Channel Myanmar

Mallika Sherawat

Vicky Vidya Ka Woh Wala Video (2024) 5.8
Vicky Vidya Ka Woh Wala Video (2024) Vicky Vidya Ka Woh Wala Video (2024) "ဗစ်ကီ-ဗစ်တရာနဲ့ အမှု‌ပွေတဲ့ဗီဒီယိုစီဒီ)"တဝါးဝါးတဟားဟားနဲ့ အချစ်ဟာသကားကိုမှ ကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် IMDb 5.9/10 rating ရထားတဲ့ ဟင်ဒီဇာတ်လမ်းကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။‌ဗစ်ကီဟာ ပျော်ပျော်ပါးပါးလွတ်လွတ်လပ်လပ်နေတတ်တဲ့ ဒန်းဆိုးဆရာလေးတစ်ယောက်ပါ။ သူ့ချစ်သူကတော့ ဆရာ၀န်မလေး ဗစ်တရာပေါ့။ တစ်နေ့ ဗစ်ကီခရီးသွားရာက ပြန်ရောက်တဲ့အခါ ဗစ်တရာရဲ့ စေ့စပ်ပွဲသတင်းကို ကြားရပါတော့တယ်။ဒါပေမဲ့ ဗစ်ကီတစ်ယောက် အသည်းကွဲပြီး မှိုင်နေမယ်တော့ မထင်ပါနဲ့။ စေ့စပ်ပွဲမှာ စားစရာတွေ တစ်ပွဲပြီးတစ်ပွဲ တွယ်နေတာပါ။ စေ့စပ်ပွဲရဲ့အရေးကြီးတဲ့အချိန်ကို ရောက်လာတဲ့အခါကျမှ ဗစ်ကီတစ်ယောက် ဗရုတ်ကျပြီး ပညာသားပါပါ နှောင့်ယှက်ပါတော့တယ်။ဒီလိုနဲ့ အဲဒီစေ့စပ်ပွဲပျက်သွားပြီး ‌အဆင့်အတန်းချင်းမတူတဲ့ ဗစ်ကီနဲ့ဗစ်တရာတို့နှစ်ဦး ပေါင်းဖက်ရဖို့ အကြောင်းဖန်လာပါတယ်။ ဒါပေမဲ့ သူတို့ဇာတ်လမ်းက ဒီမှာပြီးမသွားပါဘူး။ သူတို့လက်ထပ်ပြီးနောက်မှာတော့ သူတို့ရဲ့ လျှို့ဝှက်ဗီဒီယိုစီဒီ အခိုးခံလိုက်ရပါ‌တယ်။ ဇာတ်လမ်းက အဲဒီမှာစတာပါ။‌အဲဒီ‌နောက်မှာ သူတို့နှစ်ဦးသား အဲဒီလျှို့ဝှက်ဗီဒီယိုစီဒီကို ဘယ်လိုပြန်ရှာယူကြမလဲ၊ အိမ်ထောင်ရေးခရီးလမ်းမှာ ဘယ်လိုပြဿနာတွေကြုံရမလဲဆို ဟာသလေးတွေနှောပြီး ပေါ့ပေါ့ပါးပါးနဲ့ စိတ်၀င်စားစရာ ကြည့်ရမှာ စိတ်အပန်းပြေစေမဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM ...
movie

Vicky Vidya Ka Woh Wala Video (2024)

Dasavatharam (2008) 7.3
Dasavatharam (2008) Dasavatharam (2008) "ဇီဝလက်နက်"IMDb 7.3နာမည်ကျော်မင်းသား ကာမယ်ဟာဆန် ပါဝင်ထားတဲ့ တမီးလ်ဇာတ်ကားအဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်ဒီရုပ်ရှင်ဟာ ဝေဖန်ရေးဆရာတွေချီးကျူးခဲ့တဲ့ သိပ္ပံရုပ်ရှင်ဖြစ်ပြီး တမီးလ်ရုပ်ရှင်ထဲမှာ ရုံဝင်ငွေရူပီး ၂၀၀ ကုဋေရရှိခဲ့တဲ့ ပထမဆုံးတမီးလ်ရုပ်ရှင်ဆိုလည်း မမှားပါဘူးဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဒေါက်တာဂိုဗင်က US မှာရှိတဲ့သုတေသနအဖွဲ့အစည်းလက်အောက်က ဇီဝသိပ္ပံပညာရှင်တစ်ယောက်တစ်နေ့ သူတို့ရဲ့စမ်းသပ်ခံမျောက်လေးက သူတို့စမ်းသပ်ထားတဲ့ ဆေးပုလင်းကို သောက်လိုက်မိပြီး အားလုံးရှေ့မှာတင် ရုပ်ပျက်ဆင်းပျက် သေဆုံးသွားရတယ်ဒီရလဒ်ကြောင့် သူ့အထက်လူက အကြမ်းဖက်တွေကို ဇီဝလက်နက်အဖြစ်ရောင်းချဖို့ ကြံရွယ်လာတဲ့အခါ ဒေါက်တာဂိုဗင်တစ်ယောက် မဖြစ်မနေတားဆီးဖို့ ဖြစ်လာပါတော့တယ်ဘယ်လိုစွန့်စားခန်းတွေနဲ့ ဘယ်လိုသီအိုရီတွေနဲ့ ရိုက်ကူးတင်ဆက်ထားလဲဆိုတာ ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 4.8 GB / 2.6 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….3h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Dasavatharam (2008)

