Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Morgan Saylor
5.6
Funny Birds (2024) Au fil des saisons
Funny Birds (2024)IMDb Rating (5.6) ဒီဇာတ်ကားရဲ့ ခေါင်းစဉ်ကတော့ မြူးမြူးထူးထူးနဲ့ ပေါ့ပေါ့ပါးပါးဖြစ်တဲ့ဟန်ပေါက်နေပေမယ့် တကယ်တော့ဒရာမအပြည့်နဲ့ ရင်သပ်ရှုမောဖွယ်အခိုက်အတန့်တွေကို ပေါင်းစပ်ပေးထားပါ့တယ်။ဇာတ်အိမ်ရဲ့ သဘောသဘာဝကိုပြောရမယ်ဆိုရင် ကျေးငှက်သာရကတွေဟာ ငယ်စဉ်မှာအမိရဲ့ ပြုစုပျိုးထောင်ပေးမှုအောက်နေရပါတယ်။အတောင်စုံကာမှ ကိုယ့်အသိုက်ကိုစွန့်ပြီး ကိုယ့်ရဲနောက်မျိုးသစ်တစ်ခုအတွက် အိုးအိမ်ဖြစ်ပေးရပါတယ်။ဒီဇာတ်လမ်းမှာတော့ ခင်ပွန်းဖြစ်သူဆုံးသွားတဲ့ လော်ရာဆိုတဲ့အမျိုးတစ်ယောက်ဟာ ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီး သမီးဖြစ်သူက အရွယ်ရောက်လို့ အဝေးမှာကျောင်းသွားတဲ့အချိန် ရုတ်ရက်ကြီးကင်ဆာဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ပဲ သူဟာ ဘဝကြီးရဲ့ ခက်ခဲကြမ်းတမ်းတဲ့လောကဓံတရားကြားထဲ မရုန်းကန်တော့ဘဲ သူ့ရဲ့နယ်ဘက်က အိမ်လေးမှာပဲကျန်နေတဲ့အချိန်လေးမှာ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ တစ်နိုင်တစ်ပိုင်နေရင်း အရိုးထုတ်ဖို့ကြံစည်ခဲ့ပါတယ်။ဒါပေမဲ့ သမီးဖြစ်သူကလည်း သူ့ရဲ့စာသင်သားဘဝကို အနာခံပြီး မိခင်ကို ပြုစုပေးဖို့ရောက်လာပါတယ်။အစကဒီတိုင်းပဲရှိရာအသက်ကိုပဲဆက်တော့မယ်လို့ဆုံးဖြတ်ထားတဲ့ လော်ရာကလည်း သမီးကြောင့် စိတ်ခိုင်ခိုင်ထားပြီး ကင်ဆာကိုတိုက်ဖျက်ဖို့ ဓာတ်ကင်ဖို့အားမွေးခဲ့ပါတယ်။ဖြစ်ချင်တော့ ကုထုံးခံနေရင်း လေးလအကြာမှာပဲ ဘယ်ကနေဘယ်လိုမှန်းမသိတဲ့ အမျိုးသမီးတစ်ယောက်က လော်ရာ့ရဲ့အမေပါဆိုပြီး ရောက်ချလာပါတယ်။မိခင်နဲ့အတိတ်ဆိုးရှိခဲ့လို့ သမီးကိုတောင် အဘွားဖြစ်သူအကြောင်း မပြောပြထားတဲ့လော်ရာဟာ ဘဝအတွက်ရုန်းကန်နေရချိန်မှာ မီးစဟောင်းနဲ့ ရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)File size…(1.4 GB) ...
movie
Funny Birds (2024) Au fil des saisons
2024
6.7
Novitiate (2017)
Novitiate (2017)~ IMDb - 6.7/10, RT - 86%, Meta - 73% ~တလောတုန်းကမှ ထွက်ထားပြီး ခုထိ လူပြောသူပြောများနေတဲ့ The Substance မှာ မင်းသမီးကြီး Demi Moore နဲ့အတူ အပြိုင်ကြဲထားတဲ့ မမ Margaret Qualley ရဲ့ ကားအဟောင်းအကောင်းလေးပါ။ ကိုယ်တိုင် သူ့ကို စကြွေခဲ့ရတာကတော့ The Nice Guys မှာ ညဉ့်ငှက်မလေးအဖြစ်သရုပ်ဆောင်ခဲ့တုန်းကပေါ့။ နောက်ပြီးတော့ တာရန်တီနိုရဲ့ Once Upon A Time in Hollywood မှာလည်း မှတ်မှတ်ရရ ရှိကြပါလိမ့်မယ်။ သိပ်ကိုလှပလွန်းတဲ့ မျက်ဝန်းတစ်စုံပိုင်ရှင် အလှတရားလေးပါပဲ။"ပေးဆပ်ခြင်းမရှိတဲ့ အချစ်က အချစ်မဟုတ်ဘူး။ အကြွင်းမဲ့အချစ်ဆိုတာ အဆုံးအစွန်ပေးဆပ် စတေးရခြင်းဖြစ်တယ်"ကိုယ့်ရည်းစားက တစ်ရက်လောက် စာမပို့ဘဲ ဖုန်းမဆက်ဘဲနေရင်တောင် စိတ်ကောက်နေတတ်ကြတဲ့ မမတွေနဲ့ ...
