Channel Myanmar

Nathan Lane

The Lion King at the Hollywood Bowl (2025) 7.0
The Lion King at the Hollywood Bowl (2025) The Lion King at the Hollywood Bowl (2025) ============================IMDb rating - 7/10ငယ်ငယ်တုန်းက ကျွန်တော်အပါအဝင် လူကြီးလူငယ်မ‌ရွေးကြိုက်ခဲ့ကြတဲ့၊ အခုအချိန်ထိ ကြိုက်နေဆဲဖြစ်ကြတဲ့ The Lion King (1994) ကာတွန်းရုပ်ရှင်လေးကို အခုအခါမှာတော့ နှစ်(၃၀)ပြည့် အထိမ်းအမှတ်အနေနဲ့ Hollywood Bowl ပြဇာတ်ရုံကြီးမှာ သီချင်းတွေနဲ့ သီဆိုကျင်းပခဲ့ပြီးပါပြီ။ရုပ်ရှင်ထဲမှာ ပါဝင်အသံသရုပ်ဆောင်ပေးခဲ့ကြတဲ့ လူဟောင်းတွေကိုလည်း အများကြီးပြန်မြင်တွေ့ရမှာဖြစ်ပြီး ၎င်းရုပ်ရှင်သီချင်း‌ တွေကို ထုတ်လုပ်ဖန်တီးပုံအဆင့်ဆင့်ကိုပါ မြင်တွေ့ရမှာရယ်၊ ငယ်ငယ်က The Lion King ရုပ်ရှင်ထဲ အရမ်းကြိုက်ခဲ့ရတဲ့ သီချင်းတွေကိုပါ စင်မြင့်ထက်မှာ ဖျော်ဖြေထားတာကိုပါ တွေ့ရမှာဆိုတော့ အရမ်းအရမ်းကို ကျေနပ်အားရစေမှာပါ။ ဒီ concert film ကြီးကို ထိုင်ကြည့်နေရုံနဲ့တင် အပြင်မှာ တကယ်ရောက်သွားသလို ခံစားချက်ပါ ရရှိမှာဖြစ်ပါတယ်။ File size… 2.2 GB / 1.1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 8m Subtitle….Myanmar Subtitle (Hard ...
movie

The Lion King at the Hollywood Bowl (2025)

The Vanishing of Sidney Hall (2017) 6.8
The Vanishing of Sidney Hall (2017) The Vanishing of Sidney Hall (2017)IMDb Rating (6.8)The Perks of Being a Wallflower ရဲ့မင်းသားချော Logan Lerman ,မင်းသမီးချော Elle Fanning , Margaret Qualley စတဲ့တက်သစ်စတွေကို ဝါရင့်တွေဖြစ်တဲ့ Kyle Chandler , Michelle Monaghan တို့နဲ့ တွဲဖက်ပွဲထုတ်ခဲ့ပြီး Rating ကောင်းကောင်း ဝေဖန်မှုကောင်းကောင်းရရှိခဲ့တဲ့ Drama/Mystery/ Romance ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းကတော့... Sidney Hall ဆိုတဲ့စာရေးဆရာတစ်ယောက်ကို အခြေပြုတည်ထားတာဖြစ်ပြီး ဒီဇာတ်ကားမှာ Sidney Hall ရဲ့ ဘဝကို ဆယ်ကျော်သက်အရွယ်၊ လူလတ်ပိုင်းနဲ့ သူပျောက်ဆုံးသွားတဲ့ အပိုင်းဆိုပြီး ၃ပိုင်းခွဲပြီး တင်ပြထားပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ဖြစ်ပျက်ခဲ့တာတွေ၊ လူလတ်ပိုင်းမှာဖြစ်ပျက်ခဲ့တာတွေကို အပြန်အလှန် ရိုက်ကူးပြထားပြီး အောင်မြင်တဲ့စာရေးဆရာဖြစ်လာပြီးတဲ့နောက်မှာတော့ ထူးဆန်းစွာပျောက်ဆုံးသွားပါတယ်။အဲဒီမှာပဲ သူ့ရဲ့ပျောက်ဆုံးမှုကိုလိုက်ခြေရာခံခဲ့တဲ့ Fraincis ဆိုသူပေါ်လာပြီး လိုက်လံဖော်ထုတ်ပါတော့တယ်။ Sidney Hall ဘာကြောင့်ပျောက်ဆုံးသွားရတာလဲ၊ သူဆယ်ကျော်သက်အရွယ်မှာ၊လူငယ်ဘဝမှာဘာတွေဖြစ်ပျက်ခဲ့လဲ၊ Francis ကရောဘာကြောင့်လိုက်လံစုံစမ်းရတာလဲ၊ ဘယ်လိုမြုပ်ကွက်တွေ ...
movie

