Channel Myanmar

McCaul Lombardi

Deadland (2024) 5.6
Deadland (2024)   Deadland (2024)နယ်ခြားစောင့်တပ်ဖွဲ့မှ အရာရှိ Angel Walter ဟာ ကင်းလှည့်နေချိန်မှာ နယ်စပ်ကို တရားမဝင်ကျော်ဖြတ်ဖို့ ကြိုးစားနေတဲ့လူတစ်ယောက် မြစ်ထဲကနေ ဖြတ်လာတာကို တွေ့ခဲ့ရတယ်။မြစ်ရေဟာအန္တရာယ်များလို့ မကူးလာဖို့ ပြောနေချိန်မှာပဲ အဲ့ဒီလူဟာ မြစ်ရေနဲ့အတူ မျောပါပြီး သေဆုံးသွားခဲ့တယ်။အရာရှိ Angel ဟာအလောင်းကို အိတ်ထဲထည့်ပြီး ပြန်လာချိန်မှာ သူ့ကားနောက်ခန်းထဲက ရေနစ်သေထားတဲ့အလောင်းကောင်ကြီးက နိုးထလာခဲ့တယ်။သေဆုံးသွားပြီလို့ ယူဆထားတဲ့ ဒီလူထူးဆန်းကို ဆေးကုသပေးဖို့ သူ့သူငယ်ချင်း စစ်ဆရာဝန်မတစ်ယောက်ဆီကို ပို့ပေးပြီး သူ့ဇနီးသည်ပြန်ခေါ်တာကြောင့် အရေးတကြီးအိမ်ကိုပြန်သွားခဲ့တယ်။သူအိမ်ပြန်ရောက်ချိန်မှာ သူ့အိမ်မှာလည်း ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးတဲ့ လူထူးဆန်းတစ်ယောက်ဟာ သူ့အဖေဆိုပြီးတော့ အိမ်ပေါ်ကို ရောက်နေခဲ့တယ်။ဆေးကုသဖို့ ပို့ပေးခဲ့တဲ့လူထူးဆန်းကို အကြောင်းကိစ္စတစ်ချို့ကြောင့် သူ့ရဲ့ လက်အောက်အရာရှိ ရေးနဲ့ ဆရာဝန်ခရုစ်တို့က သေနတ်နဲ့ ပစ်သတ်မိသွားခဲ့ပါတယ်။သူတို့သုံးယောက်ဟာ ဒီကိစ္စကို ဖုံးဖိဖို့ဆုံးဖြတ်လိုက်ပြီး အလောင်းကို မြေမြုပ်ခဲ့တယ်… ဒါပေမဲ့ နောက်ရက်တွေမှာ အဲ့အလောင်းဟာ သူတို့မြုပ်ထားတဲ့နေရာမှာမရှိဘဲ စခန်းကိုပြန်ပြန်ရောက်လာခဲ့တဲ့အခါမှာဒီဖြစ်ပျက်နေတဲ့ ထူးခြားတဲ့ကိစ္စရပ်တွေနဲ့ ...
movie

Deadland (2024)

2024
The Inspection (2022) 7.2
The Inspection (2022) The Inspection (2022)~ IMDb - 7.2/10, Rotten Tomatoes - 89% ~ရွှေကမ္ဘာလုံးဆု ဆန်ကာတင်ဝင်ခဲ့တဲ့ ဖြစ်ရပ်မှန် မရိန်းတပ်တွင်း ဒရာမာ ရုပ်ရှင်ဖြစ်ပါတယ်။ဒါရိုက်တာကတော့ မရိန်းတပ်ဖွဲ့ဝင်ဟောင်းဖြစ်ပြီး သူ့ရဲ့ ကိုယ်တွေ့ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတာပါပဲ။ အကြောင်းအရာကတော့... လိင်တူချစ်သူတွေကို မုန်းတတ်တဲ့ စိတ်ရောဂါရှိတဲ့ အမေဟာ သူ့ရဲ့သားဖြစ်သူ ဖရန့်ကို အိမ်ကနှင်ချခဲ့တာကြာပါပြီ။ ဖရန့်ဟာ မရိန်းတပ်ထဲကိုဝင်သွားပြီးတော့ သင်တန်းကာလမှာ လိင်တူမုန်းတဲ့လူတွေနဲ့ ကြုံဆုံရပုံ အခက်အခဲတွေကို ပြသထားတာဖြစ်ပါတယ်။အမေရိကန်စစ်တပ်ဟာ လိင်တူတွေနဲ့ပတ်သက်ပြီး မမေးနဲ့မပြောနဲ့ ဆိုတဲ့ တရားဝင်ပေါ်လစီ ရှိပါတယ်။ ၁၉၉၃ လောက်မှာစတင်ခဲ့တာပါ။ အဓိပ္ပါယ်ကတော့ စစ်တပ်ထဲမှာ တားမြစ်ထားတဲ့လိင်တူကိစ္စတွေ မပြုမူမချင်း စစ်သားတစ်ယောက်ကို လိင်တူချစ်သူဟုတ်မဟုတ် လိုက်စုံစမ်းခွင့်မရှိပါဘူး။ ဒါပေမဲ့ လိင်တူချစ်သူပါဆိုပြီး တရားဝင် ထုတ်ဖော်ပြောဆိုခွင့်လည်းမပေးထားပါဘူး။ အဲဒီသဘောပါပဲ။ ဒီတော့ ဒီပေါ်လစီတွေနဲ့ စစ်သားတွေရဲ့ ကွဲပြားတဲ့သဘောထားတွေကြားမှာ ဖရန့်တစ်ယောက်ဘယ်လိုအသက်ရှင်မလဲဆိုတာကတော့...(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. ...
movie

The Inspection (2022)

2022