Channel Myanmar

Michael C. Williams

Book of Shadows: Blair Witch 2 (2000) 4.0
Book of Shadows: Blair Witch 2 (2000)   Book of Shadows: Blair Witch 2 (2000)ဒီရုပ်ရှင်မှာက ပရိသတ်ကိုအတွေးစတွေ ချန်ထားခဲ့မှာဖြစ်ပါတယ် ။ဒါကတော့ ဂျက်ဖ်တို့လူစုကြုံရတာကအစုလိုက်အပြုံလိုက် အရူးထတာလားဒါမှမဟုတ်သဘာလွန်ဖြစ်ရပ်လားဆိုတာပါပဲ။ဒီဇတ်ကားကလည်း ငွေကြေးအရအောင်မြင်တဲ့ဇတ်ကားဖြစ်ခဲ့ပါတယ်။ဒါရိုက်တာကတော့ မှတ်တမ်းတင်ရုပ်ရှင်တွေရိုက်လေ့ရှိတဲ့ Joe Berlingerဖြစ်ပါတယ်။အခုတိုးတက်ပြီးယဥ်ကျေးပါတယ်ပါတယ်ဆိုတဲ့ဥပရောတိုက်သားတွေကစုန်းအတတ်နဲ့ပြုစားပါတယ်လို့စွပ်စွဲပြီး၁၄၀၀ခုနှစ်ကနေ၁၇၇၅ထိ လူ၃၀၀၀၀ကနေ ၆၀၀၀၀ကို သတ်ခဲ့တယ်ဆိုရင်အံသြသွားကြမယ်ထင်ပါတယ်။ရောမအင်ပါယာ ဂျာမဏီ ပြင်သစ် အင်္ဂလန် ဆွစ်ဇာလန် စကော့တလန် ဆွီဒင် အင်္ဂလိပ်ကိုလိုနီဖြစ်တဲ့အမေရိကနဲ့မက္ကဆီကိုတို့မှာစုန်းတွေကိုလိုက်ရှာပြီးသတ်ဖြတ်တာတွေလုပ်ခဲ့ကြပါတယ်။အကျော်ကြားဆုံးစွပ်စွဲသတ်ခံရတဲ့သူကတော့ ပြင်သစ်အာဇာနည် “ဂျုံး”ပါ။ စုန်းအယူအဆကတော့နတ်ဆိုးနဲ့ဆက်နွယ်ပြီးလူတွေကို ကျိန်စာတိုက်ပြီးမကောင်းတာတွေဖြစ်စေတယ်ဆိုပါတယ်။စုန်းအယူအဆကအာဖရိကနဲ့မြန်မာမှာလည်းရှိပါတယ်။အနောက်တိုင်းနဲ့တော့ကွဲပြားပါတယ်။၁၉၉၉ မှာထွက်တဲ့ Blair Witch Project ရုပ်ရှင်က ထိတ်လန့်သည်းဖို ရုပ်ရှင်ဖန်တွေကြားတော်တော်ကိုပေါက်ခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။တော်တော်ကိုကြောက်စရာကောင်းတဲ့ရုပ်ရှင်လို့ဆိုကြပါတယ် ။ငွေကြေးအရလည်းအောင်မြင်ခဲ့ပါတယ် ။ရုပ်ရှင်ရိုက်တဲ့အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်”ဘာ့ခ်ကစ်ဗေး”မြို့လည်း ကျော်ကြားသွားပြီးခရီးသည်တွေကြိတ်ကြိတ်တိုးလာကြလို့အမှတ်တရပစ္စည်းတွေလည်းရောင်းကောင်းသွားပါတယ်။“ဘလဲယားစုန်းမစီမံချက်”ဇတ်ကားကဖြစ်ရပ်မှန်မဟုတ်ပေမယ့်ရုပ်ရှင်ထဲကစုန်းမလို့စွပ်စွဲခံရပြီး ၁၇၈၅ခုနှစ်မှာရွာကနှင်ထုတ်ခံရ နှင်းတောထဲမှာသေအောင်ပစ်ထားခံရတဲ့ကယ်လီကက်ထ်ဝါ့ဒ်အကြောင်းကတော့အမေရိကန်တောင်ပိုင်းရဲ့“ဘဲလ်စုန်းမခြောက်လှန့်ခြင်း”(Bell WitchHaunting)ဒဏ္ဍာရီကိုအခြေခံထားတယ်လို့ဆိုပါတယ်။Book of Shadows: Blair Witch 2ကတော့“ဘလဲယားစုန်းမစီမံချက်”ရုပ်ရှင်ကိုအခြေခံပြီးရိုက်ထားတာပါ။ ဇတ်လမ်းအကျဥ်းဘလဲယားစုန်းမစီမံချက်ဇတ်ကားဝက်ဝက်ကွဲအောင်မြင်ပြီး ဘာ့ခ်ကစ်ဗေးမြို့လေးက ကမ္ဘာလှည့်ခရီးသည်တွေ ခရီးသွားတွေရုပ်ရှင်ပရိသတ်တွေနဲ့စည်ကားနေတဲ့အချိန်မှာမြို့ခံ ဂျက်ဖ်ပက်တာဆန်က ရုပ်ရှင်ရဲ့ကျော်ကြားမှုကို စီးပွါးရေးအရအမြတ်ထုတ်ပြီး၁၉၉၉နိုဝင်ဘာလမှာခရီးစဥ်တစ်ခုကိုစတင်လိုက်ပါတယ် ။သူ့ရဲ့ခရီးစဥ်မှာပါတဲ့သူတွေကရုပ်ရှင်နဲ့ပါတ်သက်ပြီးအစုလိုက်အပြုံလိုက်စွဲလမ်းမှုဖြစ်တာနဲ့လျို့ဝှက်ဆန်းကြယ်တာကိုသုတေသနပြုနေတဲ့ဘွဲ့လွန်ကျောင်သားစတီဖင်ပတ်ကားနဲ့ ကိုယ်ဝန်ရှိနေတဲ့သူ့ ရည်းစား ထရစ်စတန်ရိုင်လာ၊ခေတ်သစ်ဝှစ်ကာမှော်ဘာသာရေးလိုက်စားတဲ့အဲရစ်ကာဂီယာဆန်နဲ့ဂို့သ်လိုဝတ်စားနေထိုင်တဲ့ကင်မ်ဒိုင်းမွန်းတို့ပါဝင်ပါတယ်။သူတို့တွေကခရီးစထွက်တဲ့ညမှာပဲရပ်စတင်ပါးလ်ရဲ့အိမ်အပျက်အစီးမှာ ...
movie

