Channel Myanmar

Minnie Driver

An Ideal Husband (1999) 6.8
An Ideal Husband (1999)  An Ideal Husband (1999)IMDb Rating (6.8) / Rotten Tomatoes (85%) ဒီတစ်ခါမှာတော့ Oscar Wilde ရဲ့  ပြဇာတ်ကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားတဲ့ An Ideal Husband ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Rupert Everette, Jeremy Northam, Julian Moore နဲ့ Cate Blanchett တို့ကအဓိကပါဝင်ထားပါတယ်။ဆာရော့ဘတ်ချေလ်တန်နဲ့ လေဒီဂါးထရုချေလ်တန်တို့လင်မယားဟာ အင်္ဂလိပ်နိုင်ငံရေးလောကမှာ ဂုဏ်သိက္ခာကြီးမားပြီး လူအများရဲ့လေးစားအားကျခြင်းကိုခံထားရသူတွေပါ။ဒါပေမဲ့ မစ္စစ်ရှယ်ဗလီဆိုတဲ့အမျိုးသမီးတစ်ယောက် လန်ဒန်ကိုပြန်ရောက်လာချိန်ကစပြီး ရော့ဘတ်တစ်ယောက်အတွက် အိပ်မက်ဆိုးတွေဖြစ်လာပါတယ်။မစ္စစ်ရှယ်ဗလီဟာ ရော့ဘတ်ငယ်ရွယ်စဥ်ကမှားခဲ့ဖူးတဲ့အမှားတစ်ခုကိုအကြပ်ကိုင်ပြီး သူမလိုချင်တာတွေကို ခြိမ်းခြောက်တောင်းဆိုပါတယ်။အဲ့ဒါကြောင့် ရော့ဘတ်တစ်ယောက်လည်း သူငယ်ချင်းဖြစ်သူ လော့ဒ်ဂေါရင်းဆီကိုသွားပြီး အပူကပ်ကာ အကူအညီတောင်းရပါတယ်။လော့ဒ်ဂေါရင်းကလည်း မစ္စစ်ရှယ်ဗလီနဲ့ အတိတ်မှာပက်သက်မှုရှိခဲ့ဖူးပါတယ်။ ထိုမိန်းမအကြောင်းကို ကောင်းကောင်းသိနေတဲ့လော့ဒ်ဂေါရင်းကလည်း သူငယ်ချင်းဖြစ်သူကို ကူညီဖို့ကြိုးစားပါတယ်။ဒါပေမဲ့ မစ္စစ်ရှယ်ဗလီဆိုတဲ့မိန်းမက သူတို့အားလုံးကြားမှာ လင်မယားအချင်းချင်းပြဿနာတက်အောင် သူငယ်ချင်းအချင်းချင်းစိတ်ဝမ်းကွဲအောင် ဝင်မွှေသွားခဲ့ပါတယ်။သူတို့အားလုံး မစ္စစ်ရှယ်ဗလီ မွှေသွားတဲ့ပြဿနာတွေကို ...
movie

An Ideal Husband (1999)

