Channel Myanmar

Maala Parvathi

Azadi (2025) 5.4
Azadi (2025) Azadi 2025(လွတ်လပ်ခြင်း)ဇာတ်လမ်းအကျဉ်းAzadi ဟာ ဒါရိုက်တာ ဂျိုဂျော့စ်က ရိုက်ကူးထားတာဖြစ်ပြီး မလာယာလံပြည်နယ်ရုပ်ရှင်တစ်ခုပါ။စရင်းနက်ဘာစီ၊ လဲယ်၊ ဗန်နီဗစ်ဝါနာ နဲ့ ရာဗီးနား ရာဗီ တို့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းမှာ ကိုယ်ဝန်ဆောင်ထောင်သား ဂန်ဂါ က အမျိုးသားမိရာဂူးရဲ့အကူအညီနဲ့ ဆေးရုံမှ ထွက်ပြေးဖို့ကြိုးစားတဲ့အကြောင်းပါ။ဇာတ်လမ်းဟာ၂၀၂၅ မေမှာ ပြသပြီး စိတ်လှုပ်ရှားစရာ အက်ရှင်နဲ့ အနုပညာမြောက်မှုတွေပါဝင်ပါတယ်။ဂန်ဂါ ကို မွေးဖွားဖို့ ဆေးရုံတင်ထားတုန်းမှာ ရာဂူး က ၂၄ နာရီအတွင်း ထွက်ပြေးစီစဉ်ထားပါတယ်။အခက်အခဲတွေကြားမှာ ရန်သူတွေ တားဆီးဖို့ ကြိုးစားကြပါတယ်။ တရားမျှတမှု၊ မိသားစုနဲ့ စိတ်ဓာတ်နဲ့ အသက်ရှင်သန်ရခြင်းရဲ့ အကြောင်းတရားကို ပြသထားပါတယ်။ကြည့်သူတွေကို စိတ်လှုပ်ရှားစေပြီး စိတ်ဓာတ်ခွန်အားတွေလည်းပေးစွမ်းနိုင်ပါတယ်ခင်ဗျာ။Azadi ကြည့်ရင် စိတ်လှုပ်ရှားမှုနဲ့ မျှော်လင့်ချက်စသည့် ခံစားချက်များကိုရရှိမှာပါ။အက်ရှင်ခန်းတွေက စိတ်ဝင်စားစရာအရမ်းကောင်းပြီး ဇာတ်ကောင်တွေကလည်း ပီပြင်လွန်းလှပြီးတော့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်တဲ့ စိတ်ဓာတ် ကိုမြင်သာအောင်ရိုက်ပြထားနိုင်ပါတယ်။အက်ရှင်ကောင်းကောင်းနဲ့ ရသအစုံလင်ကြိုက်သူဆိုရင်တော့ ဒီကားလေးကအကြိုက်တွေ့စေမှာပဲဖြစ်ပါတယ်။အညွှန်းနဲ့ ဘာသာပြန်ကိုတော့ CM Bollywood Teamမှတင်ဆက်ထားပါတယ်။File size…2 ...
movie

Azadi (2025)

Vadakkan (2025) 7.1
Vadakkan (2025) Vadakkan (2025) "ပရလောကခြေရာများ"ဒီတစ်ခါတော့ Bollywood ပရိသတ်ကြီးအတွက် သမားရိုးကျသရဲကားတွေနဲ့မတူဘဲ ထူးထူးခြားခြားတင်ဆက်ထားတဲ့ သည်းထိတ်ရင်ဖို horror ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ရာမန်ဟာ သဘာ၀လွန်ကိစ္စတွေနဲ့ပရလောက အကြောင်း ထဲထဲ၀င်၀င်စူးစမ်းလေ့လာနေသူ ဖြစ်ပါတယ်။ တစ်နေ့တော့ သူ့အဆက်ဟောင်းဖြစ်သူမယ်ဂါရဲ့ခင်ပွန်းသည်ရာဗီ ထူးဆန်းစွာသေဆုံးမှုဖြစ်ခဲ့ပါတယ်။ဖြစ်ပုံကတော့ ကျောချမ်းစရာကျွန်းတစ်ကျွန်းမှာ သရဲတစ္ဆေတွေနဲ့ပတ်သက်တဲ့ ရသစုံတီဗီရှိုးတစ်ခုရိုက်ကူးရင်း လူတွေသေဆုံးသွားခဲ့တာပါ။ အဲဒီသေဆုံးသူတွေထဲမှာ ရှိုးရဲ့ဒါရိုက်တာ ရာဗီဗာရ်မာလည်း ပါ၀င်ပါတယ်။အဲဒါကြောင့် ရာမန်တစ်ယောက် ရှိုးအတွက်ရိုက်ကူးမှတ်တမ်းတင်ခဲ့တဲ့ ဗီဒီယိုတွေကနေတဆင့် အဲဒီအမှုကို အဖြေရှာဖို့ကြိုးစားပါတော့တယ်။ရှိုးမှာပါဝင်ခဲ့ကြသူတွေ ရှိုးရိုက်ကူးနေရင်း ဘယ်လိုအဖြစ်တွေကြုံခဲ့ရသလို၊ နောက်ကွယ်‌မှာ ဘယ်လိုကြောက်စရာကောင်းတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိနေမလဲ... ရာမန်တို့ရော ဘာတွေဆက်ရင်ဆိုင်ရမလဲဆိုတာ အဖြေရှာရင်း ရင်တထိတ်ထိတ်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~ToMo~Alex နဲ့ KKKZ တို့ ဖြစ်ပါတယ်။) File size…1.2 GB / 600 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 52min Subtitle….Myanmar Subtitle (Hard ...
movie

Vadakkan (2025)