movie
Novitiate (2017)
2017
5.3
Spoonful of Sugar (2022)
Spoonful of Sugar (2022)~ Rotten Tomatoes - 56% ~မီလီစန့်ထ်ဆိုတဲ့ မိန်းကလေးက ဓါတ်မတည့်ရောဂါပြင်းထန်တဲ့ကလေးတွေနဲ့ပတ်သက်ပြီး သုတေသနစာတမ်းလုပ်ဖို့ ကျောင်းနှစ်ဝက်နားထားပြီး ဂျွန်နီလို့ခေါ်တဲ့ ကလေးလေးရဲ့ ကလေးထိန်းလုပ်ပေးဖို့ ဖြစ်လာပါတယ်။ ငယ်စဉ်ကတည်းက မိဘမရှိခဲ့ဘဲ မွေးစားမိဘတွေ အဆင့်ဆင့်ပြောင်းရင်း ကျင်လည်ခဲ့ရတဲ့ မီလီစန့်ထ်အဖို့ သု့ကိုယ်သူ ဂျွန်နီလေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ ကြိုးစားပါတော့တယ်။Horror ကားလည်း ဖြစ်တဲ့အလျောက် စကြည့်ကတည်းက ရူးနှမ်းနှမ်းကလေးထိန်းအကြောင်းလို့ ထင်ရမှာပါပဲ။ဟုတ်ပါတယ်... ဒါပေမဲ့ ရူးနေတာကရော တစ်ယောက်တည်းမှ ဟုတ်ရဲ့လား... ဘယ်သူတွေက ဘယ်လိုရူးနေကြပြီး ဂျွန်နီလေးရဲ့ ဓါတ်မတည့်ခြင်းနောက်ကွယ်ကရော ဘာများလဲ ဆိုတာတော့ Horror Fan တွေ ဒေါင်းပြီး ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.75GB, 810MB Quality - 1080p, 720p IMDb Rating - 5.3/10 Format ...
movie
Spoonful of Sugar (2022)
2022
5.8
White Girl (2016)
အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ မူးယစ်ဆေးတွေသုံးပြီး လမ်းစပျောက်ပျက်စီးနေတဲ့ ကောလိပ်ကျောင်းသား ကျောင်းသူလေးတွေရဲ့ ဘဝကို ကွက်ကွက်ကွင်းကွင်း ရိုက်ကူး ထားတဲ့ လိင်အသားပေး ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်လိုက်ပါတယ်။ ငယ်ရွယ်ချောမောပြီး တက်ကြွနေတဲ့ သူငယ်ချင်း ကျောင်းသူလေးနှစ်ယောက် ကောလိပ်တက်ရန်ပြောင်းရွှေ့လာကြပါတယ်။ ပြောင်းလာလာချင်းနေ့မှာပဲ Blue လို့အများကခေါ်တဲ့ ကောင်လေးအုပ်စုနဲ့ စတင်အကျွမ်းဝင်ခဲ့ပါတယ်။ တစ်ကယ်တော့ Blue တို့က ဆေးတွေကိုအမြတ်ကြီးစားပြီး ရောင်းစားနေတဲ့မှောင်ခိုသမားတွေပါ။ Blue တစ်ယောက်ကိုယ်စားလှယ်ဆီကနေ ဘိန်းတွေကို ယူပြီးရောင်းနေချိန်အတောတွင်းလေးမှာပဲ စုံထောက်ရဲက လက်ရဖမ်းမိသွားပါတယ်။ သူငယ်ချင်းအဖြစ်ကိုကြည့်မနေနိုင်တဲ့ လဲ့ က Blue ကိုကယ်တင်ဖို့ကြိုးစားပါတော့တယ်။ လဲ့ ရဲ့Blue အပေါ်ကယ်တင်ဖို့ ကြိုးစားအားထုတ်မှု့တွေကို ပရိတ်သတ်ကြီးကပဲ ဆက်လက်အားပေးလိုက်ပါဦး..Quality…..BluRay 1080p Duration…..01:28:00 Format…Mp4 File Size…(646 MB , 323 MB) Encoder…..Raven Translator…..Kin Mu Chi Download with Yoteshin Link Download with Openload Download with Openload (Small Size)
movie
White Girl (2016)
2016