Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Masaki Okada
6.4
One Second Ahead, One Second Behind (2023)
One Second Ahead, One Second Behind (2023)IMDb Rating (6.4) ကမ္ဘာမှာ သူများထက် အရာရာခြေတစ်လှမ်းသာနေသူတွေရှိသလို သူများထက် အရာရာနောက်ကျနေသူတွေလည်းရှိတယ်။ဒီဇာတ်လမ်းက အဲဒီလိုလူ(၂)မျိုးလုံးရဲ့ ဇာတ်လမ်းပေါ့။ ကမ္ဘာကြီးထက် အရှိန်လွန်သူတွေ, ကမ္ဘာကြီးရဲ့အရှိန်ကို လိုက်မမီနိုင်သူတွေ များသောအားဖြင့်တော့ ကျွန်တော်တို့က ဒီနှစ်မျိုးနှစ်စားထဲကပါပဲ။ကမ္ဘာကြီးနဲ့ထပ်တူညီတဲ့အရှိန်မျိုးဆိုတာတော့ ကမ္ဘာကလွတ်မြောက်သူတွေ ကမ္ဘာကိုရလိုက်သူတွေမှာပဲရှိလိမ့်မယ်။ခင်ဖုန်းသက်ဝေထဲကလို " တဒင်္ဂဆင်းသက်လာတဲ့ နေမင်းရောင်ခြည်ဆီကို တရွေ့ရွေ့ကျောက်တုံးတွေရဲ့အားကိုးယုံကြည်မှုမျိုးနဲ့ ရှေ့ကိုချီတက်လာသူ"တွေထဲမှာ ကျွန်တော်တို့များပါနေမလား။အချစ်ဆိုတာရော စောစောလာလာ နောက်ကျမှလာလာ အချစ်က အချစ်ပဲဖြစ်တတ်လား။ အချိန်အခါလွဲမှားတဲ့ အချစ်ဇာတ်တွေဟာ ဝမ်းနည်းစရာကောင်းတတ်လား။ကမ္ဘာကြီးထက် အရှိန်လွန်သူတစ်ယောက်နဲ့ အရာရာမှာနောက်ကျတတ်တဲ့သူတို့က နီးစပ်ဖို့ရော အခွင့်ရှိလား။ အဖြေမရှိပါဘူး၊ အမေးတွေချည်းပဲ ဒီရုပ်ရှင်လည်း ဒီလိုပဲ။ကျွန်တော်တော့ အရာရာမှာ အဖြေတွေရှိတယ်လို့ ဘယ်တော့မှ မယုံပါဘူး။ အဖြေတွေပေးခဲ့ရင်လည်း အဖြေတွေဖြစ်မလာတတ်ဘူး။ခံစားချက်ဆိုတာတွေကလည်း မေးခွန်းသက်သက်နဲ့ လည်ပတ်နေတဲ့အရာတွေလို့ ယတိပြတ်သေချာတယ်။ ရုပ်ရှင်လည်း ဒီလိုသာပဲ ဒီရုပ်ရှင်ဟာ အမေးတွေတော့ ထွက်လာမယ့် ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie
One Second Ahead, One Second Behind (2023)
2023
6.4
Gintama 2: Rules are Made to Be Broken (2018)
Gintama 2 (2018)IMDb Rating (6.4) Anime နဲ့မရင်းနှီးသူတွေတောင် Gintama ဆိုတာကိုသိကြပါတယ် ..ဒါကတော့ ဒုတိယမြောက် Live action ရုပ်ရှင်ဇာတ်ကားလေးပါ ..ထုံးစံအတိုင်း အိမ်လခပေးစရာမရှိတဲ့ကြုံရာကျပန်း ဂင်ချန်တို့ဟာ ဆောင်ကြာမြိုင်မှာအလုပ်သွားရှာခဲ့ကြပါတယ် ..အဲ့ဒီမှာ ရှိုဂန်းနဲ့စတွေ့ပြီး ခေါင်းဖြတ်စက်ဆီရောက်မလို့ဖြစ်ခဲ့ရပါတယ် ..ရှိုဂန်းကိုလုံခြုံရေးယူပေးနေတဲ့ ရှင်ဆန်းဂုမိတပ်ဖွဲ့ နတ်ဆိုးဒုခေါင်းဆောင်ဟီဂျီကာတာကလည်း ချစ်ပ့်ပြားတစ်ခုထည့်သွင်းခံလိုက်ရပြီ လူဖြစ်ရှုံးတဲ့အိုတာကုဖြစ်သွားခဲ့ပါတယ် ..