Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Marianne Jean-Baptiste
7.4
Hard Truths (2024)
Hard Truths (2024)IMDb Rating (7.4) / Rotten Tomatoes (95%) အော်စကာဆန်ကာတင် ၇ ဆုတောင်ရဖူးတဲ့ ဒါရိုက်တာကြီး Mike Leigh ရဲ့ ဒရာမရုပ်ရှင်အသစ်ပါ။ဒီရုပ်ရှင်ကလည်း ဆု ၂၀ လောက်ရထားပြီး ဆန်ကာတင်မျိုးစုံ ၄၀ လောက်ဝင်ထားတဲ့ ရုပ်ရှင်ပါပဲ။ပန်စီဆိုတဲ့အမျိုးသမီးဟာ ဒေါသကြီးပြီး စိတ်ကျဝေဒနါ ခံစားနေရတာပါ သူမဟာ မြင်မြင်သမျှလူတွေအားလုံးကို မကောင်းမြင်နေပြီး အပြစ်မရှိအပြစ်ရှာ လိုက်ပြီးရန်ထောင်နေတတ်တဲ့သူပါ။ဒါကြောင့်လည်း ဘယ်ကိုပဲသွားသွား လူတိုင်းနဲ့ရန်ဖြစ်ရလေ့ရှိတဲ့ လူ့ဂွစာတစ်ယောက်ပေါ့ သူမဟာသူစိမ်းတွေကိုတင်မဟုတ်ဘဲ သူမရဲ့မိသားစုဝင်တွေကိုပါ ဝေဖန်ပြစ်တင်တတ်တာမလို့ခင်ပွန်းဖြစ်သူနဲ့ရော သားဖြစ်သူနဲ့ပါ ရင်းနှီးချစ်ခင်မှုမရှိတော့ဘဲ အနေမဝေးပေမဲ့ သွေးအေးလာခဲ့တာပေါ့..သူမကိုစိတ်မပျက်ဘဲ ဆက်ပြီးနားလည်ပေးနိုင်တဲ့ တစ်ဦးတည်းသောသူကတော့ သူ့ရဲ့ညီမဖြစ်သူ"ရှန်တဲလ်ပါ" သူမရဲ့ငယ်ဘဝမှာရော ဘယ်လိုတွေကြုံခဲ့ရလို့ဒီလိုဖြစ်နေတာလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာကြည့်ရှုလိုက်ပါ.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Ruby Jane ဖြစ်ပါတယ်။) File size…(3.6 GB) / (1.5 GB) / (836 MB) Quality….Webrip 4K HEVC ...
movie
Hard Truths (2024)
2024
4K HEVC
6.1
28 Days (2000)
28 Days (2000)IMDb Rating (6.1) "28 Days" ဇာတ်ကားဟာ ၂၀၀၀ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဒရာမာနဲ့ ဟာသရောစပ်ထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာတော့ ဂွမ် ဟာ ပါတီပွဲတွေ၊ အရက်တွေနဲ့ ဘဝကို ဖြတ်သန်းနေသူဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့မှာ သူမဟာ မတော်တဆမှုတစ်ခုကို ဖန်တီးမိပြီး နောက်ဆုံးမှာ ပြန်လည်ထူထောင်ရေးစင်တာကို ရောက်ရှိသွားပါတယ်။ဒီနေရာမှာ ဂွမ် ဟာ သူမရဲ့ ဘဝကို ပြန်လည်သုံးသပ်ပြီး ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေရတဲ့ ခရီးကို စတင်ပါတယ်။ဇာတ်ကားထဲမှာ ဂွမ် ရဲ့ ဇာတ်ရုပ်ဟာ ပြောင်းလဲမှုတွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရပြီး သူမရဲ့ အားနည်းချက်တွေကို လက်ခံပြီး ကျော်လွှားနိုင်တဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်လာပါတယ်။သူမရဲ့ ခံစားချက်တွေ၊ ရုန်းကန်မှုတွေကို ဇာတ်ကားက ရိုးရိုးသားသား ဖော်ပြထားပါတယ်။ဒီဇာတ်ကားဟာ ပြန်လည်ထူထောင်ရေးနဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေတဲ့ ဇာတ်လမ်းကို ရိုးရှင်းစွာနဲ့ စိတ်ဝင်စားဖွယ်ရာ ဖော်ပြထားတဲ့ ...