1999
The Assessment (2025) 7.1
The Assessment (2025)   The Assessment (2025)IMDb Rating (7.1) / Rotten Tomatoes (83%) Elizabeth Olsen နဲ့ Himesh Patel တို့ ပါဝင်ထားတဲ့ သိပ္ပံစိတ်ကူးယဉ် ဆိုက်ကိုဒရာမာပါ။လူနည်းနည်းနဲ့ ဇာတ်လမ်းအဆန်းမျိုးကို ကြိုက်တဲ့သူတွေအတွက် ကွက်တိပါပဲ။ ဒီလို ဇာတ်လမ်းမျိုးလည်း အရင်က မကြည့်ဖူးကြသေးလောက်ပါဘူး။ဇာတ်လမ်းအကျဉ်းကမ္ဘာကြီးမှာ သယံဇာတနဲ့ စားစရာတွေကုန်ခါနီး အချိန်မှာ လူတစ်စုက ကမ္ဘာပေါ်မှာပဲ နေရာတစ်ခုကို ဖန်လုံအိမ်ပုံစံတည်ဆောက်ပြီး အသက်ရှင်အောင်နေကြပါတယ်။အဲဒီ နေရာကို မလာရတဲ့လူတွေကတော့ ကမ္ဘာဟောင်းမှာ စုတ်ပြတ်နေအောင် နေကြရတာပါ။အဲဒီ ကမ္ဘာသစ်ထဲမှာ လိုတာအကုန် အပြည့်အစုံရရုံမက ဆီနိုစီဒင်းဆိုတဲ့ ဆေးတစ်မျိုးကိုပါ ဖော်စပ်နိုင်ခဲ့ပြီး နေမကောင်းဖြစ်တာတွေ အသက်ကြီးတာတွေ အားလုံးကိုပါ ရပ်တန့်စေခဲ့ပါတယ်။ဒါကြောင့် ကမ္ဘာသစ်ထဲကလူတွေက တစ်ယောက်အသက်ကို တစ်ယောက် မှန်းလို့မရကြပါဘူး။အဲဒီနေရာရဲ့ ကန့်သတ်ချက်ကတော့ ကလေးမွေးခွင့်မရှိတာပါပဲ။ရင်းမြစ်တွေမလောက်မှာဆိုးတဲ့အတွက် ကလေးတစ်ယောက်ယူခွင့်ရဖို့ဆိုရင် ခက်ခက်ခဲခဲ လျှောက်လွှာတင်ရပြီး အရမ်းခက်ခဲတဲ့ စစ်ဆေးမှုကို ခံယူရပါတယ်။အဲဒီစစ်ဆေးမှုကို ...
movie

The Assessment (2025)

2025
Millers in Marriage (2025) 5.4
Millers in Marriage (2025) Millers in Marriage (2025) ==================တစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် အချစ်ဇာတ်လမ်းဒရမ်မာတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။မက်ဂီမစ်လာ၊ အန်ဒီမစ်လာနဲ့ အိဗ်မစ်လာဆိုတာ မစ်လာမောင်နှမသုံးယောက်ဟာ အောင်မြင်နဲ့အနုပညာဘဝကိုယ်စီနဲ့ ဘဝကိုတည်တည်ငြိမ်ငြိမ်ဖြတ်သန်းနေကြပါတယ် ။ဒါပေမဲ့သူတို့အားလုံးရဲ့ အိမ်ထောင်ရေးတွေကတော့ အဆင်မပြေလှပါဘူး။ကလေးတွေကောလိပ်တက်လို့ လင်မယားနှစ်ယောက်စီပဲကျန်ကြတဲ့အခါ ရှောင်လွှဲမရတဲ့ အိမ်ထောင်ရေးငြီးငွေ့မှုကို ကျော်ဖြတ်နိုင်ဖို့ မောင်နှမသုံးယောက်သားကိုယ်စီအဖြေရှာကြပါတယ် ။ဒီလိုအဖြေရှာရင်း ဘဝရဲ့ အချိုးအကွေ့တွေမှာကြုံခဲ့ဖူးတဲ့ အဆက်ဟောင်းတွေကို ပြန်တွေ့ရာကနေ သူတို့ရဲ့ဘဝရွေးချယ်မှုကို ပြန်မေးခွန်းထုတ်မိလာကြပါတယ် ။ဆယ်စုနှစ်နဲ့ချီလက်တွဲလာကြတဲ့ အိမ်ထောင်ဖက်တွေဟာ သူတို့ရဲ့ပါရမီဖြည့်ဖက်အစစ်အမှန် စ်ပါ့မလား။ဘဝရဲ့ ကျန်ရှိတဲ့သက်တမ်းကို မှန်ကန်တဲ့ဆုံးဖြတ်ချက်ချပြီး မှန်ကန်တဲ့သူကို ရွေးချယ်နိုင်မှာလား။မြင်နေကျ ဆယ်ကျော်သက်လူငယ်ရဲ့ ဆူလွယ်ပွယ်လွယ် အချစ်ဇာတ်လမ်းတွေလိုမဟုတ်ပဲ သက်ကြီးပိုင်းတွေရဲ့ တည်ငြိမ်တဲ့အချစ်ပုံပြင်တွေကို ကြည့်ရမှာဖြစ်တာကြောင့် အမြင်ဆန်းနေမှာတော့ အသေအချာပါပဲ ။မောင်နှမသုံးယောက်အဖြစ် ဂျူလီယာနာ မာဂျူလီးစ်, အက်ဒ်ဝဒ်ဘန်းစ်နဲ့ ဂရက်ချန်မောတို့က သရုပ်ဆောင်ထားကြပြီး Deadpool မင်းသမီး မိုရီနာဘက်ကာရင်နဲ့Conjuring မင်းသား ပက်ထရစ်ဝီလ်ဆန်တို့ကလည်း ပါဝင်အားဖြည့်ထားပါတယ်။မောင်နှမသုံးယောက်ရဲ့ မတူညီတဲ့အချစ်ဇာတ်လမ်းသုံးပုဒ်ကို ဇာတ်လမ်းအတက်အကျညီညီနဲ့ ငြိမ့်ငြိမ့်လေးစီးမျောရင်း ကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ရပါတယ်။ File size…1.1 GB / 584 MB Quality…WEB DL 1080p HEVC ...
movie