ထိုကနေတစ်ဆင့် ဂင်ချန်က ရှင်ဆန်းဂုမိတပ်ဖွဲ့ကို ကာကွယ်ဖို့ဖြစ်လာခဲ့ပါတယ် ..ဂင်တမာဆိုရင် တစ်ချိန်လုံးရယ်မောနေရပေမဲ့ ဝမ်းနည်းစရာကောင်းတဲ့အဖြစ်တစ်ခုလည်းရှိနေပါသေးတယ် ..ဒီရုပ်ရှင်မှာ အီတိုကာမာတိုရိုဇာတ်ကောင်ပါဝင်ခဲ့ပြီး ထိုဇာတ်ကောင်ကိုသရုပ်ဆောင်ခဲ့တဲ့ မင်းသားဟာရုမာဟာ ၂၀၂၀ ဂျူလိုင် ၁၈ မှာကြိုးဆွဲချပြီးသေဆုံးသွားခဲ့ပါတယ် ..ကျွန်တော် စကြည့်တုန်းက တစ်ချိန်လုံးရယ်မောခဲ့ရတဲ့ရုပ်ရှင်ဟာ သူ့ကိုမြင်တိုင်းဝမ်းနည်းမိရတဲ့အဖြစ်မျိုးကြုံတွေ့ခဲ့ရပါတယ် .. File size…(3.8 GB) / (1.4 GB ) Quality….Blu-Ray 1080p ...
movie
Gintama 2: Rules are Made to Be Broken (2018)
2018
6.4
Gintama (2017)
Gintama (2017)IMDb Rating (6.1)၂၀၁၇ ခုနှစ်မှာထွက်ရှိထားတဲ့ Live action လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးက ဂျပန်မှာ အောင်မြင်မှုရရှိထားတဲ့Gintama ဆိုတဲ့ manga ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီးတော့ဒီဇာတ်ကားဟာလဲ ဝင်ငွေစံချိန်တင်ရရှိထား ပြီး ဂျပန်မှာ အောင်မြင်ခဲ့ တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ တိုကျိုမြို့ပေါ်ကို ဂြိုဟ်သားတွေကျူးကျော်လာပြီးတော့ကမ္ဘာမြေပေါ်ကို နယ်ချဲ့ သိမ်းပိုက်ဖို့ ကြံစည်လာပါတယ်..အဲ့ဒီဂြိုဟ်သားတွေကို ဆာမူရိုင်းတွေက ပြန်လည်ခုခံပြီးတိုကျိုမြို့ကိုကာကွယ်ဖို့ ကြိုးစားတဲ့အခါမှာဂြိုဟ်သားတွေကိုခုခံနိုင်မှာလားဘာတွေဆက်ဖြစ်မှာလဲဆိုတာတွေကိုတော့ပရိတ်သတ်ကြီးကဆက်လက်ကြည့်ကြရမှာပါ.. File size…(3.4 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Duration….02:11:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Ngwe Zin
movie
Gintama (2017)
2017
5.0
The Night Beyond the Tricornered Window (2021)
The night beyond the tricornered windowစာအုပ်ဆိုင် တစ်ဆိုင်ရဲ့ စာရေးလေး "မိကဒို"မှာ ထူးခြားတဲ့စွမ်းရည်တစ်ခုရှိပါတယ်။ အဲဒါကတော့ သူငယ်ငယ်တည်းက သရဲတွေကို အချိန်တိုင်းမြင်နေရတာဖြစ်ပြီး ဒီကနေ ရှောင်လွှဲလို့မရသလို မမြင်ရတော့အောင်လည်း လုပ်လို့မရပါဘူး။ တစ်နေ့မှာတော့ "ဟိရခဝါ"လို့ခေါ်တဲ့ ပယောဂနှင်ဆရာက မိကဒိုကို ရှာတွေ့ခဲ့တဲ့နောက်မှာတော့ အခြေအနေက ပြောင်းလဲသွားခဲ့ပါတယ်။ ဟိရခဝါက မိကဒိုကို သူ့ရဲ့လက်ထောက်အဖြစ်ခန့်ပြီးတော့ သရဲမြင်တဲ့အစွမ်း အကူအညီနဲ့ ဖြေရှင်းရခက်တဲ့ မှုခင်းတွေကို ရှာဖွေဖော်ထုတ်ကြပါတယ်။ ဒီလိုနဲ့ သူတို့လိုက်နေရတဲ့အမှုတွေက "ဟိအူရ"လို့ခေါ်တဲ့ အထက်တန်းကျောင်းသူရဲ့ နှုတ်ထွက်စကားတွေနဲ့ သက်ဆိုင်နေမှန်းသိလိုက်ရတဲ့အခါ ဖြေရှင်းဖို့ ကြိုးစားကြပါတယ်။၂၀၁၃ကနေ ၂၀၂၀အထိထုတ်ဝေခဲ့တဲ့ Yaoi mangaကို adaptionလုပ်ထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းကျောရိုးနဲ့ Japanese BL ကားကောင်းတစ်ကားကို ကြည့်ရှုရမှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ )File Size__(1.4GB) / (700MB) Quality__WEB-DL_1080p, 720p IMDb ...
movie
The Night Beyond the Tricornered Window (2021)
5.4
The Top Secret: Murder in Mind (2016)
Top secret murder in mindတိုကျိုမြို့တော်ရဲဌာနရဲ့ လက်အောက်မှာ နည်းပညာသစ်ကိုအသုံးပြုပြီး ဆန်းသစ်တဲ့နည်းလမ်းနဲ့ အမှုလိုက်နေတဲ့ "ဌာန၉"ဆိုတာ ရှိပါတယ်။ ဌာန၉က စမ်းသပ်ဆဲဌာနတစ်ခုဖြစ်ပြီး တရားဝင်ဌာနအဖြစ် အသိအမှတ်ပြုမခံရသေးပါဘူး။သူတို့ရဲ့အဓိကအလုပ်ကတော့ သေဒဏ်ကျခံရပြီး သေသွားတဲ့အပြစ်သားရဲ့ဦးနှောက်ကို လူတစ်ယောက်နဲ့ချိတ်ဆက်ကာ scanဖတ်ပြီး မှတ်ဉာဏ်ဟောင်းတွေကို ကြည့်ရှုတာပါ။ ဒီလိုကြည့်ပြီးတော့ ဒီအမှုမှာဘာတွေဖြစ်ခဲ့လဲ တရားခံဟာ ဘယ်လိုနည်းလမ်းတွေသုံးခဲ့လဲဆိုတာကို စမ်းသပ်စစ်ဆေးနေတဲ့ဌာနပါ။ ဒါမှ တရားခံနဲ့ဆက်စပ်ပြီး နောက်ထပ်ပေါ်လာနိုင်တဲ့ပြစ်မှုတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ဆုယုဂုချိလို့ခေါ်တဲ့သိပ္ပံပညာရှင်က သူ့မိန်းမ၊ယောက္ခမနဲ့ သမီး၂ယောက်ကို ရက်စက်စွာသတ်ခဲ့တာကြောင့် သေဒဏ်ကျခံခဲ့ရပါတယ်။ သူ့ရဲ့ဦးနှောက်ကို ဌာန၉က လွှဲပြောင်းယူပြီး စစ်ဆေးလိုက်တဲ့အခါ တကယ့်လူသတ်သမားက သူမဟုတ်မှန်း သိလာရပါတယ်။ ဆုယုဂုချိရဲ့ သမီးအကြီးကလည်း တကယ်မသေဘဲ ပျောက်ဆုံးနေပါတယ်။ သမီးကြီးဖြစ်သူက ခိုင်နုမလို့ခေါ်တဲ့ သိပ်ကြောက်စရာကောင်းတဲ့ စိတ္တဇလူတစ်ယောက်နဲ့ပါ ပတ်သက်မှုရှိနေတဲ့အခါတကယ့်လူသတ်သမားအစစ်ကို မှတ်ဉာဏ်တွေထဲကနေ အတိတ်ကအမှုကို လျှို့ဝှက်စွာ ပြန်လည်စစ်ဆေးဖော်ထုတ်ကြမဲ့ စုံထောက်ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ Ingyin ...