movie
28 Days (2000)
2000
6.4
City of Ember (2008)
City of Ember (2008)IMDb Rating (6.4) / Rotten Tomatoes (53%) ဒီတစ်ခါတော့ပရိသတ်ကိုစွန့်စားခန်းနဲ့မိသားစုဖြော်ဖြေရေး ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ကလေးစာပေဆုနဲ့ပါတ်သက်ပြီးဆုတွေ အများကြီးရထားတဲ့ ဝတ္ထုကိုဒါရိုက်တာ Gil Kenanကရိုက်ကူးထားပါတယ်။City of Emberရုပ်ရှင်နဲ့ပါဝင်တဲ့သရုပ်ဆောင်တွေလည်းဆုတွေအများကြီးရထားပါတယ်။ ဒီကားလေးကတော့ ကျွန်တော်ကြိုက်လွန်းလို့ ခဏခဏပြန်ကြည့်ဖြစ်တဲ့ ကားတစ်ကားပါ.. စိတ်ဝင်စားဖို့ကောင်းတဲ့ ကားတစ်ကားလည်း ဖြစ်ပါတယ်။ဇတ်လမ်းအရဆိုရင် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးဟာ အန္တရာယ်တွေနဲ့ရင်ဆိုင်နေရပြီး လူသားတွေနေထိုင်ဖို့အတွက် ခက်ခဲတဲ့အချိန်ကိုရောက်နေပါပြီ..ဒီအချိန်မှာ လူမျိုးတစ်စုရဲ့ ဆိုင်ရာဆိုင်ရာနည်းပညာရှင် အတတ်ပညာရှင်တွေစုပေါင်းပြီးတော့ လူသားတွေနေထိုင်ဖို့အတွက် မြေအောက်မြို့တော်တစ်ခုကို တည်ဆောက်ခဲ့ပါတယ်..အဲ့ဒီမြို့တော်မှာနေထိုင်ကြတဲ့သူတွေဟာ ပြင်ပလောကကမ္ဘာကြီးနဲ့ မထိတွေ့ရတော့ပါဘူး..ဒီလိုနေထိုင်နေကြမယ့်အချိန်မှာ ပညာရှင်တွေစုပေါင်း ဆွေးနွေးပြီးတော့ သေတ္တာလေးတစ်လုံးကိုပြုလုပ်ခဲ့ပါတယ်..ပြီးတော့ သေတ္တာလေးမှာ အချိန်ကာလတစ်ခုကို သတ်မှတ်ထားခဲ့ပါတယ်..(သတ်မှတ်ထားတဲ့ အချိန်ကာလပြည့်သွားတာနဲ့ သေတ္တာလေးက ပွင့်သွားမှာပါ)ဒီလိုနဲ့ သေတ္တာလေးကို မြို့ရဲ့ အုပ်ချုပ်တွေတစ်ယောက်ပြီးတစ်ယောက် လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ပါတယ်..ကြာလာတော့ သေတ္တာလေးအကြောင်းကိုမေ့လာကြပြီး ဟိုရောက်ဒီရောက်နဲ့ သေတ္တာလေးဟာချောင်တစ်ချောင်ထဲရောက်သွားပါတော့တယ်..ဒီလိုနဲ့ သတ်မှတ်ထားတဲ့အချိန်ပြည့်သွားပြီး သေတ္တာလေးဟာ သူ့ဟာသူ ပွင့်သွားတဲ့အခါမှာတော့.. ဘာတွေဖြစ်လာမလဲ ?? သေတ္တာလေးထဲမှာ ...
