Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Michael Ning
5.9
The Last Dance (2025)
ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့ဆိုတဲ့စကားအရ အားလုံးက ရှေးလူကြီးတွေက ပြောတယ်ဆိုတာနဲ့ မှန်မှန်မှားမှား ဇွတ်ယုံကြည်တဲ့လူတစ်စုရဲ့ အမူအကျင့်လေးတချို့ကို အခြေခံရိုက်ကူးထားတဲ့ကားလေးပါ...ဒီကားလေးထဲမှာ ကပ်ဘေး ကိုဗစ်အပြီးမှာ အားလုံးက ငွေကြေးရော အလုပ်အားလုံး ခက်ခဲနေကြတာပေါ့... ဒီအချိန်မှာ မင်္ဂလာဆောင်စီစဉ်သူလုပ်ခဲ့တဲ့သူကနေ ဈာပနစီစဉ်သူအဖြစ် ပြောင်းလဲသွားရတော့တာပေါ့...ဒီအချိန်မှာ ငွေရှာဖို့နဲ့ စိတ်ချမ်းသာစေဖို့ ကြားမှာ ဘဝနေနည်းနဲ့ ရှင်သန်ရေးတို့ကြား အတော်လေး အနေခက်ခဲ့ပုံကို ပုံဖော်တင်ဆက်ထားတာပါ... တစ်ဖက်မှာလည်း အလောင်းပြင်ပြီး နတ်ဆရာရဲ့ ရှေးရိုးအယူတွေကြားက ကြေကွဲနေတဲ့ မိသားစုအရေးကိစ္စလည်း ပါဝင်နေပြန်တယ်... ကဲ အားလုံးပဲ ဟောင်ကောင်ရိုးရာ ဈာပနပွဲစီစဉ်ပုံလေးကို စိတ်ဝင်စားဖွယ်ကြည့်နိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် Filesize : 1.38 GB / 805 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama Runtime : 2h 6 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM ...
movie
The Last Dance (2025)
6.5
The Moon Thieves ( 2024 )
နာရီအတုကို အစစ်အတိုင်းမထင်ထားလောက်အောင် ဖန်တီးယူနိုင်တဲ့ နာရီမှောင်ခိုလောကမှာနာမည်ကြီး မာဝိန်ရွှင့်နဲ့ နာရီမှောင်ခိုလောကမှာရှာမရတဲ့နာရီအမျိုးအစား မရှိသလောက်အောင် နာရီမျိုးစုံကိုခိုးယူနိုင်တဲ့ သူခိုးကြီးလို့ နာမည်တွင်တဲ့ ဦးလေးလိုင်တို့ရှိကြပါတယ်တနေ့မှာဦးလေးလိုင်က မာဝိန်ရွှင့်ကို ဂျပန်မှာ Picasso ရဲ့နာရီသုံးလက်လေးလံရောင်းပွဲမှာ အတုအစစ်အစားထိုးဖို့ဂျပန်ကိုအတူတူသွားဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဒါပေမဲ့ မာဝိန်ရွှင့်ကဒါအန္တရာယ်များလွန်းတဲ့ အလုပ်ဖြစ်တာကြောင့် ခေါင်းရှောင်နေခဲ့ပေမဲ့ တစ်နေ့မှာတော့ သူအတုလုပ်ထားတဲ့ လကမ္ဘာနာရီကို လိမ်ရောင်းပေးလိုက်တဲ့ သူ့ဧည့်သည်တစ်ယောက်ကနာရီအတုအစစ်လာစစ်ဆေးဖို့ ဦးလေးလိုင်ဆီသွားရောက်ခဲ့တဲ့အချိန်ဦးလေးလိုင်က မာဝိန်ရွှင့် ရဲ့အလိမ်မပေါ်အောင်လို့ ကူညီလိမ်ပေးခဲ့တာကြောင့် ကျေးဇူးကြွေးရှိသွားပြီး မလွှဲသာတဲ့အဆုံးသဘောတူခဲ့တယ်။ဒီ့အပြင်တခြားကျွမ်းကျင်သူချွီဝမ်နဲ့အစ်မဟုန်တို့ကိုပါ ခေါ်ခိုင်းလိုက်တယ်။ချွီဝမ်က သဘောတူလိုက်ပေမဲ့အစ်မဟုန်ကတော့ သူ့သားသေဆုံးမှုကြောင့် နာကျည်းလျက်ကမ်းလှမ်းချက်ကိုငြင်းဆန်းခဲ့တယ်။ ဒါပေမဲ့လဲ မောင် ဖြစ်သူက အမေ့မျက်စိခွဲစိတ်စရိတ်အတွက် ပိုက်ဆံလိုနေတာကြောင့် ဒီကမ်းလှမ်းမှုကိုသဘောတူခဲ့တယ်။ဒီလိုနဲ့လေးယောက်သားဂျပန်ကိုရောက်သွားပြီး နာရီပြတိုက်မှာထိန်းသိမ်းထားတဲ့ Picasso နာရီသုံးလက်ကိုအတုအစစ်လဲဖို့ သွားရောက်ခဲ့တဲ့အချိန်မှာ ဘယ်လိုတွေဖြစ်လာမလဲ။ ဒီနာရီသုံးလက်ကိုကော အစားထိုးလဲနိုင်မှာလား။ ဘယ်လိုတွေ အတုအစစ်မခွဲခြားနိုင်အောင် လုပ်နိုင်မလဲဆိုတဲ့ ကျွမ်းကျင်သူလေးယောက်ရဲ့ အရည်အချင်းကိုဒီဇာတ်ကားလေးထဲမှာ ပြသထားတာမို့လို့ ဇာတ်ကားလေးကို ကြည့်ရူလိုက်ရအောင် Filesize : 1.10 GB / 608 MB Quality : WEB-DL 1080p , 720p Format : mkv Genres : Action , Crime , Thriller Runtime : 1h 48 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...
