Channel Myanmar

Melia Kreiling

Company of Heroes (2013) 5.0
Company of Heroes (2013)    Company of Heroes (2013) ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကာလအကြောင်းကိုစိတ်ကူးယဥ်ရိုက်ပြထားတဲ့ စစ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်ပြီးခါနီး ၁၉၄၄ ခုခရစ်စမတ်ကာလမှာ ဂျာမနီကိုမဟာမိတ်တပ်တွေနဲ့ ဆိုဗီယက်တပ်နီတော်တို့က ဝိုင်းထားလိုက်ပါပြီ။ဟစ်တလာကတော့ ဂျာမန်ပြည်သူတွေကိုစွမ်းအားပြင်းလက်နက်တစ်ခုနဲ့အနိုင်ပြန်ယူမယ်လို့ကတိပေးထားခဲ့ပါတယ်။ထိုအချိန် Ardennes ဒေသမှာ ဂျာမန်စစ်သားတွေမရှိတော့ဘူးလို့ယူဆတဲ့ လက်ဖတင်နင်ကွန်တီက ဆာဂျင်မက်သီဆင်နဲ့သူ့တပ်ဖွဲ့ကိုရှေ့တန်းစစ်စခန်းကို ခရစ်စမတ်ဝက်ပေါင်ခြောက်ပို့ပေးဖို့ တာဝန်ပေးခဲ့ပါတယ်။ဆာဂျင်မက်သီဆင်နဲ့သူ့တပ်ဖွဲ့ဟာနှင်းတော့ကိုဖြတ်သွားရင်းနဲ့ ဂျာမန်တင့်ကားစစ်ကြောင်းနဲ့ထိပ်တိုက်တိုးခဲ့ပါတယ်။ထို့နောက်သူတို့ဟာ ဂျာမန်တွေရဲ့အနောက်ဖက်ကိုရောက်သွားပြီးတော့ ဌာနကိုပြန်ဖို့လုပ်ရင်းနဲ့ ဂျာမန်တွေရဲ့လက်နက်စမ်းသပ်တဲ့နေရာတစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်။ထိုနေရာဟာ မွဲစာကြဲနေတာကိုတွေ့ရှိရပြီးတော့ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ(အိုအက်စ်အက်စ်) တပ်သားတစ်ယောက်နဲ့တွေ့ရှိခဲ့ပါတယ်။ထိုသူကဂျာမန်တွေ အနုမြုဗုံးစမ်းသပ်တာကိုစုံစမ်းနေတာဖြစ်ပြီး သေခါနီးဖြစ်နေပါပြီ။သူကပထမစစမ်းသပ်တဲ့ဗုံးကမအောင်မြင်ခဲ့ပဲ နောက်ထပ်စမ်းသပ်မှုကိုတားနိုင်ဖို့ သူ့ရဲ့စစ်ဆင်ရေးကိုဆက်လုပ်ဖို့ Stuttgart မြို့ကိုသွားမဲ့ရထားပေါ်ကလူကို လျှို့ဝှက်စာတွေပို့ပေးဖို့အမိန့်ပေးခဲ့ပါတယ်။ဒီတော့ ဆာဂျင်မက်သီဆင်ရဲ့တပ်ဖွဲ့ ဒီစစ်ဆင်ရေးကိုဆက်လက်လုပ်ဆောင်နိုင်မလား၊ ဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲဆိုတာကို‌ဆက်လက်ကြည့်ရှူကြပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ AKM ဖြစ်ပါတယ်။)File size…(2 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Drama, War Duration….01:41:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by AKM
movie

Company of Heroes (2013)

2013