Channel Myanmar

Marin Hinkle

The Electric State (2025) 6.7
The Electric State (2025)   The Electric State (2025)IMDb Rating (6.2) နာမည်ကျော်မင်းသာ Christ Pratt နဲ့ Stranger Things မင်းသမီး Millie Bobby Brown တို့ အဓိကပါဝင် သရုပ်ဆောင်ထားတဲ့ Sci-Fi/ Adventure ရုပ်ရှင်တစ်ကားထွက်ရှိလာပါတယ်။ဇာတ်လမ်းအကျဉ်းလူတွေနဲ့ စက်ရုပ်တွေရဲ့ စစ်ပွဲမှာလူတွေက နိုင်သွားပြီး စက်ရုပ်တွေကို တားမြစ်ဇုန်ဆိုတဲ့ကန္တာရထဲက အကျဉ်းထောင်ကြီးထဲမှာ အကျဉ်းချခဲ့ကြတယ်။စက်ရုပ်တွေကို လက်ခံထားတဲ့ ဘယ်နိုင်ငံသားမဆိုထောင်ကျမယ်ဆိုတဲ့ ဥပဒေကို အစိုးရက သတ်မှတ်ထားတယ်။မီရှဲဆိုတဲ့ ကောင်မလေးဟာ မိဘနှစ်ပါးရော မောင်လေးဖြစ်သူကိုပါ ဆုံးရှုံးလိုက်ရလို့ ပထွေးနဲ့အတူ နေထိုင်ရတယ်။တစ်နေ့မှာ သူတို့အိမ်ကို စက်ရုပ်တစ်ရုပ်ရောက်လာပြီး ပထွေးဖြစ်သူက မီရှဲနဲ့စက်ရုပ်က သူ့ကို လုပ်ကြံတယ်လို့အထင်လွဲသွားတာကြောင့် စက်ရုပ်နဲ့အတူ ထွက်ပြေးခဲ့ရတယ်။နောက်မှသိလိုက်ရတာက သူ့ဆီရောက်လာတဲ့ စက်ရုပ်ဟာသေသွားပြီလို့ ထင်ထားတဲ့ သူ့ရဲ့ မောင်လေးဖြစ်နေပြီးသူ့ရဲ့ပုံစံအစစ်ကလည်း ရှိနေသေးတယ်လို့ ဆိုလာချိန်မှာတော့မီရှဲဟာ စက်ရုပ်နဲ့အတူ မောင်ရှာပုံတော်ဖွင့်ဖို့ ခရီးဆက်ခဲ့ပါတော့တယ်။ File size… (5.2 ...
movie

The Electric State (2025)

2025
4K HEVC
I Am Sam (2001) 7.6
I Am Sam (2001) I Am Sam (2001)IMDb 7.6 နဲ့ ဆုတော်တော်များများရရှိထားတဲ့ ကားကောင်းလေးတစ်ကားပါပဲနော်။ဇာတ်လမ်းလေးကတော့ ဦးနှောက်ဖွံ့ဖြိုးမှုနည်းတာကြောင့် ခုနှစ်နှစ်သားမှတ်ဉာဏ်ပဲရှိတဲ့ ဆမ်ဆိုတဲ့ လူတစ်ယောက်က သူ့ခုနှစ်နှစ်သမီးလေးအတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်လာနိုင်ရဲ့လား၊သူ့သမီးလေးကို ‌ပျိုးထောင်နိုင်တဲ့ စွမ်းရည်ရှိရဲ့လားဆိုတာ တရားရုံးမှာ တရားရင်ဆိုင်ရတဲ့အကြောင်းလေးပါ။ဆမ်ရဲ့ရှေ့နေ ရီတာပြောတာက လူတစ်ယောက်ရဲ့ ဉာဏ်ရည်အတိုင်းအတာက သူ့ရဲ့ချစ်နိုင်စွမ်းအပေါ်သက်ရောက်မှုမရှိဘူးတဲ့။ဒါပေမယ့် တစ်ဖက်မှာကျ ကိုယ်တိုင်က ၇ နှစ်သားမှတ်ဉာဏ်ပဲရှိတဲ့ ဖခင်တစ်ယောက် ကော်ဖီတောင်ဖျော်တတ်ဖို့အကြာကြီးကြိုးစားခဲ့ရတဲ့ ဖခင်တစ်ယောက်ကသမီးကို လူလားမြောက်လာအောင် လူ့အဖွဲ့အစည်းထဲက လူတစ်ယောက်ဖြစ်လာ‌‌အောင် ဘယ်လိုများပျိုးထောင်နိုင်မှာလဲပေါ့။တစ်ဖက်က တရားရုံးရှေ့နေက ပြောတယ် လူစီက အရာအားလုံးနဲ့ထိုက်တန်တယ် ဒါပေမယ့် အဲ့တာကို မင်းပေးနိုင်ရဲ့လားတဲ့။ဖခင်မေတ္တာကို ကွက်ကွက်ကွင်းကွင်းမြင်ရမယ့် ကားလေးပါနော်။ ရိုးရိုးဖခင်တစ်ယောက်တောင် မဟုတ်ပဲ ခုနှစ်နှစ်သားဉာဏ်ရည်နဲ့ ဖခင်တစ်ယောက်ပေါ့။Cast တွေအနေနဲ့က ဆမ်အဖြစ် Sean Penn , ရှေ့နေမမရီတာအနေနဲ့က ...
movie