Am Ah (2025) 6.8
Am Ah (2025) Am Ah (2025)"အ.. မေ" ==================အသစ်ထွက်ရှိထားတဲ့ မာလျာလမ်စကားပြော ကြည်နူးစရာ မိဘမေတ္တာဖွဲ့ ရုပ်ရှင်ကောင်းလေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းကတော့ ရိုးရိုးရှင်းလေးပါပဲ။ဝေးလံခေါင်ဖျားပေမဲ့ အရမ်းလှတဲ့ ကာဗန်သာဆိုတဲ့ရွာလေးကို ကတ္တရာလမ်းခင်းတဲ့စီမံကိန်းမှာ ကြီးကြပ်သူအဖြစ်တာဝန်ကျပြီး ကာဗန်သာရွာလေးကို ရောက်လာတဲ့ စတီဖန်တစ်ယောက်၊ ရွာမှာနေထိုင်တဲ့သားအမိနှစ်ယောက်ကြားက ဆွတ်ပျံ့ကြည်နူးစရာ ချစ်ခြင်းမေတ္တာတွေကို မြင်တွေ့ခံစားရပုံတွေကို အင်မတန်လှပတဲ့ တောင်ပေါ်ရှုခင်းတွေနဲ့အတူ ပရိသတ်တွေ ကြည့်ရှုခံစားခွင့်ရမယ့် ရုပ်ရှင်ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…1.8 GB / 980 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 55min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Am Ah (2025)

Anpodu Kanmani (2025) 4.0
Anpodu Kanmani (2025) Anpodu Kanmani (2025)"အို.. ပတ်ဝန်းကျင်" ===================================အသစ်ထွက်ရှိထားတဲ့ မာလျာလမ်စကားပြော ကျေးလက်၊ မိသားစု၊ အချစ်၊ ဟာသရုပ်ရှင်လေးကိ ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ရှာလ်နီဆိုတဲ့ မြို့သူကောင်မလေးဟာ နကူလန်ဆိုတဲ့ တောက ကျောက်ကွင်းသူဌေးလေးကို ရိုင်ယယ်အန်းဖီး ကလပ်စစ်ဆိုင်ကယ်တစ်စီးနဲ့ တင်တောင်းလက်ထပ်ပြီး သျှောင်နောက် ဆံထုံးပါဆိုသလို နကူလန်ရဲ့ရွာကို လိုက်လာခဲ့ပါတယ်။အစပိုင်းမှာတော့ နကူလန်ရဲ့မိသားစုနဲ့ ရှာလ်လီနီတို့ အဆင်ပြေကြပေမဲ့ တဖြည်းဖြည်းနဲ့ န ကူလန်ရဲ့အမျိုး ရွာက လူကြီးသူမတွေက ထုံးစံအတိုင်း ကလေးမရသေးဘူးလား၊ မြုံနေတာလားဘာညာဆိုပြီးတွေ့ရင်တွေ့သလို မေးကြတဲ့အခါ မြို့ကြီးသူရှာလ်နီတစ်ယောက် သည်းခံနိုင်စွမ်းကုန်ဆုံးပြီး ပေါက်ကွဲမိရာကနေ ခွီစရာ တလွဲကိစ္စတွေဖြစ်လာပုံတွေကို ပေါ့ပေါ့ပါးပါး မြင်တွေ့ခံစားရမယ့် ကျေးလက်၊ မိသားစု၊ အချစ်၊ ဟာသရုပ်ရှင်လေးပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size…1.7 GB / 849 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 59min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM ...
movie

Anpodu Kanmani (2025)

Mura (2024) 8.4
Mura (2024) Mura (2024) "အကြံအစည်"ကျေးလက်အက်ရှင်-ဒရာမာဇာတ်လမ်းမျိုး နှစ်ခြိုက်ကြတဲ့ ပရိသတ်ကြီးအတွက် မလေယာလမ်စကားပြော ရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းမှာ အာဏာရှိတဲ့လူတွေနဲ့ အခြေခံလူတန်းစားတွေကြားက ပြဿနာတွေကို မီးမောင်းထိုးပြထားပါတယ်။ဇာတ်လမ်းထဲမှာတော့ အညတရမိသားစုတွေကနေ ကြီးပြင်းလာတဲ့ သူငယ်ချင်းလေးယောက်ကို အခြေခံရိုက်ကူးထားပါတယ်။သူတို့လေး‌ယောက်ဟာ လုယက်ဓားပြတိုက်ဖို့ ကြံစည်ထားပေမဲ့ တကယ့်လက်တမ်း အတိတ်ကလျှို့ဝှက်ချက်နဲ့ ဖုံးကွယ်ထားတဲ့ မြှုပ်ကွက်တွေပေါ်လာတဲ့အခါ သူတို့ရဲ့သစ္စာတရားကို အစမ်းသပ်ခံရ‌ပါတော့တယ်။နောက်ပိုင်း ရည်မှန်းချက်နဲ့ ရင်းနှီးခင်မင်မှုကြား လွန်ဆွဲရင်း ခက်ခက်ခဲခဲရွေးချယ်ရဖို့ ဖြစ်လာတဲ့အခါ ဘယ်သူက ဘယ်ဘက်ကိုတိမ်းသွားမလဲ၊ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ ဆက်လက်စောင့်ကြည့်ကြရမှာပါ။အာဏာကိုလက်ကိုင်ထားတဲ့ လူကုံထံအသိုင်းအဝိုင်းက အညတရလူတန်းစားကို အကြမ်းဖက်မှုနဲ့ ရာဇ၀တ်မှုတွေကျူးလွန်ဖို့ ဘယ်လိုလက်ကိုင်တုတ်လုပ်ပြီး အသုံးချမလဲဆိုတာကလည်း စိတ်၀င်စားစရာပါပဲ။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။) File size… 2.02 GB / 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood team
movie

Mura (2024)

