Channel Myanmar

Moh Iqbal Sulaiman

Haunting of Mount Gede aka Petaka Gunung Gede (2025) 5.5
Haunting of Mount Gede aka Petaka Gunung Gede (2025) Haunting of Mount Gede 2025 (သရဲခြောက်သော ဂစ်ဒီတောင်ကြီး)ဖြစ်ရပ်မှန်ကို အခြေခံပြီးတော့ ရိုက်ကူးပုံဖော်ထားတဲ့ အင်ဒို သရဲကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြတဲ့ မာယာနဲ့ အီတာဆိုတဲ့ သူငယ်ချင်းနှစ်ယောက်၊ အရမ်းချစ်လွန်းလို့ စားအတူတူ သွားအတူတူ အမြဲ အတူတူနေကြတဲ့ သူတို့နှစ်ယောက်။တစ်ရက်မှာတော့ မာယာတစ်ယောက် သူ့အစ်ကိုအင်ဒရာနဲ့ သူငယ်ချင်းအုပ်စု ဂစ်ဒီတောင်တက်ဖို့ ပြောနေတာကို ကြားသွားရင်းနဲ့ လိုက်ချင်တယ် အတင်းပူဆာရာကနေ လိုက်ခွင့်ရသွားခဲ့ပါတော့တယ်။မာယာတစ်ယောက် အမြဲအတူ မခွဲမခွာချစ်ရတဲ့ သူငယ်ချင်းလေး အီတာ့ကိုပါ အတူတူ တောင်တက်ဖို့ ဆွယ်ပါတော့တယ်။မိဘတွေက အရမ်းချစ်လွန်းလို့ အရွယ်ရလာတဲ့အချိန်ထိ ကလေးလေးလိုပဲ ဆက်ဆံခံရတဲ့ အီတာတစ်ယောက် မိဘတွေကို အတင်းအကျပ်ပြောပြီး မာယာနဲ့အတူ တောင်တက်ခရီးစဉ်ကို လိုက်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ပဲ မာယာ,အီတာတို့ သူငယ်ချင်းနှစ်ယောက်နဲ့ အင်ဒရာတို့ သူငယ်ချင်းအုပ်စု ဂစ်ဒီတောင်ကို တက်ဖို့အတွက် ခရီးစဉ်ကို စတင်ခဲ့ကြပါတော့တယ်။ဂစ်ဒီတောင်ကြီးမှာ သူတို့လူငယ်အုပ်စုအတွက် ဘယ်လိုကြောက်ဖို့ကောင်းတဲ့ အဖြစ်အပျက်တွေက စောင့်မျှော်နေမလဲဆိုတာကိုတော့ ရင်တထိပ်ထိပ်နဲ့ ဆက်လက်ကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team ပဲဖြစ်ပါတယ်) File size… 1 GB / 562 MB Quality…WEB ...
movie

Haunting of Mount Gede aka Petaka Gunung Gede (2025)

Kemah Terlarang: Kesurupan Massal (2024) 7.6
Kemah Terlarang: Kesurupan Massal (2024) Kemah Terlarang: Kesurupan Massal aka The Forbidden Camp: Mass Possession 2024"မသွားအပ်သော အရပ်"ဖြစ်ရပ်မှန်အခြေခံထားတဲ့ အင်ဒိုနီးရှား ဟော်ရာဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ်၂၀၁၆ မှာ တောထဲ စခန်းချခရီးထွက်ကြတဲ့ ကျောင်းသားတွေအုပ်စုလိုက် မကောင်းဆိုးဝါး ဝင်ပူးခံရတဲ့အဖြစ်အပျက်ကို ပြန်လည်ပုံဖော်ထားတာလို သိရပြီး ဇာတ်လမ်းအကျဉ်းကတော့ ရီနီဟာ အမောမခံနိုင်တဲ့ ပန်းနာရောဂါသည်ဆိုပေမဲ့ သူတိုကျောင်းက ကင်းထောက်လူငယ်တွေ နှစ်စဉ်သွားကြတဲ့ တောတွင်းစခန်းချခရီးကို လိုက်မယ်ပြင်ရာမှာ ဖြစ်ချင်တော့ နှစ်စဉ်သွားနေကျနေရာအစား တားမြစ်နယ်မြေတစ်ခုကိုမှ ဇွတ်သွားကြဖို ဆုံးဖြတ်လိုက်ကြတဲ့အခါ ဘယ်လိုမျိုး သွေးပျက်ခြောက်ခြားစရာ ခြောက်လှန့်မှုမျိုး ကြုံရမှာလဲ ဒီဟော်ရာဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Team မှ ဖြစ်ပါတယ် File size… 1.4 GB / 751 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 51mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
movie

Kemah Terlarang: Kesurupan Massal (2024)