Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Namo Narayanan
5.9
Niram Marum Ulagil (2025)
Niram Marum Ulagil (2025) "ကာလာစုံလောကကြီး" IMDb - 5.9/10လူသားတွေဟာ သူတို့ကိုယ်သူတို့ သက်ရှိတွေထဲမှာ အမွန်မြတ်ဆုံး အသိဉာဏ်အရှိဆုံးသတ္တဝါတွေအဖြစ်သတ်မှတ်လေ့ရှိကြတယ်။ဘယ်လောက်မွန်မြတ်ပါတယ် အသိဉာဏ်ရှိတယ်ဆိုပါစေ အယုတ်ညံ့ဆုံးလို့သတ်မှတ်ကြတဲ့ တချို့တိရစ္ဆာန်တွေလောက်တောင်လောကကို ကောင်းကျိုးမပေးတဲ့လူသားတွေကလည်း ဒုနဲ့ဒေး။အခုတင်ဆက်ပေးလိုက်တဲ့ တမီးလ်ရုပ်ရှင်ကတော့ မိဘမေတ္တာကိုအဓိက ဖော်ကျူးထားတဲ့ရုပ်ရှင်။မိန်းကလေးတစ်ယောက် သူ့မွေးနေ့ပွဲမှာ အမေဖြစ်သူနဲ့ ကတောက်ကဆဖြစ်လို့ အမေဖြစ်သူကို တစ်နှစ်ပတ်လုံး စကားမပြောတော့တဲ့အထိနေပြီး နောက်တစ်ကြိမ် မွေးနေ့ရောက်ချိန်မှာတော့ အမေဖြစ်သူရဲ့မျက်နှာကိုတောင် မမြင်ချင်ဘူးဆိုပြီး သူငယ်ချင်းဖြစ်သူဆီ ရထားစီးလိုက်ပါခဲ့ပါတယ်။ဒီမှာပဲ မီးရထားတွဲစောင့်ကြီးအဖြစ် ပါဝင်ထားတဲ့ ယိုဂီဘာဘူကြီးက အဲဒီမိန်းကလေးဖုန်းပြောနေတာကို ကြားမိရာကစလို့ ရထားပေါ်မှာ သူကြုံတွေ့ကြားမြင်ခဲ့ရတဲ့ ဇာတ်လမ်းတွေကို ပြောပြတာပေါ့။ယိုဂီဘာဘူပြောပြတဲ့ စိတ်ဝင်စားစရာဇာတ်လမ်းတွေမှာ လိုက်ပါစီးမျောလိုက်ကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်) File size…2.1 GB / 1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 26min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Niram Marum Ulagil (2025)
5.6
Badava (2025)
Badava (2025) ဘဝရဲ့ အချိုးအကွေ့လေးတွေIMDb 6.7/10အက်ရှင် ဟာသဒရမ်မာပရိသတ်တို့အတွက် တမီးလ်ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ဗယ်လန်က အလုပ်လက်မဲ့ ပြဿနာအိုးလေးတစ်ယောက်ပါ။ သူ့ကို အလုပ်လုပ်ဖို့ဆိုပြီး အိမ်ကသူအားလုံးက မလေးရှားကို အတင်းပြောင်းရွှေ့ခိုင်းကြပါတယ်။မလေးရှားရောက်သွားတော့လည်း အဆင်မပြေပြန်တဲ့အတွက် အလုပ်ပြုတ်ပြီး အိမ်ပြန်ရဖို့ပဲ ဖြစ်လာလေရဲ့။အဲဒီအချိန်မှာပဲ အုတ်ဖိုပိုင်ရှင်တစ်ယောက်ဟာ သူ့နယ်ခံအလုပ်သမားတွေကို လခနည်းနည်းပဲပေးပြီး အလုပ်မတရားခိုင်းနေတာကို သူက သိသွားပါတယ်။ဒီလိုနဲ့ မဟုတ်မမှန်ရင်ခေါင်းငုံ့မခံတတ်တဲ့ သူ့ရဲ့စိတ်ဓာတ်လေးပေါ်ထွက်လာပြီး ခေါင်းပုံဖြတ်နေတဲ့ အလုပ်ရှင်ကို ဆန့်ကျင်တော်လှန်ပါတော့တယ်။ဗယ်လန်ရဲ့ အခက်အခဲတွေကိုသတ္တိရှိရှိနဲ့ရင်ဆိုင်ပုံ၊ အရှုံးမပေးပုံတို့ကို စိတ်ခွန်အားတက်ကြွဖွယ်နဲ့ ဟာသဆန်ဆန်လေး တွေ့မြင်ရမှာမို့ ခံစားကြည့်ရှု အားပေးကြရအောင်ပါ။( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size…3.4 GB / 1.6 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 30min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie
Badava (2025)
7.1
Oru Thavaru Seidhal (2024)
Oru Thavaru Seidhal ( 2024 ) "မြေနေရာသေးသေးလေးပေးပါ..အိမ်လေးတစ်အိမ်ဆောက်ချင်လို့ပါ" ပိုက်ဆံမရှိတဲ့ ဆင်းရဲသားနင်းပြားသူငယ်ချင်းတစ်စုဟာ အလုပ်ရှာဖို့မြို့ပေါ်ကိုတက်လာကြပါတယ်။ မြို့ပေါ်မှာလည်းထင်သလိုမဖြစ်ဘဲ နောက်ဆုံးအိမ်ငှားခတောင်မပေးနိုင်တော့တဲ့အတွက် အခန်းကနှင်ထုတ်ခံရပြီး ညအိပ်စရာတောင်မရှိတာကြောင့် ဈေးကြီးထဲမှာ အချိန်သွားဖြုန်းရပါတော့တယ်။အဲဒီမှာ ပန်းသည်ကြီးတစ်ယောက်နဲ့တွေ့ဆုံခဲ့ပြီး ပိုက်ဆံရှာနည်း တွက်ချက်နည်း ဈေးရောင်းနည်းတွေကို လက်ချာရိုက်ခံလာပြီး ဖုန်းတစ်ကော ၁၀ ရူပီးနဲ့ ငှားစားကာ ပထမဆုံးပိုက်ဆံ ၁၀၀ စရှာလာနိုင်ခဲ့ပါတော့တယ်။သူတို့အဖွဲ့ရဲ့ မျှော်လင့်ချက်အိပ်မက်က အိမ်လေးတစ်အိမ်ဆောက်ပြီး အတူတကွပျော်ပျော်ရွှင်ရွှင်နေထိုင်သွားနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒီလိုနဲ့ ပိုက်ဆံရှာချင်ကြတဲ့သူတို့တစ်စုဟာ ငွေလွယ်လွယ်ရနိုင်မယ့်အခွင့်အရေးတစ်ခုနဲ့ တွေ့ကြုံလိုက်တဲ့အခါမှာတော့ လှည့်စားမှုတွေ၊ မမြင်နိုင်တဲ့အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ အဲဒီလမ်းကြောင်းကိုပဲ လျှောက်လှမ်းဖို့ရွေးကြမလား..ဘဝနဲ့ချီပြီးရင်းခဲ့တဲ့ ဒီအလောင်းအစားကိုပဲ အနိုင်ယူနိုင်မလား.. ကိုယ်ပိုင်ရည်မှန်းချက်တွေအောက်မှာပဲ သားကောင်အဖြစ် ကျရောက်သွားမလား.... တမီးလ်ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး Crime, Thriller ဇာတ်ကားအမျိုးအစားဖြစ်ပါတယ်။( ဘာသာပြန်နဲ့အညွှန်းကို CM Bollywood Team မှ တင်ဆက်ပေးထားတာဖြစ်ပါတယ် ) File size… 2.45 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
Oru Thavaru Seidhal (2024)
6.8
Akkaran (2024)
