Channel Myanmar

Mukesh

Iyer In Arabia (2025) 4.6
Iyer In Arabia (2025) Iyer In Arabia 2025 ခေတ်သစ်တိုက်ပွဲ Imdb 4.6ဒီကားမှာတော့ ခုခေတ်ကြုံ‌တွေ့နေကျဖြစ်တဲ့ ရှေးရိုးစွဲအတွေးရှိတဲ့လူကြီးတွေနဲ့ ခေတ်ရေစီးကြောင်းကိုလိုက်တဲ့အတွေးရှိတဲ့လူငယ်တွေကြား ဖြစ်နေကျ ပြဿနာတွေလိုပါပဲ ခေတ်နောက်ပြန်ဆန်တဲ့ အယူအဆရှိသူ ဖခင် ဆရီနီဗာဆာအိုင်ယာနဲ့ သမိုင်းပါမောက္ခဖြစ်ပြီး ဘာသာတရားကို သိပ်မယုံကြည်တဲ့ ဇနီးဂျန်ဆီရာနီတို့အကြောင်းပါ သူတို့ရဲ့သား ရာဟူးလ်ကဒူဘိုင်းမှာအလုပ်လုပ်နေပြီး ဘာသာခြား မိန်းကလေးတစ်ဦးနဲ့ လက်ထပ်ဖို့ စီစဉ်နေကြောင်း သိလိုက်ရတဲ့အခါမှာ ဇာတ်လမ်းက စတင်လာပါတယ်သားဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို လက်မခံနိုင်တဲ့ ရှေးရိုးစွဲအိုင်ယာက ဒီလက်ထပ်ပွဲကို တားဆီးဖို့အတွက် သူ့သားဆီ ခရီးထွက်လာပါတော့တယ်ဒီခရီးစဉ်အတွင်းမှာ အိုင်ယာက မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေနဲ့ ဓလေ့ထုံးစံတွေကို တွေ့ကြုံရင်း သူ့ရဲ့ ခိုင်မာတဲ့ ယုံကြည်မှုတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဟာသနှောပြီး ရိုက်ကူးထားပါတယ်ဒီရုပ်ရှင်ထဲမှာတော့ လူတွေရဲ့ ယုံကြည်မှု ယဉ်ကျေးမှု ကွဲပြားမှုနဲ့ လူတစ်ဦးချင်းစီရဲ့ အတွေးအခေါ်တွေ ပြောင်းလဲနိုင်ပုံကိုပါ ပုံဖော်တင်ဆက်ထားပါတယ်( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size… 2.5 ...
movie

Iyer In Arabia (2025)

Raghu Thatha (2024) 7.1
Raghu Thatha (2024) Raghu Thatha (2024) "အရိုင်းပန်းပုံပြင်" ===============================နာမည်ကြီးဗီဂျေးတွေထဲကတစ်ယောက်ဖြစ်တဲ့ မင်းသားကြီး ရာဗင်ဒရာဗီဂျေးနဲ့ မင်းသမီးချောလေး ကီရ်သီဆူရက်ရှ်တို့ရဲ့ အသစ်ထွက် ကျေးလက် ဟာသဒရာမာရုပ်ရှင်လေးကို စီအမ်ကနေ တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ ကာယာဟာ မဟုတ်မခံစိတ်ရှိတဲ့ ဆတ်ဆတ်ကြဲ မိန်းမလှလေးတစ်ယောက်ပါ။ သူဟာ မိန်းကလေးစာရေးဆရာတွေကို အားမပေးတဲ့ ရှေးရိုးစွဲ လူ့အဖွဲ့အစည်းထဲမှာ ယောက်ျားလေးနာမည်နဲ့ စာရေးပြီး အတော်အသင့်အောင်မြင်နေသူလည်းဖြစ်ပါတယ်။အသက် ၂၅ နှစ်ရောက်ပေမဲ့ အိမ်ထောင်မကျသေးတာကြောင့် တစ်ရွာလုံးက တွေ့တဲ့အချိန်တိုင်း ဘယ်တော့စားရမှာလဲလို့မေးတာခံနေရတဲ့သူဖြစ်ပြီး သူကလည်း မေးတဲ့သူတိုင်းကိုဂရုမစိုက်ဘဲ ကိုယ့်ခံယူချက်နဲ့ကိုယ် နေထိုင်သူဖြစ်ပြီး သူ့ရဲ့ ခံယူချက်တွေနဲ့ အများကသတ်မှတ်ထားတဲ့စည်းမျဉ်းတွေကြားမှာ မဖြစ်မနေရွေးချယ်ရမယ့်အခြေအနေ ဖြစ်လာတဲ့အခါမှာတော့...။ကျေးလက်မြင်ကွင်းစိမ်းစိမ်းစိုစိုလေးတွေနဲ့ ရယ်ရမောရတဲ့ ရုပ်ရှင်လေးဖြစ်လို့ ပရိသတ်တွေ ခေတ္တစိတ်အပန်းပြေစေဖို့အတွက် ချန်နယ်မြန်မာရဲ့ ဘောလိဝုဒ်အဖွဲ့သားတွေကနေ ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size… 2.35 GB / 1.04 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Raghu Thatha (2024)