The Vanishing of Sidney Hall (2017)

2017
Win a Date with Tad Hamilton! (2004) 5.6
Win a Date with Tad Hamilton! (2004) Win A Date With Tad Hamilton ဒီဇာတ်ကားလေးကတော့ Boomers တွေအတွက် တစ်ခေတ်တစ်ခါက ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ ဒရာမာလေးပါ။ ဇာတ်လမ်းထဲမှာ တက်ဒ်ဟယ​်မေတန်နဲ့ ဒိတ်ဖို့ ကံထူးဆုပေါက်သွားတဲ့ မိန်းကလေးအကြောင်းရေးထားတာပါ။ ဆိုလာဆီဆိုတဲ့ မိန်းကလေးဟာ စူပါမားကတ်တစ်ခုမှာကောင်တာထိုင်တဲ့မိန်းကလေးမှာ သူမှာအရမ်းချစ်ရတဲ့ သူငယ်ချင်း ကတ်သီနဲ့ ပိထ်ရှိပါတယ်။ ဖြစ်ချင်တော့ ပိထ်က သူ့ကို ငယ်ဘဝထဲက စကြိုက်လာတာပါ။ ဒါပေမဲ့ အချစ်ဦးတွေရဲ့ ထုံးစံဆိုသလို သတ္တိမရှိတဲ့အတွက် ပိထ်ဟာ အရိပ်တကြည့်ကြည့် နေခဲ့ရသူပါ။ ဒီလိုနဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်တဲ့ တက်ဒ်ဟယမေတန်နဲ့ ရိုဆာလီတို့ ဒိတ်ခွင့်ရသွားတဲ့အခါမှာတော့...File size_(1.8GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:43:00 Genre_Comedy, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark 
movie

Win a Date with Tad Hamilton! (2004)

Titan A.E. (2000) 6.6
Titan A.E. (2000) Titan A.E. (2000)~ IMDb - 6.6/10, Rotten Tomatoes - 50% ~အဟောင်းထဲက ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Matt Damon နဲ့ Drew Barrymore တို့လို နာမည်ကြီးတွေ အသံသရုပ်ဆောင်ထားတဲ့ Animation ဇာတ်ကားကောင်းတစ်ခုပေါ့။ဂလက်ဆီ တစ်ခုလုံးကို ခြိမ်းခြောက်နေတဲ့ ဒရက်ဂ်ျ ဆိုတဲ့ မျိုးနွယ်စုကြီးတစ်ခု ရှိပါတယ်။ 3028 ခုနှစ်မှာတော့ ကမ္ဘာမြေမှာ အရမ်းကို စွမ်းအားကြီးတဲ့ တိုက်တန် ပရောဂျက်တစ်ခုကို လူသားမျိုးနွယ်တွေ ပြင်ဆင်ထားခဲ့ပါတယ်။ ဒရက်ဂ်ျတွေဟာ ဒီတိုက်တန်ပရောဂျက်ကို တားဆီးဖို့အတွက် လူသားမျိုးနွယ်ကို မျိုးသုဉ်းဖျက်ဆီးပြီး ကမ္ဘာမြေကို ဖောက်ခွဲပစ်ခဲ့ပါတယ်။ တိုက်တန်ပရောဂျက်ရဲ့ အဓိက ခေါင်းဆောင် ဆမ်ဟာ လူမမယ်‌သားလေး ကေးလ်ကိုတော့ လွတ်မြောက်ရေးယာဉ်ထဲ ထည့်ပေးလိုက်ပြီး သူကတော့ ဒရက်ဂ်ျတွေနဲ့ ရင်ဆိုင်ခဲ့ပါတယ်။နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာ အနည်းငယ်သာ ကျန်ရှိတော့တဲ့ လူသားမျိုးနွယ်စု ဆက်လက်ရှင်သန်ရေးက ...
movie

Titan A.E. (2000)