Palayam PC (2024)
Palayam PC (2024) Palayam PC (2024) "တာဝန်"အသစ်ထွက်ရှိလာတဲ့ မလေယာလမ် မှုခင်းရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ဒီကားမှာဆိုရင် အမှုစုံစမ်းစစ်ဆေးရေးကိုချည်း အသားပေးတာမဟုတ်ဘဲ ရဲတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာဘဝကိုလည်း ဟာသဆန်ဆန်ပုံဖော်ထားတာ တွေ့ရမှာပါချန်ဒရေတာဆိုတဲ့ ရဲအရာရှိတစ်ဦးဟာ ဘာမှမမက်မမောဘဲ အစွဲအလမ်းခံယူချက်သိပ်မရှိတဲ့လူဖြစ်ပြီး ဟီးရိုးရဲတွေနဲ့ ဆန့်ကျင်ဘက်ပါပဲရဲဆိုပေမဲ့ ဇနီးသည်အတွက် ဈေးခြင်းတောင်းဆွဲဈေးဝယ်ပေးလိုက်၊ သားဖြစ်သူကိုအချိန်ပေးလိုက်နဲ့ အေးအေးလူလူ ရှိလှတဲ့ chill guy တစ်ဦးပါဒါ့အပြင် တွေ့ကရာလူကိုလည်း ပိုက်ဆံအလကားပေးရလောက်အောင် သဘောကောင်းပြီး ညဂျူတီပုံမှန်ထမ်းဆောင်နေတဲ့ ဘဝကနေ တကယ့်တာဝန်ကြီးကြီးတစ်ခုအဖြစ် အမျိုးသမီးတစ်ယောက်ကို ကာကွယ်ပေးရဖို့ဖြစ်လာတဲ့အခါ ဘယ်လိုဇာတ်လမ်းတစ်ပုဒ် ဖြစ်လာမှာလဲ ဆိုတာကတော့အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 1.8 GB / 977 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 58m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Palayam PC (2024)

Her (2024)
Her (2024) Her 2024 သူပြောတဲ့သူမတို့ဘဝဇာတ်ကြောင်းWomen centricဖြစ်တဲ့ရုပ်ရှင်တွေ သဘောကျသူတွေအတွက် 2024 ထွက် မလေယာလမ်ရုပ်ရှင်လေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။အခုဒီကားလေးထဲမှာတော့ မတူညီတဲ့လူတန်းစားအလွှာက အမျိုးသမီး ၅ ယောက်ရဲ့နေထိုင်မှုဘဝ ပတ်ဝန်းကျင်က သူတို့အပေါ်အမြင်နဲ့ သူတို့ရဲ့နေ့စဉ်ရုန်းကန်လှုပ်ရှားမှုတွေအကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။အခုခေတ်ဟာ ကျားမတန်းတူ ရင်ဘောင်တန်း လှုပ်ရှားနေတဲ့ခေတ်ဆိုပေမဲ့ လူအများစုရဲ့ မသိစိတ်တစ်နေရာမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ယှဉ်ရင် တစ်ဆင့်နိမ့်နေတယ်ဆိုတဲ့ ဖိုဝါဒီအကြွင်းကျန်အယူအဆတွေ ကိန်းအောင်းနေဆဲပါပဲ။ဒီအတွက်နဲ့ အမျိုးသမီးတွေမှာ အနည်းနဲ့အများဆိုသလို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ နစ်နာမှုတွေ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှု ဖိနှိပ်မှုတွေ၊ မိန်းမဆိုတာ ကိုယ့်ဘာသာမရပ်တည်နိုင်ပါဘူး၊ လင်ယောက်ျားကိုအားကိုးမှပဲတင့်တယ်မှာ အစရှိသဖြင့် ဒီလိုဝေဖန်မှုတွေကို အနည်းနဲ့အများ ခံစားရတာချည်းပါပဲ။ဒါတွေရဲ့အကျိုးဆက်အနေနဲ့ သူတို့ရခဲ့တဲ့ စိတ်ဒဏ်ရာတွေ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိတာ၊ စိတ်မလုံခြုံတာတွေကို ဒီကားလေးမှာ အတော်လေးပေါ်လွင်အောင် ရိုက်ကူးထားတာ မြင်ရမှာပါ။ဒီရုပ်ရှင်လေးမှာ အမျိုးသမီးတွေလည်း လေးစားခံရမှု ဂရုစိုက်မှု အမြတ်တနိုးတန်ဖိုးထားမှုတွေနဲ့ ထိုက်တန်ပါတယ်ဆိုတာကို castတွေရဲ့ အကောင်းဆုံးသရုပ်ဆောင်ချက်တွေနဲ့ တစေ့တစောင်း တင်ပြထားတာဖြစ်လို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးအဖြစ် ညွှန်းလိုက်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 1.2 GB / 625 MB Quality…WEB DL 1080p ...
movie

Her (2024)

Vivekanandan Viralanu (2024) 4.3
Vivekanandan Viralanu (2024) Vivekanandan Viralanu (2024) ဗီဗက်ကန်နန်ဒန်‌ကျော်ကြားနေပြီ =============================ဒါရိုက်တာ Kamal ရဲ့ငါးနှစ်အကြာမှပြန် Come Back တဲ့ အသစ်စက်စက် Comedy ကား‌လေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်သာမန်လူတစ်ယောက်ဖြစ်တဲ့ ဗီဗစ်ကန်နန်ဒန်တစ်ယောက် သူ့ရဲ့သာမာန်ဘဝလေးမှာပဲနေထိုင်ရင်း ရုတ်တရက်ဆိုသလို ညတွင်းချင်းပဲ အင်တာနက်ပေါ်မှာ ကျော်ကြားသွားပါတော့တယ် နာမည်ကောင်းနဲ့တော့မဟုတ်ပါဘူး နာမည်ဆိုးကြီးနဲ့ပါဒီလိုဖြစ်ရတာသူ့အပြစ်လို့မဆိုသာပေမဲ့သူ့အပြစ်လဲမကင်းပြန်ပါဘူး ဗီဗက်ကန်တစ်ယောက် ပူပူနွေးနွေးအိမ်ထောင်ကျထားခါစဖြစ်ပေမဲ့ တွေ့သမျှအချောလေးတိုင်းနဲ့ပယော်ပရည် လုပ်ချင်နေတဲ့အကျိုးဆက်လို့လဲပြောလို့ရပါတယ်ဒီကိစ္စကဘယ်လောက်ထိကြီးသွားသလဲဆိုရဲတွေပါပါဝင်လာတဲ့အထိပါပဲ ဗီဗက်ကန်တစ်ယောက် သူအစစ်အမှန်နဲ့ လူအများသိထားတဲ့သူ ဘဝနှစ်ခုကို ဘယ်လိုချိန်သားကိုက်အောင်ချိန်ညှိဖို့ကြိုးစားသွားမှာလဲ? ပြဿနာတွေကိုရောအဆုံးမှာဖြေရှင်းနိုင်ပါ့မလား? ဆိုတာ ရင်တစ်ထိပ်ထိပ်နဲ့ ဟာသနှောရင်းကြည့်ရှုရမှာပါ(အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်) File size… 1.88 GB/ 1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Vivekanandan Viralanu (2024)

