Channel Myanmar

Lydia Zadel

The Braid (2023) 7.2
The Braid (2023)  The Braid (2023)IMDb Rating (7.2) Alejandroရဲ့ Babel (2006 )လိုမျိုး မတူညီတဲ့နိုင်ငံတွေက အဖြစ်အပျက်တွေကို ချိတ်ဆက်ရိုက်ကူးထားတဲ့ သူ့အရသာနဲ့ ခပ်ဆင်ဆင် ကားလေးလို့ပြောရမယ်။တော်တော်လည်း ကြည့်လို့ကောင်းပါတယ်။ဒီရုပ်ရှင်မှာတော့ အမျိုးသမီးဇာတ်ကောင်တွေနဲ့ သူတို့ရဲ့ဖြတ်သန်းရုန်းကန်မှုတွေကိုပဲ အသားပေးပြီး အမျိုးသမီးတွေရဲ့အင်အားကို ပြသပြီး အမျိုးသမီးတွေကို ဂုဏ်ပြုထားတယ်ပြောရမယ်။ပြင်သစ်ဒါရိုက်တာ Laetitia Colombaniက သူရေးခဲ့တဲ့ နာမည်တူဝတ္တုကိုပဲ ပြန်ရိုက်ကူးထားတာပါ။ဒီလိုမတူတဲ့နေရာတွေက မတူတဲ့လူတွေရဲ့ အဖြစ်အပျက်တွေကို သူတင်ဆက်တာက တည်းဖြတ်တာကအစ ခြောက်ပြစ်ကင်းနေတယ်လို့တော့ ပြောမရပေမဲ့ ကြည့်လို့ကောင်းတဲ့ အရသာတစ်ခုတော့ ပေးနိုင်တဲ့ ရုပ်ရှင်ပါပဲ။အိန္ဒိယ, ကနေဒါနဲ့ အီတလီနိုင်ငံသုံးနိုင်ငံက အမျိုးသမီးသုံးယောက်ကို အဓိကထားပြီး သူတို့ရဲ့နေလာရင်းဘဝမှာ ရှိပြီးသား အခက်အခဲတွေ,အသစ်ထပ်ကြုံလာရတဲ့အခက်အခဲတွေ အဲဒီအခက်အခဲတွေကို သူတို့ရင်ဆိုင်ဖြေရှင်းကြပုံတွေကို ပြထားပေးတယ်။ဒီမတူတဲ့နိုင်ငံသုံးခုက အနိမ့်ဆုံးကနေ အမြင့်ဆုံး ဘယ်လိုမှ မတူတဲ့ဘဝ၃ခုကို ချိတ်ဆက်ပြသသွားပုံကလည်း ထူးခြားတယ်။မသေခင်ကြည့်သင့်တဲ့တို့ ဘာတို့စာရင်းမဝင်ပေမဲ့ ရသတစ်ခုလိုချင်ရင် ကြည့်သင့်ကြည့်ထိုက်တဲ့ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။)File size…(2.7 ...
movie

The Braid (2023)

