Channel Myanmar

Mohammad Heidari

My Favourite Cake (2024) Keyke mahboobe man 7.5
My Favourite Cake (2024) Keyke mahboobe man   My Favorite Cake ( 2024)IMDb Rating (7.5) / Rotten Tomatoes (100%) အနောက်တိုင်းနာမည်ကြီးမဂ္ဂဇင်းများပါမှာပါ ဖော်ပြခံရတဲ့ထိနာမည်ကြီးနေတဲ့ အီရန်ဇာတ်ကားကောင်းတစ်ခုအသက်၇၀အရွယ် “မဟင်း” (Lili Far -adpour)ဟာသားသမီးများနိုင်ငံခြားကိုထွက်ခွာသွားကြပြီးတဲ့နောက်အိမ်ထဲမှာတစ်ယောက်တည်းအဖော်မရှိနေနေရပါတယ်။သူငယ်ချင်းများနဲ့လည်းတစ်နှစ်မှတစ်ခါလောက်ဆုံရပြီး အထီးကျန်စွာနေရတဲ့ရက်တွေများလာတဲ့အခါ နှစ်သုံးဆယ်လုံးအဖော်မရှာပဲနေလာတဲ့“မဟင်း”တစ်ယောက်သူငယ်သူချင်းတွေရဲ့တိုက်တွန်းတာကြောင့်အဖော်ရှာဖို့တွေးလာတဲ့အခါ တက္ကစီကားမောင်းတဲ့ဖာရမ်မာ့ဇ်(Esmae-el Mehrabi)ကို ပင်စင်စားစားသောက်ဆိုင်မှာအမှတ်မထင်တွေ့ရာကနေသူ(မ)ကပဲစုံစမ်းစမိတ်ဖွဲ့ပြီးသူ့အိမ်ကိုလိုက်လည်ဖို့ခေါ်ရာမှမထင်မှတ်တဲ့အလှည့်အပြောင်းတွေကြုံရတာကိုရိုက်ပြထားတာဖြစ်ပါတယ်။အသက်ကြီးလာတဲ့အခါ အထီးကျန်ရတဲ့အခြေအနေနဲ့ သက်ကြီးရွယ်အိုတွေရဲ့ စိုးရိမ်နေတဲ့အချက်တွေလူသားတွေပဲမို့အချစ်နဲ့ရော ရာဂနဲ့ပါမကင်းနိုင်တဲ့ပုထုဇဥ်လူသားတွေရဲ့သဘာဝကိုလည်း ရဲရဲတင်းတင်းချပြထားတာတွေ့ရပါတယ်။သဘာဝဆန်ဆန်နဲ့တကယ့်အပြင်ကလူတွေရဲ့စရိုက်ကိုရိုက်ပြထားနိုင်တာသဘောကျစရာကောင်းပါတယ်။ဒီဇာတ်ကားမှာ အီရန်နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေစီးပွါးရေးအခြေအနေနဲ့တင်းကျပ်ထားတဲ့အခြေအနေတစ်ချို့ကို ခပ်ပါးပါးချပြထားတာတွေ့ရပါတယ်။ဇာတ်ကားကိုအီရန်မှာဖြန့်ချီတာမဟုတ်ပဲဇာတ်ကားကို ကော်ပီတစ်ခုကူးထားပြီးဂျာမဏီနီရုပ်ရှင်ပွဲတော်မှာစပြသပြီး ဂျာမဏီနိုင်ငံမှာဖြန့်ချီတာဖြစ်ပါတယ်။အီရန်နိုင်ငံက ဒါရိုက်တာနှစ်ယောက်နဲ့အဓိက အမျိးသမီးသရုပ်ဆောင် လီလီဖာရက်ပူးကိုခရီးသွားခွင့်တားမြစ်ထားပါတယ်။အီရန်နိုင်ငံအတွင်းမှာတော့ဒီရုပ်ရှင်ဟာအမျိုးသမီးတွေ ဆံပင်ကိုဖော်ထားတာဝိုင်သောက်တာနဲ့ ကတာအတွက်အငြင်းပွားစရာဖြစ်နေတယ်လို့ဆိုပါတယ်။ဆင်ဆာစည်းမျဥ်းအရဒါတွေကိုပြလို့မရပဲ ယခုဇာတ်ကားကဒါတွေကိုဖောက်ထွက်လာတာဖြစ်ပါတယ်။ဒါရိုက်တာက Maryam Moghadamနဲ့ Behtash Sanaeehaတို့ဖြစ်ပါတယ်။ Rotten Tomato မှာကြည့်ရူသူ rating 100% ရထားပါတယ်။ရုပ်ရှင်ပွဲတော်တွေမှာလည်းဆုရရှိထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။)File size…(1.8 GB) / (850 MB) Quality….WEB-Rip 1080p ...
movie

My Favourite Cake (2024) Keyke mahboobe man

2024
Until Tomorrow (2022) 7
Until Tomorrow (2022) Until Tomorrow (2022)~ IMDb Rating - 7/10 ~လူ့သဘာဝ ဒုက္ခ ဖိနှိပ်ချုပ်ချယ်ခံရတဲ့ အသိုင်းအဝိုင်းထဲက အမျိုးသမီးတွေရဲ့ ဒုက္ခတွေကို ကွက်ကွက်ကွင်းကွင်း ပီပီပြင်ပြင်ရိုက်တတ်တဲ့ အီရန်ရုပ်ရှင်တစ်ချို့ရဲ့ဟန်အတိုင်း အမျိုးသမီးတစ်ယောက်ရဲ့ ဒုက္ခတွေကို ပီပီပြင်ပြင်ကွက်ကွက်ကွင်းကွင်းပေါ်အောင် ရိုက်ပြထားတဲ့ အီရန်ရုပ်ရှင်ကားပါ။ IMDb လည်း 7/10 ရထားပြီး ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်းများစွာ ဆွတ်ခူးထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ဇာတ်လမ်းကတော့ ရိုးလည်းရိုးရှင်းသလို ဆန်းလည်းဆန်းတယ် ပြောရမှာပဲ။ ကောင်မလေးတစ်ယောက် ကောင်လေးတစ်ယောက်နဲ့ ကိုယ်ဝန်ရသွားတယ်။ ကောင်လေးက ဖျက်ချခိုင်းတယ်။ ကောင်မလေးက မဖျက်ဘဲ မွေးထားတယ်။ ကျောင်းထွက်လိုက်ရတယ်။ ကလေးအတွက် ကိုယ့်ဘာသာရုန်းကန်ရှာဖွေရတယ်။ ဒါတွေက မပြပါဘူး။ ဒါပေမဲ့ စကားနဲ့တင် သိသာတဲ့နောက်ကြောင်းတွေ၊ မြင်နေရတဲ့အခြေအနေနဲ့တင် တကူးတက မပြောလည်းသိနေတဲ့ အတိတ်ကာလတွေပေါ့။မိန်းကလေးတစ်ယောက်တည်းဆို တည်းခိုခန်းတောင် ငှားမပေးချင်တဲ့ အီရန်လို နိုင်ငံမှာ အဖေမပေါ်ဘဲ မွေးတဲ့ကလေးနဲ့ ဒီမိန်းကလေး ...
movie

Until Tomorrow (2022)

2022