Channel Myanmar

Mahesh Vitta

Maa Nanna Superhero (2024) 8.6
Maa Nanna Superhero (2024) Maa Nanna Superhero 2024 (အဖေ့အတွက်သူရဲကောင်းကျွန်တော်)အဖေနဲ့သားကြားက သံယောဇဉ်ကို အကောင်းဆုံး ပုံဖော်ရိုက်ကူးထားတဲ့ တေလဂူရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။အဖေအရင်းရယ် မွေးစားအဖေရယ် သူတို့ရဲ့သားရယ် သူတို့ 3 ယောက်ကြားက အလွဲလေးတွေအပြင် အရယ်အငိုရသစုံခံစားရစေမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါ။ရင်ခွင်ပိုက်အရွယ် ကလေးငယ်လေးနဲ့ တစ်ကိုယ်တော်အဖေပရာကတ်ရှ်တစ်ယောက် သားလေးကိုမိဘမဲ့ဂေဟာမှာ ခဏအပ်ထားပြီး ကားသမားအနေနဲ့ ပုံသေအလုပ်ရဖို့ အော်ဒါလိုက်သွားပါတယ်။ကံဆိုးချင်တော့ သူမောင်းရတဲ့ကားက ဆေးခြောက်သယ်လာတဲ့ကားဖြစ်လို့ မူးယစ်မှောင်ခိုမှုနဲ့ ထောင်ဒဏ်နှစ်နှစ်ဆယ်ကျသွားပြီး နှစ်နှစ်ဆယ်ကြာမှပဲ ထောင်ကပြန်လွတ်လို့ သားဖြစ်သူကို လိုက်ရှာပါတော့တယ်။တစ်ဖက်က သားဖြစ်သူဂျွန်နီကလည်း ‌မွေးစားအဖေရဲ့စတော့ရှယ်ယာကြွေးကိုဆပ်လိုက် ဟိုကအကြွေးပြန်တင်လိုက်နဲ့ သံသရာလည်နေပေမဲ့ အဖေ့ကို အပြစ်မမြင်တဲ့သူပေါ့။ ဒီလိုနဲ့ ကံကြမ္မာဇာတ်ဆရာရဲ့အလိုကျ ဒီ လူ 3 ယောက် ဆုံဆည်းဖို့ ဖြစ်လာတဲ့အခါ....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 2.12 GB / 1.06 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Maa Nanna Superhero (2024)

Criminal or Devil (2024) 7.7
Criminal or Devil (2024) Criminal or devil 2024 (ရာဇဝတ်ကောင်လား နတ်ဆိုးလား)ဆစ်ဒူးရယ် သူ့မိဘနှစ်ပါးရယ်ဟာ အိမ်ကြီးတစ်လုံးမှာ အေးအေးချမ်းချမ်းနဲ့ ဘဝကို ဖြတ်သန်းနေကြသူတွေပေါ့။ဆစ်ဒူးဆိုတဲ့ကောင်လေးဟာ ငယ်ငယ်လေးကတည်းက သရဲကားကို ကြိုက်နှစ်သက်သူဖြစ်ပြီး အသက်ကြီးလာတဲ့အချိန်ထိလည်း သရဲကားပဲ ကြည့်တတ်သူတစ်ယောက်ပေါ့။တစ်ရက်မှာ ဆစ်ဒူးမိဘတွေက မင်္ဂလာဆောင်ရှိတာကြောင့် အိမ်ကနေ သွားကြတဲ့အချိန် ဆစ်ဒူးတစ်ယောက်တည်း အိမ်မှာ ကျန်ခဲ့တာပေါ့။ အဲဒီအချိန်မှာပဲ ဆစ်ဒူဟာ သူ့အိမ်ထဲမှာ ထူးခြားမှုတွေကို ကြုံတွေ့လာရပြီးတော့ သူ့အိမ်မှာ မကောင်းတာတစ်ခုခုတော့ ရှိနေပြီဆိုပြီး စမ်းသပ်မှုတွေ လုပ်ပါတော့တယ်။ဒီလိုမသင်္ကာမှုတွေနဲ့ စမ်းသပ်နေတုန်းမှာ အိမ်အစေခံက သူတို့ဘေးအိမ်ကို အိမ်နီးချင်းကောင်မလေးအသစ်ပြောင်းလာမယ်လို့ ပြောသွားပါသေးတယ်။အဲဒီအချိန်မှာပဲ သူတို့နေတဲ့နေရာလေးမှာ လူသတ်မှုတွေဖြစ်ပွားနေပြီးတော့ အင်စပက်တာကလည်း ဒီအမှုရဲ့ တရားခံဟာ အောက်လမ်းပညာကိုတက်မြောက်တဲ့ မိန်းကလေးတစ်ဦးဖြစ်မယ်လို့ ကောက်ချက်ချထားပါတယ်။သူတို့အိမ်နားကိုပြောင်းလာတဲ့ကောင်မလေးကတော့ ရက်ရှာလို့ခေါ်ပြီးတော့ ဆစ်ဒူးနဲ့ မထင်မှတ်ထားတဲ့တွေ့ဆုံမှုမျိုးနဲ့ တွေ့ဆုံခဲ့ကြပါတယ်။ သူတို့အိမ်နားကို ပြောင်းလာတဲ့ ရက်ရှာဆိုတဲ့ကောင်မလေးက သာမာန်ကောင်မလေးတစ်ယောက်ရော ဟုတ်ရဲ့လား ....... ဆစ်ဒူးနဲ့ ရက်ရှာတို့ကရော ဘာတွေဆက်ဖြစ်ကြဦးမလဲ ..... ဖြစ်ပွားနေတဲ့ လူသတ်မှုတွေနဲ့ကရော ရက်ရှာဆိုတဲ့ကောင်မလေးနဲ့ သက်ဆိုင်နေမှာလား ..... စတာတွေကို ကြည့်ရှုရမယ့် ပဟေဠိဆန်ဆန် Thrillerကားကောင်းလေးဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~V~Yunni တို့ပဲ ...
movie