Akkaran (2024) "ကလဲ့စား"စိတ်ဝင်စားစရာ တမီးလ်မှုခင်းရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ဗီရာပန်ဒီဆိုတာ မိတဆိုးသမီးနှစ်ယောက်ကို ကျွေးမွေးစောင့်ရှောက်နေတဲ့ ဖခင်တစ်ယောက်။ အကြီးမလေးက ဆယ်တန်းပြီးတော့ အဖေဖြစ်သူ ပင်ပန်းမှာစိုးပြီး ကျောင်းဆက်မတက်တော့။ အငယ်မက ဆယ့်နှစ်တန်းတက်နေပြီး ဆရာဝန်ဖြစ်ချင်တဲ့သူ။သမီးတွေ စိတ်တိုင်းကျ နေထိုင်ခွင့်ပေးပြီး ညနေစောင်းရင် အရက်ကလေးတမြမြနဲ့ သေသွားတဲ့ ဇနီးဖြစ်သူရဲ့ဓာတ်ပုံကို စကားထိုင်ပြောနေတတ်တယ်။သမီးငယ်ဖြစ်သူ ပရီယာအသတ်ခံလိုက်ရတဲ့အချိန်မှာတော့ ဗီရာပန်ဒီတစ်ယောက်အရူးမီးဝိုင်းဖြစ်ရပါတော့တယ်။သမီးငယ်ကိုသတ်သွားတဲ့ တရားခံတွေကို စုံစမ်းပြီး လက်စားချေဖို့ကြိုးစားချိန်မှာတော့ မထင်မှတ်ထားတဲ့အကြောင်းအရာတွေနဲ့ တွေ့ကြုံလာရပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 1.65 GB / 805 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 47m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Akkaran (2024)
6.5
Turbo (2024)
Turbo (2024) "ဇိုး" IMDb - 6.5/10ဒီနှစ်ထဲမှာပဲ Bramayugam (2024)ဖြူမည်းရုပ်ရှင်နဲ့ ပရိသတ်အားပေးမှုတွေရခဲ့တဲ့ မလေယာလမ်းမင်းသားကြီး မမ်မူတီရဲ့ အသစ်စက်စက်ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးပါရစေ။ ဆရာဗီဂျေးစည်သူပတီလည်း ဧည့်သည်သရုပ်ဆောင်နေရာက ပါဝင်ထားပါသေးတယ်။ဂျို့စ်ဆိုတာ ရွာရဲ့အော်ကြောလန်။ ကျန်တဲ့အချိန်ထက် ဘုရားပွဲတော်အတွင်းမှာ ဂျစ်ကားကြီးနဲ့ ရောက်ချလာပြီး ရန်ပွဲတွေဖန်တီးတတ်သူကြီးပေါ့။တာဘိုတပ်ထားသလား ထင်မှတ်မှားရအောင် သောင်းကြမ်းတတ်သူမို့ သူ့ကို တာဘိုဂျို့စ်လို့တောင် ကင်ပွန်းတပ်ကြလေရဲ့။ဒါပေမဲ့ ပွဲတော်အတွင်း သူရန်ဖြစ်တာကြည့်ရဖို့ သက်သက်အရောက်လာတဲ့လူတွေက ရှိသေးသဗျာ။ ဘယ်လောက်ပဲလူကြမ်းကြီးဖြစ်နေပါစေ မိခင်ဖြစ်သူကိုကျလည်း ကြောက်ရပြန်ရော။ သူ့ဘော်ဒါဘော်ကျွတ်က ဘဏ်ဝန်ထမ်း ဂျယ်ရီ။ဂျယ်ရီ့အတွက်ဆို ကောင်မလေးမိဘအသိုင်းအဝိုင်းက သဘောမတူတာတောင် စေ့စပ်ပွဲနေ့ကြီး သွားခေါ်လာပေးတဲ့သူ။ တစ်နေ့ ဂျယ်ရီ့ဆီကို ကံကြမ္မာဂြိုလ်ဆိုးဝင်လာချိန် ဂျို့စ်လည်း ရှောင်လွှဲလို့မရတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်ဖြေရှင်းရပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 2.8GB / 1.34GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 35mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Turbo (2024)
2024
6.8
Thookudurai (2024)
