံး ထပ်မှာ သော့ခတ်ထားတဲ့ အခန်းတစ်ခုလဲ ရှိနေလေရဲ့ တစ်ခါ တစ်ခါ အသံတွေ ကြားပြီး အိမ်ထဲ လျှောက်သွားနေတဲ့ အရိပ်တစ်ခုလဲ ရှိနေပြန်တယ်.... အဲ့ဒီအိမ်ကြီးကို မျက်စိမမြင်တဲ့ အဖွားကြီး နဲ့ နားမကြားတဲ့ အစေခံ တစ်ယောက်က စောင့်ရှောက်ပြီး နေထိုင်ကြတယ်.... တစ်ရက်မှာတော့ မြို့ကြီးက မိန်းကလေးတစ်ယောက်ဟာ အိမ်က သဘောတူထားတဲ့ ယောင်္ကျားကို မယူချင်တာနဲ့ အဖွားဖြစ်သူ ရှိတဲ့ နယ်မြို့လေးကို ပြေးလာခဲ့တယ်... သူရောက်လာခဲ့တာကတော့ သော့ခတ်ထားတဲ့ အခန်းရှိနေတဲ့ အိမ်ကိုပဲ ဖြစ်ပါတယ်.... ဒီရုပ်ရှင်ကားကို Dolly Dolly က ဘာသာပြန်ပေးထားပါတယ်
movie

Airaa (2019)

2019
Viswasam (2019) 7.1
Viswasam (2019) Genre - Drama/Mystery IMDb Rating - 7.1/10 Google user - 88%တမီးလ်မင်းသားကြီး အာဂျီးကူးမားရဲ့ ယခုနှစ်မှာရုံတင်သွားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။မတင်တော့ဘူးလို့ ထားပေမဲ့ တောင်းဆိုသူတွေလည်းရှိနေတာမို့ တင်ဆက်ပေးလိုက်တာပါ။ဇာတ်လမ်းအကျဉ်း --------------------------သူကူးဒူရိုင်းဆိုတဲ့ လူလတ်ပိုင်းတစ်ယောက်...လူရမ်းကားကြီးတော့ မဟုတ်ရှာ။ဒါပေမဲ့ အားလုံးက ကြောက်ချစ်ရိုသေရသူပေါ့။ရွာဘုရားပွဲမှာလည်း သူအစီအစဉ် ချပေးမှ...ရွာသားတွေ အပေါ်လည်း ဩဇာညောင်းချက်ကနှစ်ယောက် မရှိ။ဘုရားပွဲကာလ ကျရောက်လာတော့....သူ့ဇနီးကို သွားခေါ်ဖို့ ပတ်ဝန်းကျင်က တိုက်တွန်းလာကြတယ်။"တချိန်က နင်တို့အတူ ဘုရားပွဲမှာ ပျော်ရွှင်ခဲ့ကြသလိုခုနေ ငါ မသေခင် မြင်သွားခဲ့ချင်သေးတယ်" တဲ့။သူ့အဖွားက ပြောရှာတယ်။မျက်နှာကိုသာ ပြုံးထားရတာရင်ထဲမှာတော့ မိုးတွေ ထစ်ချုန်းနေတာကို.. သူ ကိုယ်တိုင်ပဲ သိပါတယ်။နေရာဒေသတစ်ခုကို ခရီးထွက်ဖို့ ယူစရာတွေ လိုပေမဲ့အတိတ်ကအချိန်ကို ခရီးထွက်ဖို့တော့ ရင်ဘတ်တစ်ခုရှိရင် ရတယ်မဟုတ်လား။ရင်ထဲ ပူမိသမျှကို လူသိခံရမှာလည်း ခက်ပါရဲ့။တချိန်က ရပ်ရွာကို လာပြီး အခမဲ့ဆေးကုခန်းလေးလာဖွင့်ခဲ့တဲ့ အရမ်းလှတဲ့ ဆရာဝန်မလေး။ရပ်ရွာကို လာပြီး ဆေးကုခန်းလေး လာဖွင့်ခဲ့တာကသူကူးဒူရိုင်းရဲ့ ...
movie

Viswasam (2019)

2019