Anandapuram Diaries (2024) 5.3
Anandapuram Diaries (2024) Aanandhapuram Diaries (2024)"အိပ်မက်ဒိုင်ယာရီ" ========================================အသစ်ထွက်ထားတဲ့ မာလျာလမ်စကားပြော ရုပ်ရှင်ကားကောင်းလေးတစ်ခုကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ပန်းတိုင်နဲ့ အိပ်မက်ဆိုတာ အတူတူပဲလား။ ပန်းတိုင်ကိုသွားဖို့ နောက်ကျနေပြီလို့ အားလုံးက သတ်မှတ်လိုက်ကြတဲ့အချိန်မှာရော အိပ်မက် ဆက်မက်ခွင့်ရှိဦးမှာလား။ အာနန်ဒါပူရမ်ဆိုတဲ့မြို့လေးမှာရှိတဲ့ ဥပဒေကောလိပ်။အကြောင်းအမျိုးမျိုးကြောင့် အဲဒီကောလိပ်ကနေ ထွက်ခဲ့ရပြီး အသက် ၄၀ ကျော်မှ ကောလိပ်ကို ပြန်ရောက်လာတဲ့ နန်ဒနီ။ နန်ဒနီတစ်ယောက် အစစအရာရာပြောင်းလဲသွားပြီဖြစ်တဲ့ နယ်မြေဟောင်းထဲမှာ နှစ် ၂၀ ခြားနားမှုတစ်ခုကို အကျွမ်းဝင်ဖို့ကြိုးစားရင်း မိခင်တစ်ယောက်အဖြစ်နဲ့ ဥပဒေဘွဲ့ ပြန်ယူဖို့ ခက်ခက်ခဲခဲကြိုးစားရပုံနဲ့အတူ အာနန်ဒါပူရမ်ရဲ့ ဒိုင်ယာရီစာရွက် တစ်ရွက်ချင်းစီကို ဒီရုပ်ရှင်ထဲမှာ စိတ်ခွန်အားတက်ဖွယ်ရာ မြင်ရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.23 GB / 1.06 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 55 mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Anandapuram Diaries (2024)

Vishesham (2024) 8.5
Vishesham (2024) Vishesham 2024 ကိုလူပျိုရဲ့အချစ်ခရီးIMDb - 8.6/10လူတစ်ယောက်အတွက် ပထမဆုံးအကြိမ်ဆိုတာ အတော်လေးအရေးကြီးပါတယ်။ ဒီပထမဆုံးအကြိမ်ကနေရလိုက်တာက သူ့အတွက် အဖိုးမဖြတ်နိုင်တဲ့ ယုံကြည်မှုဆိုတဲ့အရာပါပဲ။ ဒါပေမဲ့ ရှီဂျူကတော့ ဒီယုံကြည်မှုဆိုတဲ့အညွန့်လေး ရိုက်ချိုးခံလိုက်ရတဲ့သူပေါ့။လူရိုးကြီးရှီဂျူက သိပ်ချစ်တတ်တဲ့သူတစ်ယောက်ဆိုပေမဲ့ သူ့ကိုမင်္ဂလာဆောင်ပေးမယ့်အချိန်မှာ သတို့သမီးလေးက ကိုထိပ်ပြောင်ကြီးမြင်ပြီး ထွက်ပြေးသွားတာမလို့ အသည်းလည်းကွဲ အရှက်လည်းကွဲပြီး လယ်စိုက်ပြီး တစ်ကိုယ်တည်းပဲနေတော့တာပေါ့။ဒါကို မကြည့်ရက်လေတော့ အမေနဲ့ အစ်ကိုဖြစ်သူအပါအဝင် တစ်ဆွေတစ်မျိုးလုံးက ရှီဂျူကို အိမ်ထောင်ထပ်ပြုဖို့ ဇွတ်တိုက်တွန်းတာမလို့ ရှီဂျူလည်း မရေမရာနဲ့ပဲ ထပ်ပြီးစမ်းကြည့်ဖို့ လက်ခံလိုက်ပါတော့တယ်။နှလုံးလှတဲ့ ကိုလူရိုးဆို‌ပေမဲ့ အသက်ကကြီး ထိပ်ကပြောင် ဗိုက်ကပူနေတဲ့ အဘိုးအိုပေါက်စရုပ်နဲ့ရှီဂျူကို မိန်းကလေးတိုင်းက ငြင်းနေတော့ အိမ်ထောင်ပြုဖို့ လက်လျှော့မယ့်ဆဲဆဲ ကျားမလေးလို ရဲရဲတောက် ရဲမေမလေးနဲ့ဆုံဖို့ ဖြစ်လာချိန်မှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်) File size…1.9GB / 939MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Vishesham (2024)