Millers in Marriage (2025)

Return to Me (2000) 7.0
Return to Me (2000)  Return to Me (2000)IMDb Rating (7.0) / Rotten Tomatoes (62%) ဒါရိုက်တာ Bonnie Hunt ၏ ပထမဆုံးဇာတ်ကားအဖြစ် ရိုက်ကူးထားပြီး၊ David Duchovny နှင့် Minnie Driver တို့က ပါ၀င်သရုပ်ဆောင်ထားပါတယ်။ဘော့ဘ် (David Duchovny) သည် ဇနီးဖြစ်သူ အဲလိဇဘတ် (Joely Richardson) ကို မတော်တဆမှုတစ်ခုကြောင့် ဆုံးရှုံးရပြီးနောက် စိတ်ဒဏ်ရာရနေချိန်တွင်ဂရေ့စ် (Minnie Driver) နှင့် ချစ်ကျွမ်း၀င်သွားခဲ့ပြီး ဂရေ့စ် က အဲလိဇဘတ်ရဲ့ နှလုံးကို အစားထိုးကုသခံယူထားသူဖြစ်ကြောင်း နောက်ပိုင်းတွင် သိရှိလိုက်ရတဲ့အခါ သူတို့ရဲ့ ဆက်ဆံရေးက တဖြည်းဖြည်း ရှုပ်ထွေးလာပါတယ်။ဒီဇာတ်လမ်းလေးက ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုကို ဟန်ချက်ညီစွာ ပေါင်းစပ်ထားပြီး အစပိုင်းတွင် ကြည်နူးဖွယ်ဇနီးမောင်နှံ၏ ဘဝကို ပြသထားပါတယ်။နောက်ပိုင်းမှာတော့ ဇာတ်လမ်းရဲ့ သိမြင်မှုအသစ်များကို တဖြည်းဖြည်းချင်း ဖော်ပြထားပါတယ်။"Return ...
movie

Return to Me (2000)