movie
City of Ember (2008)
2008
6.5
Takers(2010)
Takers (2010)လူ(၄)ယောက် အခန်းတစ်ခုထဲမှာ ဆုံကြတယ်...စကားအနည်းငယ်ပြောပြီးတာနဲ့ အသင့်ပါလာတဲ့ အနက်ရောင်ဝတ်စုံတွေလဲလိုက်ကြသလိုမျက်နှာဖုံးစွပ်အနက်တွေလည်း ဝတ်ဆင်လိုက်ကြတယ်...M4A1 Carbine နဲ့ Glock စီးရီးအလိုက် လက်နက်ငယ်တွေလည်း ကိုင်ဆောင်ထားကြတယ်...သူတို့ကြည့်ရတာ အချိန်အကြာကြီးစီစဉ်ထားကြသလို အကုန်လုံးကလည်းသွေးအေးတည်ငြိမ်လွန်းနေကြတယ်... သိပ်မကြာဘူး..လောစ့်အိန်ဂျလိစ်မြို့တွင်းက ဘဏ်တစ်ခုကို ဓားပြဝင်တိုက်ကြတယ်....ဘယ်လောက်တောင် ရဲတင်းလွန်းသလဲဆိုတော့ ဘဏ်စာရေးမကိုတောင် ရဲစခန်းကိုဓားပြတိုက်ခံနေရကြောင်း ဖုန်းဆက်ခိုင်းလိုက်ပါသေးတယ်....ကိုင်း ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး....ဘဏ်ဓားပြတွေက ဘယ်သူတွေဖြစ်မလဲ.... LA ရဲတွေကရော အမိဖမ်းနိုင်ပါ့မလား...ဒီလောက်သွေးအေးပြီး အစီအစဉ်တကျ ဓားပြမှုကျူးလွန်နိုင်လောက်အောင် ဒီလူတွေဘယ်လောက်တော်နေလဲ...ဒီကားကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ Fast & Furious မင်းသား Paul Walker နဲ့Idris Elba တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်....အမိုက်စား ဘဏ်ဓားပြကားထဲက တစ်ကားအပါအဝင်ဖြစ်လို့ ခပ်လန်းလန်း စဆုံး Tempo မကျတဲ့ကားတွေမှသဘောကျတဲ့ပရိတ်သတ်တွေအဖို့ လက်မလွှတ်သင့်ပါကြောင်း ညွှန်းဆိုပါရစေ.... File Size : 2.33GB & 880MB Quality : Blu-Ray 1080p ...
movie
Takers(2010)
6.7
Rumble Through the Dark (2023)
Rumble Through the Dark (2023)~ IMDb - 6.7/10, Rotten Tomatoes - 50% ~"You either die a hero or live long enough to see yourself become the villain." ဆိုတဲ့ နာမည်ကျော် ဒိုင်ယာလော့ကို ကြားရင် ခင်ဗျားတို့ ဘယ်သူ့ကိုပြေးမြင်ကြလဲ။ သေချာတာပေါ့... နိုလန်ရဲ့ The Dark Knight ထဲက ဟာဗီးဒန့် ခေါ် Two-Face ကြီးကိုပါပဲ။ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Aaron Eckhart ကိုလည်း ခင်ဗျားတို့ကောင်းကောင်းရင်းနှီးကြမှာပါ။ Olympus Has Fallen, London Has Fallen, I, Frankenstein နဲ့ Sully တို့အပါအဝင် ...
