Channel Myanmar

Michael Emery

First Shift (2024) 5.0
First Shift (2024)  ရဲမေအသစ်လေးတစ်ယောက် အတ္တလန်တာကနေ နယူးယောက်စီးတီးကို တာဝန်ပြောင်းရွှေ့ချထားခံရတာကနေ စတဲ့ဇာတ်လမ်းပါ။ နယူးယောက်စီးတီးက ရဲဌာနမှာတော့ ဘယ်သူနဲ့မှ မတည့်တဲ့ဂွစာတစ်ယောက်နဲ့ ပါတနာအဖြစ် တာဝန်ချခံထားခဲ့ရတယ်။ သူ့ပထမဆုံးကင်းလှည့်တဲ့အဆိုင်းမှာ introvertဖြစ်နေတဲ့ သူ့ပါတနာနဲ့ extrovertဆန်တဲ့ သူနဲ့ကို အထက်လူကြီးက တွဲဖက်တာဝန်ချပေးလိုက်တဲ့အခါ သူတို့နှစ်ယောက်ကြား အဆင်ပဲပြေလာမလား ပြဿနာတွေပဲ ဆက်တက်မလား ကြည့်ရမှာပါ။တိုက်တိုက်ဆိုင်ဆိုင် သူတို့အဆိုင်းမှာမှ ပြဿနာပေါင်းစုံတက်လာတဲ့အခါ သူတို့အတူ ဘယ်လိုဖြေရှင်းကြမလဲ ကြည့်ရမှာပါ။ တစ်ခုရှိတာက ဒီကားမှာ အမှုကြီးကြီးမားမားတွေကို ပြထားတာမျိုးမရှိဘဲ တကယ်ကြုံနေရသလိုမျိုး ရိုးရှိုးရှင်းရှင်းနဲ့ပဲပြထားတာမို့ လက်တွေ့ကျကျ ကြည့်ချင်ရင်တော့ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။( ဘာသာပြန်ပြီး အညွှန်ရေးသားထားသူတော့ W ပါ )File size_(1.6GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_0::00 Genre_Action Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W
movie

First Shift (2024)

Corbin Nash (2018) 8.0
Corbin Nash (2018) Vampire အကြမ်းစားတွေ၊ Demon Hunter တွေတိုက်ခိုုက်တဲ့ Action ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ်။တခြား Vampire တွေနဲ့မတူဘဲ တော်တော်ထူးခြားပြီး ရက်စက်တဲ့ Vampire တွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။အက်ရှင်ကားကြည့်ချင်သူတွေအတွက် ၂၀၁၈ထွက်ဇာတ်ကားသစ်လေးပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ Cobin Nash ဆိုတဲ့သူဟာ ရဲဝန်ထမ်းအဖြစ် ခက်ခဲတဲ့အမှုတွေကိုလိုက်တဲ့သူပဲဖြစ်ပါတယ်။ပုံမှန်သူ့ဘဝလုပ်ဆောင်ချက်တွေနဲ့ လည်ပတ်နေစဉ်မှာပဲ တစ်နေ့မှာသူဟာ Demon Hunter တွေရဲ့မျိုးဆက်ဖြစ်တယ်ဆိုတာကို သိလိုက်ရပြီး သူတို့မိသားစုရဲ့ ဘဝအမှန်ကိုသိသွားရုံသာမက သူ့မိဘတွေဘယ်လိုသေရတယ်ဆိုတာကိုပါ သိခဲ့ရပါတယ်။ဒါပေမယ့် ယုတ္တိရှိတာကိုပဲ ယုံကြည်တတ်တဲ့ Cobin တစ်ယောက် ဒါတွေကိုလျစ်လျုရှုပြီး ထူးဆန်းတဲ့အမှုတစ်ခုကိုလိုက်နေခဲ့ပါတယ်။အဲဒီမှာပဲ သူ့ရဲ့ ကံကြမ္မာပြောင်းလဲလာတော့တာပါပဲ။သူမယုံကြည်ပါဘူးဆိုတဲ့ မကောင်းဆိုးဝါးတွေကို ထိပ်တိုက်တွေ့ခဲ့ရပြီး ပိတ်လှောင်ခံခဲ့ရပါတယ်။Demon Hunter မျိုးဆက်သစ်တစ်ယောက် ဒီလိုပဲအဆုံးသတ်သွားမှာလား။ဘယ်လိုလက်စားပြန်ချေမလဲ။Demon Hunter အနေနဲ့ပဲလား ဘယ်လိုပုံစံမျိုးနဲ့ ကံကြမ္မာတစ်ဆစ်ချိုးသွားမလဲဆိုတာကို အကြမ်းပတမ်း တိုက်ခိုက်ဟန်တွေ၊ သွေးထွက်သံယိုရိုက်ချက်တွေနဲ့တွေ့ရမှာပါ။Sexual နဲ့ပတ်သက်ပြီး အခန်းတွေ စကားပြောကြမ်းတာတွေ၊ သွေးထွက်သံယိုမြင်ကွင်းတွေများစွာပါဝင်တဲ့အတွက် မိသားစုနဲ့တော့ မကြည့်ရှုသင့်ပါဘူး။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ) File Size : (750 ...
movie

Corbin Nash (2018)

2014