Channel Myanmar

Morten Holst

Eternal (2024) For evigt 5.4
Eternal (2024) For evigt  Eternal (2024) ကြီးမားတဲ့ငလျင်တစ်ခုကြောင့် ပင်လယ်သမုဒ္ဒရာကြမ်းပြင်အောက်မှာ အက်ကွဲကြောင်းကြီးတစ်ခုပေါ်လာပါတယ်။အဲ့ဒီအက်ကွဲကြောင်းကြီးဟာ ကမ္ဘာမြေပေါ်က ရာသီဥတုအ​​ပြင်းအထန်ပြောင်းလဲမှုတွေအတွက် အချက်အချာကျလာလိမ့်မယ်လို့ သုတေသီများကယူဆကြပါတယ်။အဲ့ဒါကြောင့်ပဲ အက်ကွဲကြောင်းကြီးကိုအ​မြန်ဆုံးပိတ်ပစ်ဖို့အဖွဲ့အစည်းတွေဖွဲ့ပြီး ပရောဂျက်တွေရေးဆွဲ​ကြပါတော့တယ်။အမြန်ဆုံးဆိုပေမဲ့လည်း ဆယ်စုနှစ်တစ်ခု သို့မဟုတ် နှစ်ခုစာလောက်ကြာဦးမှာပါ။အယ်လီယာဆိုတဲ့ကောင်လေးဟာ ရာသီဥတုနဲ့မိုးလေဝသသုတေသီတစ်​ယောက်ဖြစ်ချင်ပြီး အဲ့အက်ကွဲကြောင်းကြီးကိုပိတ်ပစ်နိုင်တဲ့သူဟာ သူကိုယ်တိုင်ဖြစ်နေဖို့က သူ့ရဲ့အိပ်မက်ပါ။ဒါပေမဲ့ အဲ့လိုကြိုးစားနေတဲ့အချိန်မှာပဲ အယ်လီယာရဲ့ဘဝထဲကို အာနီတာဆိုတဲ့ကောင်မလေးတစ်ယောက်ဝင်ရောက်လာပါတယ်။သူတို့ရဲ့အချစ်ရေးဟာပျော်ရွှင်စရာတွေနဲ့ပြည့်နေပြီး သာယာဖြောင့်ဖြူးနေပေမဲ့ သူ့ရဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်မယ့် ပရိုဂရမ်တစ်ခု အမေရိကားမှာဖွင့်လှစ်တာကြောင့် အမေရိကားကိုသွားရဖို့ဖြစ်လာပါတယ်။သူ့ရဲ့တစ်ဘဝလုံးကိုနှစ်မြှုပ်ပြီးကြိုးစားခဲ့ရတဲ့အိပ်မက်ကိုရွေးချယ်မှာလား သူအရမ်းချစ်ရတဲ့ချစ်သူလေးကိုရွေးချယ်မှာလားကမ္ဘာမြေရဲ့ရာသီဥတုကိုအကြီးအကျယ်ပြောင်းလဲစေနိုင်တဲ့အက်ကွဲကြောင်းကြီးကိုလည်း ပညာရှင်တွေအချိန်မှီပိတ်ပစ်နိုင်ပါ့မလားဆိုတာ ခံစားကြည်ရှု့လိုက်ကြပါဉီး.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။)File size…(1.5 GB) / (730 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Sci-Fi Duration….01:42:42 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Rubyjane
movie

Eternal (2024) For evigt

2024
Darkland (2017) 6.6
Darkland (2017) Darkland (2017)~ IMDb - 6.6/10, Rotten Tomatoes - 56% ~ဒီကားလေးက ဒိန်းမတ် အက်ရှင်ဒရာမာမှုခင်းကားလေးတစ်ကားဖြစ်ပါတယ်။ ဇိတ်က အောင်မြင်တဲ့နှလုံးခွဲစိတ်ဆရာ၀န်တစ်ယောက်ဖြစ်ပြီး စတိိန်းလို့ခေါ်တဲ့ ဇနီးချောချောလေးတစ်ယောက်ရှိတဲ့အပြင် သားတစ်ယောက်လည်းရတော့မှာပါ။ သောကြာညတစ်ညမှာ မိတ်ဆွေတွေနဲ့ ညစာစားနေတုန်း ညီဖြစ်သူ "ရာဇင်း" ရောက်လာပြီး အကူအညီလာတောင်းပါတယ်။ ဇိတ်ကငြင်းလိုက်ပြီး နောက်တစ်ရက်မှာတော့ ညီဖြစ်သူက ဆေးရုံရဲ့အရေးပေါ်ခန်းကို ဒဏ်ရာအပြည့်နဲ့ရောက်ရှိလာပြီး သေဆုံးသွားပါတော့တယ်။အဲဒီနောက်ပိုင်း ဇိတ်ရဲ့ဘ၀က ကမ္ဘာကြီးပြောင်းပြန်လှန်လိုက်သလိုဖြစ်သွားတော့တာပါ။ အမှုကို ရဲတွေလက်အပ်ထားခဲ့ပေမဲ့ ဒီကကိုလှရွှေတွေလိုပဲ သိပ်အကူအညီမဖြစ်တော့ အပြစ်ရှိစိတ်ရှိနေတဲ့ဇိတ်က သူကျင်လည်ခဲ့ဖူးတဲ့ဘ၀ကိုပြန်သွားပြီး ညီဖြစ်သူအတွက် တရားမျှတမှုကို လိုက်ရှာပါတော့တယ်။ဒီကားရဲ့ဇာတ်ညွှန်းဆရာတစ်ဖြစ်လဲ ဒါရိုက်တာက သူ့ရဲ့ညီ ဂိုဏ်းတစ်ခုနဲ့ပတ်သက်မိပြီး ဒုက္ခရောက်ခဲ့ဖူးတဲ့ လက်တွေ့ဘ၀အတွေ့အကြုံကိုမူတည်ပြီး ရိုက်ခဲ့ပါတယ်လို့ဆိုထားပါတယ်။ ‌ဆုတွေလည်း (၇)ခုလောက် ရထားပြီး Nomi (၁၉)ခုလောက်ရထားတဲ့ ဒီကားလေးကို အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Darkland (2017)

2017