Channel Myanmar

Manju Pillai

Prince and Family (2025) 5.0
Prince and Family (2025) Prince and Family 2025 (ပရင့်စ်နဲ့ သူ့မိသားစုဘဝ)ဒီတစ်ခါမှတော့ မလေယာလမ်ရုပ်ရှင်လောကမှာ နာမည်ကြီးတဲ့ မင်းသားကြီး Dileep ရဲ့ ဟာသဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ပရင့်စ်ဆိုသူဟာ မိသားစုမှာ အကြီးဆုံးသားတစ်ယောက်ဖြစ်ပါတယ်။သူဟာ ဒီဇိုင်နာပညာကို သင်ယူထားပြီး ဖက်ရှင်ဆိုင်လေးဖွင့်ကာ မိသားစုရဲ့ တာဝန်တွေကို ထမ်းနေရသူတစ်ဦးပေါ့။ပရင့်စ်ရဲ့ ညီနှစ်ယောက်ကတော့ မိန်းမကိုယ်စီရကာ ကလေးတွေနဲ့ဖြစ်နေတဲ့အချိန်ထိ ပရင့်စ်တစ်ယောက်ကတော့ လူပျိုကြီးအဖြစ်နဲ့ပဲ သူ့စိတ်ကြိုက် အမျိုးသမီးကို ရွေးချယ်လျက်ရှိနေပါတယ်။ဒီလိုနဲ့ ချေးများလွန်းတဲ့ လူပျိုကြီး ပရင့်စ်တစ်ယောက် ဘလော့ကာမလေးနဲ့တွေ့ကာ အိမ်ထောင်ကျခဲ့ရပါတော့တယ်။ဒီမှာပဲ ပြဿနာတွေက စတင်လာပါတော့တယ်။ ပရင့်စ်ကတော့ ရှေးရိုးစွဲတည်တည်ငြိမ်ငြိမ်အတွေးနဲ့ရှိပေမဲ့ သူယူလိုက်တဲ့ မိန်းမကတော့ ဘလော့ကာလည်းဖြစ် ငယ်ရွယ်သူလည်းဖြစ်တော့ နှစ်ဦးသား ကိုက်ညီမှုမရှိဖြစ်လာတဲ့အခါမှာတော့ ........ဒီဇာတ်လမ်းမှာ မိသားစုကိစ္စတွေ အသက်အရွယ်ကွာဟမှုကြားက ပြဿနာတွေကို ဟာသလေးတွေနှောလို့ ကြည့်ရှုရမှာဖြစ်လို့ လက်မလွှတ်တမ်း ကြည့်ရှုလိုက်ပါဦး ပရိသတ်ကြီးတို့ ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 1.8 GB / 900 MB Quality…WEB ...
movie

Prince and Family (2025)

Swargam (2024) 6.6
Swargam (2024) Swargam (2025) ကောင်းကင်ဘုံ"အိမ်"တဲ့ စကားလုံးလေးတစ်လုံးတည်းပေမဲ့ နွေးထွေးလုံခြုံစေတာမျိုး။ အားလုံးမှာ ဖြစ်မြောက်ချင်တဲ့ ရည်မှန်းချက်တွေရှိခဲ့ရင်တောင် မောပန်းနွမ်းနယ်လာတဲ့အခါ၊ အောင်မြင်ပျော်ရွှင်မှုကိုမျှဝေလိုတဲ့အခါ အိမ်ကိုတမ်းတ တတ်ကြပါတယ်တဲ့။အရွယ်ရောက်လာလို့ လူတွေအများကြီး ကိုယ့်ဘဝထဲဝင်လာလေ၊ ကြုံတွေ့ရဝာာတွေများလာလေ၊ တာဝန်ဝတ္တရား လုပ်ပိုင်ခွင့်တွေရှိလာလေ ငယ်ဘဝကိုတမ်းတလေပါပဲ။ဒီဇာတ်ကားလေးမှာလည်း အိမ်နီးနားချင်း ခရစ်ယာန်ဘာသာဝင်မိသားစုနှစ်ခုရဲ့ အ‌ခြေအနေချင်းမတူကြတော့ သဘောထားကွဲလွဲရာမှတစ်ဆင့် ချည်နှောင်မိတဲ့ သိမ်မွေ့တဲ့ နှောင်ကြိုးလေးကို မြင်တွေ့ရမှာပါ။ဘေးအိမ်က မနက်အစောကြီး ဘုရားရှိခိုးလို့လန့်နိုးလာတာ၊ သီချင်းတွေ၊ တူရိယာတွေတီးမှုတ်နေလို့ မနှစ်သက်တာမျိုးက ကြုံတွေ့ဖူးကြမှာပါ။ အဲဒီကနေ ကူညီရိုင်းပင်းလာမှု၊ နားလည်လာမှုစတဲ့ နွေးထွေးတဲ့ အိမ်နီးနားချင်းသံယောဇဉ်နဲ့ မိသားစု ချစ်ခင်မှုကို ဟာသလေးနှောပြီး ပါဝင်ထားပါတယ်။ဘဝမှာဟန်ချက်ညီ နေထိုင်နိုင်ဖို့ အရာရာကို ချဲ့ကားနေဖို့မလိုဘဲ တစ်ဦးအပေါ်တစ်ဦး နားထောင်ပေးနိုင်ဖို့၊ မေတ္တာထားပေးနိုင်ဖို့၊ နားလည်ပေးနိုင်ဖို့လိုအပ်တယ်ဆိုတာ ဒီဒရမ်မာလေးကြည့်ပြီး ဘဝအမောပြေကြစေဖို့ပါ။အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ File size… 1.8 GB / 995 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Swargam (2024)

