Channel Myanmar

M. J. Shriram

Test (2025) 5
Test (2025) Test (2025) "ဘ၀လက်ရည်စမ်းပွဲ"ဒီတစ်ခါတော့ CM Bollywood ပရိသတ်ကြီးအတွက် တမီလ်စကားပြော အားကစား-ဒရာမာဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ 3 Idiots ဇာတ်လမ်းထဲမှာဖာဟန်အဖြစ်ပါ၀င်ခဲ့ဖူးတဲ့ မင်းသားကြီး R. Madhavan ခေါင်းဆောင်ပါ၀င်ထားပါတယ်။ခရစ်ကတ်အားကစားကိုနောက်ခံထားပြီး မတူညီတဲ့ဘ၀နဲ့ လူသုံးယောက်ရဲ့ဘ၀အခက်အခဲတွေကို ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။အာဂျွန်ဆိုတာ တစ်ချိန်ကအရမ်းလက်စွမ်းထက်ခဲ့တဲ့ နိုင်ငံ့လက်ရွေးစင် နာမည်ကြီးခရစ်ကတ်ကစားသမားတစ်ယောက်ပါ။ လက်ရှိမှာ‌တော့ အရွယ်တစ်ခုရောက်ပြီး ငွေကြေးပြည့်စုံပေမဲ့ အကျဘက်ရောက်လာတဲ့ သူ့ရဲ့အားကစားသမားဘ၀ကို ဆက်လက်ရပ်တည်နိုင်ဖို့ ရုန်းကန်နေရသူပေါ့...။‌‌ဆာရာဗန်နန်ကတော့ စက်တွေတီထွင်ရတာကိုရူးသွပ်လွန်းသူမို့ သိပ္ပံပညာရှင်ကြီးရယ်လို့ နာမည်ပြောင်ရထားသူပါ။ ဒါပေမဲ့ အိမ်ထောင်သည် လူလတ်တန်းစားတစ်ယောက်ပီပီ သူ့အိပ်မက်တစ်ခုဖြစ်မြောက်ဖို့အရေးတောင် အကြွေးတွေပတ်လည်ဝိုင်းရင်း ဘ၀ကိုရုန်းကန်နေရသူ ဖြစ်ပါတယ်။ဆာရာဗန်နန်ကတော့ စက်တွေတီထွင်ရတာကိုရူးသွပ်လွန်းသူမို့ သိပ္ပံပညာရှင်ကြီးရယ်လို့ နာမည်ပြောင်ရထားသူပါ။ဒါပေမဲ့ အိမ်ထောင်သည် လူလတ်တန်းစားတစ်ယောက်ပီပီ သူ့အိပ်မက်တစ်ခုဖြစ်မြောက်ဖို့အရေးတောင် အကြွေးတွေပတ်လည်ဝိုင်းရင်း ဘ၀ကိုရုန်းကန်နေရသူ ဖြစ်ပါတယ်။နောက်တစ်နောက်ကတော့ ဆာရာရဲ့မိန်းမဖြစ်သူ ကျောင်းဆရာမလေးကူမူဒါပါ။ ကူမူဒါဟာ မိန်းကလေးဖြစ်ပေမဲ့ ခရစ်ကတ်အားကစားကိုရူးသွပ်သူဖြစ်ပြီး သူ့ဖခင်ကလည်း ခရစ်ကတ်နည်းပြဟောင်းကြီး ဖြစ်ပါတယ်။သူဟာ အာဂျွန်ရဲ့အမာခံပရိသတ်ဖြစ်သလို့ အာဂျွန့်သားဖြစ်သူရဲ့ ကျောင်းဆရာမလည်း ဖြစ်နေပြန်ပါတယ်။ သူကတော့ ကလေးအရမ်းလိုချင်သူဖြစ်ပြီး ကလေးရဖို့ နည်းမျိုးစုံကြိုးစားနေသူပါ။ဒီလိုနဲ့ သူ့နည်းသူ့ဟန်နဲ့ ဘ၀ကိုကြိုးစားရုန်းကန်နေကြတဲ့ သူတို့သုံးဦးရဲ့ကံကြမ္မာဟာ ရှေ့ဆက် ဘာတွေဖြစ်လာမလဲဆိုတာ စိတ်၀င်စားစရာကြည့်ရှုခံစားရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~KKKZ~ZweYan~Yunni ပါ။) File size… 1.9 GB / 972 MB Quality…WEB ...
movie

Test (2025)