movie
The Top Secret: Murder in Mind (2016)
7.1
I Give My First Love to You (2009)
I Give My First Love To you (2009)~ IMDb rating - 7.1/10 ~ကြည့်ကိုကြည့်သင့်တဲ့ ဂျပန်ရိုမန့်ရုပ်ရှင်တွေ စာရင်းထဲမှာ ထိပ်ဆုံးက အမြဲတမ်းပါလေ့ရှိတဲ့ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဂျပန်ရုပ်ရှင်ချစ်သူအားလုံးနီးပါးကြည့်ဖူးကြပြီး ကြိုက်နှစ်သက်ခဲ့ရတဲ့ ကျောင်းသားကားတစ်ကားဆိုလည်း မမှားပါဘူး။တကုမ-ခခိနိုအုချိဆိုတဲ့ ကောင်လေးက မွေးရာပါနှလုံးရောဂါအခံရှိတာကြောင့် ဆေးရုံခဏခဏတက်နေရတဲ့ကောင်လေးပါ။ ဆရာဝန်ကြီးက သူ့ရောဂါဟာ အဲဒီခေတ်အခါနဲ့ ကုသလို့မရတဲ့ရောဂါဖြစ်ကြောင်းပြောနေတာကို မထင်မှတ်ဘဲ သိခဲ့ရပါတယ်။ သူ့နှလုံးက အသက်၂၀ထိပဲအသက်ရှင်နိုင်မှာမို့ အစားရှောင် အနေဆင်ခြင်နေခဲ့ရပါတယ်။ဆရာဝန်ကြီးရဲ့သမီးဖြစ်သူ မယု-တနဲဒကတော့ ဆေးရုံကိုလာကစားရင်း တကုမနဲ့ကစားဖော်ဖြစ်လာတဲ့ကောင်မလေးပါ။ ကလေးတွေဆိုပေမဲ့ သာမန်ထက်ပိုတဲ့အချစ်ဦးတွေဖြစ်ကြပြီး ကျန်တဲ့သူတွေက ကလေးလင်မယားဆိုပြီး ချစ်စနိုးစကြတဲ့အထိ တပူးပူး တတွဲတွဲ ရှိနေခဲ့ကြပါတယ်။၁၆နှစ်အရွယ်ရောက်ကြတော့လည်း မယုက တကုမကိုဆက်ချစ်နေဆဲဖြစ်ပြီး ငယ်ငယ်တုန်းက ကတိအတိုင်းလက်ထပ်ချင်နေခဲ့ပါတယ်။ တကုမကတော့ သူက အချိန်တန်ရင်ထွက်သွားရမဲ့သူမို့ ချစ်ပေမဲ့လမ်းခွဲဖို့ကြိုးစားပါတယ်။ဒီအချိန်မှာတော့ နှလုံးအစားထိုးကုသမှု ပေါ်နေပါပြီ။ တကုမနဲ့ ကိုက်ညီတဲ့သူကိုတွေ့ပြီး နှလုံးအစားထိုးနိုင်ဖို့စောင့်ဆိုင်းနေတဲ့အချိန်ပါ။ တကုမနဲ့မယုတို့ဆက်ဆံရေးဖြောင့်ဖြူးနေတဲ့အချိန်မှာ ...