Criminal or Devil (2024)

A1 Express (2021) 6.3
A1 Express (2021) ဘောလိ၀ုဒ်ကားသစ်လေးတွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခေါက်မှာတော့ sport - drama ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ A1 Express လေးကို တင်ဆက်ပေးလိုက်ပါတယ် ။( IMDB 6.3/10 ) ဒီရုပ်ရှင်ကားလေးကိုတော့ ဝါရင့် ဘောလိ၀ုဒ် မင်းသားကြီးတွေဖြစ်တဲ့ Krishna Murali နဲ့ Murali Sharma တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး ဘ၀မှာ ပြင်သစ်ကိုသွားဖို့ ရည်ရွယ်ချက်တစ်ခုထဲသာရှိတဲ့ လူငယ်လေး Naidu ..... Naidu တစ်ယောက် ကောလိပ်ကျောင်းအုပ်ဖြစ်တဲ့ ဦးလေး ရှိရာ ရာနမ်ကို ရောက်လာတဲ့အချိန် ဟော်ကီကစားသမား ကောင်မလေး Lavanya Rao နဲ့ အကြည့်ချင်းဆုံ ရင်တွေခုန်ပြီးသဘောကျမိသွားတာကြောင့် ပိုးပန်းဖို့ ကြိုးစားပါတော့တယ်Naidu ရဲ့ဦးလေးကတော့ ငယ်ငယ်တုန်းထဲက ကြီးလာရင် သူ့သမီးကို ယူမယ်လို့ လက်ခမောင်းခတ်ပ​ြီး ပြောထားတယ့် Naidu ရဲ့စကားကြောင့် သမီးဖြစ်သူ Divya Naidu လက်ထဲပါသွားမှာ စိုးရိမ်ပြီး Lavanya နဲ့ Naidu အမြန်ဆုံးနီးစပ်ရေးကို အစွမ်းကုန် ကူညီပေးတဲ့ အောင်သွယ်တော် ...
movie

A1 Express (2021)

2021
Guna 369 (2019) 8.3
Guna 369 (2019) (Unicode)ဒီမင်းသားကိုတော့ မှတ်မိကြမယ် ထင်ပါတယ်။အချစ်ကားလေးတွေ ရိုက်တတ်တဲ့ RX100 မင်းသားရဲ့ အသစ်စက်စက် တေလဂူးအချစ်ကားလေး တင်ပေးလိုက်ပါတယ်။အချစ်ဆိုရုံနဲ့ ဒီဇာတ်ကားက ပြီးမသွားသေးပါဘူး။ဇာတ်လမ်းစစချင်းမှာ တမြို့လုံးရဲ့ နာမည်ကြီး လူမိုက် ရာဒါးဟာ တခြားရွာသားတစ်ယောက်ကို သွားရိုက်တယ်။ရာဒါးဆိုတာကလည်း ဒီမြို့နယ်တစ်ဝိုက် မသိသူမရှိတဲ့ လူမိုက်ကြီး။ဘာကြောင့်လဲ..... နောက်တစ်ခန်းမှာတော့ သမီးရည်းစားနှစ်ယောက်ကို မြင်ရတယ်။ယောကျ်ားလေးက ဆေးဆိုင်ဝင်ပြီး ကွန်ဒုံးဝယ်တယ်။ဒါကို ဆေးဆိုင်ပိုင်ရှင်က သူ့သူငယ်ချင်းတွေဆီ အကြောင်းကြားလိုက်တယ်။အဲ့ဒီလူရွယ်တစ်စုလည်း လိုက်သွားပြီး ကောင်မလေးကို အုပ်စုဖွဲ့ အနိုင်ကျင့်တယ်။ဒီနှစ်ခုလုံးနဲ့ မင်းသား'ဂုဏ'ဆက်စပ်ဖို့ အကြောင်းဖန်လာတာကတော့.... (ဂုဏ ဆိုတာက ဂုဏ်ပေါ့ဗျာ)ကိုယ့်အမှားကြောင့်ပဲ ကိုယ့်ဘဝ ပျက်စီးသွားကြရတယ်။အားလုံးဟာ ဝင်သက်နဲ့ ထွက်သက်ကြား တဒင်္ဂမျှသာ။အကောင်း၊အဆိုး အားလုံးဟာ အံဝင်ခွင်ကျနဲ့ တိုက်ဆိုင်လာပြီး ဘဝဆိုတဲ့ ခဏတာအချိန်ဟာ ကုန်ဆုံးသွားကြကြောင်း မြင်ရမှာပါ။(အလောတကြီးနဲ့ အညွန်းရေးလိုက်ရတာမို့ အညွန်းကတော့ ပေါ့ပျက်နေပါလိမ့်မယ်)ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe ...
movie

Guna 369 (2019)

2019