movie
The Moon Thieves ( 2024 )
5
Everything Under Control (2023)
Everything Under Control ( 2023 ) ============================ ဒီဟောင်ကောင်ရုပ်ရှင်ကတော့ အက်ရှင်နဲ့ဟာသနဲ့ ဟော်ရာနဲ့ကို ရောစပ်ထားတဲ့ ရုပ်ရှင်ပါပဲ။ ဟောင်ကောင်ရုပ်ရှင်ဟောင်းတွေရဲ့ အငွေ့အသက်ကို ပြန်ရအောင်ထည့်ထားသလို တစ်ကားလုံးဟာသမြောက်အောင် လက်တွေ့မကျခြင်းတွေ ပတ်လည်ဝိုင်းပြထားတဲ့ ရုပ်ရှင်လို့ပြောလည်း မမှားဘူး။ ဂန်းစတားတွေ ရတနာတွေ လျှို့ဝှက်ဆန်းကြယ်နေရာတွေ ပဟေဠိဆန်တဲ့လူတွေ သရဲတွေစသဖြင့် ဒီရုပ်ရှင်မှာ ပါဝင်တဲ့ Elementsတွေက စုံလင်တယ်။ စုံတာတွေအကုန်လုံးကို အရွှန်းဖောက်ပြီး ပြထားတော့ ဟာသကားကြည့်ချင်တဲ့ လူတွေအတွက် အဆင်ပြေမယ့် ရုပ်ရှင်ဖြစ်ပါလိမ့်မယ်။ဇာတ်လမ်းကတော့ လုံခြုံရေးကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းလုပ်နေတဲ့လူတွေကနေစတယ်။ သူတို့ကုမ္ပဏီ လုံခြုံရေးလိုအပ်နေတဲ့လူတွေကို ကာကွယ်ပေးသလို တန်ဖိုးကြီးပစ္စည်းတွေကိုလည်း ပို့ဆောင်ပေးတယ်။ ဒီတစ်ခါတော့ သူတို့တွေကို အထက်ကတန်ဖိုးကြီးစိန်တွေကို ပို့ဆောင်ခိုင်းလိုက်တယ်။ ထူးတာက သူတို့က ဘယ်လူဆိုးနဲ့မှ မကြုံဖူးတော့ ဒီဘက်ခေတ်မှာ ဘာလူဆိုးမှ မရှိတော့ဘူး ဟန်ပြလုပ်ရတာသက်သက်လို့ ထင်နေကြတာပဲ။ ဒါပေမဲ့ တကယ့်ဂန်းစတားတွေက သူတို့ကားကိုတားပြီး စိန်တွေကို ဓားပြတိုက်ဖို့လုပ်ခဲ့တယ်။ ...