Book of Shadows: Blair Witch 2 (2000)

2000
Satanic Hispanics (2022) 5.7
Satanic Hispanics (2022) Satanic Hispanics (2022)~ IMDb - 5.7/10, Rotten Tomatoes - 91% ~"Satanic Hispanics" ဆိုတဲ့နာမည်မှာ Hispanics ဆိုတာက စပိန်ဘာသာစကားကို အခြေခံထားတဲ့ လူမျိုးတွေကိုပြောတာပါ။ ဥပမာ ကျူးဘား၊ မက္ကဆီကန် လူမျိုးတွေပေါ့။ ဒီဇာတ်ကားရဲ့ခေါင်းစဉ်ကတော့ စေတန်နှင့်ပတ်သက်သော စပိန်များ လို့ အဓိပ္ပါယ်ဖွင့်လို့ရပါတယ်။~ ဇာတ်လမ်းအညွှန်း ~စပိန်နိုင်ငံရဲ့ အယ်လ်ပါဆိုတဲ့ဒေသမှာရှိတဲ့ အိမ်တစ်ခုကိုဝင်စီးတဲ့အချိန်မှာ ရဲတွေဟာအလောင်းပေါင်းများစွာကို တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ "သွားလေသူ" လို့ သူ့ကိုယ်သူခေါ်တဲ့ အမျိုးသားတစ်ယောက်ပဲ ဘာထိခိုက်ဒဏ်ရာမှမရှိဘဲရှင်ကျန်နေခဲ့ပါတယ်။ ဒီလိုနဲ့ ထုံးစံအတိုင်းပဲ မှုခင်းဖြစ်ပွားတဲ့နေရာမှာ ရှင်ကျန်နေတဲ့သွားလေသူဆိုတဲ့သူကို လူသတ်တရားခံအတွက် သံသယရှိတဲ့သူဆိုပြီး စခန်းကိုဖမ်းသွား၊ မေးမြန်းတာတွေလုပ်ခဲ့ကြပါတယ်။ ဖြစ်ချင်တော့ သေဆုံးသူတွေက သမားရိုးကျပုံစံမျိုးနဲ့သေဆုံးတာမဟုတ်ဘဲ အားလုံးက သွေးတွေခန်းတဲ့အထိစုပ်သတ်ခံရပြီးမှ နဖူးထဲသေနတ်ရာပေါက်ပြီး သေသွားကြရပါတယ်။ ရဲတွေက ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခုကိုမေးလိုက်တိုင်း သူက တခြားအကြောင်းအရာတွေနဲ့ ဆက်စပ်ပြီးပြောပြောလာပါတယ်။ ...
movie

Satanic Hispanics (2022)

2022