2000
Beau Is Afraid (2023) 7.1
Beau Is Afraid (2023) Beau Is Afraid (2023)~ IMDb - 7.1/10, Rotten Tomatoes - 67% ~မင်းသားကြီး ဝါကင်းဖီးနစ်ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဟာသ၊ ဒရာမာ၊ ဟော်ရာ အမျိုးအစားပါ။ ရုပ်ရှင်လောကရဲ့ ထူးထူးဆန်းဆန်းနဲ့ ပြောင်မြောက်တဲ့ ရုပ်ရှင်တွေကို ထုတ်လုပ်နေကျ A24 ကုမ္ပဏီရဲ့ ရုပ်ရှင်ပေါ့။ ဒါရိုက်တာကလည်း ဟော်ရာရုပ်ရှင်လောကရဲ့ ပြောစမှတ်ဖြစ်စရာ ရုပ်ရှင်နှစ်ကားဖြစ်တဲ့ Midsommar နဲ့ Hereditary ကို ရိုက်ခဲ့တဲ့ Ari Aster ပါပဲ။ သူကိုယ်တိုင် ဇာတ်ညွှန်းရေး ဒါရိုက်တာ၊ တွဲဖက်ထုတ်လုပ်သူအဖြစ်လုပ်ခဲ့တာပါ။ ရုပ်ရှင်တစ်ခုလုံးက အိပ်မက်ဆိုးကြီးနဲ့ တူနေပါတယ်။ ကြောက်စရာတွေ ရယ်စရာတွေ သောင်းပြောင်းဖြစ်နေပြီး တစ်ခုကနေ တစ်ခုကို ခုန်ကူးသွားပါတယ်။ဒီရုပ်ရှင်ဟာ မူလက ၄ နာရီစာ ရိုက်ကူးဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ရုံတင်ဖို့အတွက် ၂ နာရီ ၅၉မိနစ် ...
movie

Beau Is Afraid (2023)

2023
4K HEVC
Frankie and Johnny (1991) 6.7
Frankie and Johnny (1991) Frankie and Johnny (1991)~ IMDb - 6.7/10, RT - 69%, Meta - 66% ~Frankie and Johnny ဆိုတာကတော့ အမေရိကန်ရဲ့ နာမည်ကျော် ရှေးသီချင်းတစ်ပုဒ်ဖြစ်ပြီး လွန်လေပြီးသော King of Rock & Roll ကြီး Elvis Presley တောင် သူ့ရုပ်ရှင်မှာ ထည့်သွင်းသီဆိုခဲ့ပါသေးတယ်။ မူရင်းသီချင်း‌က‌တော့ ဖရန်ကီဆိုတဲ့ မိန်းမတစ်ယောက်နဲ့ ဂျွန်နီဆိုတဲ့ ယောက်ျားတစ်ယောက်ကြားက ဇာတ်လမ်းတစ်ပုဒ်ကို သီဆိုထားတာပါ။ ဒီကားကလည်း ဖရန်ကီဆိုတဲ့ စားပွဲထိုးမလေးနဲ့ ဂျွန်နီဆိုတဲ့ သက်လတ်နှောင်းပိုင်းစားဖိုမှူးတို့ကြားက ချစ်ခြင်းမေတ္တာပါ။ သီချင်းထဲမှာတော့ တခြားမိန်းမတစ်ယောက်နဲ့ဖောက်ပြန်နေတဲ့ ဂျွန်နီ့ကို ဖရန်ကီက သေနတ်တစ်လက်နဲ့ အဆုံးသတ်ပေးလိုက်ပါတယ်။ တကယ့်လူသတ်မှုတချို့ကိုအခြေခံထားတယ်လို့လည်း ပြောကြပါတယ်။အခုဒီရုပ်ရှင်ကားဟာလည်း ဒီသီချင်းနာမည်ပေါ် လုံးလုံးအခြေခံထားပေမယ့် သီချင်းထဲကအကြောင်းအရာနဲ့တော့ လားလားမှ မဆိုင်ပါဘူး။ ဇာတ်လမ်းအကျဉ်းလေးကို စလိုက်မယ်နော်...ထောင်ကလွတ်လာကစ ...
movie

Frankie and Johnny (1991)

