Channel Myanmar

Michelle Joyner

Cold Wallet (2024) 5.3
Cold Wallet (2024)  Cold Wallet (2024)IMDb Rating (5.2) ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၄ ခုနှစ်ထွက် thriller အမျိုးအစားရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။Cold wallet ဆိုတာကတော့ခရစ်ပတိုငွေကြေးကို သိမ်းဆည်းထားလို့ရတဲ့ USB လို device မျိုးပါ..အဲ့‌တော့ဒီရုပ်ရှင်ကားကခရစ်ပတိုငွေကြေးအကြောင်းဆိုတော့ခရစ်ပတိုကိုနားလည်ထားရင်ပိုကောင်းပါတယ်။ဇာတ်လမ်းအကြောင်းကြောင်းကတော့ ဘီလီလို့ခေါ်တဲ့လူတစ်ယောက်ဟာခရစ်ပတိုငွေကြေးတစ်မျိုးဖြစ်တဲ့ Tulip မှာရင်းနှီးမြှပ်နှံခဲ့ပါတယ်။Tulip ကအလားအလာရှိတဲ့အတွက်ကြောင့်သူ့သူငယ်ချင်း ဒွန် ကိုပါရင်းနှီးမြှပ်နှံခိုင်းခဲ့ပါတယ်။သို့ပေမဲ့ နောက်တစ်နေ့မှာတော့ Tulip ကတန်ဖိုးကျသွားပြီးပြိုလဲသွားခဲ့ပါတယ်။ထို့အတူ Tulip ကိုတည်ထောင်သူ ချားစ်ဟေဂယ်ဆိုသူဟာလည်းသေဆုံးသွားကြောင်းသတင်းထွက်လာပါတယ်။ထိုအခါအီဗာဆိုသူကောင်မလေးကဘီလီကိုဆက်သွယ်ပြီး ချားစ်ဟေရယ်ဟာတကယ်မသေဆုံးကြောင်း၊ Tulip ပြိုလဲသွားခြင်းကလည်းသဘောရိုးမဟုတ်ပဲ သူတို့အလိမ်ခံလိုက်ရတာဖြစ်ကြောင်း ပြောပြလိုက်တဲ့အခါမှာတော့ဘီလီ၊ ဒွန်နဲ့အီဗာတို့သုံးယောက်ဟာ မတရားအလိမ်ခံလိုက်ရတဲ့သူတို့ရဲ့ပိုက်ဆံတွေကိုပြန်ယူဖို့ ချားစ်ဟေရယ်ပုန်းရှောင်နေထိုင်ရာဆီကိုလိုက်သွားခဲ့ပါတယ်။အဲ့တော့ ဘီလီတို့သုံးယောက်ပိုက်ဆံတွေပြန်ရမလားဆိုတာကိုဆက်လက်ကြည့်ရှုကြပါခင်ဗျာ.. (အညွှန်းနဲ့ဘာသာပြန်ကတော့ AKM ဖြစ်ပါတယ်။) File size… (1.1 GB) / (610 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:34:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by AKM
movie

Cold Wallet (2024)

2024