2000
I Give It a Year (2013) 5.7
I Give It a Year (2013) အိမ်ထောင်ရေးဆိုတာကလည်း မိသားစု ၂ စု ပေါင်းစည်းရတဲ့ကိစ္စဖြစ်လို့. တစ်ဖက်နဲ့ တစ်ဖက်မတူညီမှုတွေကို သမီးရည်းစားဘဝမှာထက် အိမ်ထောင်ရှင်ဘဝမှာသာ မျက်ဝါးထင်ထင်မြင်တွေ့နိုင်ကြတာပါသက်တမ်း ၉ လ အကြာကို ဝင်ရောက်လာပြီဖြစ်တဲ့.နတ် နဲ့ ဂျော့ရှ် တို့ အိမ်ထောင်ရေးမှာ ပြောမပြနိုင်တဲ့အဟန့်အတား တစ်ခုခုရှိနေပြီဆိုတာကိုနှစ်ဦးသဘောတူဆုံးဖြတ်ခဲ့ကြတဲ့အတွက်.အိမ်ထောင်ရေးတိုင်ပင်ပြောဆိုပေးသူတစ်ယောက်နဲ့ စုံတွဲစိတ်ကုထုံး ဆက်ရှင်ဝင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်.ညျှိနှိုင်းဆွေးနွေးနေရင်း နဲ့ သူတို့ရဲ့အိမ်ထောင်သက်တမ်းအတွင်း ကြုံတွေ့ရတဲ့ မတူညီမှုတွေ၊သဘောထားမတိုက်ဆိုင်မှုတွေ၊ အခက်အခဲတွေကိုFlashback Scene များနဲ့ဟာသနှောတင်ဆက်ထားပါတယ်.သူတို့ရဲ့အိမ်ထောင်ရေးကြားထဲကို နောက်ထပ်ဝင်ရောက်လာတာကတော့ပိုကောင်းတဲ့တစ်ယောက် ဆိုတဲ့အတွေးတွေပါပဲ.နတ်ကလည်း သူ့ကို အလုပ်အပ်မယ့်အမေရိကန်လုပ်ငန်းရှင် ဂိုင်းဟားရပ် ဆိုတဲ့အမျိုးသား တစ်ယောက်အပေါ်မှာ စိတ်တိမ်းညွတ်လာခဲ့သလို.ဂျော့ရှ်ကလည်း တရားဝင် မပြတ်စဲခဲ့ရတဲ့ရည်းစားဟောင်း. ကလိုဝီအပေါ်မှာအချစ်စိတ်တွေ ပြန်လည်ယိုဖိတ် လာချိန်မှာတော့..စုံတွဲ ၂ တွဲကြားထဲက အရှုပ်အထွေး၊ပြဿနာများကြားထဲကနေ ယုံကြည်မှု၊ သည်းခံမှု၊ချစ်ခြင်းမေတ္တာများနဲ့ အိမ်ထောင်ရေးကိုတည်ဆောက်ကြပုံနဲ့. ချစ်ခြင်းရဲ့ညှို့ယူစေခိုင်းမှုဒဏ်ကနေဘယ်သူတွေကများ လွတ်မြောက်နိုင်မှာလဲဆိုတာကိုအကောင်းဆုံးဖော်ကြူးထားတဲ့ ဇာတ်လမ်းလေးကိုCM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…  1.56 GB /  686 MB Quality… Blu-Ray ...
movie

I Give It a Year (2013)

2013
Hard Rain (1998) 5.9
Hard Rain (1998) Hard Rain (1998) IMDb-5.9/10 CM ပရိသတ်တွေအတွက် မင်းသားကြီးမော်ဂန် ဖရီးမန်း ပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မိုးတွေသည်းထည်စွာဆက်တိုက်ရွာသွန်းနေမှုကြောင့် ဟန့်တင်ဘာ့မြို့‌လေးမှာ ရှိနေတဲ့ဆည်ကြီးကို ဖွင့်ချနေရပြီး လူတွေ‌ကိုလည်း ဘေးလွတ်ရာကိုရွေ့ပြောင်း‌ခိုင်းထားရပါတယ်။ ဒီအချိန်မှာပဲ ဘဏ်ကလည်း သူတို့ရဲ့ ဘဏ်ခွဲမှာရှိနေတဲ့ ဒေါ်လာ သုံးမီလီယံကို တွမ်နဲ့ သူ့ရဲ့ဦးလေးချာလီ တို့ မောင်းတဲ့ကျည်ကာကားနဲ့နေရာရွေ့ပြောင်းဖို့လုပ်ရပါတော့တယ်။ဒီလိုနဲ့ရေကတအားတက်လာတာကြောင့် လမ်းတွေလည်းရေမြုပ်ကုန်ပြီး တွမ်တို့ရဲ့ကျည်ကာကားကလည်း မြို့အထွက်မှာတင်ပိတ်မိသွားတဲ့အတွက် အကူအညီခေါ်နေချိန်မှာ ဒေါ်လာသုံးမီလီယံကို ရွေ့ပြောင်းမယ်လို့သတင်းအတိအကျရထားတဲ့ ဂျင်မ်တို့ရဲ့အဖွဲ့ကရောက်လာပြီး ပိုက်ဆံတွေကိုမောင်ပိုင်စီးဖို့ကြိုးစားတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်လာမလဲ၊ တွမ်ကရော ပိုက်ဆံတွေကိုကာကွယ်နိုင်မှာလား၊ လူတွေရဲ့ ပြောင်းလဲလွယ်တတ်တဲ့စိတ်‌ဆိုတာကရော ဘယ်လိုမျိုးလဲ၊ နောက်ဆုံးမှာ ဂျင်မိတို့အဖွဲ့ပိုက်ဆံတွေရသွားမလား ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ ။ File size…  2.89 GB /  1.35 GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 37m Genre .....  Action , Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT
movie