movie
I Give My First Love to You (2009)
2009
6.3
Someone (2016)
Someone (2016) ဘွဲ့ရပြီးတဲ့ ဂျပန်လူငယ်ငါးယောက်၊ ဘွဲ့ရအလုပ်လက်မဲ့ဆိုတာ ကျွန်တော်တို့လို Third World Country တွေမှာ ပေါများသလို Japan လိုတိုးတက်ပြီးသားနိုင်ငံမှာ မရှိပါဘူးရယ်တော့ ပြောလို့မရပါဘူး၊ ဂျပန်နိုင်ငံမှာဘွဲ့ရထားပြီး အလုပ်ခွင်ဝင်ဖို့ကြိုးစားတဲ့အခါ အလုပ်လျှောက်ကြတဲ့အခါ အခက်အခဲကိုမျိုးစုံကြုံကြရပါတယ်တဲ့။ဒီလိုဘွဲ့ရပြီးသားဂျပန်လူငယ် ငါးယောက်က အလုပ်လျှောက်ဖို့ပြင်ကြတဲ့အခါ သူတို့ငါးယောက်လုံးက တိုက်ခန်းတူနေပါတယ်၊ ဒီလိုနဲ့တူတူကြိုးစားကြ တူတူအလုပ်တွေလျှောက်ဖြစ်ကြတယ်ပေါ့ဗျာ၊ ဒီလိုနဲ့တစ်ယောက်ပြီးတစ်ယောက်ရသွားလိုက်ကြတာ မရသွားတဲ့ကောင်လေးတစ်ယောက်ကတော့ကျန်ရစ်ဖြစ်ပြီး စွန့်ပစ်ခံရသလိုခံစားနေရတဲ့အခါ သူတို့ကြားကဆက်ဆံရေးတွေကအရင်လိုမဖြစ်နိုင်တော့ပါဘူး။ဂျပန်နိုင်ငံရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအကြောင်းကို အနည်းအကျဉ်းဆိုသလိုထိတွေ့ခွင့်ရမယ့် ဝတ္ထုတစ်ပုဒ်အကြောင်းကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး မင်းသား မင်းသမီးတွေကလည်း ဂျပန်သိပ်မကြည့်တဲ့ သူတွေနဲ့တောင် မစိမ်းတဲ့လူတွေပါပဲ။ ကန်ရှင်းမင်းသား၊ Flying colors မင်းသမီး၊ Drive My Car ထဲက ဒုတိယမင်းသားတို့တွေပါ။ ထိပ်တန်းသရုပ်ဆောင်တွေချည်းပါပဲ။ဒီနေ့ခေတ် ဒီနိုင်ငံမှာ ဂျပန်ကိုသွားဖို့ အစီအစဉ်ရှိနေတဲ့သူတွေ များသလို ဂျပန်စာလေ့လာနေကြတဲ့သူတွေလည်း မနည်းပါဘူး။ မြင်မိသလောက် လူငယ်သုံးချိုးတစ်ချိုးလောက်နီးပါးပါပဲ။ ဒီရုပ်ရှင်ဟာ ဂျပန်မှာ အလုပ်သွားလုပ်ချင်တဲ့သူတွေ ဗဟုသုတအနည်းအကျဉ်းရအောင် ကြည့်ထားသင့်တဲ့ကားပါ။ (ဇာတ်ကားနဲ့အညွှန်းကို ...
