Channel Myanmar

Max Riemelt

Free Fall/ Freier Fall(2013) 7.5
Free Fall/ Freier Fall(2013) Free Fall/ Freier Fall(2023)===================မာ့ခ်ဟာ အတူနေချစ်သူနဲ့မကြာခင် ကလေးရတော့မှာဖြစ်တဲ့ လူငယ်ရဲအရာရှိတစ်ယောက်ပါ။အဓိကရုဏ်းနှိမ်နင်းရေး သင်တန်းမှာတက်ရောက်နေပြီး ဆောင့်ကြွားကြွားနိုင်တဲ့ သူ့အခန်းဖော်ကိုင်း နဲ့ လည်း ကတောက်ကဆအနည်းငယ်ရှိပါတယ်။တစ်နေ့တော့ လေ့ကျင့်ရေးကွင်းထဲမှာ ကိုင်းနဲ့သူ ထိပ်တိုက်ရုန်းရင်းဆန်ခတ်ဖြစ်ကြတဲ့အတွက် ရုံးခန်းအခေါ်ခံခဲ့ရပါတယ်။ဒါပေမယ့် မကြာခင်မှာ ကိုင်းက  သူ့ရဲ့ရိုင်းပျမှုအတွက် တောင်းပန်ခဲ့ပြီးတဲ့နောက် တောအုပ်ထဲကို အတူတူအပြေးကျင့်ကြရင်း ရင်းနှီးမှုပိုလာရင်း ကိုင်းရဲ့တဇွတ်ထိုးအပြုအမူတွေ၊ သူငယ်ချင်းထက်ပိုချင်တဲ့ အရိပ်အယောင်တွေမှာ သာယာပြီး ရုန်းမရအောင်ဖြစ်လာတဲ့အခါ သူ့ရဲ့ဘ၀ဟာ နက်ရှိုင်းတဲ့ချောက်နက်ကြီးတစ်ခုထဲကို တရိပ်ရိပ်ထိုးဆင်းနေမိပြီဆိုတော့ မာ့ခ် အလန့်တကြားသိလိုက်ရပါတော့တယ်။  Free Fall ဟာမထင်မှတ်ပဲ ဒေသတွင်းမှာရော အပြည်ပြည်ဆိုင်ရာ ပရိသတ်ကြားမှာပါအောင်မြင်သွားခဲ့တဲ့ ဂျာမန် romance/drama ကားတစ်ကားပါ။မင်းသားနှစ်ယောက်ကြားက ဓာတုဗေဒ၊ လှပသွက်လက်တဲ့ တင်ဆက်ပုံ၊နောက်ခံတေးဂီတ အစစအရာရာပြည့်စုံတဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ ဒီကားရဲ့အောင်မြင်မှုကြောင့် Free Fall 2 ကိုလျာထားခဲ့ပေမယ့် အကြောင်းကြောင်းကြောင့်အခုချိန်ထိ ထွက်မလာနိုင်သေးပါဘူး။ Berlin Film Festival မှာ ပွဲဦးထွက်ပြသခဲ့ပြီး အခုချိန်ထိ ...
movie

Free Fall/ Freier Fall(2013)

[18+] Berlin Syndrome (2017) 6.3
[18+] Berlin Syndrome (2017)   ဒီကားလေးကတော့သည်းထိတ်ရင်ဖိုစရာဒရာမာကားလေးဖြစ်ပါတယ်။ ကလျာဆိုတဲ့လူငယ်ဓာတ်ပုံဆရာမလေးတယောက်ဟာတကိုယ်တည်းဘာလင်မြို့ကိုထွက်လာပါတယ်။ ကမ္ဘာကြီးကိုစူးစမ်းချင်အသစ်အဆန်းတွေတွေ့ကြုံချင်တဲ့လူငယ်တယောက်ပေါ့။ လည်ပတ်ရင်းလမ်းမှာအားကစားကျောင်းတကျောင်းကအန်ဒီဆိုတဲ့ဆရာတယောက်နဲ့တွေ့မိကြပါတယ်။ ကံကြမ္မာဆိုးရဲ့အစတခုလို့ပြောရမှာပါပဲ။ အန်ဒီနဲ့တညတာသူ့တိုက်ခန်းမှာပျော်ပါးပြီးနောက်ကလျာတယောက်အဲဒီတိုက်ခန်းမှာပဲဆက်ပြီးပိတ်လှောင်ခံရပါတော့မယ်။ လူတွေကိုယုံကြည်ပြီးတဇွတ်ထိုးစိတ်အလိုလိုက်မှုကြောင့်ဖြစ်တဲ့ဆိုးကျိုးတွေပါပဲ။   ၁၈++ခန်းတွေပါပြီးကလေးတွေလုံးဝမကြည့်သင့်တဲ့ကားလေးပါ။ မိသားစုနဲ့လည်းမကြည့်သင့်ပါဘူး။ ကဲဒီလိုဆိုတော့ကလျာဆိုတဲ့ဓာတ်ပုံဆရာမလေးအဲဒီကံကြမ္မာဆိုးကနေပဲထွက်နိုင်မလား။ အန်ဒီရဲ့ပြသနာကဘာလဲ။ ဘယ်လိုတွေဖြစ်လာမလဲဆိုတာတော့စောင့်ကြည့်ရမှာပေါ့။   (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်)   File Size : 800 MB Quality : Webdl 720P Running Time : 1hr 45minutes Format : Mp4 Genre : Drama, Horror, Mystery Translator : Fridays Encoder :Thanhtike Zaw
movie

[18+] Berlin Syndrome (2017)

2017