Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Megan Ward
5.5
Joe’s Apartment (1996)
ဂျိုးဟာ အိုင်အိုဝါနယ်သားလေးတစ်ယောက်ဖြစ်ပြီး အလုပ်ရှာဖို့ရည်ရွယ်ချက်နဲ့နယူးယောက်ကိုတက်လာခဲ့တာဖြစ်ပါတယ်။ ရောက်ကတည်းက မြို့ကြီးသားတွေပညာပြတာကို အလီလီခံနေရပြီး အိမ်ကိုငွေပြန်ပို့ဖို့နေနေသာ တစ်ချိန်လုံး သူ့အမေဆီကပဲ ချေးနေရပါတယ်။ နေဖို့ထိုင်ဖို့အတွက် ကျောတစ်ခင်းစာနေရာလိုက်ရှာရင်း ဆင်းရဲသားရပ်ကွက်ထဲက တစ်ခုတည်းကျန်နေတဲ့ တိုက်ကြီးတစ်လုံးက အခန်းတစ်ခန်းကိုစျေးချိုချိုနဲ့ရခဲ့ပါတယ်။တကယ်တော့ သူရသွားတဲ့တိုက်ခန်းနေရာကို လွှတ်တော်အမတ် ဒေါ်ဂါတီက ထောင်ကြီးတစ်လုံးတည်ဆောက်ဖို့ရည်ရွယ်နေတာ ဖြစ်ပြီး နေထိုင်သူတွေကိုလူဆိုးတွေနဲ့ခြိမ်းခြောက်မောင်းထုတ်လေ့ရှိပါတယ်။ဂျိုးရောက်အပြီးမကြာခင်မှာပဲ သူ့ကိုခြိမ်းခြောက်ဖို့လာတဲ့ လူဆိုးနှစ်ယောက်ကို တိုက်ခန်းထဲမှာရှိတဲ့ ဂျိုးရဲ့အခန်းဖော်တွေက ပညာပြလွှတ်လိုက်တဲ့အတွက် အလဲလဲအကွဲကွဲထွက်ပြေးသွားကြရပါတယ်။ အဲ့ဒီအခန်းဖော်တွေကတော့ သူ့အရင်အစဉ်အဆက်နေထိုင်ခဲ့ကြတဲ့ ပိုးဟပ်တွေဖြစ်ပြီး အဲ့ဒီပိုးဟပ်တွေအကုန်လုံးက စကားပြောတတ်ပါတယ်။ သူတို့လိုပဲ ညစ်ပတ်ပျင်းရိတဲ့ ဂျိုးကို ချက်ချင်းသဘောကျသွားပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့ ကမ်းလှမ်းလာချိန်မှာတော့..။ဂျိုးတစ်ယောက်ပိုးဟပ်တွေနဲ့အတူယှဉ်တွဲနေထိုင်နိုင်သွားမလား? သူတို့တိုက်ခန်းနေရာကိုလိုချင်နေတဲ့ လွှတ်တော်အမတ်နဲ့ တပည့်လူဆိုးတစ်သိုက်ကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ? အစရှိတာတွေကို ဇာတ်ကားထဲမှာဆက်ပြီး အဖြေရှာလိုက်ကြပါ။တစ်ကားလုံးခွီနေရတဲ့ဇာတ်ကားဖြစ်ပါတယ်။( ဘာသာပြန််ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ )File size_(2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:20:00 Genre_Comedy, Fantasy, Sci-Fi Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie
Joe’s Apartment (1996)
5.8
Encino Man (1992)
Encino Man (1992)အားလုံးသိသလိုပဲ ဒီနှစ်ရဲ့ အမျိုးသားသရုပ်ဆောင် အော်စကာဆုရှင်၂ယောက်ဖြစ်တဲ့ ဘရန်ဒန်ဖရေဆာနဲ့ Ke Huy Quan တို့ဟာ ကားရိုက်တော်တော်နည်းခဲ့တဲ့၊ ရုပ်ရှင်လောကကနေ အကြောင်းအမျိုးမျိုးနဲ့ စွန့်ခွာခဲ့ဖူးတဲ့ သူတွေပါပဲ။ ဒါပေမဲ့လည်း ၂ယောက်စလုံးက ကျွန်တော်တို့ငယ်ဘဝကို ကြီးစိုးထားတဲ့ ရုပ်ရှင်ကားတွေကို ရိုက်ဖူးခဲ့တဲ့သူတွေပါပဲ။ ဆန်းကြယ်စွာနဲ့ပဲ ဒီနှစ်မှာ ဒီ၂ယောက်စလုံး အော်စကာဆုရသွားခဲ့တယ်။ ဒီလိုနဲ့ သူတို့၂ယောက်စလုံး အတူတူပါဖူးခဲ့တဲ့ ဟိုးတုန်းက ရုပ်ရှင်ကားတစ်ကားကို ပြန်တူးဖော်ဖို့ အကြောင်းဖန်လာခဲ့တယ်။ဒီရုပ်ရှင်မှာ ဘရန်ဒန်ကြီးက ရေခဲခေတ်ကလူအနေနဲ့ သရုပ်ဆောင်ထားတယ်။ ရေခဲခေတ်မှာ ရေခဲတုံးထဲခဲသွားပြီး ဒီဘက်ခေတ်မှာမှ အဲဒီရေခဲတုံးကြီး အရည်ပျော်ပြီး ဒီဘက်ခေတ်ကို ရောက်လာတဲ့သူပေါ့။ သူ့ကိုတွေ့သွားတဲ့ ဒေ့ဆိုတဲ့ကောင်လေးက အိမ်နောက်ဖေးမှာ ရေကန်တူးရင်း တွေ့သွားတာ။ ဒေ့ နေရာကို Sean Astin က သရုပ်ဆောင်ထားတယ်။ သူ့ကိုလည်း သိကြမှာပါ။ ဂန္ထဝင်ရုပ်ရှင် LoTR မှာ ဖရိုဒိုရဲ့ဘော်ဒါ ...
movie
Encino Man (1992)
1992