Channel Myanmar

Marc Ma

Unusual Deal (2025) 5.9
Unusual Deal (2025) အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် တရုတ်မှုခင်းဟာသ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ -ပေကျင်းက ကျာယွင်ဟာ ငယ်သူငယ်ချင်းပေါက်စွိုက်ရဲ့ ချမ်းသာတဲ့ဘဝကို အားကျနေသူ ဖြစ်ပါတယ်။ အောင်မြင်ချမ်းသာချင်တဲ့ ကျာယွင်ဟာ ပေါက်စွိုက်ရဲ့ ဖိတ်ခေါ်မှုနဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို အခွင့်အရေးရလိုရငြား အလည်ထွက်လာခဲ့ပါတယ်။လေယာဉ်ကွင်းမှာ ပေါက်စွိုက်က လာကြိုတဲ့ကားပေါ် သေနတ်ကိုင် လူမိုက်တစ်ယောက်ကတက်လာခဲ့ပြီး သူတို့ကိုခြိမ်းခြောက်ပြီး လမ်းတစ်ဝက်မှာ အဲဒီသေနတ်နဲ့လူက ဆင်းသွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလူရဲ့အိတ်နဲ့ ကျာယွင်ရဲ့အိတ်နဲ့ လွှဲသွားခဲ့ပြီး သူတို့သူငယ်ချင်းနှစ်ယောက် အန္တရာယ်တွေကြားထဲကို ရောက်မှန်းမသိ ရောက်သွားခဲ့ပါတယ်။အဲဒီ အိတ်ထဲက ဘာပစ္စည်းတွေ ပါလိမ့်မလဲ...... အဲဒီအိတ်ထဲက ပစ္စည်းကို လိုချင်နေတဲ့အဖွဲ့ ဘယ်နှဖွဲ့လောက်ရှိမလဲ...... ကျာယွင်တို့ သူငယ်ချင်းနှစ်ယောက် အန္တရာယ်တွေကို ရှောင်လွှဲနိုင်ပါ့မလား..... ဆိုတာကို ဟာသလေးနှောပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။4K & 1080p Quality >> Only On CM App ( www.cmapp.tv ) Filesize : 1.50 GB / 849 MB Quality : WEB-DL ...
movie

Unusual Deal (2025)

Go For Broke ( 2024 ) 6
Go For Broke ( 2024 ) ဒီနေ့မှာတော့ ထိုင်းနိုင်ငံနယ်စပ်မြို့လေးကို အခြေခံရိုက်ကူးထားတဲ့ Go for Brokeဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆို... နည်းပညာတွေတင်မက AI က လူတွေနေရာကို ဝင်ယူလောက်တဲ့အထိ တိုးတက်နေတဲ့ခေတ်ကြီးမှာ လူတစ်ယောက်ဘဝကို ဖျက်စီးဖို့ဆိုတာ အလွယ်လေးဖြစ်သွားပြီ... ဒီကားထဲမှာ ကိုယ့်ဆန္ဒမပါဘဲ မူးယစ်သားကောင်ဖြစ်သွားတဲ့ လူတချို့နဲ့ သူတို့မိသားစုဝင်တွေရဲ့ ဘဝစာမျက်နှာတချို့ကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်...ဇာတ်လိုက် ကျန်းယောက်က တစ်ချိန်က စစ်သားတစ်ဦးပေါ... သူက စစ်တပ်ကထွက်ပြီး သင်္ဘောပေါ်လိုက်ခဲ့ပေမယ့်... ပြန်အလာမှာတော့ သမီးလေးလည်း ဆုံး... မိန်းမလည်း ဆေးစွဲပြီး သူ့ရှေ့တင် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ်...ဒီလိုနဲ့ သူအဖမ်းခံရတော့ အန်တုဆိုတဲ့ ရဲအရာရှိနဲ့ဆုံပြီး... မူးယစ်ဘုရင် မုခွန်ရဲ့ ပျောက်ဆုံးနေတဲ့ သား ရှားဝမ်အဖြစ် သူဘဝဇာတ်ခုံပေါ်ပြန်ရောက်ခဲ့တယ်... ဒီတော့ ဘာဖြစ်မယ်ဆိုတာ သိသာပါတယ်...ရှားဝမ်အဖြစ် သူကသက်သေတွေစုပြီး အန်းတုနဲ့ပူးပေါင်း ဖမ်းဆီးမယ်ပေါ့... ကဲ ထင်ထားတဲ့အတိုင်းဖြစ်မှာလား.. ကြားထဲ ဘယ်လိုလှည့်ကွက်တွေရှိဦးမှာလဲ... ဇာတ်လမ်းလေးကို ကြည့်လိုက်ကြရအောင်... Filesize : 1.93 GB / 0.98 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv  Genres : ...
movie