Vivekanandan Viralanu (2024) 4.3
Vivekanandan Viralanu (2024) Vivekanandan Viralanu (2024) ဗီဗက်ကန်နန်ဒန်‌ကျော်ကြားနေပြီ =============================ဒါရိုက်တာ Kamal ရဲ့ငါးနှစ်အကြာမှပြန် Come Back တဲ့ အသစ်စက်စက် Comedy ကား‌လေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်သာမန်လူတစ်ယောက်ဖြစ်တဲ့ ဗီဗစ်ကန်နန်ဒန်တစ်ယောက် သူ့ရဲ့သာမာန်ဘဝလေးမှာပဲနေထိုင်ရင်း ရုတ်တရက်ဆိုသလို ညတွင်းချင်းပဲ အင်တာနက်ပေါ်မှာ ကျော်ကြားသွားပါတော့တယ် နာမည်ကောင်းနဲ့တော့မဟုတ်ပါဘူး နာမည်ဆိုးကြီးနဲ့ပါဒီလိုဖြစ်ရတာသူ့အပြစ်လို့မဆိုသာပေမဲ့သူ့အပြစ်လဲမကင်းပြန်ပါဘူး ဗီဗက်ကန်တစ်ယောက် ပူပူနွေးနွေးအိမ်ထောင်ကျထားခါစဖြစ်ပေမဲ့ တွေ့သမျှအချောလေးတိုင်းနဲ့ပယော်ပရည် လုပ်ချင်နေတဲ့အကျိုးဆက်လို့လဲပြောလို့ရပါတယ်ဒီကိစ္စကဘယ်လောက်ထိကြီးသွားသလဲဆိုရဲတွေပါပါဝင်လာတဲ့အထိပါပဲ ဗီဗက်ကန်တစ်ယောက် သူအစစ်အမှန်နဲ့ လူအများသိထားတဲ့သူ ဘဝနှစ်ခုကို ဘယ်လိုချိန်သားကိုက်အောင်ချိန်ညှိဖို့ကြိုးစားသွားမှာလဲ? ပြဿနာတွေကိုရောအဆုံးမှာဖြေရှင်းနိုင်ပါ့မလား? ဆိုတာ ရင်တစ်ထိပ်ထိပ်နဲ့ ဟာသနှောရင်းကြည့်ရှုရမှာပါ(အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်) File size… 1.88 GB/ 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Vivekanandan Viralanu (2024)

Malayalee from India (2024) 6
Malayalee from India (2024) Malayalee From India 2024 ကြုံရဆုံရ ဒီဘဝIMDb - 6.1/10Heavy plotတွေပဲကြည့်ရတာ ရိုးအီနေသူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဟာသခပ်များများပါတဲ့ ရိုးရှင်းတဲ့ဇာတ်လမ်းကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကတော့ ယဉ်ကျေးမှုမတူ လူမျိုးမတူ အတွေးအမြင်မတူတဲ့ ဆရာတပည့်နှစ်ယောက်ကြားက သံယောဇဉ်အကြောင်းလေးကို ပုံဖော်ထားတာပါ။မလေယာလီသား ဂိုပီဟာ သူငယ်ချင်းနဲ့ပေါင်းပြီး ပြဿနာအိုးလုပ်နေတဲ့ ဇိုးတစ်ယောက်၊ ဒီလိုနဲ့ အရေးအခင်းတစ်ခုမှာ သူငယ်ချင်းနှစ်ယောက် ပဲလှော်ကြားဆားညှပ်အဖြစ်ရောက်ပြီး ဂိုပီတစ်ယောက် နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ ပို့ခံလိုက်ရပါတော့တယ်။ ဖြစ်ချင်တော့ ဂိုပီရဲ့ဆရာက ပါကစ္စတန်လူမျိုးအိန္ဒိယနဲ့ပါကစ္စတန်ရဲ့ ရန်စတွေက အခုထိလည်း မငြိမ်းသေးတာမလို့ ဘုနဲ့ဘောက်ဖြစ်ရတဲ့ထဲ ဆရာသမားက မလေယာလီသားတစ်ယောက် တစ်ပတ်ရိုက်တာခံရဖူးတာကြောင့် မလေယာလီသားကို ပိုပြီးတော့ မျက်စိဆံပင်မွေးစူးနေတဲ့အခါ....အလွဲလွဲအချော်ချော်နဲ့ ဘယ်လောက်ပဲမတည့်အတူနေဖြစ်နေပါစေ အရေးကြုံလာတော့ သွေးစည်းရသလိုပဲ ဒီဆရာတပည့်နှစ်ယောက်လည်း ရန်ဖြစ်ငြင်းခုန်ရင်းနဲ့ ဘယ်လိုသံယောဇဉ်တွယ်လာကြမလဲ။ ဘဝကပေးတဲ့အတွေ့အကြုံတွေကြောင့် ဇိုးလေးဂိုပီတစ်ယောက်ရော လူကောင်းတစ်ယောက်ဖြစ်လာမလားဆိုတာ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 1.8GB / 946MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h ...
movie

