Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mitsuru Fukikoshi
5.7
The Yin-Yang Master Zero (2024) Onmyoji Zero
The Yin-Yang Master Zero (2024)IMDb Rating (5.7) ဒီဇာတ်လမ်းက ဂမ္ဘီရတွေနာမည်ကျော်ကြားတဲ့ ရှေးဂျပန် Heian ခေတ်တုန်းက အင်ပါယာကိုအခြေခံထားတဲ့ Fantasy ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။Heian ခေတ်မှာ Onmyoji ဆိုတဲ့ ဂမ္ဘီရပညာရှင်တွေ ကျော်ကြားကြပြီး Onmyoji ဖြစ်ဖို့ ကြိုးစားကြတဲ့ ကျောင်းသားတွေလည်း အများကြီးရှိကြတယ်။မြေခွေးသားတော်လို့ လူတွေပြောကြတဲ့ Abe no Seimei က အရည်အချင်းအရမ်းရှိပေမဲ့ Onmyoji ဖြစ်ဖို့ ဆန္ဒမရှိဘဲ သဘာဝလွန်ဖြစ်ရပ်တွေကို အယုံအကြည်မရှိတဲ့လူတွေနဲ့ ခပ်ခွာခွာနေတတ်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်တယ်။သူ့ရဲ့တစ်ခုတည်းသောရည်မှန်းချက်က သူများတွေလို Onmyoji တစ်ယောက်ဖြစ်ဖိုမဟုတ်ဘဲ သူ့မိဘတွေကို သတ်ခဲ့တဲ့တရားခံကို ရှာပြီး အပြစ်ပေးဖို့ပဲစိတ်ဆုံးဖြတ်ထားတဲ့သူဖြစ်တယ်။တစ်နေ့မှာ Onmyoji ဌာနက ထူးချွန်ကျောင်းသားတစ်ယောက် အသတ်ခံလိုက်ရပြီး တရားခံကိုရှာဖွေဖို့က ကျောင်းသားတွေအကုန်လုံးရဲ့ စာမေးပွဲဖြစ်လာခဲ့တယ်။Seimei လည်း သူ့သူငယ်ချင်းဖြစ်တဲ့ တက်တက်ကြွကြွ အထက်တန်းလွှာဂီတပညာရှင် အရှင် Hiromasa နဲ့ လူသတ်မှုကို ...
movie
The Yin-Yang Master Zero (2024) Onmyoji Zero
2024
6.6
Love Will Tear Us Apart (2023)
Love Will Tear Us Apart (2023)IMDb Rating (6.6)ဒီရုပ်ရှင်ကတော့ Horror/Slasher လူသတ်ကားတွေ ကို နှစ်သက်တဲ့ သူတွေ အတွက် သဘောကျစေမယ့်ကားမျိုးပါ။ဝါကာဘာ ဆိုတဲ့ ကောင်မလေးက ဂျပန်နယ်မြို့လေးကသာမန် ကျောင်းသူလေးတစ်ယောက်ပါပဲ။သူ့မှာ အရမ်း သဘောကျတဲ့ ကိုဟဲ ဆိုတဲ့ အဆိုတော်တစ်ယောက်လည်းရှိပါတယ်။တစ်နေ့မှာတော့ အခန်းထဲမှာ အမြဲ အနိုင်ကျင့်ခံရတဲ့ ကိုကီ ဆိုတဲ့ကောင်လေးကို ကူညီပေးရင်းနဲ့ သူတို့ သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်။မကြာခင်မှာပဲ ကိုကီ ကို အနိုင်ကျင့်နေကျ ကျောင်းသားနှစ်ယောက်ဟာ တိုက်ပေါ်ကပြုတ်ကျပြီး သေဆုံးသွားပါတော့တယ်။(၇) နှစ်အကြာမှာတော့ ဝါကာဘာဟာ သူငယ်ငယ်က သဘောကျခဲ့တဲ့ အဆိုတော် ကိုဟဲ ရဲ့ သူငယ်ချင်းအဖွဲ့နဲ့အတူ တောထဲကအိမ်လေးဆီ ပျော်ပွဲစားထွက်လာကြပါတယ်။ဒါပေမဲ့ သူတို့မသိတာက သူတို့ကို တောထဲကအိမ်လေးမှာ ကံမကောင်းမှုတွေ ထိတ်လန့်ခြောက်ခြားစရာတွေ ...