Go For Broke ( 2024 )

Three Old Boys ( 2024 ) 6
Three Old Boys ( 2024 ) ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် စိတ်ဝင်စားဖွယ်ကောင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ တင်ဆက်ပေးလိုက်ချင်ပါတယ်။ဒီဇာတ်လမ်းလေးထဲမှာတော့ လာဘ်စားမှု၊အခွန်ရှောင်တိမ်းမှု၊ တရားမဝင် ငွေမည်းငွေဖြူလုပ်မှု စတဲ့စီးပွားရေးနှင့် ပတ်သက်တဲ့အမှုတွေကို စုံစမ်းရေးအဖွဲ့မှာ အတွေ့အကြုံဝါရင့်ပြီး ဆရာတစ်ဆူအဖြစ်သတ်မှတ်ထားတဲ့ ချွေးထျယ်ကျွင်း။ သူလိုမျိုးလုပ်သက်တဲ့ သူငယ်ချင်းနောက်ထပ် ၂ ယောက်ရှိသေးတာပေါ့။သူတို့တွေကတော့ မှုခင်းစုံစမ်းရေးမှူး၊ကင်းလှည့်ရဲတွေ ဖြစ်ကြတယ်။ ဒီလိုနဲ့တစ်နေ့မှာသူတို့မြို့ရဲစခန်းဆီ ဘဏ်ဝန်ထမ်းတစ်ယောက်က မြေအောက်ဘဏ်လို့ခေါ်တဲ့ အောက်လမ်းမသမာတဲ့ဘဏ်လုပ်ငန်းတစ်ခုနဲ့ ပူးပေါင်းပြီး ငွေတွေကိုပြည်ပဆီပို့ပေးပြီးလိမ်လည်တယ်ဆိုတဲ့ တိုင်ကြားစာရောက်လာခဲ့တယ်။ဒီတိုင်ကြားစာကိုစုံစမ်းရင်းတခြားသဲလွန်စသက်သေတွေတွေ့ရှိလာခဲ့ပေမဲ့ စုံစမ်းရေးမှူးတဖွဲ့လုံးက အတွေ့အကြုံနုသေးတဲ့အပြင် ဒီအန္တရာယ်ကြီးထဲကို ဘယ်သူမှမစွန့်စားရဲတာကြောင့် အတွေ့အကြုံရင့်တဲ့ ချွေးထျယ်ကျွင်းနဲ့သူ့အပေါင်းအပါ နှစ်ယောက်ကိုဒီအမှုစုံထောက်အဖြစ်တာဝန်ပေးအပ်ခဲ့တယ်။ဒီလိုနဲ့သိပ်မကြာခင်မှာ ဒီအမှုကိုဖော်ထုတ်နိုင်သွားပေမဲ့ ချွေးထျယ်ကျွင်းတစ်ယောက်ကတော့ဒီအမှုကို သိပ်မသင်္ကာစရာတွေအများကြီးရှိနေတာကြောင့် အမြစ်ပြတ်ရှင်းပစ်ဖို့တောင်းဆိုခဲ့ရာမှာ ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ။ ဒီအမှုကကော ဘယ်လောက်ထိရူပ်ထွေးနေလဲ။ နောက်ကွယ်ကဘယ်သူချုပ်ကိုင်ထားလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ်တွေ့ရှိရမှာဖြစ်ပါတယ်။ Filesize : 995 MB / 625 MB Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime Runtime : 1h 49 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Ann Chi Encoded by LK  
movie

Three Old Boys ( 2024 )