Philip’s (2023) 7.7
Philip’s (2023) Philip's (2023) "ဖိလစ်တို့ မိသားစု"(function(f,b,n,j,x,e){})();IMDb 7.9 ရထားတဲ့ မလေယာလမ် စကားပြော မိသားစု family/drama လေးဖြစ်ပြီး မလေယာလမ်လှိုင်းသစ်ရဲ့ ဝါရင့်မင်းသားကြီး Mukesh က ဖိလစ်အဖြစ်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဥ်း ဖိလစ်တို့မိသားစုမှာ ဖိလစ်နဲ့ ဘေစီ ဘလက်စီ ဘစ်တီ ဆိုတဲ့ မိတဆိုးသားသမီးသုံးယောက် ပျော်ရွှင်စွာ နေထိုင်ကြတယ် ဒါပေမဲ့လည်း တစ်နေ့... ပူပင်ကြောင့်ကြမှုကင်းတဲ့ သူတို့မိသားစုလေးကို မမြင်နိုင်တဲ့ ကံကြမ္မာဆိုးတစ်ခုကတော့ စောင့်ကြိုနေပါတယ် သူတို့တွေ အဲဒီအဖြစ်အပျက်ကနေ ဘယ်လိုများ ကြံစည်ပြီး ရုန်းထွက်ကြမလဲ...သူတို့တွေ အရင်လို သာယာတဲ့မိသားစုဘဝလေး ပြန်ပြီး ပိုင်ဆိုင်နိုင်ပါ့မလားဆိုတာကိုတော့ spoil ဖြစ်သွားမှာစိုးလို့ ပရိသတ်ကြီးကပဲ ဒေါင်းကြည့်လိုက်ပါတော့...အိန္ဒိယကားတွေမှာ ဘတ်ဂျက်များ/ အက်ရှင် spectacle များများနဲ့ ဘောလိဝုဒ်ကားကြီးတွေ အီနေတဲ့သူတွေအတွက် အခုလို ဘတ်ဂျက်နည်း မလေယာလမ် ဒရာမာလေးက အအီပြေချဥ်ရည်ဟင်းတစ်ခွက်ဖြစ်မှာပဲ အသေအချာပါပဲအညွှန်းနဲ့ဘာသာပြန်ကတော့ V ~ Yunni ~ ToMo ~ Zwe Yan ~ KKKZ တို့ ဖြစ်ပါတယ်( ...
movie

Philip’s (2023)

2023
Oh My Darling (2023) 5.5
Oh My Darling (2023) IMDb - 6.9 /10 Oh my darling (2023)ဒီတစ်ခေါက်မှာကတော့မင်းသမီးချောလေး Anikha Surendran ပါဝင်သရုပ်ဆောင်ထားပြီး Malayalamအမျိုးအစားဖြစ်တဲ့အပြင် ရိုမန့်လည်းဆန် ရယ်လည်းရယ်ရတဲ့ Oh my darlingဆိုတဲ့ ၂၀၂၃ထွက်ဇာတ်ကားကောင်းလေးနဲ့ တင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းနာမည်နဲ့တင် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်မှာကို ခန့်မှန်းမိကြမှာပါ ဒီဇာတ်လမ်းလေးကတော့ လူငယ်တွေကြားမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ဇာတ်လမ်းလေးတွေကိုသဘာဝကျကျထည့်သွင်းပေးထားပါတယ်ဂျိုရယ်နဲ့ဂျန်နီက သိပ်ချစ်ကြတဲ့လူငယ်စုံတွဲလေးဖြစ်ပြီး သူတို့နှစ်ဦးကြားမှာလည်း ရိုဆန်ဆန်ဖြစ်ရပ်တွေ အချစ်တွေနဲ့ပြည့်နှက်နေတာပါ ဂျိုရယ်ကသူ့အိမ်မက်ကို အကောင်အထည်ဖော်ဖို့ကြိုးစားနေတဲ့လူငယ်တစ်ယောက်ဖြစ်ကာ ဂျန်နီကတော့ ကိုရီးယားကားတွေကိုရူးသွပ်တဲ့ခေတ်မိန်းမပျိုလေးတစ်ယောက်ဖြစ်ပါတယ် ရိုးရှင်းနေတဲ့ သူတို့ရဲ့ဘဝထဲကို ရှုပ်ထွေးတဲ့ဇာတ်လမ်းလေးတစ်ပုဒ်က ဂျန်နီရဲ့မွေးနေ့ကိုအစပြုပြီး ထွက်လာပါတော့တယ် ဂျန်နီရဲ့မွေးနေ့ကနေထွက်လာတဲ့ဇာတ်လမ်းလေးက သူတို့နှစ်ဦးကိုဘယ်လိုပြောင်းလဲသွားစေမလဲ သူတို့ကရောဒီဖြစ်ရပ်ကိုဘယ်လိုမျိုးတွေ ရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာကို ဟာသဇာတ်နှောပြီးရင်ခုန်စွာကြည့်ရှူ့လိုက်ရအောင် File size…1.87GB/ 801MB Quality…1080p WEB DL /720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ZweYan~Yunni~KhinKhin
movie

