Channel Myanmar

Nan Sikai

God Of War ( 2020 ) 5.7
God Of War ( 2020 ) အခုတင်ဆက်ပေးမဲ့ကားလေးကတော့ဟန်မင်းဆက်နောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအရှုပ်အထွေးတွေအကြောင်းကို ပုံဖော်ရိုက်ကူးထားခြင်းဖြစ်ပါတယ် Mobile Legend ထဲက Hero တစ်ယောက်ဖြစ်တဲ့ Zhao Zilong ရဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်ကျစ်လုံဟာဆိုရင် ရှုံးပွဲမရှိဖူးတဲ့ အဖြူရောင်မြင်းစီးသူရဲကောင်းအဖွဲ့ရဲ့ စစ်သူကြီးတစ်ယောက်ပါ ဒါပေမဲ့ ကျစ်လုံဟာ ချင်ကျုံစစ်ပွဲမှာ ညီနောင်အများစု တိုက်ပွဲကျခဲ့ပြီး သူ့ရဲ့ အစ်ကိုဖြစ်သူ တိုက်ပွဲကျသွားတဲ့ အဖြစ်ကြောင့် နိုင်ငံရေးအရှုပ်အထွေးတွေကနေ အနားယူခဲ့ပါတယ် သို့ပေမဲ့ ခုနှစ်နှစ်ကြာပြီးတဲ့အခါမှာ ကျစ်လုံအနေနဲ့ ပရမ်းပတာဖြစ်နေတဲ့ နိုင်ငံတော်ကြီးကို ပြန်လည်မွန်းမံ့ဖို့ နိုင်ငံအရှုပ်အထွေးတွေနဲ့ ပြန်လည် ပတ်သတ်ရတဲ့အခါမှာတော့ ကျစ်လုံအနေနဲ့ ရှုပ်ထွေးပွေလီလှတဲ့ နိုင်ငံ့အရေးတွေကြားမှာ ဘယ်လိုနောက်တစ်ဖန် ပြန်ရပ်တည်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားလိုက်ကြပါဦးနော် Filesize : 1.55 GB / 836 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Action , History Runtime : 1h 33 min Subtitle : Myanmar Subtitle ( ...
movie

God Of War ( 2020 )

Thunder Rescue ( 2023 ) 5.7
Thunder Rescue ( 2023 ) ဒီဇာတ်ကားလေးကတော့ မိုးကြိုးစစ်ဆင်ရေးဆိုတဲ့ မူးယစ်တိုက်ဖျက်ရေး စစ်ဆင်ရေးအကြောင်းတစ်ခုကိုရိုက်ထားတာပဲဖြစ်ပါတယ်။ ဒီကားမှာတော့ မင်းသားကသာမူးယစ်ဂိုဏ်းမှာသူလျှိုလုပ်ပြီး မူးယစ်ရာဇာကိုဖမ်းတဲ့အကြောင်းကိုအဓိကထားတာမဟုတ်ပဲ။ မူးယစ်ရာဇာတစ်ယောက်ကိုဖမ်းဆီးလိုက်ပြီး နောက်ပိုင်းမှ မူးယစ်ရာဇာရဲ့ညီတွေက လက်စားချေဖို့ ရဲအရာရှိတစ်ယောက်ရဲ့သမီးလေးကိုဖမ်းပြီးတော့ သူတို့အစ်ကိုကိုလွှတ်ပေးဖို့ အကြပ်ကိုင်လာတယ်။အဆင့်ဆင့် ကလေးမလေးကိုကယ်တင်ဖို့ဘယ်လိုကြိုးစားရင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားတဲ့အဖွဲ့ကို ဘယ်လိုအမြစ်ကနေရှင်းပစ်လဲဆိုတာရိုက်ထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action , Crime Runtime : 1h 4 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK
movie

Thunder Rescue ( 2023 )

Forbidden Zone ( 2023 ) 5.8
Forbidden Zone ( 2023 ) ကောင်းကင်ဘုံကျွန်းမှာ လူသားတွေရဲ့အရှင်သခင်ဖြစ်စေနိုင်တဲ့ အာဏာတည်တဲ့ ဧကရာဇ်ရတနာတစ်ခုရှိခဲ့ပါတယ် ရတနာကိုကာကွယ်ဖို့အတွက် သင်တန်းသားတွေကို စွမ်းအားရှင်ဖြစ်တဲ့အထိကျင့်ပေးတဲ့နန်းတော်တစ်ခုလည်းရှိပါတယ်ဒါပေမယ့် နန်းတော်ထဲကစွမ်းအားရှင်တွေကိုယ်တိုင် ဧကရာဇ်ရတနာကိုတပ်မက်လာတဲ့အချိန်မှာတော့ အဆုံးအဆမဲ့တိုက်ပွဲတွေဖြစ်ပြီး သေကြေခဲ့ကြပါတယ်စွမ်းအားရှင်တွေထဲမှာ ရွှီခုန်းဆိုတဲ့သင်တန်းသားက အဆင့်နိမ့်ဆုံးစွမ်းအားရှင်ဖြစ်ပေမယ့် သူ့ဆရာနဲ့ညီအကိုတွေရဲ့အားပေးမှုနဲ့အတူ ဧကရာဇ်ရတနာကို ရှာဖို့လမ်းစလာခဲ့ပါတယ်ရွှီခုန်း ဧကရာဇ်ကိုရှာရတာက တခြားညီနောင်စွမ်းအားရှင်တွေလို လူ့လောကကိုအုပ်ချုပ်နိုင်တဲ့ အာဏာယူဖို့လား တိုက်ပွဲတွေကိုရပ်တန့်နိုင်ဖို့လားဆိုတာကို လျှို့ဝှက်ချက်ပေါင်းများစွာနဲ့ ကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy , Mystery Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kyawt Encoded by LK
movie

