Channel Myanmar

Minami Tanaka

The Rose of Versailles (aka) Versailles no bara (2025) 5,9
The Rose of Versailles (aka) Versailles no bara (2025) The Rose of Versailles (aka) Versailles no bara (2025) IMDB – 6.0/10, MyAnimeList – 6.6/10Netflix ကနေ မကြာခင်က ထွက်ရှိလာတဲ့ Anime ရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်လေးဟာ ၁၉၇၉ ခုနှစ်က ထွက်ရှိထားတဲ့ စီးရီးကို အသက်ပြန်သွင်းထားတာဖြစ်ပြီး Musical အမျိုးအစားလည်း ပါဝင်ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ ဖြစ်ရပ်မှန် သမိုင်းကြောင်းတွေကို နောက်ခံအဖြစ်အသုံးချထားပြီး စိတ်ကူးယဉ် ဇာတ်ဆောင်နဲ့ ပုံဖော်ထားတဲ့သဘောပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ Oscar ဆိုတဲ့ မိန်းကလေးဟာ ဖခင်ဖြစ်သူက သားယောက်ျားလေးအဖြစ် ပြုစုပျိုးထောင်ခဲ့လို့ ချောမောလှပပေမဲ့လည်း ကျားကျားလျားလျားနေနေရသူ ဖြစ်ပါတယ်။ဒီလိုနဲ့ ပြင်သစ်-သြစတြီးယား ၂ နိုင်ငံ ချစ်ကြည်ရေးအနေနဲ့ ရောက်ရှိလာတဲ့ အိမ်ရှေ့စံမင်းသမီး Marie Antoinette ကို သက်တော်စောင့် လုပ်ဖို့ ကံပါလာရာကနေ အချစ်ရေးအချစ်ရာကိစ္စတွေ နိုင်ငံရေးပဋိပက္ခတွေတစ်ကမ္ဘာလုံးမှာ နာမည်ကျော်ဖြစ်ရပ်တစ်ခုဖြစ်တဲ့ ပြင်သစ်တော်လှန်ရေး ဆူပူအုံကြွမှု စသဖြင့် ...
movie

The Rose of Versailles (aka) Versailles no bara (2025)

Masquerade Night (2021) 6.3
Masquerade Night (2021) Masquerade Night (2021)~ IMDb rating - 6.3/10 ~ဂျပန်စုံထောက်ကားတွေကိုကြည့်ရတာကြိုက်တဲ့သူတွေအတွက် စလယ်ဆုံးမပျင်းရမယ့် ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ လူသတ်သမားရှိတယ်ဆိုတာလွဲပြီး ဘာ info မှမသိရတဲ့သူတစ်ယောက်ကို ဟိုတယ်ထဲမှာလိုက်ရှာကြရမှာမို့လို့ပါ။ဟိုတယ်လုပ်ငန်းဆောင်တာနဲ့ စည်းမျဉ်းစည်းကမ်းတွေကိုရော အမှုလိုက်တဲ့နေရာမှာ ဆက်စပ်ချိတ်ဆက်မှုကိုရော အသားပေးရိုက်ထားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ၂၀၁၉မှာထွက်ခဲ့တဲ့ Masquerade Hotel ရဲ့ အဆက်အဖြစ်ရိုက်ထားတာပါ။ သို့ပေမဲ့ ပထမကားကို မကြည့်ဘဲ ကြည့်လည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...နဲရိမခရိုင်မှာ အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့တိုက်ခန်းထဲမှာပဲ အသတ်ခံခဲ့ရပါတယ်။ သတ်ခံရစဉ်မှာ Lolita ဝတ်စုံဝတ်ထားပြီး ဓာတ်လိုက်သေစေတဲ့နည်းနဲ့သတ်ခံရတာကြောင့် ပုံမှန်မဟုတ်တဲ့အမှုတစ်ခုပါပဲ။ တိုကျို မြို့တော်ရဲတွေလည်း စုံစမ်းလို့မရဖြစ်နေတုန်း အမည်လျှို့ဝှက်ပြီးသတင်းပေးလို့ရတဲ့ hotline ကနေ စာတစ်စောင်ရောက်လာခဲ့ပါတယ်။အဲဒါကတော့ "အမျိုးသမီးကိုသတ်ခဲ့တဲ့လူသတ်သမားက ဒီဇင်ဘာ ၃၁ရက်နေ့မှာ Hotel Cortesia တိုကျို ကိုရောက်လာလိမ့်မယ်"ဆိုတာပါပဲ။ လူသတ်သမားရဲ့အသွင်အပြင်ကိုလည်းမသိ သဲလွန်စလည်းတစ်ခုမှမရှိတဲ့အမှုကို ဟိုတယ်ဝန်ထမ်းတွေရဲ့ ပူးပေါင်းမှုနဲ့အတူ လိုက်ရှာဖို့ဖြစ်လာပါတယ်။ခက်တာက ပွဲကိုတက်မယ့်သူပေါင်း ၅၀၀ရှိတဲ့အပြင် မျက်နှာဖုံးတပ်ထားတာဖြစ်လို့ ...
movie

Masquerade Night (2021)

2021