Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Minoru Chiaki
7.9
The Face of Another (1966)
The Face of Another (1966)~ IMDb - 7.9/10, Rotten Tomatoes - 86% ~Woman in the Dunes ရဲ့ စာရေးဆရာဖြစ်တဲ့ Kōbō Abe ရဲ့ ဝတ္တုကိုပဲ Hiroshi Teshigahara က ရိုက်ထားတာ Pitfall, Woman in the Dunes, The Face of Another, The Man Without a Map စသဖြင့် စုစုပေါင်း လေးကားရှိခဲ့တယ်။ ဒီကားတွေကြည့်ဖူးတဲ့လူတွေတော့ သိကြမှာပါ၊ ခိုဘိုအဘဲဟာ ဂျပန်ရဲ့ဖရန့်ကာဖ်ကာလို့ အနှိုင်းခံရတဲ့ စာရေးဆရာမို့ သူ့စာတွေကို ရိုက်ထားတဲ့ ဒီရုပ်ရှင်တွေက Metaphor တွေချည်း လှိမ့်သုံးထားတဲ့ နားလည်ရမခက်ပေမဲ့ မလွယ်တဲ့ကားတွေလို့ ပြောလို့ရတယ်။ ဒါကို ဂျပန်နယူးဝေ့ ...
movie
The Face of Another (1966)
1966
8.5
The Human Condition II: Road to Eternity (1959)
The Human Condition Trilogy (1959 - 1961)~ IMDb - 8.3/10, Rotten Tomatoes - 73% ~၁၉၅၈မှာ Junpei Gomikawa ဟာ The Human Condition ဆိုတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ အတ္ထုပ္ပတ္တိတစ်ခြမ်း ဇာတ်လမ်းတစ်ခြမ်းပါတဲ့ အတွဲ၆တွဲပါတဲ့ဝတ္တုကို ရေးခဲ့တယ်။ ဒီစာအုပ်ဟာ ထုတ်ဝေပြီး ချက်ချင်း Bestseller ဖြစ်သွားပြီး ထုတ်ဝေပြီး ၃နှစ်အတွင်း ကော်ပီ၂.၄သန်း ရောင်းခဲ့ရတယ်။ ဒီဝတ္တုဟာ စာရေးသူရဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကြုံခဲ့ရတာတွေကို အခြေခံထားတယ်။ ဒီဝတ္တုမှာ ဂျပန်စစ်သားတွေကို စစ်အတွင်းက ရက်စက်တဲ့ကျူးကျော်သူတွေအဖြစ်ပုံဖော်ထားပြီး တရုတ်တွေ ကိုရီးယားတွေနဲ့ ဂျပန်ပြည်သူတွေကို ဂျပန်စစ်တပ်ရဲ့ အနိုင်ကျင့်ခံရတဲ့သူတွေအဖြစ်ပုံဖော်ထားတယ်။ နောက် ဒီစာအုပ်ဟာ ဂျပန်တွေရဲ့ညစ်နွမ်းခဲ့တဲ့အတိတ်ကို ပြန်အဖတ်ဆည်ဖို့ အရေးပါခဲ့တယ်။ တချို့ကတော့ Humanism ကို ဖော်ပြထားတယ်လို့လည်း ဆိုကြတယ်။၁၉၅၉မှာပဲ ...
movie
The Human Condition II: Road to Eternity (1959)
1959
8.6
Seven Samurai (1954)
Seven Samurai (1954) IMDb - 8.6/10_______R0tten - 100% ၁၉၅၄ ခုနှစ်က ထွက်ခဲ့တဲ့ ဂျပန်ကားတစ်ကားကို တင်ပေးထားပါတယ်။ ဒီရုပ်ရှင်ကတော့ ဂျပန်ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံးကားတွေထဲက တစ်ခုလို့ပြောလို့ရပါတယ်။ နှောင်းခေတ်ရုပ်ရှင်တွေဟာလည်း ဒီရုပ်ရှင်ကနေ ပညာတွေအများကြီးယူကြရတယ်လို့ ပြောကြတယ် (ဘာတွေလဲတော့ နားမလည်ပါဘူး)။ ဒီရုပ်ရှင်ရဲ့ဘတ်ဂျက်ကတော့ အဲဒီခေတ်အခါကဆို အတော်မာျးပါတယ်။ ရုပ်ရှင်ကားကြီးတွေကို $70000 လောက်နဲ့ ရိုက်နေကြချိန်မှာ ဒီရုပ်ရှင်ရဲ့ ဘက်ဂျက်ဟာ $ 500 000 ဖြစ်နေခဲ့ပါတယ်။ ပြီးတော့ ရုပ်ရှင်ရိုက်ကူးချိန်လည်း ကြာလွန်းတော့ ပရိုဂျူဆာတွေက ၂ ခါတိတိ ပိတ်ချခဲ့ပါတယ်။ ဒါရိုက်တာ အကီရာ ကူရိုဆာဝါကတော့ ပိတ်ချခံရတိုင်း ငြင်းခုံမနေဘဲ အသာလေး ငါးမျှားထွက်သွားလိုက်တာပါပဲ။ ပရိုဂျူဆာတွေ ပြန်လိုက်ခေါ်မယ်ဆိုတာ သိပြီးသားမို့ပါ။ ဒီရုပ်ရှင်ထဲက သရုပ်ဆောင်တွေကလည်း အဲဒီခေတ်အခါကဆို All stars လို့ပဲ ပြောရပါလိမ့်မယ်။ သုံးနာရီကျော်ကြာတဲ့ ဒီအဖြူအမည်းရုပ်ရှင်ဟာ တစ်ကမ္ဘာလုံးက နှစ်သက်လက်ခံတဲ့ ရုပ်ရှင်ကြီးတစ်ခုဖြစ်လာခဲံ့ပါတယ်။ ဒီရုပ်ရှင်ကို မှီးပြီး ရိုက်ကူးထားတဲ့ ကောင်းဘွိုင်ရုပ်ရှင် Magnificent seven ...
