Channel Myanmar

Natsuki Hanae

Attack on Titan: THE LAST ATTACK (2024) 9.2
Attack on Titan: THE LAST ATTACK (2024) Attack on Titan : The Last Attack (တကယ့်ဇာတ်သိမ်း) ............................................................. ဒါကတော့ နောက်ဆုံးဇာတ်သိမ်းပိုင်းရဲ့ တကယ့်နောက်ရုပ်ရှင်ပါ . . . . လို့ပြောတာပဲ 🤣 AOTကိုကြည့်ဖူးတဲ့သူတွေအတွက် ဒီအပိုင်းက ဘာတွေပါမလဲ ဘာပိုထူးခြားလာလဲ ကြည့်သင့်လားအစရှိတဲ့မေးခွန်းတွေကိုဖြေရရင်တော့ ဒီရုပ်ရှင်ဟာ နောက်ဆုံး၂ပိုင်းဖြစ်တဲ့ အပိုင်း၈၈နဲ့၈၉ကို ပေါင်းပြီး ရုပ်ရှင်ရုံအရသာရအောင်ထုတ်ထားတာလို့ပဲ ရိုးရိုးရှင်းရှင်းပြောရမယ်ထင်တယ်။ဒါ့အပြင် ဒီရုပ်ရှင်ရဲ့အနှစ်က စာတန်းထိုးအပြီးမှာပါတဲ့ credit scene ပါပဲ စီးရီးရဲ့ဇာတ်သိမ်းကိုမချင့်မရဲဖြစ်ခဲ့တဲ့သူတွေ၊ လွမ်းမောခဲ့ရတဲ့သူတွေအတွက် အကောင်းဆုံးဖြေသိမ့်ပေးထားတယ်ဆိုရင်လည်းမမှားပါဘူး။ ကြည့်သင့်လားဆိုရင်တော့ AOTပရိသတ်ဆိုရင် အလွမ်းပြေကြည့်သင့်ပါတယ်။အပိတ်သီချင်းလေးတွေပါထည့်ပေးထားတော့ လိုက်ပြီးဆိုချင်ဆိုကြည့်ကြပေါ့ဗျာ။ ပြီးတော့ ဒီရုပ်ရှင်ဟာ ကမ္ဘာတဝှမ်းက AOTပရိသတ်တွေကို ကျေနပ်မှုပေးနိုင်ခဲ့တဲ့ပုံပါပဲ။IMDb 9.2/10 Rotten Tomatoes 99%ရထားတာက သက်သေပါပဲလေ။ဇာတ်လမ်းအကျဉ်းချုပ်ရေးပြဖို့ကလည်း စီးရီးတုန်းကရေးခဲ့တဲ့အညွှန်းကိုပဲ ပြန်ရေးရမယ်ထင်တယ်။ အသစ်အဆန်းမပါပဲ ဒါပဲမလို့လေ။ 😁ဇာတ်လမ်းအကျဉ်း လွန်ခဲ့တဲ့နှစ်တရာလောက်က Titanတွေရုတ်တရက်ပေါ်လာပြီး လူသားတွေကိုသတ်ဖြတ်စားသောက်ခဲ့ပါတယ်သူတို့ဘယ်ကနေရောက်လာလဲ သူတို့ကဘာတွေလဲဆိုတာ ဘယ်သူမှမသိခဲ့ကြပါဘူး Titanတွေရန်ကကာကွယ်ဖို့လူသားတွေဟာ တံတိုင်းကြီးသုံးခုကိုတည်ဆောက်ခဲ့ပြီး နှစ်ပေါင်းတရာကျော်တိုင် Titanတွေရန်ကနေကင်းဝေးခဲ့ပါတယ်ဒါပေမယ့် တနေ့မှာတော့သူတို့တခါမှမကြုံဖူးတဲ့ အလွန်ကြီးမားလှတဲ့ Titanကြီးတကောင် ပေါ်လာချိန်မှာတော့…. File size… 2.3 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Dr Nyan
movie

Attack on Titan: THE LAST ATTACK (2024)

A Whisker Away 2020 6.9
A Whisker Away 2020 A Whisker Away မူဂယ်ဆိုတဲ့ ကောင်မလေးသာ ဟီနိုဒယ်ဆိုတဲ့ သူ့ရဲ့အတန်းဖော်ကောင်လေးကို တစ်ဖက်သတ်ကြိုက်နေတယ် ဒါပေမယ့် ဟီနိုဒယ်ကတော့ သူ့ကို အဖတ်တောင်မလုပ်ရှာဘူး ဒါပေမယ့် မူဂယ်ဟာ အခွင့်အရေးတစ်ခုရခဲ့တယ် အဲ့ဒါကတော့ သူဟာ မှော်ဆန်တဲ့ မျက်နှာဖုံးတစ်ခုကို ရခဲ့တယ် အဲ့ဒီမျက်နှာဖုံးစွပ်လိုက်ရင် မူဂယ်ဟာ တာရိုဆိုတဲ့ကြောင်ကလေးအဖြစ်အသွင်ပြောင်းသွားပါတော့တယ် ပိုပြီးကံကောင်းတာက မူဂယ်ချစ်ရတဲ့ ဟီနိုဒယ်ဟာ မူဂယ်ဆိုတဲ့ လူသားအသွင်နဲ့ ကောင်မလေးကိုအဖက်မလုပ်ပေမယ့် တာရိုဆိုတဲ့ကြောင်မလေးအဖြစ်နဲ့ဆိုရင်တော့ သိပ်ကိုချစ်ပါတယ် ဒီလိုနဲ့ မူဂယ်ဟာ ကြောင်မလေးအသွင်နဲ့ နေ့တိုင်းအချိန်မှန် ဟီနိုဒယ်ဆီကို သွားပါတော့တယ် ဒါပေမယ့် မိသားစုနဲ့ပတ်သတ်ပြီး စိတ်ဒဏ်ရာရှိတဲ့ မူဂယ်ဟာ ကြောင်ဘ၀နဲ့ပဲနေချင်တယ်လို့ ဆန္ဒတစ်ခုပြုလိုက်ရာကနေ လူအသွင်ကို ပြန်ပြောင်းမရဘဲ ဖြစ်သွားပါတော့တယ် လူပြန်ဖြစ်ဖို့ဆိုရင် သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ သူ့ရဲ့ လူသားမျက်နှာဖုံးကို ပြန်ရှာဖို့ကြိုးစားရပါတော့မယ် ...... ဟီနိုဒယ်ကို သူ့ရဲ့ခံစားချက်တွေဖွင့်ပြောဖို့ရ သူလူပြန်ဖြစ်မှရမှာပါ .... တစ်ဖက်မှာလဲ မျက်ဖုံးရောင်းသွားတဲ့သူက မူဂယ်ရဲ့အသက်ကို လူဖြစ်ချင်တဲ့ကြောင်တစ်ကောင်နဲ့ ...
movie

A Whisker Away 2020