Channel Myanmar

Nadine Marshall

Tatami (2023) 7.6
Tatami (2023) Tatami 2023 (တာတာမီ)ယခုတစ်ခါမှာတော့ ဂျူဒိုအားကစားပြိုင်ပွဲအကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ဂျူဒိုအားကစားသမားဖြစ်တဲ့ လေလာဟာ သူ့ရဲ့နည်းပြဖြစ်သူ မာယမ်နဲ့အတူ ကမ္ဘာ့ဂျူဒိုချန်ပီယံပွဲစဉ်ကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် တီဘ်လီစီမြို့ကိုရောက်ရှိလို့လာခဲ့ပါတယ်။လေလာဟာ လက်တွဲဖော်ကောင်းဖြစ်တဲ့ သူ့အမျိုးသားနာဒါနဲ့အတူ သူငယ်ချင်းများရဲ့ အားပေးမှုကို ရရှိပြီးတော့ ဒီပွဲစဉ်အတွက် ခွန်အားတွေအပြည့်ဖြစ်လို့နေပါတယ်။ ဒီလိုနဲ့ လေလာဟာ ကမ္ဘာ့ဂျူဒိုချန်ပီယံပွဲစဉ်ကြီးကို ဝင်ရောက်ယှဉ်ပြိုင်ရင်း နိုင်ငံအတွက် ရွှေတံဆိပ်ရဖို့ ကြိုးစားတိုက်ခိုက်ပါရင်း တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလို့လာခဲ့ပါတော့တယ်။တစ်ဆင့်ပြီးတစ်ဆင့်တက်လှမ်းလာတဲ့အချိန်မှာပဲ သူတို့အသင်းရဲ့ ခေါင်းဆောင်ပိုင်းထဲကနေ လေလာ့ကို ဒီပြိုင်ပွဲကနေ နုတ်ထွက်လိုက်ဖို့အတွက် နည်းပြဖြစ်သ မာယမ့်ဆီကို ဆက်သွယ်ပြီးပြောပါတော့တယ်။ နည်းပြဖြစ်သူ မာယမ်ဟာလည်း ဒီကိစ္စကို လက်မခံဘဲနဲ့ လေလာ့ကို ဆက်လက်ပြီးတော့ ပြိုင်စေခဲ့ပါတယ်။ ဒီလိုနဲ့ပဲ လေလာတစ်ယောက် ကမ္ဘာ့ဂျူဒိုချန်ပီယံပွဲစဉ်ကြီးမှာ မျှော်မှန်းထားတဲ့အတိုင်း ဆုတံဆိပ်ကို ပိုင်ဆိုင်နိုင်မှာလား ......အထက်ကပေးတဲ့ဖိအားတွေကို နည်းပြမာယမ်တစ်ယောက် ဘယ်လိုတွေ ကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo~V~BpL~Alex တို့ဖြစ်ပါတယ်) File size… 1.9 GB / 591 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 45m Subtitle….Myanmar ...
movie

Tatami (2023)

The Silent Twins (2022) 5.9
The Silent Twins (2022) The Silent TwinsBlack Panther ထဲ shuri အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Letitia Wrightရဲ့ကားပါ။ နာမည်အတိုင်း စကားမပြောတဲ့ အမွှာနှစ်ယောက်အကြောင်း ရုပ်ရှင်ပါပဲ။သူတို့ဟာအပြင်မှာ တကယ်လည်းရှိခဲ့သလို ဒီဇာတ်လမ်းရဲ့ ကျောရိုးဖြစ်ရပ်တွေကလည်း တကယ်ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ကလေးဘဝက ဘူလီအလုပ်ခံရရာကနေ စိတ်ဒဏ်ရာရပြီး သူတို့အချင်းချင်းကလွဲ ဘယ်သူ့ကိုမှစကားမပြောတော့တဲ့ အမွှာ၂ယောက်ရဲ့ ဒုက္ခသုက္ခ လူတောမတိုးခြင်းတွေနဲ့ သူတို့စိတ်ရောဂါပိုဆိုးလာတဲ့အဆင့်အဆင့်တွေ သူတို့ဖြတ်သန်းခဲ့ရတဲ့ ဘဝအကြောင်းတွေပါပဲ။ စိတ်ရောဂါရှိနေပေမဲ့ တော်ကြတဲ့သူတွေဖြစ်ပြီး စာအုပ်တွေပါရေးသားခဲ့ပါသေးတယ်။ သို့ပေမဲ့ ကံအကြောင်းမလှတော့ ဆေးတွေ ရာဇဝတ်မှုတွေနဲ့ လမ်းမှားလိုက်မိပြီး ဆေးရုံမှာ အကျဉ်းချခံခဲ့ရတဲ့ တော်တော်သနားဖို့ကောင်းတဲ့ စိတ်ဝေဒနာရှင် လူမည်းညီအစ်မရဲ့ ဖြစ်ရပ်မှန်ကို ကျောရိုးပြုထားပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )File Size__(2GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__01:53:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by ...
movie

The Silent Twins (2022)