Game Over(2019) 7.6
Game Over(2019) Game Over (2019) =============IMDb 7.6/10 Rotten Tomatoes 55%အိန္ဒယနိုင်ငံ ဂူရ်ဂေါင်းမြို့မှာ မိန်းမငယ်များကို ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ကာ အလောင်းမီးရှို့ဖျက်စီးပစ်တဲ့ စိတ္တဇလူသတ်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေပါတယ် အဲ့ဒိလိုဖြစ်တာကလည်း နှစ်သစ်ကူးရက် ဒီဇင်ဘာ ၃၁ မှပါ။အဲ့ဒိလူသတ်သမားကို ရဲတပ်ဖွဲ့ဘက်က ဘာသဲလွန်စမှမရသေးလို ရှာဖွေလို့လည်း မရသေးပါဘူးတစ်ရက်မှာတော့ ဒီဇင်ဘာ ၃၁ နှစ်သစ်ကူးညတစ်ညမှာပဲ အကြောင်းအမျိုးမျိုးကြောင့် ဝှီးချဲပေါ်ရောက်နေရတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဒီလူသတ်ကောင်ရဲ့ပစ်မှတ်ဖြစ်လာပါတော့တယ်ဒီအချိန်မှာ ဝှီးချဲပေါ်ကမိန်းမငယ်လေးကပဲ Game Over ဖြစ်မလား လူသတ်ကောင်ကပဲ Gmae Over ဖြစ်မလားဆိုတာကိုတော့ ....India, Thriller လူသတ်ကားကောင်းကောင်းကြည့်ချင်တယ်ဆိုရင်တော့ ဒီကားကို လက်အလွတ်မခံပါနဲ့ခင်ဗျ အဓိက သရုပ်ဆောင်နေရာမှာလည်း အချစ်ဆုံး Taapsee Pannu ဖြစ်နေတော့ ပြောစရာကိုမလိုလောက်အောင်ပါပဲ....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htooပဲဖြစ်ပါတယ်... File size…1.4GB / 610MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Zaw Htoo
movie

Game Over(2019)

2019
Little Hearts (2024) 7.1
Little Hearts (2024) Little Hearts 2024 ငယ်နုတဲ့နှလုံးသားနေ့စဉ်ဘဝရဲ့ပြဿနာတွေကြားမှာ ဟာဒယရွှင်ဆေးကို တောင့်‌တနေသူတွေအတွက် မလေယာလမ် အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဟာသဖောဖောသီသီနဲ့ သားအဖနှစ်ယောက်ရဲ့ ‌အလွဲလေးတွေကို ဟာသနှောပြီးရိုက်ကူးပုံဖော်ထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးရုပ်ရှင်ကြည့်ချင်သူတွေ သဘောတွေ့မှာပါ။မွေးမွေးပြီးချင်းမှာပဲ အမေဆုံးသွားတဲ့ မိတဇိုးလေးစီဘီ၊ အမေမရှိတဲ့ စီဘီရဲ့ဘဝမှာ ဘေဘီကပဲအဖေရော အမေပါ တာဝန်ယူခဲ့ရတာပေါ့။ ဘေဘီအဖေအလုပ်လုပ်တဲ့ စိုက်ခင်းပိုင်ရှင် ဂျွန်ဆန်က အလုပ်ရှင်ရော ငယ်သူငယ်ချင်းပါဖြစ်နေတဲ့သူ့အတွက် သားသမီးတွေလည်း မောင်နှမလို ဖြစ်နေကြတာပါ။ဒါပေမဲ့ အနားယူတဲ့အရွယ်ရောက်ကာမှ ဘေဘီရဲ့နှလုံးသားက တစ်ဖန်ပြန်နိုးထဖို့ဖြစ်လာတဲ့အပြင် ယူကေက ဂျွန်ဆန်ရဲ့သားနဲ့သူကိုယ်တိုင်လည်း အချစ်နဲ့ဆုံတွေ့လာရတဲ့အခါ...(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်) File size… 1.8GB / 973MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Little Hearts (2024)

Thaaram Theertha Koodaram (2023) 7
Thaaram Theertha Koodaram (2023) Thaaram Theertha Koodaram (2023) သောကမျက်ရည်စက်များ IMDb- 7.8/10အမေဖြစ်သူက နောက်ယောကျ်ားယူသွားပြီး ပထွေးဖြစ်သူ နှင်ချခံထားရတဲ့ အကြွေးနွံနစ်နေတဲ့ အိမ်ခြေရာမဲ့ညီမနှစ်ယောက်။အခန်းခကလည်း မပေးနိုင်တဲ့အပြင် အကြွေးရှင်တွေကလည်း သတ်မှတ်ရက်အတွင်း အကြွေးကို ဆပ်ဖို အတင်းတိုက်တွန်းနေတဲ့အခြေအနေမှာ သူငှားနေတဲ့အခန်းရဲ့ ဘေးအခန်းက ကောင်လေး ဆန်ဂျေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ဆန်ဂျေးဆိုသူကတော့ နှစ်ကိုယ်ခွဲစိတ်ရောဂါခံစားနေရပြီးတော့ မိသားစုကနေ ပစ်ပယ်ခြင်းကို ခံထားရသူတစ်ဦးပေါ့။ ဒီလိုနဲ့ ဆန်ဂျေးဟာ အိမ်ခြေရာမဲ့ညီမနှစ်ယောက်ကို သူဟာ လူမှုစိတ်ဓာတ်အပြည့်အဝရှိသူပါဆိုတာကို သက်သေပြနိုင်ဖို ကူညီပေးဖို ကြိုးစားရင်းနဲ့ ဘယ်လိုတွေ ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုခံစားရမယ့် ဒရာမာရိုမန့်စ် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~V~Alex~ToMo တိုပဲဖြစ်ပါတယ်) File size…1.8GB / 736MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~Alex~ToMo
movie

Thaaram Theertha Koodaram (2023)

