Channel Myanmar

Mathura

Aalan (2024) 7.5
Aalan (2024) Aalan (2024)အတိတ်စေရာ CM Bollywood ပရိသတ်ကြီးအတွက် Rating လည်းမြင့် ဇာတ်အိမ်သေသပ်ကောင်းမွန်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကြောင်းတွေနဲ့ ချိတ်ဆက်ပေးထားတဲ့ ဇာတ်ကားသစ်လေးတစ်ကားကို တင်ဆက်ပေးပါရစေ…လူတစ်ယောက်ဟာ ဘယ်လိုပဲပြေးပြေးမလွတ်နိုင်တာ သူ့ရဲ့အတိတ်ဆီကပဲလို့ ပြောလို့ရမယ်ထင်ပါတယ်… အချိန်တွေဘယ်လိုကြာညောင်းညောင်း အဖြစ်အပျက်တွေဘယ်လိုပြောင်းပေမယ့် ခံစားချက်ပေါင်းစုံကတေ့ာ တွေးမိလိုက်ရင် အသစ်တဖန်ပြန်ဖြစ်နေမယ့် အမှတ်ရစရာအတိတ်တွေက လူတိုင်းမှာ တပုံတပင်နဲ့ပေါ့ ဒီထဲကဇာတ်ဆောင်တွေဟာလည်း အတိတ်ကနေထွက်ပြေးရင်း အတိတ်ကနေရုန်းမထွက်နိုင်ကြတဲ့ အကြောင်းကို ရိုက်ပြထားတာပါပဲ။ဇာတ်လိုက်မင်းသားဖြစ်တဲ့ သီယာဂူဟာ ပျော်ရွှင်ရတဲ့ငယ်ဘဝလေးပိုင်ဆိုင်ခဲ့ပေမယ့် ကံဆိုးမှုတစ်ခုကြောင့် အရာရာဆုံးရှုံး ချစ်ရသူကလည်း ကိုမာဝင်မေ့မြောသွားတဲ့အတွက် ကလေးဘဝမှာလည်း လောကြကြီးရဲ့ထရော်မာဒဏ်တွေကို မခံနိုင်လို့ အိမ်ကထွက်ပြေးပြီး ရသေ့လေးလုပ်ရင်း အတိတ်ကို ကြိုးစားမေ့ဖျောက်ငြိမ်းချမ်းမှုရှာဖွေနေတာ ဆယ်နှစ်ကြာသွားခဲ့ပါတယ်…ဘယ်လိုပဲလုပ်လုပ် စိတ်ရဲ့အေးချမ်းမှူကို ရှာမတွေ့နိုင်တဲ့ သီယာဂူဟာ ဘုရားကျောင်းကနေထွက်ပြီး သူ့ရဲ့ဘဝကြီးကိုရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်အပြီးမှာ အဟောင်းတွေကပဲအသစ်ဖြစ်မလား….အသစ်တွေကပဲ အတိတ်သစ်ထပ်ဖြစ်သွားမလား….ဘဝအချိုးအကွေ့ပေါင်းများစွာကို ဘယ်လိုကြုံရမလဲဆိုတာ ပရိသတ်ကြီးတို့ပဲ ဇာတ်ဆောင်တွေနဲ့အတူ လိုက်ပါစီးမြောခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။အညွန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်… File size… 2.2 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 17m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Aalan (2024)

Yaadhum Oore Yaavarum Kelir (2023) 7.1
Yaadhum Oore Yaavarum Kelir (2023) Yaadhum Oore Yaavarum Kelir (2023) IMDb-7.1/10မင်းသားကြီးဗီဂျေးစည်သူပတီရဲ့ ဒုက္ခသည်တစ်ယောက်အနေနဲ့ သူယုံကြည်ရာနောက် လိုက်ခဲ့ရပုံတွေကို အားတက်ဖွယ်ကြည့်ရှုရမှာပါ။ ဘယ်သူလဲ ဘယ်ကလာတာလဲ ဘာလို့ဒီမှာရှိနေတာလဲ ဘယ်ကိုသွားမှာလဲဆိုတဲ့ ပဟေဠိတွေနဲ့လူတစ်ယောက်။ဒီကမ္ဘာကြီးကို ဘာလို့ဖန်တီးခဲ့လဲဆိုတာ ကျွန်တော်၃နှစ်သားတည်းကတွေးဖူးတယ်။ ဘာလို့လဲဆိုတော့ လူသားအချင်းချင်း တိုက်ပွဲတွေဖြစ်ကြတယ် အကြောင်းက နယ်မြေလေးကြောင့်တဲ့။ ဒါဆိုဒီနယ်မြေက ဘာအတွက်လဲလို့မေးတော့ လူတွေရှင်သန်ဖို့ပါတဲ့။ အုပ်စုဖွဲ့နေတဲ့လူတွေကိုကာကွယ်ဖို့ ဥပဒေပြဋ္ဌာန်းပြီး ဒီဥပဒေကိုကာကွယ်ဖို့ ခေါင်းဆောင်ရွေးကြတယ်။ ခေါင်းဆောင်နောက်လိုက်ပြီး နိုင်ငံတစ်နိုင်ငံတည်ထောင်လိုက်တယ်။ ဒီနိုင်ငံကိုကာကွယ်ဖို့ဆိုပြီး လူတွေသတ်ကြပြန်ရော။ ဒါဆိုဘာလို့နိုင်ငံဖွဲ့စည်းလည်းဆိုတော့ လူတွေကို ကာကွယ်ဖို့ပါတဲ့။ဆိုတော့ ဒီနေ့ထိ ကျွန်တော့်မေးခွန်းအတွက် အဖြေမရှိခဲ့...။ဘယ်နေရာ ဘယ်အချိန်မှာ ဗုံးထပေါက်မလဲစိုးရိမ်နေရတဲ့ သီရိလင်္ကာရဲ့ ဒေသလေးတစ်ခုဆီကနေ စောင့်ရှောက်လာခဲ့ရတဲ့ ကလေးတယောက်ကို ဖာသာကြီးက ကလေးကျွမ်းကျင်တဲ့ဂီတနောက်ကိုလိုက်ဖို့ လန်ဒန်ကိုလွှတ်လိုက်တယ်။ အသက်ဆယ့်ရှစ်နှစ်ကျော်လို့ မှတ်ပုံတင်ပြန်လျှောက်ရာက ပျောက်သွားတဲ့အတောအတွင်း လူသတ်မှုနဲ့ထောင်ကျခဲ့ကြောင်းထွက်ပေါ်လာတဲ့ အမှန်တရားတွေကြားထဲမှာ ဘာဖုံးကွယ်မှုတွေရှိနေမလဲ။အဲဒီလို အခက်အခဲတွေကြားက သူ့ကိုစောင့်ရှောက်ခဲ့တဲ့ ဖာသာကြီးဖြစ်စေချင်တဲ့ ဂီတပညာရှင်ကြီးဖြစ်နိုင်မလားဆိုတာကတော့.. (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~BpL~Zwe Yan ~V တို့ပဲ ဖြစ်ပါတယ်) File size…2.1GB / 903MB Quality…1080p WEB DL / 720p Format…mp4 Duration….1h ...
movie

Yaadhum Oore Yaavarum Kelir (2023)

2023