movie
Seven Samurai (1954)
1954
8.4
High and Low (1963)
High and Low (1963)~ IMDb - 8.4/10, RT - 96%, Meta - 90% ~အကီရာကူရိုဆာဝါရဲ့ အကောင်းဆုံးဆိုတဲ့ ရုပ်ရှင်တွေထဲက တစ်ကားပေါ့။ Rashomon, Ran, Throne of Blood, Dreams တို့မှာ တော်တော်ပြောခဲ့ပြီးပြီဆိုတော့ ကူရိုဆာဝါရဲ့ ဘုန်းတော်ဘွဲ့တွေအကြောင်း ထပ်မိတ်ဆက်ပေးဖို့မလိုလောက်တော့ဘူး။ ကူရိုဆာဝါရုပ်ရှင်ဆိုတာနဲ့ ရုပ်ရှင်ကောင်းပဲဆိုတာ အကုန်လုံးသိပြီးသားဖြစ်နေမှာ သေချာတယ်။ ဒါပေမဲ့ ထူးတာကတော့ ဒီရုပ်ရှင်က ရှေ့ကပြောခဲ့တဲ့ ကားတွေနဲ့မတူတော့ဘူး။ ဇာတ်က သူထွက်ခဲ့တဲ့ မျက်မှောက်ခေတ်သီးသန့်မှာပဲ အခြေတည်ထားသလို ဇာတ်ကလည်း စလိုက်ပြီဆိုတာနဲ့ တော်တော်လေး စိတ်ဝင်တစား ဆက်ကြည့်ချင်စရာကောင်းနေတယ်။ ထူးတာက ဒီရုပ်ရှင်က သူ့နာမည်အတိုင်း ကောင်းကင်နဲ့ ငရဲလို ကွာခြားနေတဲ့ ဘဝတွေအကြောင်း ရိုက်ပြထားပေမဲ့ တစ်ချိန်တည်းမှာပဲ တော်တော်လေး သပ်ရပ်တဲ့ စုံထောက်ကားတစ်ခုအဖြစ်ပါ ထပ်ပေါင်းအသက်ဝင်နေတယ်။ ဒီနှစ်ခုရဲ့အချိုးမှာ ...
movie
High and Low (1963)
1963
8.1
Throne of Blood (1957)
Throne of Blood (1957)~ IMDb - 8.1/10, Rotten Tomatoes - 96% ~ကူရိုဆာဝါဟာ သူ့ရဲ့ရုပ်ရှင်သက်တမ်းတစ်လျှောက်မှာ ရှိတ်စပီးယားဝတ္တုတွေကို မှီငြမ်းပြီး ရုပ်ရှင်၃ကားရိုက်ဖူးတယ်။ Macbeth ကို မှီငြမ်းပြီး Throne of Blood (1957) ကို ရိုက်ခဲ့၊ Hamlet ကို မှီငြမ်းပြီး The Bad Sleep Well (1960) ကို ရိုက်ခဲ့သလို King Lear ကို မှီငြမ်းပြီး Ran (1985) တို့ကို ရိုက်ကူးခဲ့ဖူးတယ်။ ဇာတ်လမ်းကျောရိုးကို ယူပြီး ဂျပန်ရဲ့ ရေခံမြေခံမှာ ပြန်အသက်သွင်းလိုက်တာတွေပါပဲ။ ဒဲ့ကြီးတော့မဟုတ်ဘဲ ပြင်သင့်တာပြင် ရိုက်ထားတယ်။ ဒါပေမဲ့ သူပြင်ရိုက်ပုံတွေကတော့ တော်တော်လေးပြည့်စုံသလိုတော့ ခံစားရတယ်။ ဆန်းတော့လည်းမဆန်းလှပါဘူး။ ကူရိုဆာဝါဟာ ကူရိုဆာဝါပဲကိုး။တကယ်ဆို ကူရိုဆာဝါက ရှိတ်စပီးယားရဲ့ ...
movie
Throne of Blood (1957)
1957–
8.3
Ikiru (1952)
Ikiru (1952)~ IMDb - 8.3/10, Rotten Tomatoes - 98% ~Golden Age of Asian Cinema လို့လည်းခေါ်ကြတဲ့ ၁၉၅၀ဝန်းကျင်ကာလဟာ non-English World Cinema ရဲ့ ရွှေခေတ်ဖြစ်ခဲ့ပါတယ်။ ဒီ ၁၉၅၀ဝန်းကျင်မှာပဲ အာရှဒါရိုက်တာတွေဟာ အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ အနုပညာအရည်အသွေးရှိတဲ့ ရုပ်ရှင်တွေကို တင်ဆက်နိုင်ခဲ့ပြီး ဒီနေ့ထိလည်း ဒီကားတွေဟာ ခေတ်ကိုကျော်ဖြတ်ပြီး ရှင်သန်နေတုန်းပါ။ ဒီကာလမှာ Yasujirō Ozu ရဲ့ Tokyo Story (1953), Satyajit Ray's The Apu Trilogy (1955–1959), Kenji Mizoguchi ရဲ့ Ugetsu (1954), Ishirō Honda ရဲ့ Godzilla (1954) နဲ့ Akira Kurosawa ရဲ့ ...
movie
Ikiru (1952)
1952