Dirty Politics (2015)
Dirty Politics (2015) Dirty Politics 2015 Genre - Dramaဘောလိဝုဒ် နိုင်ငံရေးအကျင့်ပျက်ခြစားမှုကို ထုတ်ဖော်ရိုက်ကူးထားတဲ့ ဘောလိဝုဒ်ကားဟောင်းလေးကို CM Bollywood ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းအာနိုခီဒေဝီဆိုတဲ့ အမျိုးသမီးတစ်ယောက် ရက်အတော်ကြာပျောက်ဆုံးနေတဲ့ အမှုနဲ့ပတ်သက်ပြီး နာမည်ကြီးနိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ မစ္စတာ မူခီတယာဆင်းဂ် ကို အရာရှိနီဘေးနဲ့ အရာရှိနစ်ချေးတို့က ဖမ်းဆီးခဲ့ပါတယ်။ဒါပေမဲ့ အကျင့်ပျက်နိုင်ငံရေး အဖွဲ့အစည်းဖြစ်နေလေတော့ သူ့ထက်အကောင်ကြီးတွေအချင်းချင်း ရဲမင်းကြီးအထိ ဖုန်းနဲ့လှုပ်ရှားလိုက်ရာက မစ္စတာ မူခီတယာဆင်းဂ်တစ်ယောက် စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ပြန်လွှတ်သွားပါတယ်။ ဒါကို မကျေနပ်တော့ ဝန်ကြီးချုပ်ထိတင်ပြပြီး အိန္ဒိယအထူးစုံစမ်းရေးဌာနကို ကိုင်တွယ်ပေးဖို့တောင်းဆိုရင်း အထူးစုံစမ်းရေးသမားတစ်ဦးပါလာပြီး အမှုကိုစတင်ကိုင်တွယ်တာနဲ့ပဲ အကျင့်ပျက်အရာရှိတွေကို စကိုင်ပါတော့တယ်။ ဆိုတော့ အာနိုခီဒေဝီတစ်ယောက် ဘာဖြစ်သွားတာလဲ တကယ်ပဲ နိုင်ငံရေးသမားတွေနဲ့ပတ်သက်နေလားဆိုတာ စိတ်ဝင်စားစွာနဲ့ ဆက်လက်ကြည့်ရှုနိုင်မှာပါခင်ဗျာ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျ။) File size…2.4GB / 1.2GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Dirty Politics (2015)