2023
CIA: Comrade In America (2017) 6.4
CIA: Comrade In America (2017) CIA : Comrade in America (2017) "ချစ်သူရှိရာသို့..."IMDb 6.4Sita Ramam၊ King of Kotha နဲ့ Charlie တို့လို ရုပ်ရှင်တွေထဲက မင်းသား Dulquer Salmaan အဓိကပါဝင်ထားပြီး Dunki လို စာရွက်စာတမ်း မရှိဘဲ အမေရိကားသွားမယ့် ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ရပါတယ်အာဂျီဟာ ကီရယ်လာ ကွန်ဂရက်ပါတီက နိုင်ငံရေးသမားတစ်ယောက်ရဲ့ သားဖြစ်နေပေမယ့် သူယုံကြည်ရာဝါဒကိုသာ စွဲကိုင်ထားသူပါဘာနေနေ အပြုံးမပျက်ဘဲ ဘဝကို ကိုယ်နေချင်သလို ဖြတ်သန်းရင်း တစ်နေ့ အမေရိကန်နိုင်ငံသူလေး ဆာရာနဲ့ ချစ်သူတွေ ဖြစ်လာတယ်ဆာရာက သူနဲ့ အမေရိကားကို လိုက်ဖို့ခေါ်တိုင်း တွင်တွင်ငြင်းပေမယ့် တစ်နေ့တော့ သူ့ချစ်သူကောင်မလေးဟာ အမေရိကားကို ပြန်သွားပြီဖြစ်ကြောင်း၊ တခြားယောကျာ်းတစ်ယောက်နဲ့ အတင်းအကျပ်လက်ထပ်ခိုင်းဖို့ စီစဥ်နေပြီဖြစ်ကြောင်း သိရတော့ ....နှစ်ပတ်ဆိုတဲ့အချိန်အတွင်း ချစ်သူရှိရာ အမေရိကားကို စာရွက်စာတမ်းတွေမပါဘဲ ရောက်အောင်ဘယ်လိုသွားမလဲ... အခက်အခဲမျိုးစုံနဲ့ စွန့်စားခန်းလေးကို ပရိသတ်ကြီး ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ...
movie

CIA: Comrade In America (2017)

2017
Rani: The Real Story (2023) 8.9
Rani: The Real Story (2023) Rani The Real Story (2023) "လူသတ်တရားခံ အိမ်ဖော်မလေးရာနီ"IMDb-9/10နိုင်ငံရေးလောကမှာ နာမည်တစ်လုံးနဲ့ လူထုအပြင် မီဒီယာတွေပါ ဆန့်ကျင်မရေးရဲရအောင် ကြောက်ကြတဲ့ ဒါမာရာဂျန်....။ သူ့ဘဝဇာတ်ကြောင်း အတ္တုပ္ပတ္တိကိုရေးထားတဲ့ စာအုပ်ကို မထုတ်ဝေရက်ပိုင်းအလိုတစ်ညမှာ သတ်ခံလိုက်ရတယ်...။အဲဒီအတွက် စွပ်စွဲခံရသူကအိမ်ဖော်မလေးရာနီ။ ရာနီက အိမ်ခြောက်အိမ်လှည့်ပြီး အိမ်အကူလုပ်တဲ့သူ.....။ ဒီလိုစွပ်စွဲခံရတော့ သူ့ရဲ့ရိုးသားမှုနဲ့ စိတ်ထားကြောင့် ကျန်အိမ်ရှင်‌တွေက သက်သေလိုက်ငြင်းဆိုပေးကြတယ်...။ရွေးကောက်ပွဲနီးမှ အမတ်လောင်းသတ်ခံရတဲ့ကိစ္စကြောင့် နိုင်ငံရေးထဲကအရှိန်အဝါကြီးသူတွေနဲ့ ရဲတွေပါ ဒီအမှုကိုအပူတပြင်းလိုက်ကြသလို အသက်ရှင်နေစဉ်ကဘာမှမရေးရဲခဲ့တဲ့ မီဒီယာတွေကပါ အလုအယက်ရေးကြနဲ့ အမှုကအုတ်အော်သောင်းတင်းဖြစ်နေတော့တယ်လွှတ်တော်အမတ်သေရလို့ဆိုပြီး နွမ်းပါးသူလူတစ်ယောက်ကို လွယ်လွယ်အပြစ်ပုံချရှင်းဖို့ကလည်း မီဒီယာတွေကပတ်ပတ်လည်....။ ဒီလိုအရှုပ်အထွေးတွေက အမှုမှန်ဘယ်လိုပေါ်ထွက်လာမလဲ....။ အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ် File size…1.6GB  / 709MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ V ~ Alex ~ ...
movie

Rani: The Real Story (2023)

2023
Sesham Mike-il Fathima (2023) 7.0
Sesham Mike-il Fathima (2023) Sesham Mike-il Fathima (2023) ဘောပွဲကြေငြာသူ ဖာသီမာ imdB (8.6/10)ပရိသတ်ကြီးကို ယခုတင်ဆက်ပေးမှာကတော့ မာလာရာလမ်စကားပြော ဒါရိုက်တာ မာနူစီကူးမားရဲ့ ပွဲဦးထွက်လက်ရာပေးပဲ ဖြစ်ပါတယ်….. ပွဲဦးထွက်မှာပဲ သူမတူတဲ့ဇာတ်လမ်းမျိုးကို ရဲရဲဝံ့ဝံ့ရိုက်ကူးပြထားပြီး rating တွေကလဲ လန်ပြန်နေတာကို တွေ့ရမှာပါ…တွေ့တဲ့အတိုင်းပဲ အမျိုးသမီးဇာတ်ကောင် ဦးစားပေးဖြစ်ပြီး မွတ်ဆလင်အမျိုးသမီးတစ်ယောက်ရဲ့ သူမတူပဲ ဘောလုံးပွဲကြေငြာတင်ဆက်သူအဖြစ် ရုန်းကန်တဲ့ပုံစံလေးကို comedy drama ပုံစံလေးနဲ့ တင်ဆက်ပေးထားတာပါ…ဖာသီမာက ငယ်ငယ်လေးထဲက စကားအရမ်းများပါတယ် ဘယ်လောက်များလဲဆို သူ့အမေဗိုက်ထဲကထွက်ပြီး အူဝဲလို့စအော်ထဲက ပြောလိုက်တဲ့စကား ခုထိကိုမရပ်သေးဘူးလို့ ပြောယူရပါတယ် လေအိုးလေးဖာသီမာရဲ့အကိုကတော့ ဘောလုံးသမားတစ်ယောက်ပါ ဖာသီမာလဲ အကိုနဲ့ပေါင်းရင်း ဘောပွဲကြည့်ရုံတင်မက ဘေးကနေ ဘာဖြစ်တယ်ညာဖြစ်တယ် ဂိုးတယ်ခင်ဗျာတွေလဲ ထထအော်တတ်နေပါတော့တယ် အဲ့လိုနဲ့ပဲ သူ့အကိုတို့ဘောလုံးပွဲတစ်ခုမှာ ပွဲကြေငြာသူမရှိလို့ ဖာသီမာတစ်ယောက် စမ်းပြီးပွဲတင်ဆက်သူလုပ်လိုက်ရာကနေစပြီး….အမျိုးသမီးပွဲတင်ဆက်သူတစ်ယောက်အတွက် သော့ပိတ်ထားတဲ့တံခါးတွေအများကြီးပါ အဲ့တံခါးတွေကို ရဲရဲဝံ့ဝံ့တံခါးခေါက်လိုက်ပါတဲ့…. အဲ့လိုပါပဲ ကမ္ဘာပေါ်ကအိမ်မက်ပေါင်းစုံနဲ့အမျိုးသမီးများ ကိုယ့်ရှေ့ကပိတ်ထားတဲ့ တံခါးတွေကို ရဲရဲဝံ့ဝံ့ခေါက်နိုင်ဖို့အတွက်… ခေါက်မဲ့သူတွေရော ကူခေါက်ပေးမဲ့သူတို့ကောင်လေးတွေရော ကြည့်နိုင်ဖို့ CM ကနေ မိုတီအပြည့်နဲ့တင်ဆက်ပေးလိုက်ပါတယ်အညွှန်းကိုတော့ ဆရာစိုင်းမှ ရေးသားပေးထားပြီး ...
movie