Malayalee from India (2024)

2024
Falimy (2023) 7.0
Falimy (2023) Falimy (2023) "မိစားသု" IMDb 7.1/10မလေယာလမ်း မိသားစုရုပ်ရှင်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ မိသားစုဆိုတဲ့ မိသားစု မမည်ပဲ "Family"ကို "Falimy"လို့ဘာကြောင့်နာမည်ပေးထားရတာလဲဆိုတာ ကြည့်ပြီးတဲ့အချိန်မှာတော့ သဘောပေါက်သွားကြပါလိမ့်မယ်။အိမ်မှာနေရတာပျင်းလို့ ကာရှီခရီးစဉ်ကိုတစ်ယောက်တည်းထွက်သွားချင်တဲ့အဘိုးအိုတစ်ယောက် .. သုံးခါတိတိ ထွက်ပြေးဖို့လုပ်လည်း အိမ်ကသားတော်မောင်တွေ မြေးတော်မောင်တွေက ဘူတာမှာလိုက်လိုက်ဖမ်းပြီးလို့ အိမ်ပြန်ပြန်လာရသူပေါ့သူ့ရဲ့သားအကြီးကောင်ကတော့၁၅ကြိမ်လောက်အိမ်ထောင်ဘက်တွေလည်း တစ်ခါမှအဆင်မပြေခဲ့သူ ဒီလိုနဲ့နောက်ဆုံးသူ့ဘဝထဲကျောင်းဆရာမလေးတစ်ယောက်ဝင်လာခဲ့ပါတယ် ရေငတ်တုန်းရေတွင်းထဲကျ မုတ်ဆိတ်ပျားစွဲသလို လူပျိုကြီးရဲ့ကမ္ဘာက ပျားရည်ဆမ်းထားတဲ့ နှင်းဆီပန်းခင်းထားတဲ့လမ်းပေါ်လျှောက်နေရသလို အရာရာအဆင်ပြေနေရာကနေ စေ့စပ်ပွဲပျက်သွားတဲ့အခါမှာတော့ကြိုးပြတ်သွားတဲ့ရုပ်သေးရုပ်လိုဖြစ်ရာကနေ အဘိုးသွားချင်တဲ့ကာရှီကိုလိုက်ပို့မယ်ဆိုပြီးတော့ မိသားစုလိုက်ထွက်လာရာကနေ အလွဲလွဲအချော်ချော်တွေနဲ့ဘယ်လိုဒုက္ခတွေကျော်ဖြတ်ရမယ်ဆိုတာကတော့...(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… 2.39GB / 1.08GB Quality…WEB DL 1080p /720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Falimy (2023)