Wolf Hiding ( 2023 ) 6.1
Wolf Hiding ( 2023 ) ဒီတစ်ခါမှာတော့ CMကနေတရုတ်ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Nick Cheung ,Ethan Juan, Darren Wang တို့ကအဓိကသရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနေထိုင်ကြတဲ့မြို့ကြီးတစ်မြို့မှာ ဟုန်ထိုက်လုပ်ငန်းစုက ဂုဏ် အရှိန်အဟုန်ကြီးမားလျက်ရှိပြီး အဲ့ဒီလုပ်ငန်းစုရဲ့ ဥက္ကဌက မြို့ရဲ့ဝန်ကြီးအဖြစ်ဝင်ရောက်ရွေးချယ်ခံဖို့ ပြင်ဆင်နေခဲ့ပါတယ် တစ်ဖက်မှာလည်း သူ့ရဲ့ဥက္ကဌရာထူးကို သူ့လက်အောက်က လူတစ်ယောက်စီ လွှဲပြောင်းပေးတော့မှာပဲဖြစ်ပါတယ် ဒါပေမယ့် ရာထူးလွှဲပြောင်းပေးတဲ့ပွဲနေ့မှာပဲ အမှတ်မထင်ထားတဲ့ ပြဿနာမျိုးစုံကြုံခဲ့ရပါတော့တယ်အဲ့ဒီအမှတ်မထင်ထားတဲ့ပြဿနာကနေအစချီပြီးတော့ သာယာလှပနေတဲ့မြို့ကို ဆေးရောင်ဆိုးကြတဲ့ လူတစ်စုရဲ့ မကောင်းမှုတွေကလည်း တစ်စပြီးတစ်စ ပေါ်လာခဲ့ပါတယ် နှစ်ပေါင်းများစွာ အမြစ်တည်ခဲ့တဲ့ လူကုန်ကူးမှု ကိုယ်တွင်းအင်္ဂါအရောင်းအဝယ်ဈေးကွက်အစရှိတဲ့မကောင်းမှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေက ဘယ်သူတွေဖြစ်မှာလဲမကောင်းမှုပြုသူတို့ရဲ့ ဇာတ်သိမ်းကတော့ အားလုံးသိပြီးသားဇာတ်သိမ်းမျိုးပေမယ့် ဒီဇာတ်ကားရဲ့ Plot twist ကြီးကအရမ်းမိုက်ပြီး အက်ရှင်ကားကောင်းတစ်ကားဖြစ်တာမို့လို့ တရုတ်ကားပရိတ်သတ်တွေအနေနဲ့ကြည့်ရှုဖို့ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်နော်... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kyawt Encoded ...
movie

Wolf Hiding ( 2023 )

Tomb Adventurer ( 2022 ) 6
Tomb Adventurer ( 2022 ) အခုတစ်ခါ CM က ဘာသာပြန်တင်ဆက်ပေးမှာကတော့ Tomb Adventure (2022) ဆိုတဲ့ သည်းထိတ်ရင်ဖိုကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဟူပါးယီး တို သူငယ်ချင်း (၃) ယောက်ဟာ ရွာသားတွေ ပြောပြတဲ့ ပန်းထိုးဖိနပ်ပုံပြင်နဲ့ အလိမ်ခံလိုက်ရပြီး ရှန်ရှီးဂူလန်ခရိုင်ကို သွားခဲ့ပါတယ်။ လမ်းခရီးတစ်လျှောက် အန္တရာယ်တွေနဲ့ကြုံတွေခဲ့ရပြီး တည်းခိုဆောင်မှာ မျက်ကန်းချိန်ရဲ့ သတိပေးမှုကြောင့် ရွာသားတွေရဲ့ ထောင်ချောက်ထဲက ရှောင်ပြေးနိုင်ခဲ့ပါတယ်။သူတို (၃) ယောက်သား မတော်တဆ Longling ဝင်္ကပါဂူကြီးထဲ ပြုတ်ကျသွားခဲ့ပြီး ထိုဂူထဲမှာ လင်းနိုတွေ တိုက်ခိုက်တာခံခဲ့ရပြီးနောက် ကိုယ်ပေါ်မှာ အနီရောင်အကွက်တွေ ထွက်လာတော့ ဦးလေးဝမ်အိမ်မှာ အနားယူဖို ဆုံးဖြတ်လိုက်ကြတယ်။ အဲ့အချိန်မှာပဲ အနီကွက်အကြောင်းလာစုံစမ်းတဲ့ Shirley နဲ့ တွေကြတာပေါ့သူတိုနဲ့ Shirley တိုတွေ့ဆုံပြီးနောက် အနီကွက်ကြီးကို ကုသဖို ဘယ်လိုနည်းလမ်းတွေရှာကြမလဲ...... သူတိုလမ်းခရီးတစ်လျှောက်မှာကော ဘယ်လို အန္တရယ်မျိုးတွေနဲ့ ဘယ်လို ထူးဆန်းတဲ့ အရာတွေကြုံတွေ့မလဲ ဆိုတာတွေကို CM ရဲ့ ဘာသာပြန်လေးနဲ့အတူ သည်းထိတ်ရင်ဖို လိုက်ပါခံစားလိုက်ပါဦးနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Adventure ...
movie

Tomb Adventurer ( 2022 )