Thookudurai (2024) "ရေတွင်းသရဲ"IMDb 6.8 ရထားပြီး အမှန်အကန်ရယ်ရမယ့် တမီးလ် ဟာသ/သရဲကားလေး တင်ဆက်ပေးလိုက်ပါပြီ ပိုစတာမှာ ယိုဂီဘာဘူကို မြင်လိုက်တာနဲ့ အဖောက်တလိုင်း ဇာတ်ကားဆိုတာ ပရိသတ်တို့ တန်းပြီးသိမှာပါလေဒီလိုဇာတ်ကားမျိုးကို မဆလာဖလင်လို့လည်း ခေါ်ကြပါသေးတယ် ဇာတ်လမ်း/ဇာတ်ကောင် ရှိရှိသမျှ ရောသမမွှေထားတဲ့ အဓိပ္ပာယ်ပေါ့ခင်ဗျာဇာတ်လမ်းအကျဥ်းကတော့... အလုပ်မရှိ စားစရာမရှိလို့ ခိုးစားဖို့ကြံတဲ့ သူခိုးသုံးယောက်က ဒဏ္ဏာရီလာ သရဖူကိုမှ ခိုးမိသွားတယ်လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က သမီးရှင်အဖေ သဘောမတူလို့ ယိုဂီဘာဘူတို့ ချစ်သူနှစ်ယောက် ခိုးရာလိုက်ပြေးရာက လက်ပူးလက်ကြပ်မိတော့ ယိုဂီဘာဘူတစ်ယောက် ရေတွင်းထဲ ပြုတ်ကျပြီး အစိမ်းသေ သေသွားတဲ့အခါမှာ သူ့ကောင်မလေးယူလာတဲ့ သရဖူပါအဆစ်ပါသွားတယ်ဒီကနေ မျက်မှောက်ခေတ်မှာ သရဲဖြစ်နေတဲ့ ယိုဂီဘာဘူက အားလုံးကို လိုက်ခြောက်ပြီး ပေါက်ကရတွေ ဖြစ်ကုန်တာပါပဲအဆက်အစပ်မတည့်တဲ့ ဟိုတစ်စဒီတစ်စ ဇာတ်လမ်းတွေအကုန် သူ့အလိုလို ပေါင်းစပ်သွားပြီး အစုံသုပ်လိုမျိုး ဦးတည်ရာ မယ်မယ်ရရ မရှိပေမယ့်လည်း...ဇာတ်လမ်းရဲ့ လိုရင်းဖြစ်တဲ့ တောင်စဥ်ရေမရ ဗြောက်သောက် ဖျော်ဖြေရေးက အားမနည်းသွားတာမို့ ကြည့်နေရင်း အချိန်ကုန်မှန်းမသိလိုက်နိုင်တဲ့ ဇာတ်ကားတစ်ကား ဖြစ်မှာ အသေအချာပါအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ...
movie
Thookudurai (2024)
2024
6.5
Conjuring Kannappan (2023)
Conjuring Kannappan (2023) "အိပ်မက် ခေါ်သံ" ============================== IMDb 6.5 ရထားတဲ့ တမီးလ် Horror/comedy ကားအသစ် ဖြစ်ပါတယ် တမီးလ် ဟာသရုပ်ရှင် ပင်တိုင်မင်းသားဖြစ်တဲ့ Sathish ပါဝင်ထားပါတယ်Sathish ဆိုတာ ဟိုနေ့တင်ပေးထားတဲ့ မင်းသားဗီဂျေးရဲ့ Kaththi ထဲမှာ ဗီဂျေးရဲ့သူငယ်ချင်းအဖြစ် သရုပ်ဆောင်တဲ့မင်းသားပါ Kaththi နဲ့ အကောင်းဆုံးဟာသ သရုပ်ဆောင်ဆု ရခဲ့တဲ့ မင်းသားဖြစ်ပြီး ဒီကားကလည်း horror နဲ့ comedy ကို အချိုးကျကျ ရောစပ်ထားတဲ့ ကားပါပဲဇာတ်လမ်းအကျဥ်းကတော့ ကန်နာပါဆိုတဲ့ ငနဲက ဗီဒီယိုဂိမ်းဒီဇိုင်နာ ဖြစ်ချင်ပေမယ့်လည်း အင်တာဗျူးဖြေတဲ့ ဘဝက မတက်နိုင်သေးတဲ့သူပါ တစ်နေ့မှာတော့ အင်တာဗျူးတစ်ခုဖြေဖို့အတွက် သူ့အမေက သူ့ကိုနှိုးလို့ ရေးကြီးသုတ်ပျာ အိပ်ရာထလာတဲ့အချိန် ကံဆိုးချင်တော့ ရေချိုးဖို့ ရေကလည်း ပြတ်နေပါတယ် အဲဒါနဲ့ အိမ်ဘေးက ရေတွင်းအိုကြီးက ရေကို ခပ်ဖို့ လုပ်ရာမှာ ကျိန်စာတိုက်အရုပ်နဲ့ ...