movie
Everything Under Control (2023)
6.2
The Goldfinger ( 2024 )
ဒီတစ်ခါမှာ CM ပရိသတ်တွေကို Liu De Hua ရဲ့ နာမည်ကြီးဇာတ်ကားဖြစ်တဲ့ Golden Finger လေးနဲ့တင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းကတော့ ချန်ယိယန်ဆိုတဲ့သူကတော့ တောင်ပိုင်းပင်လယ်မှာ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး လူတွေကိုပြီးပြည့်စုံတဲ့အိမ်တစ်လုံးပိုင်ဆိုင်စေဖို့ အိပ်မက် မက်ခဲ့ဖူးသူဖြစ်ပေမဲ့လုပ်ငန်းအရူံးပေါ်ပြီး ဒေဝါလီခံလိုက်ရတယ်။ ဒီလိုနဲ့အပတ်တကုတ်အလုပ်ကြိုးစားရှာရင်း တနေ့မှာတော့တစ်နယ်သားကုမ္ပဏီတစ်ခုမှာ ကြေးစားသူဌေးယောင်ဆောင်အဖြစ်လုပ်ရင်း တကယ့်သူဌေးကြီးရင်းနှီးမြှုပ်နှံသူအစစ်နဲ့တွေ့ဆုံခဲ့တယ်။ဒီလိုနဲ့ ရင်းနှီးမြှုပ်နှံရေးလောကကိုဝင်ရောက်ခဲ့ပြီး လုပ်ငန်းရင်းနှီးမြှုပ်နှံရေး ရှယ်ယာကစားတာတွေကို လုပ်လာခဲ့ပြီးကျာဝန်ဆိုတဲ့ကုမ္ပဏီကိုတည်ထောင်ခဲ့တယ်။ တစ်စတစ်စ တဖြည်းဖြည်းဟောင်ကောင်မှာ လက်ညှိုးညွှန်ရာရွှေဖြစ်တဲ့ ကျာဝန်လုပ်ငန်းစုသူဌေးကြီးဖြစ်လာခဲ့တယ်။ကံတရားဆိုတာအတက်အကျရှိစမြဲဆိုတဲ့အတိုင်း ကံအရမ်းတက်နေတဲ့ ချန်ယိယန်တစ်ယောက်သူ့လုပ်ငန်းစုပိုင်ဆိုင်မှုကို ICAC အဖွဲ့မျက်စိကျတာကိုခံခဲ့ရတာပေါ့။ အဲ့အဖွဲ့ထဲမှာ လျိုအရာရှိက ဒီအမှုကိုဦးဆောင်ပြီးစုံစမ်းစစ်ဆေးခဲ့တယ်။ အစပိုင်းမှာလျိုအရာရှိကရိုးရှင်းလှပြီ ထင်မိတဲ့အမှုတစ်ခုလေးက တကယ်တမ်းမှာအများကြီး ပါဝင်ပတ်သက်မှုရှိနေတဲ့အခါမှာတော့ ဘယ်လိုတွေဖြေရှင်းကြမလဲ။ ဘယ်လိုတွေဖော်ထုတ်ကြမလဲ။စီးပွားရေးလောကရဲ့ကြောက်စရာကောင်းလှတဲ့ လှည့်ကွက်တွေ။ လောဘသားတွေရဲ့လောဘငတ်မွတ်နေမှုတွေ၊ စည်းစိမ်ဥစ္စာချမ်းသာသူတွေရဲ့ ချမ်းသာမှုအပေါ် ပျော်မွေ့နေမှုစတာတွေကို Liu De Hua , Liang Chao Wei တို့ကပါဝင်သရုပ်ဆောင်ထားတာဖြစ်တဲ့အပြင် ဇာတ်လမ်းဇာတ်အိမ်တွေဟာ သာမာန်စီးပွားရေး နိုင်ငံရေးဇာတ်လမ်းများနှင့်မတူတမူထူးခြားစွာရိုက်ကူးထားတာဖြစ်တဲ့အတွက် ဒီဇာတ်လမ်းလေးကို အတူတူကြည့်ရူအားပေးလိုက်ကြရအောင် ~ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Drama Runtime : 2h 6 min Subtitle : Myanmar Subtitle ( Hardsub ) Translated by ...
