Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mona Singh
7.1
Munjya (2024)
Munjya 2024 ( လူပျိုသရဲ )ဒီတစ်ခါတော့ CM ပရိသတ်ကြီးတို့အတွက် 2024 ခုနှစ်မှာထွက်ခဲ့တဲ့ Munjya ဆိုတဲ့ ဟာသအနည်းငယ်ရောနှောရိုက်ကူးထားတဲ့ သရဲကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ IMDb 7.1/10 ရရှိထားပြီး အိန္ဒိယရိုးရာယုံကြည်မှုထဲက မိစ္ဆာတစ်မျိုးကို အခြေတည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကတော့ _ ၁၉၅၂ခုနှစ်လောက်မှာ ဂေါယာလို့အမည်ရတဲ့ကောင်လေးတစ်ယောက်ဟာ သူ့ထက် ၇ နှစ်ကြီးတဲ့ အမျိုးသမီးလေးတစ်ယောက်ကို စွဲလန်းနေတာကြောင့် သူ့ရဲ့သတို့သားကို ကြွက်သတ်ဆေးနဲ့လုပ်ကြံခဲ့ပါတယ်။ဒါပေမဲ့ သူ့အမေက သိသွားပြီး ဟိန္ဒူဘာသာအရ အရွယ်ရောက်အခမ်းအနားကို လုပ်စေခဲ့ပါတယ်။ ဒီအခမ်းအနားဟာ ၁၀ ရက်ကြာမြင့်ပြီး အဲဒီအချိန်အတွင်းမှာ ဂေါယာရဲ့အမျိုးသမီးလေးဟာ လက်ထပ်တော့မှာဖြစ်ပါတယ်။အချစ်ကြီးလို့ အမျက်ကြီးသလို အငြိုးလည်းကြီး ဇက်ရဲလက်ရဲလည်းနိုင်တဲ့ ဂေါယာတစ်ယောက်ဟာ ကောင်မလေးကိုပြန်ရဖို့အတွက် အောက်လမ်းပညာစီရင်ဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့ အောက်လမ်းစီရင်နေတုန်း မထင်မှတ်ဘဲ ဂေါယာသေဆုံးသွားခဲ့ပြီး သူ့ရဲ့ အရွယ်ရောက်အခမ်းအနားလည်းမပြီးဆုံးသေးတာကြောင့် အစီအရင်သစ်ပင်ကြီးမှာ တွယ်ကပ်နေတဲ့ ဘရဟ္မရာရှာသဆိုတဲ့ မိစ္ဆာဘ၀ကို ရောက်သွားရာကစတင် ဇာတ်အိမ်တည်ထားပါတယ်။နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာ သရဲကပ်နေတဲ့သစ်ပင်ကြီးနဲ့ သူ့ဆီလာဖို့ခေါ်နေတဲ့အသံကို အမြဲတစေကြားယောင်နေတဲ့ ဘီတူလို့အမည်ရတဲ့ကောင်လေးတစ်ယောက်ပေါ်လာပါတယ်။သူနဲ့ အဲဒီသစ်ပင်၊ အဲဒီမိစ္ဆာတို့ကရော ဘာတွေဘယ်လိုဆက်စပ်နေကြသလဲ၊ သူကပဲ နှိမ်နင်းမှာလား၊ သူ့ကိုပဲ နေရာဆက်ခံဖို့၀ါးမျိုလိုက်မလား၊ ဘယ်လိုဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းနဲ့အတူ လိုက်ပါကြည့်ရှုခံစားပေးပါဦးဗျာ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File ...
movie
Munjya (2024)
5.0
Laal Singh Chaddha (2022)
Comedy, Drama, Romanceကဲ ကဲ လူရှင်းမယ် လူရှင်းမယ် အားလုံးစောင့်မျှော်နေကြတဲ့ အမီခန်းရဲ့ ကားသစ်ကြီးလာပါပြီ 🎉.. Forrest Gump Remake ကားလည်းဖြစ် မင်းသားကလည်း မင်းသားကြီး အမီခန်းလည်းဖြစ်တော့ ကြည့်မကောင်းမှာ ပူစရာမလိုတော့ပါဘူးနာမည်ကြီးကားကို ပြန်ရိုက်ထားတဲ့ ကားဖြစ်တော့ အများကြီးတော့ ညွှန်းစရာလိုမယ် မထင်ပါဘူးနော်"လိုင်" ဆိုတဲ့ကောင်လေးဟာ ဉာဏ်ရည်အိုင်ကျူ နိမ့်ပါးတဲ့သူတစ်ယောက် ဖြစ်တဲ့အပြင် ခြေထောက်ကလည်း မသန်စွမ်းတဲ့သူတစ်ယောက်ပေါ့ ဒါပေမယ့် သူ့အမေက သူ့ကို သူဟာ ဘာမှကွဲပြားနေတဲ့သူ မဟုတ်ကြောင်းနဲ့ သူဟာ ဘာမဆိုတတ်စွမ်းနိုင်ကြောင်းကို အမြဲတမ်း သင်ပြပေးတယ်အမြဲတမ်း အနိုင်ကျင့်ခံရပြီး အပယ်ခံနေရတဲ့ သူတစ်ယောက် ကျောင်းရောက်တော့ သူ့ဘက်မှာရပ်တည်ပေးတဲ့ ပထမဆုံးသူတစ်ယောက်နဲ့ ဆုံတွေ့လိုက်ရတယ် သူကတော့ "ရူပါ" တဲ့အဲဒီလိုနဲ့ ရူပါဟာ သူ့ဘဝ သူ့အနာဂတ် သူ့အိပ်မက်ဖြစ်လာတယ် ရူပါတစ်ခွန်းဆို တစ်ခွန်း သူ မဆိုင်းမတွလုပ်တတ်လာတယ် သူ့အမေနဲ့ ရူပါဟာ သူ့ဘဝရဲ့ အကောင်းဆုံးလူတွေပေါ့အနိုင်ကျင့်တဲ့သူတွေလက်ထဲက ပြေးရင်းနဲ့ အပြေးသန်လာတဲ့ သူဟာ အပြေးသမားလည်း လုပ်ဖြစ်ခဲ့တယ် စစ်ထဲလည်း ဝင်ဖူးခဲ့တယ် ဘဝကြီးမှာ သူမလုပ်ဖူးတာ မရှိလောက်အောင် အစုံသူလုပ်ခဲ့တယ်"လိုင်" ဆိုတဲ့ ကောင်လေးဟာ ဉာဏ်ရည်နိမ့်ပါးသူဖြစ်လင့်ကစား လူတကာထက် ...
movie
Laal Singh Chaddha (2022)
2022