2015
Guru (2007) 7.7
Guru (2007) Guru (2007) Drama IMDb 7.7/10 (24K)အခုတစ်ခါမှာလည်း အရှ်တို့လင်မယားရဲ့ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးပါ့မယ်။ ဒီဇာတ်ကားမှာ မင်းသား အဘီရှိခ်ဘဂျမ်း..3Idiots ဇာတ်ပို့မင်းသား ရန်ဂါနာဒန်မာဒဗန်..မင်းသားကြီး မီထွန်းချက်ကရဗာတီ(ကုလားကျော်ဟိန်း)..မင်းသမီးအရှ်ဝါရီယားရိုင်းဘဂျမ်းနဲ့ ဗစ်ဒယားဘာလန်တို့က အဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဒီဇာတ်ကားလေးက ရွာတစ်ရွာကနေ ဘုံဘေမြို့ကိုတက်လာပြီး လမ်းဘေးဘဝကနေ အိန္ဒိယစီးပွားရေးသမားကြီးတစ်ယောက်ဖြစ်လာခဲ့တဲ့ ဂုရုကန့်ဒေဆိုင်းဆိုသူရဲ့အကြောင်းကို တင်ဆက်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ရွာကနေ မြို့တက်စီးပွားရေးလုပ်ဖို့ မတည်ငွေကို မိန်းမယူပြီး ရတဲ့တင်တောင်းငွေနဲ့ စတင်လုပ်လာခဲ့ပုံ...။လက်ရှိဦးဆောင်နေတဲ့ စီးပွားရေးသမားကြီးတွေရဲ့အတ္တကိုဖြိုဖျက်ပြီး နေရာယူခဲ့ပုံ...။သူ့ထက်ငါနှာတစ်ဖျားသာစေရမယ်ဆိုတဲ့ စိတ်နဲ့ကြိုးစားရင်း အားလုံးအပေါ်ဩဇာလွှမ်းမိုးသက်ရောက်ခဲ့ပုံ...။ စသဖြင့် ဗဟုသုတရစေမယ့် အချက်တွေအများကြီးပါပါတယ်။သူ့ရဲ့လက်ကိုင်ဆောင်ပုဒ်က "ကျွန်တော်က ငြင်းတဲ့စကားလုံးဆို မကြားရဘူးဗျ" တဲ့လေဆိုတော့ ဂုရုကန့်ဒေဆိုင်းဖြစ်ချင်ရင်တော့ ဂုရုကန့်ဒေဆိုင်းလိုပြုမူနေထိုင်မှဖြစ်မယ်နော်ဆိုတဲ့ ဇာတ်ကားပါ ဒိုင်ယာလော့ခ်နဲ့အတူ ဇာတ်ကားလေးကို စီးမျောလိုက်ကြပါဦးနော်။ File size…3.1GB / 1.4GB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Guru (2007)

2007
Murder (2004) 5.5
Murder (2004) Murder (2004) Drama, Romance, Thriller IMDb 5.5/10 (4.1K)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ အိန္ဒိယရုပ်ရှင်လောကရဲ့ Kissing မင်းသားဆိုပြီး နာမည်တွင်လာခဲ့တဲ့ ဇာတ်ကားလေးတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ အင်မရန်းဟက်ရှမီရဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဆူဒီးနဲ့ ဆင်မရန်းတို့ဟာ ဘန်ကောက်မြို့ကို ပြောင်းရွှေ့အခြေချနေထိုင်နေတဲ့ မိသားစုလေးတစ်စုဖြစ်ပြီး သူတို့မှာ ကဗီးဆိုတဲ့ သားလေးတစ်ယောက်ရှိတယ် လောလောလတ်လတ် ဘန်ကောက်မှာ အခြေလာချကြတာဆိုတော့ အပေါင်းအသင်းမိတ်သင်္ဂဟသိပ်မရှိဘူးယောက်ျားဖြစ်သူ ဆူဒီးကလည်း အလုပ်ထဲမှာပဲ စိတ်နှစ်ထားတော့ လင်မယားနှစ်ယောက် စကားလက်ဆုံကျတယ်လို့ကိုမရှိဘူးပေါ့...အထီးကျန်လွယ်တဲ့ မိန်းမသားတို့ရဲ့သဘာဝအတိုင်း ဆင်မရန်းဟာ အမြဲတမ်းလစ်ဟာနေသလိုခံစားနေရတတ်တယ်... ကံကြမ္မာက ကျီစားလေသလား... ဆင်မရန်းဟာ သူရဲ့ရည်းစားဟောင်းဖြစ်သူ ဆန်နီနဲ့ ဘန်ကောက်မှာသွားဆုံမိခဲ့ပါတယ်...ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ တိတ်တိတ်ပုန်း သူတို့ရဲ့လိုအပ်ချက်တွေကို အပြန်အလှန်ဖြည့်ဆည်းပေးလာခဲ့ကြပါတော့တယ်....နောက်ပိုင်း တဏှာရဲ့ကျေးကျွန်ဖြစ်လာတဲ့အခါမှာတော့ လူသတ်ရလောက်တဲ့အထိ မိုက်မဲခဲ့ပုံတွေနဲ့ ဆင်မရန်းရဲ့အိမ်ထောင်ရေးဘဝမှာ လှိုင်းဂယက်တွေ ဘယ်လောက်တောင်ထန်လာမလဲဆိုတာကို ဆက်လက်ပြီးရှုစားပေးရဦးမှာဖြစ်ပါတယ်...အနုအရွလေးတွေနဲ့ ၁၈ယောက်စုကြည့်ရမယ့်အခန်းလေးတွေလည်းပါတာမို့ စောင် FA များ တစ်သျှူးကိုက်ကြည့်ကြပါလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော် File size…3.37GB / 1.17GB Quality…1080p WEBRIP Hindi / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Murder (2004)

2004