movie
Conjuring Kannappan (2023)
2023
9.2
Kudimahaan (2023)
Kudimahaan(2023)IMDb-9.7/10အရက်သစ္စာ အရက်မေတ္တာတွေ အရက်နဲ့ သံယောဇဉ်တွေဟာ ဘယ်လောက်ထိခိုင်မာကြောင်းတွေက အရက်တစ်ပိုင်းနဲ့ ကူဖိုက်ပေးဖို့ဝန်မလေးတဲ့အကြောင်းတွေ အရက်နဲ့ရင်းရင်ဘတ်ချင်းနီးတဲ့ ဘော်ဒါအချင်းချင်းမှသိကြတာမဟုတ်လားဒီကားထဲမှာတော့ မင်းသားကစစချင်း မသောက်မစားတဲ့ ဘဏ်ဝန်ထမ်း လူရိုးသား တစ်နေ့ အဖေဖြစ်သူကိုဆေးရုံလိုက်ပို့ရင်း ဆေးရုံက ကော်ဖီကိုမှာသောက်လိုက်မိတယ်။ သူ့နဲ့ဘာဓာတ်မတည့်ဖြစ်သွားမှန်းမသိ အရက်သောက်လိုက်မိသလိုကို မျက်စိထဲ တကယ်မရှိတာတွေမြင်လာပြီး အမူးသမားလုံးလုံးဖြစ်သွားလေရဲ့။ဒီလိုနဲ့ လုံးဝအသိစိတ်လွတ်နေတဲ့လူလို ဆေးရုံမှာပတ်ပွဲကြမ်းရင်း လူတွေဝိုင်းဆွဲကြနဲ့ ပွက်လောရိုက်သွားပါလေရော နောက်ထပ်လည်း မိတ်ဆွေတစ်ယောက်ရဲ့ပွဲမှာ အရက်ထည့်ထားတဲ့ အအေးကိုသောက်မိပြီး ပွဲပျက်တက်ထိ ရမ်းကားမိပြန်ပါတယ်။ ဒါပေမဲ့ သူအိမ်ပြန်ရောက်တိုင်း ဒါတွေတစ်ခုမှ မမှတ်မိဘဲ အဖေနဲ့ ဇနီးဖြစ်သူက အရက်သမားလို့စွပ်စွဲလေတော့ လူရိုးသား အရက်သမားဇာတ်လိုက်လေး ဘုမသိဘမသိနဲ့ စိတ်ညစ်နေရပါတယ်။ ဘဏ်ဝန်ထမ်းဖြစ်တဲ့ ဇာတ်လိုက်ဟာ ထုံးစံအတိုင်း နမော်နမဲ့နဲ့ သူ့တပည့်လေးရဲ့ မုန့်ပဲသွားရည်စာကို စားမိပြီး ဟက်ကာတစ်ယောက်ဟက်ခ်ထားတဲ့ အေတီအမ်စက်ထဲကို ပိုက်ဆံတွေ အရွက်မှားထည့်မိတဲ့အချိန်မှာတော့ ပြဿနာတွေအကြီးကြီးတက်ကုန်ပါတော့တယ်ကွိုင်တွေတက် အစွပ်စွဲခံ မသောက်ပဲမူးနေတဲ့ဖိုးသခွားလေးတစ်ယောက် ဒီလိုပဲဒုက္ခပင်လယ်ဝေနေမလား ထိပ်ဆုံးမှာပြောခဲ့တဲ့ အရက်ရဲ့ဂုဏ်ကျူးတွေက ဘယ်နေရာမှာဘယ်လိုပါဝင်ဆက်စပ်သွားမလဲဆိုတာ ရှုစားကြည့်ပါဦး File size…2.56GB / 1.1GB Quality…1080p WEB DL / 720p Format…mp4 Duration….2 h 20 min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
Kudimahaan (2023)
2023
7.8
Pathu Thala (2023)