I Am Sam (2001)

2001
Players (2024) 5.6
Players (2024) Players (2024)ဒီနှစ်မှ အသစ်ကျပ်ချွတ်ထွက်ရှိထားတဲ့ အမေရိကန် Rom-Com လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကောလိပ်ကတည်းက ပေါင်းသင်းလာပြီး သတင်းစာတိုက်တစ်ခုတည်းမှာ အတူအတူအလုပ်လုပ်ကိုင်နေကြတဲ့ သူငယ်ချင်းတစ်အုပ်ရှိပါတယ်။ သူတို့ကြားက ပိုပြီးထူးခြားတာလေးတစ်ခုကတော့ သူတို့ရဲ့ ကစားပွဲလေးတွေပါ။ သူတို့ သူငယ်ချင်းတစ်အုပ်ဟာ ပုံမှန်ဆိုသလိုပါပဲ ဘားတွေ ကလပ်တွေ ဆိုင်တွေ ပွဲတွေမှာ မျက်စိကျတဲ့သူကိုတွေ့ပြီဆိုတာနဲ့ သူတို့ရဲ့ ကစားကွက်ကို ခင်းပါပြီ။ တစ်ညတာအပျော်ဇာတ်ခင်းဖို့အတွက် သူတို့ရဲ့ ကစားကွက်တွေက ကုန်ခမ်းတယ်လို့ရယ် မရှိပါဘူး။ တစ်ယောက်က မျက်စိကျတဲ့သူတွေ့ပြီဆိုတာနဲ့ တစ်အုပ်စုလုံး ဝိုင်းဝန်းဇာတ်ပို့လိုက်ကြတာပါပဲ။အားလုံးထဲမှာမှ မက်ခ်လို့ခေါ်တဲ့ မိမိမိုက်မိုက် အားကစားသတင်းထောက်မမကြီးကတော့ ဆရာမကြီးပေါ့။ မက်ခ်အဖို့ရာ ယောက်ျားတစ်ယောက်ကို တစ်ညတာအပျော်ကစားဖို့ အကွက်တွေကတော့ မရေမတွက်နိုင်အောင်ပါပဲ။ သူတို့ သူငယ်ချင်းတစ်အုပ်ကလည်း အမြဲစည်းစည်းလုံးလုံးပါပဲ။ ဒါပေမဲ့ ဒီလို မက်ခ်ခမျာ ယောက်ျားတစ်ယောက်ကို အပြတ်ကြွေသွားတဲ့အခါမှာတော့…လူတစ်ယောက်ကို ချစ်မိရင် သိမ်ငယ်စိတ်က မသိမသာလိုလိုနဲ့ ကပ်ပါတတ်ပါတယ်။ ဒါဟာ ဆရာမကြီးရဲ့ ကျဆုံးခန်းပါပဲ။ ...
movie

Players (2024)

2024