movie
Rumble Through the Dark (2023)
2023
7.9
The Sea Beast (2022)
နက်ဖလစ်ရဲ့ ကာတွန်းအသစ်လေးလာပါပြီ။ ဒါရိုက်တာ ခရစ်ဝီလီယံ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သူက Big Hero 6 ကိုရိုက်ခဲ့တဲ့သူဖြစ်ပြီး၊ မိုအာနာ နဲ့ Bolt ကိုရေးခဲ့တဲ့သူပါပဲ။ ဒီဇာတ်လမ်းကတော့ ပင်လယ်ထဲက ထူးဆန်းတဲ့ သားရဲကြီးတွေနဲ့ ပင်လယ်မုဆိုးတွေရဲ့ တိုက်ပွဲကို အခြေခံထားတာပါ။ အကောင်ဆန်းတွေကိုချစ်စရာတွေလုပ်ထားတော့ ကလေးတွေလည်း ကြည့်လို့အရမ်းသဘောကျမှာပါ။ ဇာတ်လမ်းထဲမှာတော့မေစီဆိုတဲ့ ကောင်မလေးဟာ မုဆိုးမျိုးရိုးက ဆင်းသက်လာသူဖြစ်ပြီး သူ့မိဘတွေက ပင်လယ်တိုက်ပွဲမှာ သေဆုံးသွားခဲ့လို့ မိဘမဲ့ဖြစ်နေသူပါ။ သူကလည်း သူ့မိဘတွေလို မုဆိုးလုပ်ချင်တာကြောင့် မုဆိုးသင်္ဘောတွေထဲက နာမည်အကြီးဆုံးဖြစ်တဲ့ အင်အက်ဗစ်ထဘဲဆိုတဲ့ သင်္ဘောပေါ်ကို ခိုးပြီးတက်လိုက်သွားပါတယ်။ အဲဒီမှာပဲ သင်္ဘောပေါ်က ကပ္ပတိန်ကြီး ခရိုး ရယ် သူ့ရဲ့ မွေးစားသား လက်ထောက် ဂျေကော့ တို့ရယ်နဲ့ပေါင်းပြီး ပင်လယ်ပြင်မှာ စွန့်စားခန်းတွေဖွင့်ကြတဲ့အခါ.... File size…3GB / 1.3GB Quality…1080p NF WEB DL AAC5.1CH / 720p NF WEB DL Format...mp4 Duration….1h 55mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr.Anderson
movie
The Sea Beast (2022)
2022
7.1
Spy Game (2001)
Spy Game(2002) =========== IMDb - 7.1Spy Gameဟာ စပိုင်ရုပ်ရှင်ပေမဲ့ မြင်နေကျ စပိုင်ကားတွေလို စပိုင်က ကြမ်းထော် ဂေါ်ထွက်နေတဲ့စပိုင်တွေအကြောင်း မဟုတ်ဘူး။လက်တွေ့ကျကျ စပိုင်လောကကို ချည်းကပ်ပြသွားတဲ့ ကားပါပဲ။ စပိုင်လောကကို ရှင်းပြ SPYဖြစ်အောင်ဘာတွေလုပ်ရလဲရောပြသွားပြီး ဝါရင့်စပိုင်ကြီးရဒ်ဖို့က စပိုင်ပေါက်စ ဘရက်ပစ်ကို စပိုင်ပညာတွေသင်ပေးတာကို သေချာနီးပါး ပြသွားတယ်။ရဒ်ဖို့ရဲ့ကာရိုက်တာနဲ့ စီအိုင်အေဌာနချုပ်ကြားညဏ်ကစားတွေအခန်းတွေဆို တော်တော်လေး သဘောကျစရာပါပဲ။ ဒါရိုက်တာတိုနီစကော့ ကလည်း စပိုင်ကားတွေချည်းရိုက်ခဲ့တဲ့ ဒါရိုက်တာပါပဲ။ အရှေ့အလယ်ပိုင်း ပြဿနာတွေရော၊ တရုတ်ပြဿနာတွေရော စုံနေအောင်ကိုသုံးပြီး ရှေ့ဆက်ဘာဖြစ်မလဲ ရင်ဖိုစရာကောင်းအောင် ဒါရိုက်တာက ခပ်အေးအေးနဲ့ တဖြည်းဖြည်းချင်း ချပြသွားတယ်။ Actionခန်းနည်းပေမဲ့ တော်တော်ကောင်းတဲ့ စပိုင်ကားလို့ဆိုရပါလိမ့်မယ်။ အထနှေးပေမဲ့ ဆုံးအောင်ကြည့်ပြီးတဲ့အခါ ပရိတ်သတ်ရင်ထဲကျန်နေခဲ့မယ့် ကားကောင်းလို့ ကျွန်တော်တော့ ထင်တယ်။( အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )Browse this websiteFile Size__2.2 GB , 1.1 GB Quality__1080p, 720p IMDb Rating__7.1/10 Format__mp4 Duration__02:06:00 Type__Action , ...
movie
Spy Game (2001)