Pathu Thala 2023 (IMDb 7.8/10)ယခုတခါ တင်ဆက်ပေးမှာက ဒီနှစ်မှထွက်လာတဲ့ တောင်ပိုင်းတမီလ်စကားပြော မှုခင်းအက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်AGR ဆိုတာ တမီနဒူလ်ပြည်နယ်မှာ နောက်ကွယ်ကအစိုးရလို့တောင်ပြောလို့ရပါတယ် သူတို့သဘောကျတဲ့ပါတီ သူတို့နဲ့အဆင်ပြေတဲ့သူမှဝန်ကြီးချုပ်ဖြစ်တဲ့အထိ ဩဇာကြီးမားတဲ့အဖွဲ့အစည်းပါ တစ်ရက်မှာလက်ရှိဝန်ကြီးချုပ်ကို အဲ့အဖွဲ့ကပြန်ပေးဆွဲပြီး သူတို့အလိုကျ ဝန်ကြီးချုပ်တစ်ယောက်ကိုတင်ပေးလိုက်ပါတယ်ဒါကိုလိုက်စုံစမ်းဖို့ ရဲတစ်ယောက်က ဂိုဏ်းစတားအသွင်ယူပြီး တစ်ဆင့်ပြီးတစ်ဆင့်ယုံကြည်မှုရအောင် လုပ်ပါတော့တယ် ထိုအချိန်မှာပဲ AGR ပြုသမျှကို ခေါင်းငုံ့မခံတဲ့ အမျိုးသမီးအရာရှိတစ်ယောက်ကလဲ အဲ့နယ်ကိုပြောင်းလာတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ပရိသတ်ကြီးပဲ အက်ရှင်ခန်းတွေမြိုင်မြိုင်နဲ့ ကြည့်ရှုရမှာဖြစ်လို့ ကိုယ်တိုင်ပဲဆက်ခံစားပေးကြဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…2.95GB / 1.3GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Nyein~Sai~Yunni~BpL
movie
Pathu Thala (2023)
2023
8.2
Nanpakal Nerathu Mayakkam (2022)
Nanpakal Nerathu Mayakkam (2023) Drama IMDb 8.3/10အခါတစ်ခါမှာတော့ မာလယာလမ် မင်းသားကြီး မမ်မူးတီးရဲ့ဇာတ်ကားလေး တစ်ကားကို တင်ဆက်ပေးပါ့မယ်။သူ့ကားတွေရဲ့ထူးခြားချက်က ဇာတ်ကိုအေးအေးလေးနဲ့ ပရိသတ်ကို ဆွဲခေါ်သွားပြီး စဥ်းစားစရာအချက်တွေ အများကြီးပေးပါတယ်။ ခု ဒီကားမှာလည်း ဒီလိုပါပဲ။မိသားစုတွေ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဘုရားဖူးခရီးကအပြန်မှာ သူဟာ လမ်းခုလတ်မှာ ကားကိုရပ်ခိုင်းခဲ့ပြီး ကားပေါ်ကလူတွေအားလုံးအိပ်ပျော်နေချိန်မှာ ဆင်းသွားခဲ့ပါတယ်။သူ အချိန်အတော်ကြာပြန်မလာတဲ့အခါမှာ လိုက်လံရှာဖွေကြရင်း သူဟာ တခြားရွာက လူတစ်ယောက်ပုံစံဖြစ်နေပြီး သူတို့ကိုလည်း လုံးဝ မမှတ်မိတော့ပါဘူး။မာလယာလမ်လူမျိုးတစ်ယောက်ဖြစ်တဲ့သူဟာ လမ်းခုလတ်က တမီလ်ရွာလေးက လူတစ်ယောက်ဖြစ်သွားခဲ့ပြီး တမီလ်ဘာသာစကားကို မနှစ်မြို့တဲ့သူဟာ တမီလ်လို ချောချောမွေ့မွေ့နဲ့ စကားပြောနေခဲ့ပါတော့တယ်။ဘာကြောင့်လဲ...ဘာဖြစ်လို့လဲ...ဘာဖြစ်သွားတာလဲဆိုတာကိုတော့ ဆက်လက်ပြီးတော့ ခေါင်းခြောက်လိုက်ကြပါဦးနော်။ File size…1.64GB / 664MB Quality…1080p NF WEB DL /720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie
Nanpakal Nerathu Mayakkam (2022)
2022
7.8
Yugi (2022)
Yugi (2022) Drama, Thriller IMDb 7.8/10အခုတစ်ခါထွက်ရှိလာတဲ့ ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးရဲ့ဇာတ်လမ်းလေးကတော့ နည်းနည်းဆန်းပါတယ် ကောင်မလေးတစ်ယောက်ပျောက်နေပါတယ်...ပျောက်သွားတဲ့ကောင်မလေးနေတဲ့ အိမ်ကလည်း အဲ့ဒီနားတဝိုက်မှာ ခြောက်တယ်လို့ ဂုဏ်သတင်းကြီးနေပါတယ်ပိုပြီးထူးဆန်းဖို့ကောင်းတာက အဲ့ဒီကောင်မလေးကို ရဲတပ်ဖွဲ့ကရော... နိုင်ငံရေးသမားတွေကပါ အပူတပြင်းလိုက်ရှာနေကြပါတယ်အဲ့ဒီလို လိုက်ရှာနေရတာကိုလည်း သူတို့လည်း ဘာလို့လိုက်ရှာနေရမှန်း မသိကြပါဘူးဆိုတော့ တမီလ်ကားတွေရဲ့ထုံးစံအတိုင်း ဇာတ်လမ်းကို ဇာတ်သိမ်းထိ ဆွဲဆောင်သွားမှာမို့ ရှေ့ဆက်ဘယ်လိုစိတ်လှုပ်ရှားစရာကောင်းလာမှာလဲဆိုတာကိုတော့ ဇာတ်ကားကြည့်ရင်းနဲ့ပဲ အဖြေရှာကြည့်ကြတော့နော်....။ File size…1.94GB / 917MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor & Poe & Yunni & Cherry
movie
Yugi (2022)
2022
6.8
Dharala Prabhu (2020)
Dharala Prabhu (2020) -------------------------- ယခုတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ IMDb Rating (6.8)ရရှိထားတဲ့Romance/ Comedy ကားလေးပဲဖြစ်ပါတယ်။သန္ဓေသားအစားထိုးဆေးခန်းဖွင့်ထားတဲ့ ဒေါက်တာကန်နာဒါဆန်ဟာလူနာတွေအများကြီးလက်ခံပြီး ကတိတွေတစ်ခုပြီးတစ်ခုပေးထားပေမယ့်သုတ်ပိုးအလှူရှင်လုံးဝရှာမတွေ့သေးပါဘူး။ ဘဝရဲ့အနိမ့်ဆုံးအချိန်ရောက်တဲ့ ဘောလုံးသမားလေး ပရာဘူဟာလည်းအလုပ်တစ်ခုကိုမရမကလိုက်ရှာနေသူပါ။ဒီလိုနဲ့ ဒေါက်တာကန်နာတစ်ယောက် ပရာဘူရဲ့ကျန်းမာမှုအခြေအနေကိုသဘောကျသွားပြီးသူ့ဆေးခန်းရဲ့သုတ်ပိုးအလှူရှင်အဖြစ်နေပေးဖို့ မရမက ကမ်းလှမ်းပါတော့တယ်။အစပိုင်းအဆင်ပြေချောမွေ့ခဲ့ပေမယ့် ပရာဘူမှာ ချစ်သူရှိလာတဲ့အချိန်မှာတော့ဘယ်လိုတွေပြဿနာတက်မလဲဆိုတာကို ပရိသတ်များကိုယ်တိုင်ပဲ စောင့်မျှော်ကြည့်ရှုပေးပါဦး File size…2.5GB / 1.1 GB Quality…1080p Tamil AAC5.1CH / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie
Dharala Prabhu (2020)
2020