movie
Love Will Tear Us Apart (2023)
2023
6.5
Winny (2023)
၂၀၀၂ ခုနှစ်မှာ ဂျပန်လူမျိုးဆော့ဖ်ဝဲလ်အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ အီစာမူခါနဲကိုက ဖိုင်ဝေမျှတဲ့ဆော့ဖ်ဝဲလ်ဖြစ်တဲ့ "ဝင်နီ" ကိုဖန်တီးခဲ့ပါတယ်။ ဆော့ဖ်ဝဲလ်မှာ ဖိုင်တွေအပြန်အလှန်ဝေမျှလို့ရတဲ့အတွက် တရားမဝင်ဖြန့်ချိမှုတွေ ဒေါင်းလုပ်ဆွဲမှုတွေပေါ်လာပြီး မူပိုင်ခွင့်ပြဿနာတွေဖြစ်လာပါတော့တယ်။ အဲ့နောက် ရဲတပ်ဖွဲ့ကနေပြီး မူပိုင်ခွင့်ချိုးဖောက်တဲ့သုံးစွဲသူတွေကိုလိုက်ဖမ်းပြီး ဖန်တီးရှင် ခါနဲကိုလည်း အဖမ်းခံလိုက်ရတယ်။ဒါပေမဲ့ ခါနဲကို့မှာအပြစ်မရှိဘူးဆိုပြီး ထောက်ခံအားပေးကြတဲ့လူတစ်စုက သူ့အတွက် ရှေ့နေအဖွဲ့တစ်ဖွဲ့ကိုငှားပေးလိုက်တဲ့အခါမှာတော့ ခါနဲကို့အတွက် တရားသေလွတ်ဖို့အတွက် ရှေ့နေအုပ်စုပ်က မဆုတ်မနစ်ကြိုးစားရပါတော့တယ်။ ဒီဇာတ်ကားလေးက ဖြစ်ရပ်မှန်အကြောင်းပြန်ရိုက်ထားတာဖြစ်လို့ စိတ်ဝင်တစားကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ )File size_(1.5GB)/(750MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing
movie
Winny (2023)
7.6
Red Post on Escher Street 2020
Red Post On Escher Street ====================== ကိုယ်တို့ဟာ ရုပ်ရှင်တွေကြည့်ကြတယ် ရုပ်ရှင်ကားဖန်တီးမှုကိုတော့ မကြည့်ဖြစ်ကြတာများပါတယ် ရုပ်ရှင်ကားတွေထဲမှာ လက်တွေ့ဘဝကိုရိုက်ပြကြပေမယ့် ဒီကားကတော့ ရုပ်ရှင်ထဲမှာပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ဘဝတွေကိုပုံဖေါ်ပြထားတာဖြစ်ပါတယ် ဒါရိုက်တာတကယ်ပြချင်တာကတော့ ကိုယ်တို့တွေရဲ့စိတ်တွေကိုဖေါ်ပြချင်တာဖြစ်နိုင်ပါတယ် ပေါ့ပေါ့လေးကြည့်ရင် ခပ်ပေါ့ပေါ့ကားလေးပါပဲ တွေးယူရင်တော့ တွေးယူသလောက် နက်နဲတဲ့ကားလေးပါ ဂျပန်တွေရဲ့ထုံးစံအတိုင်း တခြားသူတွေနဲ့မတူညီတဲ့ပြသပုံနဲ့ ရိုက်ပြထားတဲ့ဇာတ်ကားလေးပါ ကိုယ်ကတော့ ကြည့်ရင်းက ကိုယ့်ဘဝကိုပါ ကိုယ်ပြန်တွေးဖြစ်ပါတယ် ကိုယ့်ဘဝနဲ့ကိုယ်နေလာခဲ့တာ အရံအဖြစ်နဲ့လား ဇာတ်ဆောင်အဖြစ်နဲ့လားပေါ့ သူများဘဝမှာ ကိုယ်ဟာ အရံဖြစ်ပေမယ့် ကိုယ့်ဘဝမှာတော့ ကိုယ်ဟာ ဇာတ်ဆောင်အဖြစ်နဲ့ တောက်ပနိုင်ပါတယ် ခံယူချက်လေးပဲလိုတာပါ ဟုတ်တယ်မဟုတ်လား ပရိတ်သတ်ကြီးလည်း ဒီကားလေးကြည့်ရင်းက အတွေးတွေနယ်ချဲ့လိုက်ပါဦး Translator : Thinzar Htet Encoder : Thit San Khant Quality : 1080p and 720p File Size : 1.55GB and 759MB
movie
Red Post on Escher Street 2020
2020