1991
The Lion King 1½(2004) 6.7
The Lion King 1½(2004) The Lion King 3================The Lion King ရဲ့ ဇာတ်ဆောင် ခြင်္သေ့လေး စင်ဘာရဲ့ အချစ်တော်သူငယ်ချင်း တီမုန်နဲ့ ပွန်ဘာကို အားလုံး သိကြပြီးဖြစ်မှာပါ။ဒီဇာတ်လမ်းလေးမှာတော့ ကန့်လန့်ကာနောက်က တီမုန်နဲ့ ပွန်ဘာတို့ကိုနည်းနည်းသွားကြည့်လိုက်ကြရအောင်…ဇာတ်လမ်းလေးက ဒီလိုစပါတယ် …မြွေပါလေးတွေဟာ သက်ရှိစက်ဝန်းကြီးရဲ့ အောက်ပိုင်းကသတ္တဝါလေးတွေပါ။ ဒီတော့ တခြားအင်အားကြီး သားရဲတွေရဲ့ ရန်ကိုအမြဲပူပန်နေကြရပါတယ်။ တီမုန်တို့ မြွေပါလေးတွေဟာ သူတို့ကို စားမယ့်ခွေးအတွေ ရန်က ကာကွယ်ဖို့ တစ်နေ့တစ်နေ့ တွင်းတွေတူးရတာနဲ့ပဲအချိန်ကုန်နေပါတယ်။ မြွေပါလေး တီမုန်ကတော့ ဒီလို တွင်းတွေတူးရပုန်းကြရတဲ့ဘဝကို သဘောမကျလှပါဘူး။ အများနဲ့မတူတဲ့ တီမုန်အုပ်စုထဲမှာ အဆင်မပြေဖြစ်လာရပါပြီပြီ။ ဒါ့အပြင် အပြင်မှာသူနဲ့အဆင်ပြေတဲ့နေရာ ရှိရမယ်လို့လည်း တစ်ထစ်ချ ယုံကြည်နေပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ သူနဲ့အဆင်ပြေရာကို ရှာဖို့ အမေနဲ့အဖော်မြွေပါတွေကို ထားခဲ့ပြီး ခရီးနှင်ပါတော့တယ်။ လမ်းမှာဘာလုပ်ရမယ် ဘယ်ကိုသွားရမယ်ဆိုတာ မသိလို့ ငိုနေတဲ့ တီမုန်ပညာရှိမျောက်ကြီးနဲ့ တည့်တည့်တိုးပါတော့တယ်။ မျောက်ကြီးကမင်းက ...
movie

The Lion King 1½(2004)

Stuart Little (1999) 5.9
Stuart Little (1999) Stuart Little (1999)Childhood Favorite Movies တွေထဲက တစ်ခု ဖြစ်လောက်မယ် ထင်တဲ့ ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ...ဒီစတူးဝပ် လစ်တဲလ်ဆိုတဲ့ ကားလေးဟာ စိတ်ကူးယဉ်မှုတွေနဲ့အမြဲပြည့်နှက်နေတတ်တဲ့ ကျွန်တော်တို့ရဲ့ ငယ်ဘဝမှာ အရမ်းကြည့်လို့ကောင်းခဲ့တဲ့ fairy tales ဆန်ဆန် ဇာတ်ကားလေးပါ အရမ်းကြည့်လို့ကောင်းပြီး sweet ဖြစ်ပါတယ်လူကြီးဖြစ်သွားလို့ ပြန်ကြည့်တော့ လက်တွေ့မဆန်တာတွေ ပေါတာတွေကို သတိပြုမိပေမယ့်လည်း Nostalgia ဆိုတာက ဆိုးဆိုးကောင်းကောင်း Nostalgicဖြစ်စေမယ်ဆိုရင်ကို ကြည့်ရတာ ပီတိဖြစ်စေတယ် မဟုတ်ပါလော...အဲ့ဒီတော့ ဒီလို ဇာတ်ကားလေးကို မျှော်လင့်စောင့်စားနေတဲ့သူတွေအတွက် CM ကနေ စေတနာအပြည့်နဲ့ ထွမ်ပြီး တင်ပေးလိုက်ရပါတယ် ကြိုက်ကြတယ်ဆိုရင် 2ကိုပါ ဆက်တင်ပေးမှာမလို့ အားပေးကြပါဦးနော်ကြည့်ဖူးပေမယ့် ဇာတ်လမ်းကို မေ့နေတဲ့သူတွေအတွက်ရော မကြည့်ဖူးသေးတဲ့သူတွေအတွက်ရော ဒီချစ်စရာကောင်းတဲ့ ကြွက်ကလေးစတူးဝပ်ရဲ့ ဇာတ်လမ်းအကျဉ်းကို ပြောပြပေးပါ့မယ်နော်ဂျော့ဂျ် လစ်တဲလ် ဆိုတဲ့ ကောင်လေးက လစ်တဲလ်မိသားစုရဲ့ တစ်ဦးတည်းသောသားပါ ...
movie