Sesham Mike-il Fathima (2023)

2023
RDX: Robert Dony Xavier (2023) 7.8
RDX: Robert Dony Xavier (2023) RDX:Robert Don't Xavier (2023)IMDb-7.8/10တောင်ပိုင်းကားကြမ်းကြမ်းလေးမှကြိုက်တဲ့လူတွေအတွက် သူငယ်ချင်းသုံးယောက်ပေါင်းကြမ်းကြမဲ့ရုပ်ရှင်ကား‌ကောင်းလေးတင်ဆက်ပေးလိုက်ပါတယ် ဘတ်ဂျက်အနေနဲ့ ၈ ကုဋေပဲသုံးထားတဲ့ဒီကားဟာ ကုဋေ ၈၀ ကျော်ထိရအောင် ပြန်ရှာနိုင်ခဲ့တဲ့ကားပါ မလေးယားလမ်းရုပ်ရှင်တွေမှာ စတုတ္ထမြောက်ဝင်ငွေအကောင်းဆုံးကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းဘုရားပွဲတစ်ခုက ဖြစ်လိုက်တဲ့ရန်စတစ်ခုက အိမ်ထဲထိဝင်ပြီး မိသားစုကိုပါ ဒုက္ခပေးတဲ့အချိန်... ဆိုးတူကောင်းဖက် သူငယ်ချင်း သူများအနိုင်ကျင့်ခံရတာသိလိုက်ရတဲ့အချိန်... ချစ်ရတဲ့သူနဲ့ သူငယ်ချင်း အချစ်နဲ့မေတ္တာ နှစ်မျိုးထိပ်တိုက်တွေ့ရွေးချယ်လာရချိန်ရောဘတ် ဒွန်နီ စေဗီဆိုတဲ့ သူငယ်ချင်းသုံးယောက်ရဲ့ သံယောဇဉ် သူတို့တွေတန်ဖိုးထားကြတဲ့ အချစ်မေတ္တာတွေအတွက် ရန်သူတွေကို တိုက်ခိုက်ရင်ဆိုင်ကြတဲ့ဒီကားဟာ Action/Thriller ကြိုက် ပရိသတ်ကြီးတို့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Dee ~ Moon ~ ToMo တို့ပဲဖြစ်ပါတယ်) File size…3.4GB / 1.5GB Quality…1080p WEB DL /720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Dee ~ Moon ~ ToMo
movie

RDX: Robert Dony Xavier (2023)

2023
Purusha Pretham (2023) 7.2
Purusha Pretham (2023) Purusha Pretham(2023)IMDb 7.2/10The times of India. 3.5/5စုံထောက်မှုခင်းကားလည်းကြိုက် ဟာသကားလည်းကြိုက်တဲ့ ဘောလိဝုဒ်ရုပ်ရှင်ပရိသတ်ကြီးအတွက် ၂၀၂၃ ထွက် အသစ်စက်စက်ကားသစ်လေးတစ်ကားလာပါပြီ။ရာဇဝတ်သားတွေကို ဖမ်းဆီးဆုံးမရာမှာ လက်သံပြောင်ပြီး အမှုတွေလိုက်တာတော်တဲ့ SI ဆီဘတ်စတေရှန်ဟာ ရဲလောကမှာ နာမည်တစ်လုံးနဲ့ကျော်ကြားသူတစ်ယောက်ပါ။တစ်နေ့မှာတော့ ဒီလိုအမှုလိုက်ကျွမ်းတဲ့စုံထောက်ကြီးရဲ့အပိုင်ဘက်ခြမ်းကမြစ်ထဲမှ အလောင်းတစ်ခုပေါ်လာခဲ့ပါတယ်။ ထုံးစံအတိုင်း အမှုလိုက်ရင်းမှာပဲ အလောင်းဟာ ပျောက်ခြင်းမလှပျောက်ဆုံးသွားတဲ့အခါ စခန်းတစ်ခုလုံ းပြဿနာတွေအမျိုးမျိုးတက်ပြီး အမျိုးစုံကြိုးခုန် ပြဿနာတွေတက်လာပါတော့တယ်။ဘာပြဿနာတွေရှုပ်လာမလဲ၊ ဘာတွေဆက်ဖြစ်မလဲ၊ အလောင်းကရော ဘယ်ရောက်သွားတာလဲ စတာတွေကိုတွေကိုတော့ ပရိသတ်ကြီးပဲ ဆက်အဖြေရှာကြည့်ဖို့ CM Bollywood Team ရဲ့ Aditi, V, ZWE, YH, Cherry, BpL နဲ့ Yunni တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်။ File size…1.97GB  / 973MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ V~ ZWE~ YH~ Cherry~  BpL ~ Yunni
movie

Purusha Pretham (2023)