Hard Rain (1998)

1998
Ella Enchanted (2004) 6.3
Ella Enchanted (2004) Ella Enchanted (2004)ကဲ ဘာမှမကြည့်ရသေးခင် မင်းသမီးနဲ့တင် တန်တယ်ဆိုတဲ့ကား။ အဟောင်းကားလေးပေါ့။Anne Hathaway ဆိုတာနဲ့ ညှို့အားပြင်းပြင်း၊ သရုပ်ဆောင်ကောင်းကောင်း အမေရိကန်မင်းသမီးကြီးကို ပြေးမြင်ကြမှာပါပဲ။ Rachel Getting Married (2008) မှာ ဆေးစွဲနေတဲ့ကောင်မလေးအဖြစ်ကို ကျွန်တော် သိပ်ကြိုက်ခဲ့ရတာ။ ဇာတ်ဆောင်မင်းသမီး အကယ်ဒမီဆု ဆန်ခါတင်စာရင်းဝင်သွားသေးတယ်ဗျ။ အဲဒီဇာတ်ကားနဲ့။Alice in Wonderland (2010) မှာ သူ့နဲ့ပြန်တွေ့တော့ Fantasy ဇာတ်ရုပ်နဲ့လည်း မစိမ်းလှတာကို သတိထားမိတယ်။ အဲဒီမှာတင် အခုတင်ဆက်ပေးမယ့် Ella Enchanted (2004) ကို ပြန်ကြည့်မိတာ။ သူ့ကို အကြိုက်ဆုံးတွေကတော့ Interstellar (2014) နဲ့ Ocean's 8 (2018) ထဲမှာပဲ။ဒီကားမှာ သူနဲ့ လက်တွဲညီညီ သရုပ်ဆောင်ခဲ့တာတော့ အင်္ဂလိပ်မင်းသားကြီး Hugh Dancy ပါပဲ။ ဒီဇာတ်ကားက အင်္ဂလန်၊ အမေရိကန် ...
movie

Ella Enchanted (2004)

2004
Good Will Hunting(1997) 8.3
Good Will Hunting(1997) Good Will Hunting(1997) IMDb....8.3,,,,Rotten ...97 ဒီဇာတ်ကားက IMDB- 8.3/10 နဲ့ RT- 97% တောင် Rating ရထားတဲ့ ဇာတ်ကားပါ..ရုပ်ရှင်ပရိတ်သတ်တွေကတော့ “Good doesn't describe” (ကောင်းတယ် ဆိုတဲ့စကားလောက်နဲ့ မပြည့်စုံဘူး)လို့ပြောကြတဲ့ဇာတ်ကားပါ ထူးခြားတာက ဒီကားရဲ့ဇာတ်ညွှန်းကိုဇာတ်ကားရဲ့ အဓိကနေရာက သရုပ်ဆောင်ထားကြတဲ့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီးမက်ဒေမွန်(Matt Damon)နဲ့ ဘန်အဲဖလက်(Ben Affleck)ကိုယ်တိုင် ရေးထားတာပါ...သူတို့နှစ်ယောက်က ဇာတ်ညွှန်းအကယ်ဒမီဆုရ၊ Robin Williams ကအကယ်ဒမီဇာတ်ပို့ဆုနဲ့အတူ အခြားရုပ်ရှင်ဆု ၂၂ ဆု ဆွတ်ခူးထားတဲ့ ဇာတ်ကားပါ -------- ကမ္ဘာကျော်သင်္ချာပါရဂူကြီးတွေ နှစ်နဲ့ချီပြီး သက်သေပြဖို့ကြိုးစားရတဲ့သင်္ချာပုစ္ဆာမျိုးတွေကို တစ်ထိုင်တည်းနဲ့ သက်သေပြနိုင်တဲ့ ဆယ်ကျော်သက်အရွယ် ဂျစ်ကန်ကန်ကောင်လေးတစ်ယောက် မိဘမဲ့ ခြေဦးတည်ရာမဲ့ဆိုးဖော်ဆိုးဖက်တွေနဲ့မူးအောင်သောက် ဘဝကို ကြုံသလိုဖြတ်သန်း ဒါပေမယ့်သူဟာ ဂျီးနီးယက်စ်တစ်ယောက် သူ့ရဲ့ဦးနှောက်က Genius-level IQ နဲ့ သူဟာသူ့အင်ပါယာမှာ သူ့ဥပဒေနဲ့ နေထိုင်တဲ့သူ သံယောဇဉ်တွယ်ရမှာကိုကြောက်တယ်...လူတွေရဲ့ သမားရိုးကျအတွေးအခေါ်တွေကို ...
movie