Stuart Little (1999)

Astro Boy (2009) 6.3
Astro Boy (2009) ဒီနေ့တော့ CM ပရိတ်သတ်တွေအတွက် IMDb Rate မှာ 6.4 ရရှိထားတဲ့ Astro Boy လို့ခေါ်တဲ့ Animation ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်... ဘယ်လိုသဘောမျိုးနဲ့နေနေကြည့်သင့် တဲ့ Animation ကားကောင်းလေးဖြစ်ကြောင်းတော့အသိပေးပါရစေ Dr. Tenma ဆိုတာ Toby ကို သိပ်ချစ်တဲ့ ဖခင်ကောင်း တစ်ယောက် ဖြစ်သလို Robot တည်ထွင် ရာမှာလဲ နာမည်ကြီးတဲ့ သိပ္ပံ ပညာ ရှင်တစ်ယောက် ဖြစ်ပါတယ်။ Dr. Tenma ရဲ့ သားပီပီ သိပ္ပံပညာ တွေကို စိတ်ဝင်စားတဲ့ Toby ဟာ Dr. Tenma ရဲ့ ခွင့်ပြုချက် မပါပဲ နည်းပညာသစ် Red Core နဲ့ Blue Core တို့ စမ်းသပ်တဲ့ ပြပွဲကို ခိုးပြီး သွားရောက် ခဲ့ပါတယ်။ Red Core ထဲ့သွင်း စမ်းသပ်တဲ့ စက်ရုပ်ဟာ ထိန်းချုပ်မှု လွတ်ထွက်သွားပြီး ပုံကန်တဲ့ အချိန်မှာ မထင်မှတ်ပဲ ...
movie

Astro Boy (2009)

2009
The Nutcracker in 3D(2010) 4.4
The Nutcracker in 3D(2010) The Nutcracker in 3D(2010) ဇာတ်လမ်းသဘောတရားလေးကတော့ အရမ်းစိတ်ကူးယဉ်တတ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကူးယဉ်ဇာတ်လမ်းလေးကို စိတ်ဝင်စားဖွယ်ကောင်းတဲ့ ကာတွန်းဇာတ်ကောင်ရုပ်လေးတွေနဲ့ ဖန်တီးရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်... ဇာတ်လမ်းထဲကမိန်းကလေးရဲ့စိတ်ကူးထဲမှာ အရုပ်တွေဟာအမှန်တကယ် အသက်ရှိတယ်လို့ယုံကြည်မှုရှိပြီး တစ်နေ့မှာတော့ မထင်မှတ်ပဲ သစ်သားရုပ်တစ်ရုပ်ဟာ သူ့ကိုစပြီး စကားပြောလာခဲ့တယ် ... အဲ့နောက်မှာတော့ အဲ့ဒီအရုပ်လေးရဲ့နောက်ကြောင်းနဲ့ရာဇဝင်နဲ့ သူ့ရဲ့ရန်သူဖြစ်တဲ့ကြွက်တွေအကြောင်းတွေကို သိလာခဲ့ရတယ်.... အဲ့ဒီရန်သူကြွက်တွေကို မိန်းကလေးနဲ့သစ်သားရုပ်လေးတို့ ဘယ်လိုဆက်ပြီးရင်ဆိုင်ကြမလဲ ဆိုတာကိုတော့ လက်တွေ့နဲ့စိတ်ကူးယဉ်မှုအကြား ဖန်တီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးကိုပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါတော့.. Fantasy  ကားလေးတွေကိုသဘောကျတဲ့သူအတွက်ကြည့်လို့ကောင်းတဲ့ကားလေးပါ...ဒီကားကို CM ဘာသာပြန်တစ်ဦးဖြစ်တဲ့ Ko Zwel Zan Aung မှသူ့ချစ်သူကောင်မလေးအတွက်ရည်ရွယ်ပြီးဘာသာပြန်ပေးထားတာပါ... မည်သို့ပင်ဆိုစေကာမူ ကျွန်တော်တို့ Channelmyanmar မှလည်း Fantasy ရုပ်ရှင်ချစ်သူတွေအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါသည်.... File Size : (850 MB) and (317 MB) Quality : Blu-Ray 720p Format…mp4 Duration…01:50:00 Genre :  Action , Family , Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded ...
movie

The Nutcracker in 3D(2010)

2010