movie
The Goldfinger ( 2024 )
Ready or Not 2 ( 2023 )
မြို့ပြမှာ နေထိုင်နေတဲ့ စုံတွဲတွေရဲ့ မတူညီတဲ့အဆင့်အသီးသီးမှာ ဖြစ်ပျက်လေ့ရှိတဲ့ အဖြစ်အပျက်လေးတွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ အားကျားနဲ့ ခယ်ရီးတို့ရဲ့ ဘဝဟာ အားကျားရဲ့ အမေကြောင့် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မင်္ဂလာပွဲအတွက်ပြင်ဆင်ဖို့၊ အိမ်ဝယ်ဖို့၊ အလုပ်ကိစ္စတွေကြောင့် အရင်က ပျော်စရာဘဝကြီးက တဖြည်းဖြည်းနဲ့ တာဝန်တွေ ဝတ္တရားတွေနဲ့ ပြည့်နှက်လာခဲ့ပါတယ်။ဟွေးရှုံကလည်း အိမ်ထောင်ရှင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေပေမယ့် သူ့ဇနီးဖြစ်သူ ဂျင်းနီကတော့ သူ့အပေါ် စိတ်ဝင်စားမှုတွေ လျော့နည်းလာပြီး အပြောင်းအလဲတွေရှိနေပါတယ်။ အားကျန့်နဲ့ ဂျက်ဆီကာကတော့ မိုးနတ်မင်းရဲ့ ဆုလာဘ် (ကိုယ်ဝန်)ကို လက်ခံရရှိခဲ့ပါတယ်။ အပြည့်အဝ ကာကွယ်ခဲ့ပေမယ့်လည်း 0.01% ဖြစ်နိုင်ချေက သူတို့ဆီကို ရောက်လာပြီး မပြင်ဆင်ရသေးခင် မိဘဖြစ်လာဖို့ ဖြစ်ခဲ့ရပါတယ်။သူတို့တစ်တွေ ကိုယ်စီအခက်အခဲကို ဘယ်လို ကျော်ဖြတ်ကြမလဲ...... သူတို့ ၆ ယောက်ရဲ့ ဘဝလမ်းကြောင်းကရော ဘယ်လို အပြောင်းအလဲတွေရှိနေမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ လိုက်ပါ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Comedy , ...
movie
Ready or Not 2 ( 2023 )
6.2
One More Chance ( 2023 )
ဟောင်ကောင် မင်းသားကြီး Chow Yun-fatရဲ့2023မှာ နောက်ဆုံးထွက်ထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်တစ်နေကုန် လောင်းကစားဝိုင်းမှာပဲ အချိန်ဖြုန်းလေ့ရှိပြီး အကြွေးပတ်လည်ဝိုင်းနေတဲ့ အားဟွေးဆီကို တစ်နေ့မှာတော့ သူ့ရည်းစားဟောင်းဖြစ်သူ လီရှီးဟာ သားဖြစ်သူ လီရန်ကို ခေါ်ပြီးရောက်လာခဲ့ပါတယ်။အားဟွေးဟာ လီရန်ရဲ့ ဖခင်အရင်းဖြစ်ကြောင်း၊ လီရန်ကို တစ်လခေါ်ထားပြီး စောင့်ရှောက်ပေးထားဖို့နဲ့ တစ်လပြည့်ရင် ပြန်လာခေါ်မှာဖြစ်ကြောင်း၊ စောင့်ရှောက်စရိတ်အတွက် ဟောင်ကောင်ဒေါ်လာ တစ်သိန်းပေးမှာဖြစ်ကြောင်း လီရှီးက ပြောပြတဲ့အခါမှာတော့ အားဟွေးဟာ အကြွေးဆပ်ဖို့ ငွေလိုနေတာဖြစ်လို့ လီရန်ကို လက်ခံထားခဲ့ပါတယ်။ဒီလိုနဲ့ လီရန်နဲ့ ပြောဆိုဆက်ဆံကြည့်တဲ့အခါ လီရန်ဟာ သာမန်ကလေးတစ်ယောက်မဟုတ်ဘဲ အော်တစ်ဇင်ကလေးတစ်ယောက်ဖြစ်ပြီး အထူးလိုအပ်ချက်တွေလည်း ရှိတာကြောင့် ပြုစုပျိုးထောင်ရာမှာ အခက်အခဲရှိကြောင်း သိသွားခဲ့ပါတယ်တစ်လပြည့်လို့ ချိန်းဆိုထားတဲ့နေ့မှာ လီရှီးပေါ်မလာတဲ့အခါကျမှ အားဟွေးတစ်ယောက် လီရှီးက လီရန်ကို သူ့ဆီမှာ ဘာဖြစ်လို့အပ်ခဲ့လဲဆိုတာ သဘောပေါက်သွားခဲ့ပါတယ်ဒီတော့ လီရှီးက ဘာဖြစ်လို့ သားဖြစ်သူကို အားဟွေးဆီမှာထားခဲ့ပြီး ပေါ်မလာတာလဲ အော်တစ်ဇင်သားလေးနဲ့ အားဟွေးတစ်ယောက် ဘဝကို ဘယ်လိုဆက်ပြီး ဖြတ်သန်းမှာလဲ ဒီအတိုင်းပဲ လောင်းကစားအလုပ်ကို စွဲလမ်းနေပြီး ဘဝကို ဖြစ်သလိုဖြတ်သန်းနေဦးမှာလားဆိုတာ...... Quality : WEB-DL 1080p , 720p Format : mp4 Genres : Family , Drama Runtime : 1h 54 ...
movie
One More Chance ( 2023 )