Oh My Darling (2023)

2023
Pachuvum Athbhuthavilakkum (2023) 7.6
Pachuvum Athbhuthavilakkum (2023) Paachuvum Albhuthavilakkum 20232023 ခုနှစ် ဟာသဒရမ်မာ ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးပါရစေ ဒီဇာတ်ကားလေးက ဝင်ငွေအမြတ်အစွန်းများစွာရခဲ့တဲ့အပြင် ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုများစွာကိုရရှိထားပါတယ်ဒီဇာတ်ကားထဲမှာ အဓိကမင်းသားကတော့ မားမားဘွိုင်း မာလာရရမ်သား လူပျိုကြီးပါ သူကဒူဘိုင်းမှာဆေးဆိုင်တစ်ခုဖွင့် အခြေချနေတာဖြစ်ပြီး ကိစ္စတစ်ခုနဲ့ ကီရာလာကို ပြန်တဲ့အချိန်မှာ အလွဲလေးတစ်ခုစဖြစ်ရာကနေ အလွဲတွေဆက်ပြီး ထူးအိမ်သင်သီချင်းလို လွဲလွဲလေးပဲ ကောင်းပါတယ် ဆိုပြီး တစ်ကားလုံးဖြစ်နေတဲ့ ‌အကြောင်းပါဇာတ်လမ်းလေးကလည်း စိတ်ဝင်စားဖို့ ကောင်းသလို ဇာတ်အိမ်တည်ဆောက်ပုံ ဇာတ်ကောင်တွေကိုဖွဲ့စည်းထားပုံကလည်း သဘာဝကျတာမို့ ကြည့်ရင်း ရီနေရမဲ့အပြင် ပေါကားမဟုတ်တာမို့ စိတ်ကျေနပ်ဖွယ်ရာ ဖျော်ဖြေမှုလဲပေးနိုင်မှာပါပရိသတ်တို့အနေနဲ့ အိန္ဒိယဇာတ်ကားထဲမှာ ရှားပါးတဲ့ အချစ်ဟာသကားပုံစံဖြစ်တဲ့အပြင် ဇွတ်ကလိထိုးတာမပါပဲ သဘာဝကျကျပေါ့ပေါ့ပါးပါးနဲ့ ရီနေရမှာဖြစ်လို့ လက်မလွတ်တမ်း ကြည့်ရှုနိုင်ဖို့ လက်တို့ပေးလိုက်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတာ့ CM Bollywood Team မှဖြစ်ပါတယ် File size…2.4GB / 1GB Quality…1080p WEBDL /720p Format…mp4 Duration….2h 51m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Chiclon3~Yunni~BpL~HM~Nyein~Sai
movie

Pachuvum Athbhuthavilakkum (2023)

2023
CBI 5: The Brain (2022) 6.2
CBI 5: The Brain (2022) ဒီတစ်ခါမှာလည်း ထုံးစံအတိုင်း ခေါင်းစားစရာတွေ တစ်ပုံကြီးနဲ့ အိန္ဒိယစုံထောက်ကား တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ IMDB မှာ ၆.၁ ရထားတဲ့ စုံထောက်အက်ရှင် Crime, Mystery, Thriller အမျိုးစားရုပ်ရှင်ဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်း... ဝန်ကြီးချုပ်နဲ့အတူ ခရီးထွက်ခဲ့တဲ့ ဝန်ကြီးတစ်ယောက် သေဆုံးသွားတဲ့နောက်ကွယ်ကနေစပြီး Basket Killings ဆိုတဲ့ ကွင်းဆက် လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်နောက်ဆုံးအသတ်ခံရတဲ့သူက ရဲအရာရှိတစ်ယောက်ဖြစ်တာမို့ ရဲတွေပါ အလုပ်ရှုပ်လာပါတယ် ဒီအချိန်မှာ "မာနကြီးပြီး ဘယ်တော့မှမကျရှုံးဘူး" လို့ ကြွေးကြော်ထားတဲ့ CBI အိန္ဒိယ ဗဟိုထောက်လှမ်းရေးကို အမှုကိုလွှဲပါတော့တယ် CBI နဲ့ ရဲအဖွဲ့ကြားက အဖုအထစ်တွေ အားပြိုင်မှုတွေနဲ့ တရားခံကို ဘယ်လိုဖော်ထုတ်ဖို့ကြိုးစားလည်းဆိုတာကိုတော့ ၂နာရီနဲ့ ၄၂မိနစ်ကြာတဲ့ ဒီရုပ်ရှင်မှာ တ၀ကြီး လိုက်ပါစီးမျောခံစားကြည့်လိုက်ပါဦး...   File size…2.54GB / 1.2GB Quality…1080p WEB DL Malayalam AAC5.1CH / 720p Format...mp4 Duration….2h 42mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung ~ Yunni ~ Honey ~ OeliuJ    
movie

CBI 5: The Brain (2022)

2022