2023
Salaam Venky (2022) 7.3
Salaam Venky (2022) Salaam Venky (2022) Drama IMDb 7.3/10 (1.2K)အခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးမှာတော့ မင်းသမီးကြီးကာဂျိုးက Lead Role နေရာကနေ သရုပ်ဆောင်ပေးထားပြီး Court Martial (2020) မင်းသား Rajeev Khandelwal (ရာဂျစ်ခန်ဒေးဝါး)လည်း ပါဝင်သလို မင်းသားကြီး အမီရ်ခန်းကလည်း cameo အနေနဲ့ ပါဝင်အားဖြည့်ပေးထားပါတယ်။မိခင်မေတ္တာနဲ့ သားသမီးကြား ချစ်ခြင်းမေတ္တာကို ဖော်ကြူးထားတဲ့ ကားလေးဆိုလည်း မမှားနိုင်လောက်ပါဘူး။အမေဆိုတာ သားသမီးတွေ မတောင်းဘဲပေးတဲ့လူစားမျိုး... အမေဆိုတာ ကိုယ်သာအငတ်ခံလိုက်မယ် သားသမီးဝမ်းဝအောင်ကျွေးတဲ့လူစားမျိုး... အမေဆိုတာ သားသမီးနဲ့ပတ်သက်လာရင် မြင့်မိုရ်တောင်မက ကြီးမားတဲ့မေတ္တာတွေနဲ့ ရင်ဝယ်ပိုက်ထားမယ့်လူစားမျိုး... အမေဆိုတာ သားသမီးနှုတ်ကပြောမထွက်တဲ့စကားတွေကို အလိုလိုသိနားလည်တဲ့လူစားမျိုးပါ...ကျွန်တော့်လက်ရှိဘဝနဲ့ နောင်ဖြစ်ပေါ်လာမယ့်အနာဂတ်တွေဟာ အမေ့ရဲ့ကျေးဇူးကြောင့်ပါဆိုတဲ့ အေဗရာဟမ်လင်ကွန်းရဲ့စကားလေးကိုတောင် သွားသတိရမိတယ်ဗျာ။အမေ...။မျိုးရိုးဗီဇရောဂါတစ်ခုကြောင့် ဘဝကို လက်မလျှော့တမ်း ရှေ့ဆက်နေရတဲ့ ကောင်လေးတစ်ယောက်ကို ရင်ဝယ်ပိုက်ပြီး ဒီကလေးဟာ ဆယ်ကျော်သက်အရွယ်မှာ အသက်ဆုံးရှုံးသွားနိုင်ခြေရှိပါတယ်ဆိုတဲ့ ဆရာဝန်တွေရဲ့ပြောစကားကိုမမှုဘဲ သူ့သားသမီး အသက်ရှည်ရှည်နေရဖို့ ကိုယ်စွမ်းဉာဏ်စွမ်းနဲ့ အစွမ်းကုန်တွန်းလှန်နေတဲ့ အမေတစ်ယောက်ရဲ့အကြောင်းလေးပေါ့။အမေဟာ ကျွန်တော်တို့အတွက် စံပြဆရာ လက်ဦးဆရာပါပဲဗျာ။အမေ့ရဲ့မေတ္တာများကို ဒီဇာတ်ကားလေးနဲ့ ထပ်တူနားလည်နိုင်ကြပါစေလို့ ညွှန်းဆိုပေးလိုက်ပါတယ်။ File size…1.4GB  / 672MB Quality…1080p HD RIP ...
movie

Salaam Venky (2022)

2022
The Teacher (2022) 9.0
The Teacher (2022) The Teacher (2022)IMDb-9.2/10ဒီတစ်ခါတော့ Mynaa(2013) , Cavader (2022)ဇာတ်ကားနဲ့ ပရိသတ်တွေ ရင်‌ထဲဝင်ရောက်လာတဲ့မင်းသမီး Amala Paul ပါ၀င်သရုပ်ဆောင်ထားပြီး Rating အမိုက်စား Thriller ကားလေး တင်ဆက်ပေးချင်ပါတယ်ဒီဗီကာဟာ ကျောင်းသားတွေကို ထူးထူးချွန်ချွန်ပျိုးထောင်နိုင်တဲ့ ဆရာမလေးတစ်ယောက် အိမ်ထောင်ရေးမှာလည်း သာယာပျော်ရွှင်နေတဲ့ ဇနီးအနေနဲ့ ဘ၀ကအေးချမ်းသာယာနေသူပါတစ်ခုရှိတာက သူတို့ဟာအိမ်ထောင်သက်လေးနှစ်ကြာသည်ထိ ကလေးမရသေးတဲ့အတွက် ဒီဗီကာနဲ့ ဆူဂျိတို့နှစ်ယောက်သား ရင်သွေးရဖို့အရေးအသည်းအသန်ကြိုးစားနေကြချိန်ပေါ့တစ်နေ့ဒီဗီကာဟာ ကိုယ်၀န်ရှိတဲ့အရိပ်အယောင်တွေတွေ့လို့ သွားစစ်ဆေးခဲ့ပါတယ် တကယ်ရလဒ်ထွက်လာချိန်မှာတော့ ဆန်ဂျိကိုဖွင့်မပြောရဲတဲ့အပြင် ဒီဗီကာဆီမှာလည်း ဖြစ်ရပ်ဆိုးကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်တစ်ဖက်မှာလည်း သူ့ကျောင်းကသူငယ်ချင်းနဲ့အတူ အတိတ်ကဖြစ်ရပ်တစ်ခုကို စုံစမ်းနေခဲ့တာပါမျှော်လင့်တောင့်တနေတဲ့ရင်သွေးရလာတာတောင် ဘာကြောင့် မပျော်နိုင်ရတာလဲ စုံစမ်းနေတာကရော ဘာတွေလဲ သူမရင်ဆိုင်ရမယ့်ဖြစ်ရပ်ဆိုးကြီးကရော ဘာဖြစ်မလဲဆိုတာတွေကိုတော့ဆက်လက်ခံစားကြည့်လိုက်ပါဦးနော် File size…1.8GB / 861MB Quality…1080p  True WEB DL  / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub)  Encoder….YK Translated by BpL~ Cherry ~ Yunni ~ OeliuJ
movie

The Teacher (2022)

2022