Forbidden Zone ( 2023 )

Nameless Hero ( 2023 ) 5.9
Nameless Hero ( 2023 ) CM movie fanလေးတွေထဲကမှ actionမှကြိုက်တာဆိုတဲ့ သူလေးတွေအတွက် နိုင်ငံရေးစစ်ကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်။90sတစ်ဝိုက်မှာ နိုင်ငံရေးအယူဝါဒကွဲလွဲမှုတွေအပေါ်အခြေခံပြီး စ စ်ပွဲတွေက ဆူပူအုံကြွနေခဲ့တယ်။ကျင်ကျိုးမြို့နစ်ခုလုံးကို နယ်ခြားစောင့်တပ်တွေ ဝန်းရံထားတဲ့အချိန် ...စစ်မြေပြင်မှာမတရားတာမရှိဘူးဆိုသလိုပဲ သူစီကိုယ်စီ ဌာနအတွင်းမှာ သူလျှိုတွေစေလွှတ်ထားချိန်မှာ.. ကုဒ်နာမည် *မြွေစိမ်း*လို့သိကြတဲ့ သတင်းအချက်အလက်သူလျှို လျိုသာ့ဝေဟာ သရုပ်မှန်ပေါက်ကြားပြီး ဖမ်းစီးမှုကိုခံခဲ့ရတယ်။မြွေစိမ်းဟာ စစ်တပ်လက်အောက်ခံဖြစ်တဲ့အတွက် အထက်က စစ်‌ကြောရေးအတွက် လျှို့ဝှက်ထိန်းသိမ်းရေးဌာနက *လင်ရှီး*ကို တာဝန်ထမ်းဆောင်ဖို့ စေလွှတ်ခဲ့တယ်။အဲ့အချိန်မှာ မြွေစိမ်းကို ဖမ်းမိခဲ့တဲ့သူက ပါတီရေးရာနဲ့ပြန်ကြားရေးဌာနဖြစ်တဲ့အတွက် လင်ရှီးဟာ ထိုဌာနရဲ့ဦးစီးချုပ်"ကျိုးယင်ချွင်း"နဲ့ သူ့ရဲ့မဟာမိတ်ဖြစ်သူ နိုင်ငံတော်ကာကွယ်ရေးတပ်ခွဲ၂ကအထူးတပ်ဖွဲ့ဝင်ကျန်းဝေနဲ့အတူ ပူးပေါင်းစစ်ကြောရေးဆင်းဖို့ဖြစ်လာတော့တယ်။မြွေစိမ်းဟာ ကွန်မြူနစ်ပါတီသူလျှိုဖြစ်ပြီး သူ့ရဲ့လက်ထဲမှာ ကျင်ကျိူးမြို့ကာကွယ်ရေးမြေပုံရှိသလို ဒါကသူကျင်ကျိုးကိုထိုးစစ်ဆင်ရာမှာကူညီဖို့ မြို့ပြင်ကိုလက်ဆင့်ကမ်းရမဲ့ အချက်အလက်လည်းဖြစ်တယ်။ မြွေစိမ်းကျဉ်းထဲကျပ်ထဲရောက်နေတဲ့အချိန်မှာ လင်ရှီးရဲ့လျှိုဝှက်တာဝန်က အဲ့ဒီမြေပုံကိုလွှဲပြောင်းယူပြီး လက်ဆင့်ကမ်းပေးရမှာပါ။မမျှော်လင့်ထားတဲ့အလှည့်အပြောင်းတွေကြားထဲမှာ လင်ရှီးက သူ့ရဲ့တာဝန်ကိုအောင်မြင်စွာထမ်းဆောင်နိုင်ပါ့မလား သူ့ရဲ့လမ်းခရီးမှာရော ဘယ်လိုဘက်တော်သားတွေနဲ့ တွေ့ဆုံရဦးမလဲ အာဏာမှိုင်းတွေ ရောထွေးနေတဲ့နယ်ပယ်ကြီးမှာ ဘယ်အရာက တရားမျှတမှုလမ်းစဉ်ဖြစ်မလဲဆိုတာ... ဇာတ်လမ်းမှာအသေးစိတ်ကြည့်ရှုလိုက်ပါ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Drama , War Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...
movie

Nameless Hero ( 2023 )