Channel Myanmar

Michel Rousseau

Terra Incognita 1901 (2024) 7.4
Terra Incognita 1901 (2024) Terra Incognita 1901 (2024) ပျောက်ဆုံးခေတ်ရဲ့ပဲ့တင်သံIMDb 7.4/10အန်နီမေးရှင်း ပရိသတ်တို့အတွက် သာမန်နဲ့ကွဲထွက်နေတဲ့ နယ်မြေစူးစမ်းရှာဖွေရေးနဲ့ ပဟေဠိအဖြေရှာရေး ပြင်သစ်အန်နီမေးရှင်းလေးတစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ပရော်ဖက်ဆာ ဟားဘတ်က အမြော်အမြင်ရှိတဲ့ နယ်မြေသစ် စူးစမ်းရှာဖွေသူတစ်ဦးပါ။ ထူးချွန်တဲ့ လူတော်တွေရဲ့ အစခရီးထုံးစံအတိုင်း သက်တူရွယ်တူတွေ လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို ပစ်ပယ်ထားကြပါတယ်။အကြောင်းရင်းကတော့ သူက စွန့်စားရမယ့် စူး‌စမ်းလေ့လာရေးခရီးတစ်ခု ထွက်ချင်နေလို့ပါပဲ။ သူသွားလိုတဲ့နေရာကလည်း အန္တာတိကတိုက်ရဲ့ ဘယ်သူမှ လေ့လာမှုမပြုရသေးတဲ့ ကန့်သတ်‌နယ်မြေတွေဆီကိုပါတဲ့။ညှိနှိုင်းအဖော်ပြုမရပေမဲ့ လက်မလျှော့ဘဲ သူ့စူးစမ်းချင်စိတ်ကို အကောင်အထည်ဖော်ဖို့ ထွက်လာတဲ့အခါမှာတော့ အန္တာတိကတိုက်ရဲ့ ရေခဲတွေအလယ်မှာ မေ့လျော့ခံ လူသားမျိုးနွယ်ရဲ့ ပဟေဠိဆန်တဲ့ လက္ခဏာတွေကို ရှာဖွေတွေ့ရှိလာတဲ့အခါမှာတော့.....................................................................ဒီအန်နီမေးရှင်းရဲ့ ထူးခြားချက် နောက်တစ်ခုကတော့ ဒါရိုက်တာ Michel Rousseau က တခြားဘတ်ဂျတ် သုံးထားခြင်းမရှိဘဲ အန်နီမေးရှင်းကနေ စခရင်ပလေးမှ သီချင်းအထိ သူတစ်ဦးတည်းဖန်တီးထားတဲ့ လက်ရာဖြစ်နေတာပါပဲ။ အဲဒီတော့ ပရော်ဖက်ဆာ ဟားဘတ်နဲ့အတူ ပဟေဠိအဖြေညှိရ‌မယ့် ပြင်သစ်အန်နီမေးရှင်းလေးကို ...
movie

Terra Incognita 1901 (2024)