2023
Scream VI (2023) 7
Scream VI (2023) Scream VI (2023)~ IMDb - 7/10, Rotten Tomatoes - 77% ~Scream VI ထွက်လာပါပြီ။ သရဲမျက်နှာဖုံးနဲ့ လူသတ်သမားတွေဟာ ဟော်ရာရုပ်ရှင်သမိုင်းရဲ့ ထင်ရှားတဲ့အမှတ်အသားတစ်ခုပါ။ ဟာသကားတွေမှာရော၊ ဟောလိုးဝင်းပွဲတွေမှာရော အမြဲတွေ့နေရတဲ့မျက်နှာတွေပါပဲ။ ဘယ်အချိန်တွေ့တွေ့ ကြောက်ဖို့ကောင်းနေတုန်းပါပဲ။ ဒီရုပ်ရှင်မတိုင်ခင် အရင်ရုပ်ရှင်တွေမှာတော့ သရဲမျက်နှာလူသတ်သမားပေါင်း ၉ ယောက်ရှိခဲ့ပါတယ်။ အခုရုပ်ရှင်မှာတော့ အဲဒီ ၉ ယောက်လုံးအကြောင်းကို အမှတ်တရအနေနဲ့ ထည့်သွင်းပေးထားပါတယ်။ဒီတစ်ခေါက်မှာတော့ အဓိက ဇာတ်ကောင်တွေက အရင် Scream မှာ အသက်ရှင်ကျန်ခဲ့တဲ့ ဝုစ်ဘရိုက သူတွေပါပဲ။ သရဲမျက်နှာလူသတ်သမားရဲ့ သမီး ဆမ် နဲ့ တာရာတို့ဟာ အခြားမြို့ကို ပြောင်းရွှေ့လာခဲ့ပါပြီ။ ဆမ်ဟာ ဝုစ်ဘရိုမှာ သရဲမျက်နှာလူသတ်သမား နှစ်ယောက်ကို သတ်ခဲ့နိုင်ပေမဲ့ အင်တာနက်ပေါ်မှာတော့ သူဟာ လူသတ်သမားအစစ်ဖြစ်ပြီး သူများတွေကို ချောက်တွန်းခဲ့တယ်လို့ ကောလဟာလတွေထွက်ပြီး နာမည်တွေပျက်နေခဲ့ပါတယ်။ ...
movie

Scream VI (2023)

2023
4K HEVC
Pawn Sacrifice (2014) 7.0
Pawn Sacrifice (2014) [Unicode]ကမ္ဘာအကောင်းဆုံး စစ်တုရင်ဆရာကြီး ဆယ်ဦးထဲက တစ်ဦးဖြစ်တဲ့ ဘော်ဘီဖစ်ရှာရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ပါ။အခြားအကောင်းဆုံးစာရင်းဝင်တွေကတော့ မက်ဂ်နက် ကာဆန် တို့ ဂယ်ရီ ကတ်စပါးရော့တို့လိုလူတွေပါပဲ။ဘော်ဘီကတော့ အမေရိကန်ရဲ့ အတော်ဆုံး စစ်တုရင်သမားအဖြစ် အများက သတ်မှတ်ခံရတဲ့သူပါပဲ။ဒါ့အပြင် သူ ကမ္ဘာ့ချန်ပီယံအဖြစ် ပြိုင်ဆိုင်ခဲ့တဲ့ ကာလက စစ်အေးတိုက်ပွဲကာလဖြစ်နေတဲ့အတွက် သူ့ရဲ့ပြိုင်ပွဲဟာ နိုင်ငံနဲ့ချီတဲ့ စစ်ပွဲလို ဖြစ်နေခဲ့တာပါပဲ။စစ်အေးတိုက်ပွဲကာလအတွင်းမှာ အမေရိကန်နဲ့ ဆိုဗီယက်တို့ဟာ ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံမှာ ယှဉ်ပြိုင်နေကြတာပါ။ အပြိုင်အဆိုင်လည်း ဝါဒဖြန့်နေကြတာပါ။ဒီတော့ အဲဒီကာလမှာ ရုရှားတွေဟာ စစ်တုရင်လောကကို စိုးမိုးထားပြီး ကမ္ဘာ့ချန်ပီယံကလည်း ရုရှားလူမျိုးပဲ ဖြစ်နေတာကြောင့် ဆိုဗီယက်ဟာ အမေရိကန်ထက် ဉာဏ်ရည်သာတယ်ဆိုတဲ့ ဝါဒမျိုး ဖြန့်လို့အကောင်းဆုံး အချိန်ပါပဲ။ ဘော်ဘီဖစ်ရှာဟာ စစ်အေးတိုက်ပွဲကာလာမှာ အသက် ၁၄ နှစ်နဲ့ အမေရိကန် စစ်တုရင်ချန်ပီယံဖြစ်လာခဲ့ပြီး ဂရန်းမာစတာဖြစ်လာခဲ့တာပါ။ကမ္ဘာ့ချန်ပီယံဘွဲ့အတွက် ဘိုးရစ်စပက်စကီးနဲ့ ၂၄ ပွဲ ဆက်တိုက် အမှတ်နဲ့ ကစားခဲ့ရတာဖြစ်ပြီး ...
movie

Pawn Sacrifice (2014)