2023
Oh My Darling (2023) 5.5
Oh My Darling (2023) IMDb - 6.9 /10 Oh my darling (2023)ဒီတစ်ခေါက်မှာကတော့မင်းသမီးချောလေး Anikha Surendran ပါဝင်သရုပ်ဆောင်ထားပြီး Malayalamအမျိုးအစားဖြစ်တဲ့အပြင် ရိုမန့်လည်းဆန် ရယ်လည်းရယ်ရတဲ့ Oh my darlingဆိုတဲ့ ၂၀၂၃ထွက်ဇာတ်ကားကောင်းလေးနဲ့ တင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းနာမည်နဲ့တင် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်မှာကို ခန့်မှန်းမိကြမှာပါ ဒီဇာတ်လမ်းလေးကတော့ လူငယ်တွေကြားမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ဇာတ်လမ်းလေးတွေကိုသဘာဝကျကျထည့်သွင်းပေးထားပါတယ်ဂျိုရယ်နဲ့ဂျန်နီက သိပ်ချစ်ကြတဲ့လူငယ်စုံတွဲလေးဖြစ်ပြီး သူတို့နှစ်ဦးကြားမှာလည်း ရိုဆန်ဆန်ဖြစ်ရပ်တွေ အချစ်တွေနဲ့ပြည့်နှက်နေတာပါ ဂျိုရယ်ကသူ့အိမ်မက်ကို အကောင်အထည်ဖော်ဖို့ကြိုးစားနေတဲ့လူငယ်တစ်ယောက်ဖြစ်ကာ ဂျန်နီကတော့ ကိုရီးယားကားတွေကိုရူးသွပ်တဲ့ခေတ်မိန်းမပျိုလေးတစ်ယောက်ဖြစ်ပါတယ် ရိုးရှင်းနေတဲ့ သူတို့ရဲ့ဘဝထဲကို ရှုပ်ထွေးတဲ့ဇာတ်လမ်းလေးတစ်ပုဒ်က ဂျန်နီရဲ့မွေးနေ့ကိုအစပြုပြီး ထွက်လာပါတော့တယ် ဂျန်နီရဲ့မွေးနေ့ကနေထွက်လာတဲ့ဇာတ်လမ်းလေးက သူတို့နှစ်ဦးကိုဘယ်လိုပြောင်းလဲသွားစေမလဲ သူတို့ကရောဒီဖြစ်ရပ်ကိုဘယ်လိုမျိုးတွေ ရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာကို ဟာသဇာတ်နှောပြီးရင်ခုန်စွာကြည့်ရှူ့လိုက်ရအောင် File size…1.87GB/ 801MB Quality…1080p WEB DL /720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ZweYan~Yunni~KhinKhin
movie

Oh My Darling (2023)

2023
The Teacher (2022) 9.0
The Teacher (2022) The Teacher (2022)IMDb-9.2/10ဒီတစ်ခါတော့ Mynaa(2013) , Cavader (2022)ဇာတ်ကားနဲ့ ပရိသတ်တွေ ရင်‌ထဲဝင်ရောက်လာတဲ့မင်းသမီး Amala Paul ပါ၀င်သရုပ်ဆောင်ထားပြီး Rating အမိုက်စား Thriller ကားလေး တင်ဆက်ပေးချင်ပါတယ်ဒီဗီကာဟာ ကျောင်းသားတွေကို ထူးထူးချွန်ချွန်ပျိုးထောင်နိုင်တဲ့ ဆရာမလေးတစ်ယောက် အိမ်ထောင်ရေးမှာလည်း သာယာပျော်ရွှင်နေတဲ့ ဇနီးအနေနဲ့ ဘ၀ကအေးချမ်းသာယာနေသူပါတစ်ခုရှိတာက သူတို့ဟာအိမ်ထောင်သက်လေးနှစ်ကြာသည်ထိ ကလေးမရသေးတဲ့အတွက် ဒီဗီကာနဲ့ ဆူဂျိတို့နှစ်ယောက်သား ရင်သွေးရဖို့အရေးအသည်းအသန်ကြိုးစားနေကြချိန်ပေါ့တစ်နေ့ဒီဗီကာဟာ ကိုယ်၀န်ရှိတဲ့အရိပ်အယောင်တွေတွေ့လို့ သွားစစ်ဆေးခဲ့ပါတယ် တကယ်ရလဒ်ထွက်လာချိန်မှာတော့ ဆန်ဂျိကိုဖွင့်မပြောရဲတဲ့အပြင် ဒီဗီကာဆီမှာလည်း ဖြစ်ရပ်ဆိုးကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်တစ်ဖက်မှာလည်း သူ့ကျောင်းကသူငယ်ချင်းနဲ့အတူ အတိတ်ကဖြစ်ရပ်တစ်ခုကို စုံစမ်းနေခဲ့တာပါမျှော်လင့်တောင့်တနေတဲ့ရင်သွေးရလာတာတောင် ဘာကြောင့် မပျော်နိုင်ရတာလဲ စုံစမ်းနေတာကရော ဘာတွေလဲ သူမရင်ဆိုင်ရမယ့်ဖြစ်ရပ်ဆိုးကြီးကရော ဘာဖြစ်မလဲဆိုတာတွေကိုတော့ဆက်လက်ခံစားကြည့်လိုက်ပါဦးနော် File size…1.8GB / 861MB Quality…1080p  True WEB DL  / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub)  Encoder….YK Translated by BpL~ Cherry ~ Yunni ~ OeliuJ
movie

The Teacher (2022)

2022