Good Will Hunting(1997)

1997
Spinning Man (2018) 5.6
Spinning Man (2018) လူမှုရေးနယ်ပယ်ထဲက ထိလွယ်ရှလွယ်တဲ့ ကိစ္စတွေထဲမှာ ဖောက်ပြန်တာကလည်း တစ်ခုအပါအဝင်ပါပဲ။ ဒါပေမဲ့ ဖောက်ပြန်တယ်ဆိုတဲ့ကိစ္စကို ဒဿနိကဆရာ တစ်ယောက်အနေနဲ့ ဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲ?တောင်ခါးပန်းမြို့လေးမှာ အထက်တန်းကျောင်းသူလေးတစ်ယောက် ပျောက်ဆုံးသွားတယ်။ အထက်တန်းကျောင်းသူဆိုပေမဲ့ တက္ကသိုလ်တက်ဖို့ စောင့်နေတဲ့ ကျောင်းသူလေးပေါ့။ တောင်ခါးပန်းမြို့လေးမှာ ကန်ကြီးတစ်ကန်ရှိတယ်။ အဲဒီ ကန်ကြီးမှာ ကရက်လှေတွေငှားတယ်။ သူက ကရက်လေငှားတဲ့နေရာမှာ အလုပ်လုပ်နေတဲ့ကောင်မလေးပေါ့။ ရုတ်တရက်ကြီး သူဘာကြောင့်ပျောက်ဆုံးသွားလည်းဆိုတာကို ဘယ်သူမှ အဖြေရှာမရဘူးဖြစ်နေတယ်။ အလောင်းလည်း မပေါ်လာဘူး။ရဲစုံထောက်တွေက အမှူနောက်ကို လိုက်ရင်းနဲ့ကနေ ဒဿနိကဆရာရဲ့ကားကို ကန်နားမှာတွေ့လိုက်တယ် လို့သတင်းရလိုက်တယ်။ ဒါဆို ဒီဆရာက ဘာလဲပေါ့။ ကျောင်းသူတွေနဲ့ ဇာတ်ရှုပ်နေတာလား? ဒါမှမဟုတ် တိုက်ဆိုင်တာပဲလား? ကောင်မလေးကို ဖမ်းခေါ်သွားတာက အမည်မသိတဲ့ ရာဇဝတ်သားတစ်ယောက်ပဲလား? အဲဒီလို အနောက်ကလိုက်ရင်းကနေ အတွေးခေါ်အယူဆတွေ တဖြည်းဖြည်းနဲ့ ပေါ်ထွက်လာပါတယ်။ အဲဒီမှာ စုံထောက်နဲ့ ဒဿနိကဆရာတို့ရဲ့ အားပြိုင်မှုတွေကို ရှိလာပါတော့တယ်။ အမှန်တော့ သူတို့နှစ်ဦးလုံးက တစ်လမ်းထဲကို သွားနေတဲ့လူတွေပါ။ ဘာလို့လဲဆိုတော့ နှစ်ယောက်လုံးက အဖြေကို ရှာတွေ့ချင်နေတဲ့လူတွေလေ။ ဒဿနိကဆရာက အတွေးအခေါ်တစ်ခုရဲ့ အဖြေကိုရှာဖွေနေတယ်။ ရဲစုံထောက်က အမှုရဲ့ အဖြေကို ရှာဖွေနေတယ်။ ဒါဆို ...
movie

Spinning Man (2018)

2018