Mr. Housekeeping (2025) 6.8
Mr. Housekeeping (2025) Mr. Housekeeping (2025) "အိမ်ဖော်ကိုကို"တမီးလ် အချစ်/ဟာသဇာတ်လမ်းအသစ်လေးကို တင်ဆက်လိုက်ပါတယ် အောနက်စ်က တက္ကသိုလ်နောက်ဆုံးနေ့မှာ သူ့ခရက်ရှ်ကို လူသိရှင်ကြားဖွင့်ပြောခဲ့ပြီးလူသိရှင်ကြား အငြင်းခံလိုက်ရတဲ့အခါမှာ တစ်ချိန်ကျရင် ပိုလှတဲ့မိန်းကလေးနဲ့ တွဲပြမယ်လို့ ကြိမ်းဝါးခဲ့ပေမဲ့ နောက်လေးနှစ်ကြာလို့မှ ရည်းစားလည်းမရှိ၊ အလုပ်လည်းမရှိသေးတဲ့အပြင်ငွေညှစ်ခံရတဲ့ပြဿနာကိုလည်း အဖြေရှာဖို့ အကျပ်ရိုက်နေပြန်ပါတယ် ဒီလိုနဲ့ ငွေရှာဖို့ အိမ်ဖော်သွားလျှောက်ရာမှာ ]ကံဆိုးချင်တော့ အိမ်ရှင်က သူ့ကိုငြင်းခဲ့တဲ့ ကျောင်းတုန်းက crush လေးဖြစ်နေတဲ့အခါဘယ်လိုအလွဲလေးတွေ ဆက်ဖြစ်ကြမလဲ ရှုစားအားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.8 GB / 1.3 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 30min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Mr. Housekeeping (2025)

Joe (2023) 8
Joe (2023) Joe (2023) "ဝေးများဝေးရင်..." IMDb - 8.0/10ရင်မှာနွမ်းလို့ အလွမ်းရယ်ဝေရမဲ့ ဆွတ်ပျံ့ကြည်နူးဖွယ် တမီလ်အချစ်ဇာတ်လမ်းလေး တပုဒ်ကိုတင်ဆက်ပေးပါရစေချစ်သူတွေ၊ အိမ်ထောင်သည်တွေကြားမှာ ပြဿနာတွေများလာရင် အရင်နဲ့မတူတော့ဘူးဆိုတဲ့စကားကို လက်ကိုင် ထားကြလေ့ရှိပါတယ်။တကယ်တော့လည်း ချစ်ခြင်းမေတ္တာက ပြောင်းလဲသွားတာမျိုး မဟုတ်တောင် သည်းခံမှု၊ အလိုလိုက်မှုတွေပြောင်းလဲသွားကြတာပါ။ ချစ်သူတွေ မဖြစ်ခင်နဲ့ ဖြစ်ခင်စအချိန်တုန်းက သူဆေးလိပ်တဲ့ ပုံစံလေးကိုက သဘောကျချင်စရာလို့ မြင်ချင်မြင်ပေမဲ့ အချိန်တစ်ခု ကြာလာတဲ့အခါမှာတော့ ကျန်းမာရေးကို စိတ်ပူတာပဲဖြစ်ဖြစ်၊ အနံ့မခံနိုင်တော့တာပဲ ဖြစ်ဖြစ် တားကြတဲ့အခါ နှစ်ဦးနှစ်ဖက်လုံး အမြင်မှာ အရင်နဲ့မတူတော့ဘူးဆိုတာမျိုးတွေ ဖြစ်လာကြတယ်။ ဒါကလည်း ဖြစ်ရိုးဖြစ်စဉ်လို့ ပြောလို့ရတဲ့ကိစ္စတွေထဲက အကြောင်းအရာတစ်ခုပါပဲ။ဒီလိုပဲ ဂျိုးနဲ့ ဆူချီတို့နှစ်ယောက် သိပ်ချစ်ကြပေမဲ့ ကြားလေသွေးလို့ ဝေးရတာတွေ၊ အရင်နဲ့မတူတော့ဘူးဆိုတဲ့စိတ်တွေ ဝင်လာတဲ့အခါမှာ နှစ်ယောက်သား ရင်ဆိုင်ရတာတွေက မလွယ်ကူလှ။ ဒီလိုပဲ သူတို့အချစ်ခရီးလမ်း ဘယ်လိုဆက်မလဲ၊ ဂျိုးဘ၀မှာ ရှရူသီဆိုတဲ့ အမျိုးသမီးလေးထပ်ရှိလာတဲ့အခါ..။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> ...
movie

Joe (2023)

2023