movie
Someone (2016)
2016
7.8
Confessions (2010)
Confessions(2010) IMDb...7.8,,,Rotten...81% Confessions ဆိုတဲ့ကားလေးကတော့ ရုပ်ရှင်ဝေဖန်ရေးလောကမှာရော စီးပွားရေးအရပါ သောက်သောက်လဲအောင်မြင်ခဲ့တဲ့ psycho-thriller အမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ် ဒီဇာတ်ကားထဲမှာတော့ Yuko Moriguchi ဆိုတဲ့ ကျောင်းဆရာမတစ်ဦးက အမေတစ်ခု သမီးတစ်ခု ဘဝနဲ့ နေ နေ တဲ့ Single mother တစ်ယောက်ပါ။ တပည့်တွေထက် သမီးဖြစ်သူကို ဦးစားပေးလွန်းတာကြောင့် တပည့်တွေရဲ့ အမြင်မကြည်ခြင်း ခံနေရသူလည်း ဖြစ်ပါတယ်။ တနေ့ ဒီလိုချစ်ရတဲ့ တစ်ဦးတည်းသော သမီးလေး မတော်တဆသေသွားတဲ့အခါမှာတော့ ဆောက်တည်ရာမရဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း ဒီသေဆုံးမှုက သွေးရိုးသားရိုးမဟုတ်ဘဲ အသတ်ခံရတယ်ဆိုတာ သိသွားချိန်မှာတော့ သမီးအတွက်ပူဆွေးနေတဲ့ သောကတွေက ရက်စက်ခြင်းအဖြစ် ကူးပြောင်းသွားပါတယ်။ ဘယ်လိုတွေဆက်ဖြစ်သွားမလဲ ဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး....အကောင်းဆုံးဒါရိုက်တာဆု။မင်းသမီးဆု၊ဇာတ်ပို့ဆုနှင့်း အခြားဆုများအပါအ၀င်စုစုပေါင်း(၈)ဆုရရှိခဲ့ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Megumi ပဲဖြစ်ပါတယ်.. File Size : (884 MB) and (330 MB) Quality : Blu-Ray 720p Format…mp4 Duration…01:46:00 Genre : Drama , Thriller Subtitle : Myanmar Subtitle (Hard ...
movie
Confessions (2010)
2010
5.7
အခုတစ်ခါတော့ JoJo's Bizarre Adventure: Diamond Is Unbreakable ဆိုတဲ့Anime ကို Live Action အဖြစ်အသက်သွင်းရိုက်ကူးထားတဲ့ ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် Japan Anime Hard Core ဖန်တွေတော့ ဒီ Animationseries လေးကို ရင်းနှီးပြီးသာားဖြစ်မှာပါ ဒီကားလေးက ၂၀၁၂ မှာ တီဗီစီးရီး အဖြစ်ထွက်ထားပြီးတော့အခုတစ်ခါမှာ Movie အဖြစ်ထပ်မံထွက်ရှိလာခဲ့တာဖြစ်ပါတယ် IMDb မှာ 5.7 ရထားပြီးတော့အောင်မြင်မှုတော့ သိပ်မရခဲ့ပါဘူး ဒါပေမဲ့ ကျတော်ကတော့ ဒီကားလေးရဲ့ ဇာတ်လမ်းဆင်ထားတာလေးကိုသဘောကျမိပြီး တကားလုံးကို မပျင်းစေပဲ မထင်မှတ်ထားတဲ့ လှည့်ကွက်ကလေးတွေနဲ့ ဆွဲခေါ်သွားတာပါဒီကားလေးကတော့ ဂျိုဂျိုဆိုတဲ့ လူငယ်လေးတစ်ယောက်သူ့ရဲ့ ဘုရားကပေးတဲ့လက်ဆောင် သဘာဝ လွန်အစွမ်းတွေနဲ့ သူ့တို့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ခံယူချက်တွေ အဖိုးဖြစ်သူကို လုပ်ကြံခံလိုက်ရတဲ့ အခါမှာ ဂျိုဂျို တစ်ယောက် ငြိမ်မနေနိုင်တော့ပဲသူ့အစွမ်းတွေကို ထုပ်ဖော် အသုံးပြုရပါတော့တယ် ပြီးတော့ လူတွေကြားထဲမှာ သူ့လို ...
movie
JoJo’s Bizarre Adventure: Diamond Is Unbreakable – Chapter 1(2017)
2017